မြန်မာနိုင်ငံရှိနည်းပညာတက္ကသိုလ်(၃)ခုနှင့် ရုရှားတက္ကသိုလ်တို့အကြား နျူကလီးယားနည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများရေးထိုး

 1472

Pearl (NP News) - အောက်တိုဘာ ၇

မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်သုံးခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ National Research Nuclear University (Moscow Engineering Physics Institute - MEPhI) တက္ကသိုလ်တို့အကြား နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာလ ၆ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဏုမြူစွမ်းအင်၊ နျူကလီးယားနည်းပညာဘာသာရပ်များအပါအဝင် သိပ္ပံနည်းပညာနှင့်အင်ဂျင်နီယာဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်အကျိုးပြုစွမ်းအားစုများအဖြစ် အရည်အသွေးပြည့်မီသော နည်းပညာရှင်များကို မွေးထုတ်ရေးနှင့် ပြည်သူ့အကျိုးပြုသုတေသနများဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အဓိကရည်ရွယ်ကာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် အစဉ်မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင် ၁၉၅၈ ခုနှစ်၌ ရုရှားနိုင်ငံ၏ ပံ့ပိုးမှုများဖြင့် စတင်တည်ဆောက်ခဲ့သော ရန်ကုန်နည်းပညာတက္ကသိုလ်၌ ယနေ့ကျင်းပသည့်အခမ်းအနားသည် နှစ်နိုင်ငံကြား ခိုင်မြဲသည့် ချစ် ကြည်ရင်းနှီးမှုနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် ထူးခြားပြီး အရေးပါသည့် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အလားတူ Ranking မြင့်မားသည့်အထင်ကရ MEPhI တက္ကသိုလ်နှင့် မိမိတို့တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရသည်ကို ဝမ်းမြောက်ဂုဏ်ယူပြီး နျူကလီးယားနည်းပညာကဏ္ဍ မြင့်မားရေးအတွက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးကပြောသည်။

နျူကလီးယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) နှင့် ရုရှားနိုင်ငံ MEPhI တက္ကသိုလ်တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံရွိနည္းပညာတကၠသိုလ္(၃)ခုႏွင့္ ႐ုရွားတကၠသိုလ္တို႔အၾကား န်ဴကလီးယားနည္းပညာဆိုင္ရာပူးေပါင္းေဆာင္႐ြက္ရန္ နားလည္မႈစာခြၽန္လႊာမ်ားေရးထိုး
Pearl (NP News) - ေအာက္တိုဘာ ၇

ျမန္မာႏိုင္ငံရွိ နည္းပညာတကၠသိုလ္သုံးခုႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ National Research Nuclear University (Moscow Engineering Physics Institute - MEPhI) တကၠသိုလ္တို႔အၾကား န်ဴကလီးယားနည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ရန္ နားလည္မႈစာခြၽန္လႊာမ်ား ေရးထိုးခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါနားလည္မႈစာခြၽန္လႊာမ်ား လက္မွတ္ေရးထိုးပြဲအခမ္းအနားကို ေအာက္တိုဘာလ ၆ရက္၊ နံနက္ပိုင္းတြင္ ရန္ကုန္နည္းပညာတကၠသိုလ္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဏုျမဴစြမ္းအင္၊ န်ဴကလီးယားနည္းပညာဘာသာရပ္မ်ားအပါအဝင္ သိပၸံနည္းပညာႏွင့္အင္ဂ်င္နီယာဘာသာရပ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ကာ ႏိုင္ငံေတာ္အက်ိဳးျပဳစြမ္းအားစုမ်ားအျဖစ္ အရည္အေသြးျပည့္မီေသာ နည္းပညာရွင္မ်ားကို ေမြးထုတ္ေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳသုေတသနမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ျမႇင့္တင္ေဆာင္႐ြက္ႏိုင္ရန္ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာနမွ အဓိကရည္႐ြယ္ကာ နားလည္မႈစာခြၽန္လႊာမ်ားကို လက္မွတ္ေရးထိုးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလက္မွတ္ေရးထိုးပြဲ၌ ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ေဇယ်က ႐ုရွားႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ အစဥ္မိတ္ဖက္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ေၾကာင္း ေျပာၾကားထားသည္။

ထို႔ျပင္ ၁၉၅၈ ခုႏွစ္၌ ႐ုရွားႏိုင္ငံ၏ ပံ့ပိုးမႈမ်ားျဖင့္ စတင္တည္ေဆာက္ခဲ့ေသာ ရန္ကုန္နည္းပညာတကၠသိုလ္၌ ယေန႔က်င္းပသည့္အခမ္းအနားသည္ ႏွစ္ႏိုင္ငံၾကား ခိုင္ၿမဲသည့္ ခ်စ္ ၾကည္ရင္းႏွီးမႈႏွင့္ သိပၸံႏွင့္နည္းပညာပူးေပါင္းေဆာင္႐ြက္မႈအတြက္ ထူးျခားၿပီး အေရးပါသည့္ မွတ္တိုင္သစ္တစ္ခုကို စိုက္ထူႏိုင္ျခင္းျဖစ္ေၾကာင္း ၎က ထပ္မံေျပာၾကားသည္။

အလားတူ Ranking ျမင့္မားသည့္အထင္ကရ MEPhI တကၠသိုလ္ႏွင့္ မိမိတို႔တကၠသိုလ္မ်ား ပူးေပါင္းေဆာင္႐ြက္ရသည္ကို ဝမ္းေျမာက္ဂုဏ္ယူၿပီး န်ဴကလီးယားနည္းပညာက႑ ျမင့္မားေရးအတြက္ ျမႇင့္တင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးကေျပာသည္။

န်ဴကလီးယားနည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ရန္ နားလည္မႈစာခြၽန္လႊာမ်ားကို ရန္ကုန္နည္းပညာတကၠသိုလ္၊ သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ (ေက်ာက္ဆည္) ႏွင့္ ႐ုရွားႏိုင္ငံ MEPhI တကၠသိုလ္တို႔အၾကား လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.