Air KBZ လေကြောင်းလိုင်းအစား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲ

5290

NP News - အောက်တိုဘာ ၆
Air KBZ လေကြောင်းလိုင်းအစား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲကာ လုပ်ကိုင်ဆောင်ရွက်ခွင့်ကို နစကမှ ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယခုနှစ် သြဂုတ်လ ၃ဝ ရက်၊ ရက်စွဲဖြင့် နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း များဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဆ)အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို မင်္ဂလာလေ ကြောင်းဝန်ဆောင်မှုကုမ္ပဏီလီမိတက်(MINGALAR AVIATION SERVICES Co.,Ltd) အား လုပ်ကိုင်ဆောင်ရွက်ခွင့်ပြု လိုက်သည်ဟု အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။
အစိုးရအဖွဲ့၏ ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁ဝဝ/၂ဝ၁ဝ ကို ယခုအမိန့် ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်ဟုလည်း အထက်ပါ အမိန့်ကြော်ငြာစာ၌ ဖော်ပြထားသည်။
“အဲဒါက အသစ်ပေါ်တာ မဟုတ်ပါဘူး။ ကမ္ဘောဇလေကြောင်းလိုင်းကို နာမည်ပြောင်းတာ။ ကမ္ဘောဇလေကြောင်း လိုင်းကို မင်္ဂလာအနေနဲ့ နာမည်ပြောင်းတာပေါ့။ အဲဒါကို သူတို့က အဲဒီလိုထည့်မရေးတော့ လေကြောင်းလိုင်းအသစ် တစ်ခုပဲ ပေါ်လာသလိုလို၊ နိုင်ငံတော်ရဲ့လေကြောင်းလိုင်းအားလုံးကို ဒီမင်္ဂလာကိုပဲ ပေးလုပ်လိုက်သလိုဖြစ်နေတာ” ဟု မင်္ဂလာလေကြောင်းဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သော ၂ဝ၁ဝ ပြည့်နှစ်တွင် Air KBZ လေကြောင်းလိုင်းအမည်ဖြင့် ချပေးထားသည့် လိုင်စင်ကို ဖျက်သိမ်းကာ မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် လိုင်စင်အား အသစ်ပြန်လည်ချထားပေးခြင်းဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ထပ်မံပြောသည်။
“ကျွန်တော်တို့က MIC တို့၊ ကုမ္ပဏီ Registration, dica တို့မှာ နာမည်ပြောင်းထားတာတော့ တစ်လလောက်ရှိပြီ။ အခုမှ တရားဝင်အမိန့်ပြန်တမ်းထဲမှာ ထည့်တာ။ KBZ လေကြောင်းလိုင်းက မရှိတော့ဘဲနဲ့ မင်္ဂလာလေကြောင်း လိုင်းအနေနဲ့ အသစ်ပြောင်းပေးလိုက်ပြီ။ သူက အရင် KBZ နာမည်ကို ဖျက်ပေးလိုက်တာ။ အဲဒီမှာ ပါတယ်လေ ၂ဝ၁ဝ တုန်းက ခွင့်ပြုထားတဲ့ဟာကို ဖျက်သိမ်းလိုက်ပြီဆိုတာ ပါတယ်လေ။ အဲဒါက KBZ ကိုချပေးထားတဲ့ လိုင်စင်။ အဲဒါကိုဖျက်လိုက်ပြီးတော့ အခု မင်္ဂလာအနေနဲ့ အသစ်ပြန်ချပေးလိုက်တာ။ အမှန်ကတော့ နာမည်ပြောင်းတာပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
Air KBZ လေကြောင်းလိုင်းသည် ၂ဝ၁၁ ခုနှစ်အတွင်း၌ စတင်ပျံသန်းပြေးဆွဲခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို (၁ဝ)စင်း ထက်မနည်းရှိသော လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
Air KBZ ေလေၾကာင္းလိုင္းအစား မဂၤလာေလေၾကာင္းလိုင္းအမည္ျဖင့္ ေျပာင္းလဲ
NP News - ေအာက္တိုဘာ ၆
Air KBZ ေလေၾကာင္းလိုင္းအစား မဂၤလာေလေၾကာင္းလိုင္းအမည္ျဖင့္ ေျပာင္းလဲကာ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ကို နစကမွ ခြင့္ျပဳေပးလိုက္ေၾကာင္း သတင္းရရွိသည္။
ယခုႏွစ္ ၾသဂုတ္လ ၃ဝ ရက္၊ ရက္စြဲျဖင့္ နစက၏ ျပည္ေထာင္စုအစိုးရအဖြဲ႕သည္ ႏိုင္ငံေတာ္ပိုင္စီးပြားေရးလုပ္ငန္း မ်ားဥပေဒ ပုဒ္မ ၃၊ ပုဒ္မခြဲ(ဆ)အရ အစိုးရကသာ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ရွိသည့္ ေလေၾကာင္းပို႔ေဆာင္ေရး လုပ္ငန္းကို မဂၤလာေလ ေၾကာင္းဝန္ေဆာင္မႈကုမၸဏီလီမိတက္(MINGALAR AVIATION SERVICES Co.,Ltd) အား လုပ္ကိုင္ေဆာင္႐ြက္ခြင့္ျပဳ လိုက္သည္ဟု အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ခဲ့သည္။
အစိုးရအဖြဲ႕၏ ၂ဝ၁ဝ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၁၉ ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာအမွတ္ ၁ဝဝ/၂ဝ၁ဝ ကို ယခုအမိန႔္ ေၾကာ္ျငာစာျဖင့္ လႊမ္းမိုးပယ္ဖ်က္လိုက္သည္ဟုလည္း အထက္ပါ အမိန႔္ေၾကာ္ျငာစာ၌ ေဖာ္ျပထားသည္။
“အဲဒါက အသစ္ေပၚတာ မဟုတ္ပါဘူး။ ကေမာၻဇေလေၾကာင္းလိုင္းကို နာမည္ေျပာင္းတာ။ ကေမာၻဇေလေၾကာင္း လိုင္းကို မဂၤလာအေနနဲ႔ နာမည္ေျပာင္းတာေပါ့။ အဲဒါကို သူတို႔က အဲဒီလိုထည့္မေရးေတာ့ ေလေၾကာင္းလိုင္းအသစ္ တစ္ခုပဲ ေပၚလာသလိုလို၊ ႏိုင္ငံေတာ္ရဲ႕ေလေၾကာင္းလိုင္းအားလုံးကို ဒီမဂၤလာကိုပဲ ေပးလုပ္လိုက္သလိုျဖစ္ေနတာ” ဟု မဂၤလာေလေၾကာင္းဝန္ေဆာင္မႈကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့ေသာ ၂ဝ၁ဝ ျပည့္ႏွစ္တြင္ Air KBZ ေလေၾကာင္းလိုင္းအမည္ျဖင့္ ခ်ေပးထားသည့္ လိုင္စင္ကို ဖ်က္သိမ္းကာ မဂၤလာေလေၾကာင္းလိုင္းအမည္ျဖင့္ လိုင္စင္အား အသစ္ျပန္လည္ခ်ထားေပးျခင္းျဖစ္ေၾကာင္းလည္း အထက္ပါ တာဝန္ရွိသူက ထပ္မံေျပာသည္။
“ကြၽန္ေတာ္တို႔က MIC တို႔၊ ကုမၸဏီ Registration, dica တို႔မွာ နာမည္ေျပာင္းထားတာေတာ့ တစ္လေလာက္ရွိၿပီ။ အခုမွ တရားဝင္အမိန႔္ျပန္တမ္းထဲမွာ ထည့္တာ။ KBZ ေလေၾကာင္းလိုင္းက မရွိေတာ့ဘဲနဲ႔ မဂၤလာေလေၾကာင္း လိုင္းအေနနဲ႔ အသစ္ေျပာင္းေပးလိုက္ၿပီ။ သူက အရင္ KBZ နာမည္ကို ဖ်က္ေပးလိုက္တာ။ အဲဒီမွာ ပါတယ္ေလ ၂ဝ၁ဝ တုန္းက ခြင့္ျပဳထားတဲ့ဟာကို ဖ်က္သိမ္းလိုက္ၿပီဆိုတာ ပါတယ္ေလ။ အဲဒါက KBZ ကိုခ်ေပးထားတဲ့ လိုင္စင္။ အဲဒါကိုဖ်က္လိုက္ၿပီးေတာ့ အခု မဂၤလာအေနနဲ႔ အသစ္ျပန္ခ်ေပးလိုက္တာ။ အမွန္ကေတာ့ နာမည္ေျပာင္းတာပဲ” ဟု ၎က ဆက္လက္ေျပာသည္။
Air KBZ ေလေၾကာင္းလိုင္းသည္ ၂ဝ၁၁ ခုႏွစ္အတြင္း၌ စတင္ပ်ံသန္းေျပးဆြဲခဲ့ၿပီး ျပည္တြင္း၊ ျပည္ပခရီးစဥ္မ်ားကို (၁ဝ)စင္း ထက္မနည္းရွိေသာ ေလယာဥ္မ်ားျဖင့္ ပ်ံသန္းေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။