မင်းလှမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးကို PDF အဖွဲ့က ခြိမ်းခြောက်မှုပြုလုပ်

5310
Pearl (NP News) - အောက်တိုဘာ ၈
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးကို PDF အဖွဲ့က စာထုတ်ပြန်ကာ ခြိမ်းခြောက်ထားသည်။

အဆိုပါခြိမ်းခြောက်စာကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF အဖွဲ့)က ယနေ့ (အောက်တိုဘာလ ၈ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ခြိမ်းခြောက်စာ၌ မင်းလှမြို့နယ်၊ သရော(အမ်)ကျေးရွာတွင် နေထိုင်သည့် ဆရာမဒေါ်နုနုလှိုင် (အ.ထ.က မင်းလှ)သည် မြို့နယ်အတွင်းမှ CDM ပညာ ရေးဝန်ထမ်းများအား စစ်တပ်ထံသတင်းပေးခြင်း၊ ဖိအားပေး၍ Non CDM လုပ်ခိုင်းခြင်း ၊ ကျောင်းသား၊ ကျောင်းသူများအား PDF/NUG သည်အကြမ်း ဖက်သမားများဟု ဝါဒဖြန့်ပြောဆိုမှုများ ပြုလုပ်နေသည်ဟု စွပ်စွဲထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
ဒေါ်နုနုလှိုင်အနေဖြင့် ယင်းကဲ့သို့ဆက်လက်လုပ်ဆောင်နေပါက ထိရောက်စွာ အရေးယူသွားမည်ဟု မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( PDF အဖွဲ့)က ခြိမ်းခြောက်ထားသည်။
ယမန်နေ့ (အောက်တိုဘာလ ၇ ရက်)တွင် ဆရာမဒေါ်နုနုလှိုင်သည် သရော (အမ်)ကျေးရွာမှတဆင့် မြို့ပေါ်သို့ အလုပ်ကိစ္စဖြင့်သွားစဉ် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်ရှိသောတစ်ဦးက နောက်ယောင်ခံလိုက်နေမှုများရှိကြောင်း ၎င်းက NP News ကိုပြောသည်။
"စိတ်တော့ပူပါတယ်ရှင့်။ ဒီစာမတင်ခင် မနေ့ကတည်းက သတိထားလိုက်မိတာပါ။ ကျွန်မ မနေ့တုန်းက အလုပ်ကိစ္စနဲ့သွားတော့ ကျွန်မတို့ ရွာအထွက်မှာကတည်းက မသင်္ကာစရာ လူစိမ်းတစ်ယောက်က ကျွန်မဆိုင်ကယ်နောက်ကနေ မောင်းလိုက်လာပြီးတော့ ရှေ့ကနေ တတ်သွားလိုက် အဲဒီလိုမျိုးလုပ်နေတာ။ ပြီးတော့ ဆိုင်ကယ်ကနေ တစ်ခုခုကို ထုတ်လိုက်လုပ်နေတာ မြင်နေရပါတယ်။ ဆာလာအိတ်အဖြူနဲ့ ပတ်ထားထာပါ။ ကျွန်မက အဲဒီမှာ သတိစထားမိတာပါ"ဟု ဆရာမ ဒေါ်နုနုလှိုင်က ပြောသည်။
လက်ရှိတွင် သူမအနေဖြင့် လုံခြုံမှုမရှိကြောင်း နှင့် လွတ်လပ်စွာသွားလာနေ ထိုင်ရဲခြင်း မရှိကြောင်းကို ဆရာမဒေါ်နုနုလှိုင်က ဆက်လက်ပြောသည်။
လက်ရှိ နစကလက်ထက်၊ (၂)နှစ်ခွဲကာလအတွင်း ဆရာ/ဆရာမ ဦးရေ (၆၈)ဦးထက်မနည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်အပြင် ခြိမ်းခြောက်ခံရမှုသည်လည်း အများအပြားရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်ရှိ နစကလက်ထပ်၌ အခြေခံပညာကျောင်းများအပါအဝင် ပညာရေးအဆောက်အဦးများမီးရှို့ဖျက်ဆီးခံရမှုသည် (၁၂၀)ကျော်ရှိခဲ့ပြီး ဗုံးခွဲ တိုက်ခိုက်ခံရမှုသည် အကြိမ်ပေါင်း (၅၃၀)ကျော်ရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

zawgyi version
မင္းလွၿမိဳ႕နယ္ရွိ အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာမတစ္ဦးကို PDF အဖြဲ႕က ၿခိမ္းေျခာက္မႈျပဳလုပ္
Pearl (NP News) - ေအာက္တိုဘာ ၈
ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္ရွိ အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာမတစ္ဦးကို PDF အဖြဲ႕က စာထုတ္ျပန္ကာ ၿခိမ္းေျခာက္ထားသည္။
အဆိုပါၿခိမ္းေျခာက္စာကို မင္းလွၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(PDF အဖြဲ႕)က ယေန႔ (ေအာက္တိုဘာလ ၈ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿခိမ္းေျခာက္စာ၌ မင္းလွၿမိဳ႕နယ္၊ သေရာ(အမ္)ေက်း႐ြာတြင္ ေနထိုင္သည့္ ဆရာမေဒၚႏုႏုလႈိင္ (အ.ထ.က မင္းလွ)သည္ ၿမိဳ႕နယ္အတြင္းမွ CDM ပညာ ေရးဝန္ထမ္းမ်ားအား စစ္တပ္ထံသတင္းေပးျခင္း၊ ဖိအားေပး၍ Non CDM လုပ္ခိုင္းျခင္း ၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား PDF/NUG သည္အၾကမ္း ဖက္သမားမ်ားဟု ဝါဒျဖန႔္ေျပာဆိုမႈမ်ား ျပဳလုပ္ေနသည္ဟု စြပ္စြဲထုတ္ျပန္ထားသည္ကိုေတြ႕ရသည္။
ေဒၚႏုႏုလႈိင္အေနျဖင့္ ယင္းကဲ့သို႔ဆက္လက္လုပ္ေဆာင္ေနပါက ထိေရာက္စြာ အေရးယူသြားမည္ဟု မင္းလွၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕( PDF အဖြဲ႕)က ၿခိမ္းေျခာက္ထားသည္။
ယမန္ေန႔ (ေအာက္တိုဘာလ ၇ ရက္)တြင္ ဆရာမေဒၚႏုႏုလႈိင္သည္ သေရာ (အမ္)ေက်း႐ြာမွတဆင့္ ၿမိဳ႕ေပၚသို႔ အလုပ္ကိစၥျဖင့္သြားစဥ္ ဆိုင္ကယ္တစ္စီးျဖင့္ မသကၤာဖြယ္ရွိေသာတစ္ဦးက ေနာက္ေယာင္ခံလိုက္ေနမႈမ်ားရွိေၾကာင္း ၎က NP News ကိုေျပာသည္။
"စိတ္ေတာ့ပူပါတယ္ရွင့္။ ဒီစာမတင္ခင္ မေန႔ကတည္းက သတိထားလိုက္မိတာပါ။ ကြၽန္မ မေန႔တုန္းက အလုပ္ကိစၥနဲ႔သြားေတာ့ ကြၽန္မတို႔ ႐ြာအထြက္မွာကတည္းက မသကၤာစရာ လူစိမ္းတစ္ေယာက္က ကြၽန္မဆိုင္ကယ္ေနာက္ကေန ေမာင္းလိုက္လာၿပီးေတာ့ ေရွ႕ကေန တတ္သြားလိုက္ အဲဒီလိုမ်ိဳးလုပ္ေနတာ။ ၿပီးေတာ့ ဆိုင္ကယ္ကေန တစ္ခုခုကို ထုတ္လိုက္လုပ္ေနတာ ျမင္ေနရပါတယ္။ ဆာလာအိတ္အျဖဴနဲ႔ ပတ္ထားထာပါ။ ကြၽန္မက အဲဒီမွာ သတိစထားမိတာပါ"ဟု ဆရာမ ေဒၚႏုႏုလႈိင္က ေျပာသည္။
လက္ရွိတြင္ သူမအေနျဖင့္ လုံၿခဳံမႈမရွိေၾကာင္း ႏွင့္ လြတ္လပ္စြာသြားလာေန ထိုင္ရဲျခင္း မရွိေၾကာင္းကို ဆရာမေဒၚႏုႏုလႈိင္က ဆက္လက္ေျပာသည္။
လက္ရွိ နစကလက္ထက္၊ (၂)ႏွစ္ခြဲကာလအတြင္း ဆရာ/ဆရာမ ဦးေရ (၆၈)ဦးထက္မနည္း အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည့္အျပင္ ၿခိမ္းေျခာက္ခံရမႈသည္လည္း အမ်ားအျပားရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လက္ရွိ နစကလက္ထပ္၌ အေျခခံပညာေက်ာင္းမ်ားအပါအဝင္ ပညာေရးအေဆာက္အဦးမ်ားမီးရႈိ႕ဖ်က္ဆီးခံရမႈသည္ (၁၂၀)ေက်ာ္ရွိခဲ့ၿပီး ဗုံးခြဲ တိုက္ခိုက္ခံရမႈသည္ အႀကိမ္ေပါင္း (၅၃၀)ေက်ာ္ရွိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။