ပြည်ပရောက် မြန်မာနိုင်ငံသားများရရှိသည့်လစာအပေါ် ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များကို ထုတ်ပြန်

 7669

မျိုးကြီး (NP News) - အောက်တိုဘာ ၇

ပြည်ပရောက် မြန်မာနိုင်ငံသားများရရှိသည့် လစာဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ ပြင်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် နိုင်ငံသားများအနေဖြင့် နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာအပေါ် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်းထားဖြင့် တွက်ချက်ခြင်းနည်းလမ်း၊ ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့်သက်သာခွင့်များအား နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း (၂)ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းနည်းလမ်း (၂)ရပ်အနက်မှ နည်းရာအခွန်ပမာဏဖြင့် ပေးဆောင်နိုင်ကြောင်း သိရသည်။

ပေးဆောင်ရမည့် လစာဝင်ငွေခွန်ပမာဏကို သိရှိနိုင်ရန်အတွက် https://www.ird.gov.mm ၏ Home Page ရှိ လစာဝင် ငွေခွန်တွက်ချက်ရန်(ပြည်ပနေနိုင်ငံသား) Menu link မှတစ်ဆင့် ဝင်ရောက်တွက်ချက်ကြည့်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

ထို့ပြင် လစာဝင်ငွေခွန်ဆောင်နိုင်ရန် စနစ်အတွင်းသို့ အချက်အလက်များထည့်သွင်းခြင်းကို သက်ဆိုင်ရာသံရုံးဝန်ထမ်းများ (သို့မဟုတ်) သက်ဆိုင်ရာအခွန်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စနစ်အတွင်းသို့ ထည့်သွင်းရန်လိုအပ်သည့်အချက်အလက်များသည် လစာဝင်ငွေခွန်ပေးဆောင်သူ၏ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ OWIC အမှတ်(သို့မဟုတ်) CDC/SIRB အမှတ်၊ နေရပ်လိပ်စာ စသည်တို့ဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် လစာဝင်ငွေခွန်ကို ရရှိသည့်နိုင်ငံခြားငွေအမျိုးအစားဖြင့်သာ ပေးဆောင်ရမည်ဖြစ်ပြီး သာမန်အားဖြင့် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးချိန်၌ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

သို့သော် အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုသူများအနေဖြင့် လစဉ်(သို့မဟုတ်) သုံးလတစ်ကြိမ် (သို့မဟုတ်) နှစ်စဉ် သက်ဆိုင်ရာသံရုံးတွင် ပေးဆောင်လိုပါကလည်း ပေးဆောင်နိုင်ကြောင်း သိရသည်။

ထိုသို့အခွန်ပေးဆောင်ပြီးပါက သက်ဆိုင်ရာသံရုံးမှ QR Code ပါဝင်သည့် အီလက်ထရောနစ်ငွေရပြေစာနှင့် ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေခွန်ပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ်တို့ကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းအား နစကအစိုးရက ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

zawgyi version
ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားရရွိသည့္လစာအေပၚ ဝင္ေငြခြန္ေပးေဆာင္ျခင္းႏွင့္ပတ္သက္၍ သိရွိရမည့္အခ်က္မ်ားကို ထုတ္ျပန္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၇

ျပည္ပေရာက္ ျမန္မာႏိုင္ငံမ်ား ရရွိသည့္လစာဝင္ေငြအေပၚ ဝင္ေငြခြန္ေပးေဆာင္ျခင္းႏွင့္ပတ္သက္၍ သိရွိရမည့္အခ်က္မ်ားကို ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထုတ္ျပန္လိုက္သည္။

ျမန္မာႏိုင္ငံ၏ ျပင္ပတြင္ အလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၂၀၂၃ ခုႏွစ္ ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒကို ျပင္ဆင္သည့္ဥပေဒအရ ဝင္ေငြခြန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ပေရာက္ ႏိုင္ငံသားမ်ားအေနျဖင့္ ႏိုင္ငံျခားေငြျဖင့္ ရရွိသည့္လစာအေပၚ ဝင္ေငြခြန္ဥပေဒအရ ခြင့္ျပဳထားသည့္သက္သာခြင့္မ်ားအား ႏုတ္ပယ္ၿပီး ဝင္ေငြအလႊာအလိုက္ အခြန္ႏႈန္ထားျဖင့္ တြက္ခ်က္ျခင္းနည္းလမ္း၊ ဝင္ေငြခြန္ဥပေဒအရ ခြင့္ျပဳထားသည့္သက္သာခြင့္မ်ားအား ႏုတ္ပယ္ျခင္းမျပဳဘဲ အခြန္ႏႈန္း (၂)ရာခိုင္ႏႈန္းျဖင့္ တြက္ခ်က္ျခင္းနည္းလမ္း (၂)ရပ္အနက္မွ နည္းရာအခြန္ပမာဏျဖင့္ ေပးေဆာင္ႏိုင္ေၾကာင္း သိရသည္။

ေပးေဆာင္ရမည့္ လစာဝင္ေငြခြန္ပမာဏကို သိရွိႏိုင္ရန္အတြက္ https://www.ird.gov.mm ၏ Home Page ရွိ လစာဝင္ ေငြခြန္တြက္ခ်က္ရန္(ျပည္ပေနႏိုင္ငံသား) Menu link မွတစ္ဆင့္ ဝင္ေရာက္တြက္ခ်က္ၾကည့္ႏိုင္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားသည္။

ထို႔ျပင္ လစာဝင္ေငြခြန္ေဆာင္ႏိုင္ရန္ စနစ္အတြင္းသို႔ အခ်က္အလက္မ်ားထည့္သြင္းျခင္းကို သက္ဆိုင္ရာသံ႐ုံးဝန္ထမ္းမ်ား (သို႔မဟုတ္) သက္ဆိုင္ရာအခြန္႐ုံးဝန္ထမ္းမ်ားက ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ စနစ္အတြင္းသို႔ ထည့္သြင္းရန္လိုအပ္သည့္အခ်က္အလက္မ်ားသည္ လစာဝင္ေငြခြန္ေပးေဆာင္သူ၏ အမည္၊ ႏိုင္ငံကူးလက္မွတ္အမွတ္၊ ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္၊ OWIC အမွတ္(သို႔မဟုတ္) CDC/SIRB အမွတ္၊ ေနရပ္လိပ္စာ စသည္တို႔ျဖစ္ေၾကာင္း သိရသည္။

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ လစာဝင္ေငြခြန္ကို ရရွိသည့္ႏိုင္ငံျခားေငြအမ်ိဳးအစားျဖင့္သာ ေပးေဆာင္ရမည္ျဖစ္ၿပီး သာမန္အားျဖင့္ သက္ဆိုင္ရာႏိုင္ငံရွိ ျမန္မာသံ႐ုံးတြင္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးခ်ိန္၌ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားသည္။

သို႔ေသာ္ အခြန္ဝန္ထုပ္ဝန္ပိုးမျဖစ္ေစလိုသူမ်ားအေနျဖင့္ လစဥ္(သို႔မဟုတ္) သုံးလတစ္ႀကိမ္ (သို႔မဟုတ္) ႏွစ္စဥ္ သက္ဆိုင္ရာသံ႐ုံးတြင္ ေပးေဆာင္လိုပါကလည္း ေပးေဆာင္ႏိုင္ေၾကာင္း သိရသည္။

ထိုသို႔အခြန္ေပးေဆာင္ၿပီးပါက သက္ဆိုင္ရာသံ႐ုံးမွ QR Code ပါဝင္သည့္ အီလက္ထေရာနစ္ေငြရေျပစာႏွင့္ ျပည္ပေနႏိုင္ငံသား၏ လစာဝင္ေငြခြန္ေပးသြင္းျခင္းဆိုင္ရာ အေထာက္အထားလက္မွတ္တို႔ကို ျပန္လည္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္က ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား၏ ႏိုင္ငံျခားေငြျဖင့္ ရရွိသည့္လစာဝင္ေငြအေပၚ ဝင္ေငြခြန္ကင္းလြတ္ခြင့္ျပဳခဲ့ျခင္းအား နစကအစိုးရက ယခု ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွစ၍ ျပန္လည္ပယ္ဖ်က္ခဲ့ျခင္းျဖစ္သည္။

Picture

Thaw khant Mg

08/10/2023 12:28

😕

Related news

© 2021. All rights reserved.