ပြည်တွင်းဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်း(၁၂)မျိုးကို မသုံးစွဲသင့်ကြောင်း FDA အသိပေး

 2284

စော(NP News) - အောက်တိုဘာ ၈

ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း(၁၂)မျိုးကို မသုံးစွဲသင့်ကြောင်း FDA က အသိပေးထုတ်ပြန်ထားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၁၂)မျိုးသည် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း အသိပေးထားသည်။

အဆိုပါအလှကုန်ပစ္စည်း(၁၂)မျိုးသည် Apple lipstick, Pearl skin & Ginger cream, Pretty makeup paletee, Lameila, lidanxiu, 12color eyeshow palette, Collgen plus vit E, Liquid showdow fashion eyeshow, IU Beauty, MILA Color, Kiss Beauty နှင့် L’CHEAR တို့ဖြစ်ကြောင်း သိရသည်။

၎င်းတားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်းဖြစ်ပွားတတ်ကြောင်း သိရသည်။

ထို့ပြင် ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါအလှကုန်ပစ္စည်းများအား တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို လုံးဝမပြုလုပ်ရန်နှင့် မလိုက်နာပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူသွားမည်ဖြစ်ကြောင်း FDA Myanmar မှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ျပည္တြင္းေဈးကြက္အတြင္းရွိ အလွကုန္ပစၥည္း(၁၂)မ်ိဳးကို မသုံးစြဲသင့္ေၾကာင္း FDA အသိေပး
ေစာ(NP News) - ေအာက္တိုဘာ ၈

ေဘးအႏၲရာယ္ျဖစ္ေစေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနသည့္ အလွကုန္ပစၥည္း(၁၂)မ်ိဳးကို မသုံးစြဲသင့္ေၾကာင္း FDA က အသိေပးထုတ္ျပန္ထားသည္။

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ၂၀၂၃ ခုႏွစ္အတြင္း ျပည္တြင္း၌ ေရာင္းခ်ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ စစ္ေဆးခဲ့ရာ အလွကုန္ပစၥည္း(၁၂)မ်ိဳးသည္ မွတ္တမ္းတင္ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစေသာ တားျမစ္ဓာတုပစၥည္းမ်ား ပါဝင္ေနျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း အသိေပးထားသည္။

အဆိုပါအလွကုန္ပစၥည္း(၁၂)မ်ိဳးသည္ Apple lipstick, Pearl skin & Ginger cream, Pretty makeup paletee, Lameila, lidanxiu, 12color eyeshow palette, Collgen plus vit E, Liquid showdow fashion eyeshow, IU Beauty, MILA Color, Kiss Beauty ႏွင့္ L’CHEAR တို႔ျဖစ္ေၾကာင္း သိရသည္။

၎တားျမစ္ဓာတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတစ္ဆင့္ ခႏၶာကိုယ္အတြင္းသို႔ စုပ္ယူ၍ ထုံက်င္ျခင္းျဖစ္ပြားတတ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ားျဖစ္ပြားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

၎အလွကုန္ပစၥည္းမ်ားကို တင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္လီလက္ကားဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိျခင္းေၾကာင့္ သုံးစြဲရန္မသင့္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အဆိုပါအလွကုန္ပစၥည္းမ်ားအား တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ျခင္းမ်ားကို လုံးဝမျပဳလုပ္ရန္ႏွင့္ မလိုက္နာပါက ျပည္သူ႔က်န္းမာေရးဆိုင္ရာ ဥပေဒပုဒ္မ ၃၊ အပိုဒ္ (၃)(ဃ)အရ အေရးယူသြားမည္ျဖစ္ေၾကာင္း FDA Myanmar မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.