မျက်စိနာရောဂါသည် ကူးစက်လွယ်ပြီး ကူးစက်ခံရသူ၏ ပစ္စည်းများကို သုံးစွဲခြင်းမပြုသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး

 4260

စော (NP News) - အောက်တိုဘာ ၉

မျက်စိနာရောဂါသည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး ကူးစက်ခံရသူ၏ ပစ္စည်းများကို သုံးစွဲခြင်းမပြုသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိ ပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာလ ၉ ရက်)တွင် အထက် ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနက မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားပြီး ရောဂါကူးစက်ခံရလျှင် (၅)ရက်မှ (၇)ရက်ခန့်ထိ ကြာမြင့်တတ်ကြောင်း သိရသည်။

ထို့သို့ ကူးစက်ခံရလျှင် မျက်စိနီရဲခြင်း၊ မျက်စိယားယံခြင်း၊ မျက်ရည်ယိုခြင်း၊ မျက်ဝတ်များထွက်ခြင်း၊ မျက်စိနာကျင်ရောင်ရမ်းခြင်းနှင့် အလင်းရောင်မကြည့်နိုင်ခြင်းစသည့်‌ရောဂါလက္ခဏာများ ခံစားရနိုင်ကြောင်း သိရသည်။

မျက်စိနာရောဂါဖြစ်ပွားသူနှင့်နီးကပ်စွာ အတူနေထိုင်ခြင်း အပါအဝင် ၎င်း၏ အသုံးအဆောင်များကို ကိုင်တွယ်သုံးစွဲခြင်းတို့ကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် ရှောင်ရှားသင့်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် မျက်စိနာရောဂါသည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ၏ အလှပြင်ပစ္စည်းများ၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါစသည့် အသုံးအဆောင်များကို အတူသုံးစွဲခြင်းမပြုလုပ်သင့်ကြောင်း သိရသည်။

ထို့ပြင် လက်ကိုင်ပုဝါအစား တစ်ခါသုံးတစ်ရှူးကို အသုံးပြုသင့်ပြီး ရောဂါ ကူးစက်ခံရသူ၏ အဝတ်အစားများကိုလည်း သီးသန့်လျှော်ဖွပ်ရမည်ဖြစ် ကြောင်း တိုက်တွန်းထားသည်။

ရောဂါကူးစက်ခံရပါက မျက်လုံးအနီးတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးရန် လိုပြီး မျက်ရည်တု (သို့မဟုတ်) မျက်စဉ်းဆေးရည် (Artifical Tear Eye Drops) ကို တစ်နေ့ (၃)ကြိမ်မှ (၄)ကြိမ် ခတ်ပေးရမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

ထို့ပြင် မျက်လုံးကို မသန့်ရှင်းမီနှင့် မျက်စဉ်းဆေးရည်ခတ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာစွာဆေးကြောရမည်ဖြစ်ပြီး အကယ်၍ မသက်သာပါက ဆေးရုံ၊ ဆေးခန်းများနှင့် မျက်စိကုဌာနသို့ ပြသရမည်ဖြစ်ကြောင်း တိုက် တွန်းထားသည်။

၎င်းမျက်စိနာရောဂါ အခြားသူများသို့ မကူးစက်စေရန်အတွက် မျက်စိနာရောဂါကူးစက်ခံရသူသည် မျက်စိကို မကိုင်မိစေရန် အကာအကွယ်မျက်မှန်တပ်ထားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးတိုက်တွန်းထား သည်။

zawgyi version
မ်က္စိနာေရာဂါသည္ ကူးစက္လြယ္ၿပီး ကူးစက္ခံရသူ၏ ပစၥည္းမ်ားကို သုံးစြဲျခင္းမျပဳသင့္ဟု က်န္းမာေရးဝန္ႀကီးဌာန အသိေပး
ေစာ (NP News) - ေအာက္တိုဘာ ၉

မ်က္စိနာေရာဂါသည္ ကူးစက္လြယ္ေသာေရာဂါျဖစ္ၿပီး ကူးစက္ခံရသူ၏ ပစၥည္းမ်ားကို သုံးစြဲျခင္းမျပဳသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အသိ ေပးထုတ္ျပန္ထားသည္။

က်န္းမာေရးဝန္ႀကီးဌာနက ယေန႔(ေအာက္တိုဘာလ ၉ ရက္)တြင္ အထက္ ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာနက မ်က္ေျမႇးေရာင္ေရာဂါ (သို႔မဟုတ္) မ်က္စိနာေရာဂါသည္ ဗိုင္းရပ္ပိုးေၾကာင့္ျဖစ္ပြားၿပီး ေရာဂါကူးစက္ခံရလွ်င္ (၅)ရက္မွ (၇)ရက္ခန႔္ထိ ၾကာျမင့္တတ္ေၾကာင္း သိရသည္။

ထို႔သို႔ ကူးစက္ခံရလွ်င္ မ်က္စိနီရဲျခင္း၊ မ်က္စိယားယံျခင္း၊ မ်က္ရည္ယိုျခင္း၊ မ်က္ဝတ္မ်ားထြက္ျခင္း၊ မ်က္စိနာက်င္ေရာင္ရမ္းျခင္းႏွင့္ အလင္းေရာင္မၾကည့္ႏိုင္ျခင္းစသည့္‌ေရာဂါလကၡဏာမ်ား ခံစားရႏိုင္ေၾကာင္း သိရသည္။

မ်က္စိနာေရာဂါျဖစ္ပြားသူႏွင့္နီးကပ္စြာ အတူေနထိုင္ျခင္း အပါအဝင္ ၎၏ အသုံးအေဆာင္မ်ားကို ကိုင္တြယ္သုံးစြဲျခင္းတို႔ေၾကာင့္ ေရာဂါအလြယ္တကူ ကူးစက္ျပန႔္ပြားႏိုင္သျဖင့္ ေရွာင္ရွားသင့္ေၾကာင္း အသိေပးထားသည္။

ထို႔ေၾကာင့္ မ်က္စိနာေရာဂါသည္ ကူးစက္လြယ္ေသာေရာဂါျဖစ္ၿပီး ေရာဂါ ကူးစက္ခံရသူ၏ အလွျပင္ပစၥည္းမ်ား၊ မ်က္ႏွာသုတ္ပုဝါ၊ လက္ကိုင္ပုဝါစသည့္ အသုံးအေဆာင္မ်ားကို အတူသုံးစြဲျခင္းမျပဳလုပ္သင့္ေၾကာင္း သိရသည္။

ထို႔ျပင္ လက္ကိုင္ပုဝါအစား တစ္ခါသုံးတစ္ရႉးကို အသုံးျပဳသင့္ၿပီး ေရာဂါ ကူးစက္ခံရသူ၏ အဝတ္အစားမ်ားကိုလည္း သီးသန႔္ေလွ်ာ္ဖြပ္ရမည္ျဖစ္ ေၾကာင္း တိုက္တြန္းထားသည္။

ေရာဂါကူးစက္ခံရပါက မ်က္လုံးအနီးတစ္ဝိုက္ကို သန႔္ရွင္းေရးျပဳလုပ္ေပးရန္ လိုၿပီး မ်က္ရည္တု (သို႔မဟုတ္) မ်က္စဥ္းေဆးရည္ (Artifical Tear Eye Drops) ကို တစ္ေန႔ (၃)ႀကိမ္မွ (၄)ႀကိမ္ ခတ္ေပးရမည္ျဖစ္ေၾကာင္း အသိ ေပးထားသည္။

ထို႔ျပင္ မ်က္လုံးကို မသန႔္ရွင္းမီႏွင့္ မ်က္စဥ္းေဆးရည္ခတ္ၿပီးတိုင္း လက္ကိုဆပ္ျပာႏွင့္ ေသခ်ာစြာေဆးေၾကာရမည္ျဖစ္ၿပီး အကယ္၍ မသက္သာပါက ေဆး႐ုံ၊ ေဆးခန္းမ်ားႏွင့္ မ်က္စိကုဌာနသို႔ ျပသရမည္ျဖစ္ေၾကာင္း တိုက္ တြန္းထားသည္။

၎မ်က္စိနာေရာဂါ အျခားသူမ်ားသို႔ မကူးစက္ေစရန္အတြက္ မ်က္စိနာေရာဂါကူးစက္ခံရသူသည္ မ်က္စိကို မကိုင္မိေစရန္ အကာအကြယ္မ်က္မွန္တပ္ထားသင့္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ အသိေပးတိုက္တြန္းထား သည္။

Related news

© 2021. All rights reserved.