အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ်ဖြင့် ရွှေတံဆိပ်ရယူသွားခဲ့သည့် မြန်မာအမျိုးသားပိုက်ကျော်ခြင်းလုံးအသင်း

1862
ရဲပြည့်(NP News) - အောက်တိုဘာ ၄
အာရှအာကစားပြိုင်ပွဲ၏ အမျိုးသားပိုက်ကျော်ခြင်း(လေးယောက်တွဲ) ဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို (၂)ပွဲပြတ်ဖြင့်အနိုင်ရယူပြီး ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။

ယနေ့ (အောက်တိုဘာလ ၄ ရက်)၊ နံနက် (၇)ခွဲတွင် ယှဉ်ပြိုင်ကစားသမားခဲ့သည့် အာရှအားကစားပြိုင်ပွဲ ၊ အမျိုးသားပိုက်ကျော်ခြင်း(လေးယောက်တွဲ) ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းကို နှစ်ပွဲတွင်( ၂၁ - ၁၃ ) ၊ ( ၂၄ - ၂၂ )ရလဒ်တို့ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ် သည်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်း(လေးယောက်တွဲ)အသင်းသည် အုပ်စုတွင်းက ရှုးနိမ့်ခဲ့သည့် အင်ဒိုနီးရှားအသင်းကို ဗိုလ်လုပွဲတွင် (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပထမတစ်ပွဲကို ပြတ်ပြတ်သားသားအနိုင်ယူနိုင်ခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် ရမှတ်တူအနေအထားမှ သူတစ်ပြန်ကိုယ်တစ်ပြန်အကြိတ်အနယ်ကစားခဲ့ရပြီး ခက်ခဲစွာအနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲအတွင်း အင်ဒိုနီးရှား ၊ ဗီယက်နမ်၊ လာအို ၊ ဂျပန်အသင်းတိုကို အဆင့်ဆင့်ကျော်ဖြတ်လာကာ ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းသည် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ် ရယူပေးခဲ့သည့် အသင်းလည်းဖြစ်သည်။
မနက်ဖြန် (အောက်တိုဘာလ ၅ ရက်)တွင်လည်း အမျိုးသား (သုံးယောက်တွဲ) ပိုက်ကျော်ခြင်းပွဲစဉ်များကို စတင်ယှဉ်ပြိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အင္ဒိုနီးရွားအသင္းကို (၂)ပြဲျပတ္ျဖင့္ ေ႐ႊတံဆိပ္ရယူသြားခဲ့သည့္ ျမန္မာအမ်ိဳးသားပိုက္ေက်ာ္ျခင္းလုံးအသင္း
ရဲျပည့္(NP News) - ေအာက္တိုဘာ ၄
အာရွအာကစားၿပိဳင္ပြဲ၏ အမ်ိဳးသားပိုက္ေက်ာ္ျခင္း(ေလးေယာက္တြဲ) ဗိုလ္လုပြဲစဥ္တြင္ ျမန္မာအသင္းသည္ အင္ဒိုနီးရွားအသင္းကို (၂)ပြဲျပတ္ျဖင့္အႏိုင္ရယူၿပီး ေ႐ႊတံဆိပ္ဆြတ္ခူးရရွိခဲ့သည္။
ယေန႔ (ေအာက္တိုဘာလ ၄ ရက္)၊ နံနက္ (၇)ခြဲတြင္ ယွဥ္ၿပိဳင္ကစားသမားခဲ့သည့္ အာရွအားကစားၿပိဳင္ပြဲ ၊ အမ်ိဳးသားပိုက္ေက်ာ္ျခင္း(ေလးေယာက္တြဲ) ဗိုလ္လုပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားခဲ့ျခင္းျဖစ္သည္။
ျမန္မာအသင္းသည္ အင္ဒိုနီးရွားအသင္းကို ႏွစ္ပြဲတြင္( ၂၁ - ၁၃ ) ၊ ( ၂၄ - ၂၂ )ရလဒ္တို႔ျဖင့္ ႏွစ္ပြဲျပတ္အႏိုင္ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံး ေ႐ႊတံဆိပ္ဆုကို ရယူႏိုင္ခဲ့ျခင္းျဖစ္ သည္။
ျမန္မာအမ်ိဳးသားပိုက္ေက်ာ္ျခင္း(ေလးေယာက္တြဲ)အသင္းသည္ အုပ္စုတြင္းက ရႈးနိမ့္ခဲ့သည့္ အင္ဒိုနီးရွားအသင္းကို ဗိုလ္လုပြဲတြင္ (၂)ပြဲျပတ္ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။
ျမန္မာအသင္းသည္ ပထမတစ္ပြဲကို ျပတ္ျပတ္သားသားအႏိုင္ယူႏိုင္ခဲ့ေသာ္လည္း ဒုတိယပြဲစဥ္တြင္ ရမွတ္တူအေနအထားမွ သူတစ္ျပန္ကိုယ္တစ္ျပန္အႀကိတ္အနယ္ကစားခဲ့ရၿပီး ခက္ခဲစြာအႏိုင္ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။
ျမန္မာပိုက္ေက်ာ္ျခင္းအသင္းသည္ ၿပိဳင္ပြဲအတြင္း အင္ဒိုနီးရွား ၊ ဗီယက္နမ္၊ လာအို ၊ ဂ်ပန္အသင္းတိုကို အဆင့္ဆင့္ေက်ာ္ျဖတ္လာကာ ခ်န္ပီယံဆုကို ရရွိခဲ့ျခင္းျဖစ္သည္။
ျမန္မာအမ်ိဳးသား ပိုက္ေက်ာ္ျခင္းအသင္းသည္ (၁၉)ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံအတြက္ ပထမဆုံး ဆုတံဆိပ္ ရယူေပးခဲ့သည့္ အသင္းလည္းျဖစ္သည္။
မနက္ျဖန္ (ေအာက္တိုဘာလ ၅ ရက္)တြင္လည္း အမ်ိဳးသား (သုံးေယာက္တြဲ) ပိုက္ေက်ာ္ျခင္းပြဲစဥ္မ်ားကို စတင္ယွဥ္ၿပိဳင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။