ဒေးစွန်ပါသာသနာ့နယ်မြေမဟုတ်သည့် သစ်တောဌာနပိုင်မြေပေါ်၌ ခွင့်ပြုချက်မရှိဘဲ တည်ထားကိုးကွယ်သော သာသနာ့အဆောက်အဦးများကို ပိုင်ရှင်မှ ဖယ်ရှားရှင်းလင်း

 17161

Pearl (NP News) - အောက်တိုဘာ ၁၀

ဘုရားကြီးမြို့အနီးရှိ သစ်တောမြေပေါ်တွင် ကျူးကျော်ကာ တည်ထားသော သာသနာအဆောက်အဦးများ နှင့် စေတီများကို လက်ရှိလုပ်ပိုင်ခွင့်ရမြေပိုင်ရှင်က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါသာသနာ့ အဆောက်အဦးများနှင့် စေတီများကို ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာအနီးရှိ သစ်တောဌာနပိုင်မြေပေါ်၌ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သစ်တောမြေပေါ်၌ တည်ထားကိုးကွယ်သော သာသနာ့အဆောက်အဦး နှင့် စေတီများကို မြေယာလုပ်ပိုင် ခွင့်ရရှိသူက သက်ဆိုင်ရာ ဆရာတော်ကြီးများအား လျှောက်ထားကာ လွန်ခဲ့သော တစ်လခန့်က ဖယ်ရှားရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

"ဒီမြေက သစ်တောမြေပါ။ သစ်တောမြေက အပင်စိုက်တာကလွဲရင် ဘာမှလုပ်လို့မရဘူး။ အဲဒါကိုမှ သာသနာရေး က ခွင့်ပြုချက်လည်းမရှိဘူး။ ဒီပိုင်ရှင်ဆီကလည်း အလှူခံထားခြင်းမရှိဘူး။ လက်ရှိ လုပ်ပိုင်ခွင့်ရနေတဲ့မြေပိုင်ရှင် ဆီမှာလည်း ခွင့်ပြုချက်မရှိဘူး။ သူတို့သဘောနဲ့သူတို့ဝင်ပြီးတော့ ကျောင်းတွေ ဆောက်ထား ။ ဘုရားတွေ တည် ထားကြတာ။ ကိုဗစ်ကာလဆိုတော့ မြေပိုင်ရှင်ကလည်း မကွပ်ကွဲနိုင်ဘူး။ အဲ့တာခြံစောင့်နဲ့ပေါင်းပြီး လုပ်တာ" ဟု မြေပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက NP News ကို ပြောသည်။

အဆိုပါသာသနာ့အဆောက်အဦးများနှင့် စေတီများသည် ဒေစွန်ပါသာသနာနယ်မြေအတွင်း၌ တည်ရှိခြင်းမဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောထားသည်။

ထို့ကြောင့် သစ်တောမြေတွင်တည်ရှိနေသည့် သာသနာ့အဆောက်အဦးများနှင့် စေတီများကို ပဲခူးရှိ နားလည် တတ်ကျွမ်းသော ဆရာတော်ကြီးများအား လျှောက်ထားကာ ပိုင်ရှင်သဘောဆန္ဒအရ ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Zawgyi Version;
ေဒးစြန္ပါသာသနာ့နယ္ေျမမဟုတ္သည့္ သစ္ေတာဌာနပိုင္ေျမေပၚ၌ ခြင့္ျပဳခ်က္မရွိဘဲ တည္ထားကိုးကြယ္ေသာ သာသနာ့အေဆာက္အဦးမ်ားကို ပိုင္ရွင္မွ ဖယ္ရွားရွင္းလင္း
Pearl (NP News) - ေအာက္တိုဘာ ၁၀

ဘုရားႀကီးၿမိဳ႕အနီးရွိ သစ္ေတာေျမေပၚတြင္ က်ဴးေက်ာ္ကာ တည္ထားေသာ သာသနာအေဆာက္အဦးမ်ား ႏွင့္ ေစတီမ်ားကို လက္ရွိလုပ္ပိုင္ခြင့္ရေျမပိုင္ရွင္က ဖယ္ရွားရွင္းလင္းခဲ့ေၾကာင္း သိရသည္။

အဆိုပါသာသနာ့ အေဆာက္အဦးမ်ားႏွင့္ ေစတီမ်ားကို ပဲခူးတိုင္း၊ ဘုရားႀကီးၿမိဳ႕၊ ဝမ္းဘဲအင္းေက်း႐ြာအနီးရွိ သစ္ေတာဌာနပိုင္ေျမေပၚ၌ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ သစ္ေတာေျမေပၚ၌ တည္ထားကိုးကြယ္ေသာ သာသနာ့အေဆာက္အဦး ႏွင့္ ေစတီမ်ားကို ေျမယာလုပ္ပိုင္ ခြင့္ရရွိသူက သက္ဆိုင္ရာ ဆရာေတာ္ႀကီးမ်ားအား ေလွ်ာက္ထားကာ လြန္ခဲ့ေသာ တစ္လခန႔္က ဖယ္ရွားရွင္းလင္းခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။

"ဒီေျမက သစ္ေတာေျမပါ။ သစ္ေတာေျမက အပင္စိုက္တာကလြဲရင္ ဘာမွလုပ္လို႔မရဘူး။ အဲဒါကိုမွ သာသနာေရး က ခြင့္ျပဳခ်က္လည္းမရွိဘူး။ ဒီပိုင္ရွင္ဆီကလည္း အလႉခံထားျခင္းမရွိဘူး။ လက္ရွိ လုပ္ပိုင္ခြင့္ရေနတဲ့ေျမပိုင္ရွင္ ဆီမွာလည္း ခြင့္ျပဳခ်က္မရွိဘူး။ သူတို႔သေဘာနဲ႔သူတို႔ဝင္ၿပီးေတာ့ ေက်ာင္းေတြ ေဆာက္ထား ။ ဘုရားေတြ တည္ ထားၾကတာ။ ကိုဗစ္ကာလဆိုေတာ့ ေျမပိုင္ရွင္ကလည္း မကြပ္ကြဲႏိုင္ဘူး။ အဲ့တာၿခံေစာင့္နဲ႔ေပါင္းၿပီး လုပ္တာ" ဟု ေျမပိုင္ရွင္၏ မိတ္ေဆြတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါသာသနာ့အေဆာက္အဦးမ်ားႏွင့္ ေစတီမ်ားသည္ ေဒစြန္ပါသာသနာနယ္ေျမအတြင္း၌ တည္ရွိျခင္းမဟုတ္ ေၾကာင္း ၎က ဆက္လက္ေျပာထားသည္။

ထို႔ေၾကာင့္ သစ္ေတာေျမတြင္တည္ရွိေနသည့္ သာသနာ့အေဆာက္အဦးမ်ားႏွင့္ ေစတီမ်ားကို ပဲခူးရွိ နားလည္ တတ္ကြၽမ္းေသာ ဆရာေတာ္ႀကီးမ်ားအား ေလွ်ာက္ထားကာ ပိုင္ရွင္သေဘာဆႏၵအရ ဖယ္ရွားရွင္းလင္းခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

Picture

My Mine

06/10/2023 15:32

ဒါက ဘယ်လိုကြီးလဲဗျာ...မလုပ်ကောင်းပါဘူးဗျာ...နေရာပြောင်းယူကြပေါ့ဗျာ...

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

07/10/2023 20:51

လုပ်ထားသူနဲလုပ်ပိုင်ခွင်ရသုညှီနိုင်းလုပ်သင်တယ်ဗလီဆိုအဲလုပ်ပိုင်ခွင်ရသုကယခုလိုလုပ်မလားဆိုတာတောသိခြင်တယ်ဒါကဗုဒ္ဓဘာသာမြန်မာတွေရဲ့ကိုးကွယ်ရာပူဇော်ရာတွေ့ကြောင့်မို့လားဆိုတာသက်ဆိုင်ရာဘုန်းကြီးတွေကလည်းညှီနိုင်းပေးတာမျိုးမလုပ်ကြဘူးလားလုပ်ပိုင်ခွင်ရပေမဲ့ဒါကနိုင်ငံတော်ပိုင်မြေပါဘဲလုပ်တဲ့သူကသုအကျိုးအတွက်လားအများအကျိုးအတွက်လုပ်တာလားဆိုတာထည့်စဥ်းစားသင့်တာလည်းတစ်ချက်ဘဲနားလည်တဲ့သူတွေကညှီနိုင်းပေးသင်တ ်လုပ်ပိုင်ခွင့်ရသူကလည်းလုပ်သူကိုခေါ်တွေညှီနိုင်းသင်တယ်

Related news

© 2021. All rights reserved.