"စစ်ဖြစ်နေမှ အကျိုးဖြစ်ထွန်းမယ့်လူတွေကတော့ တိုင်းပြည်ငြိမ်းချမ်းသွားမှာကို တော်တော်လေး စိုးရိမ်နေကြမှာပေါ့" - (KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း) (သီးသန့်တွေ့ဆုံမေးမြန်းခြင်း)

 2793

Pearl (NP News) - အောက်တိုဘာ ၉

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အဖွဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံဆွေးနွေးမှုအပါအဝင် လက်ရှိ KNU အဖွဲ့အစည်း နှင့် ကရင်ပြည်သူလူထုအကြား သဘောထားအခြေအနေအမှန်များနှင့်ပတ်သက်၍ KNU ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌပဒိုရွှေမောင်းအား NP News ၏ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ ဖထီး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခု ဖထီးကိုလာရောက်တွေ့ဆုံမေးမြန်းတဲ့ အကြောင်းအရင်းကတော့ ဖထီးတို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ကသွားတွေ့တယ်။ တွေ့တဲ့အခါမှာ ဘာပဲပြောပြောနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွေ ကျွန်တော်တို့လည်း ကြည့်ပြီးတော့ စိတ်လည်းချမ်းသာတယ်။ ဖထီးတို့ရော သူနဲ့တွေ့ဆုံတဲ့အခါမှာ ဘယ်အချက်တွေ အဓိကပြောခဲ့တာရှိမလဲပေါ့။ ဘာတွေများ အဓိကပြောခဲ့တာ ရှိမလဲပေါ့။ အဲဒါလေး သိချင်လို့ပါ။

ဖြေ။ ။ အဓိကပြောသွားတဲ့ အချက်တွေထဲမှာ ကျွန်တော်တို့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းကို ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့အတွက် အဲဒီကိစ္စပဲပြောဆိုသွားတာရှိပါတယ်။ သူတို့လည်းပဲ ဒီနိုင်ငံ၊ ဒီပြည် ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတယ်လို့ပဲ ကျွန်တော့်အနေနဲ့သုံးသပ်လို့ရတယ်။ သူလည်းပဲ ငြိမ်းချမ်းချင်တယ်။ ကျွန်တော်တို့လည်းပဲ ငြိမ်းချမ်းချင်တဲ့အပေါ်မှာ ငြိမ်းချမ်းအောင် ဘယ်လိုရှေ့ဆက်ဆောင်ရွက်ကြမလဲဆိုတဲ့ဟာကို အကျေအလည် ဆွေးနွေးဖို့တော့ လိုအပ်တယ်။ ဒီတွေ့ဆုံမှုမှာ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးကနေပြီးတော့မှ ယခင် သူ NCA လက်မှတ်ရေးထိုးခဲ့စဉ်တုန်းက မိတ်ဆွေတွေကို လာ‌ရောက်နှုတ်ဆက်တဲ့အပေါ်မှာ တွေ့ဆုံခြင်းဖြစ်တဲ့အတွက် အဲဒါကို အခြေခံပြီးတော့မှ ရှေ့ဆက် ကိုယ့်တိုင်းပြည်ထဲမှာလည်းပဲ ငြိမ်းချမ်းမှုကို အပြည်အဝမရရှိသေးတဲ့အပေါ်မှာ ငြိမ်းချမ်းဖို့အတွက် ဘယ်လိုမျိုး ဆောင်ရွက်သင့်လဲဆိုတဲ့ အခြေခံအချက်လေးတွေတော့ ကျွန်တော်တို့ရရှိခဲ့တယ်လို့ပဲပြောရမှာပေါ့နော်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းချင်တဲ့အပေါ်မှာ ဒါကအခြေခံအကြောင်းတရား။ ငြိမ်းချမ်းမှုကို ငြိမ်းချမ်းလိုတဲ့လူတွေက ဆောင်ရွက်မှဘဲ ငြိမ်းချမ်းလာနိုင်မှာဖြစ်တဲ့အတွက် အဲဒါကြောင့်မလို့ ဒီငြိမ်းချမ်းချင်ကြတယ်လို့ ကျွန်တော်တို့ မြင်တာလောက်နဲ့ပဲ ကျွန်တော်တို့ အနေနဲ့ကတော့ ဒါတစ်ဆင့်တော့ ကျေနပ်မှုရရှိတယ်လို့ ပြောရမှာပေါ့။

မေး။ ။ဟုတ်ကဲ့။ ဖထီးတို့ ဒီလာတွေ့တဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နောက်တစ်နေ့မှာတော့ KNU က ထုတ်ပြန်ချက် တစ်စောင်ထုတ်တာတွေ့ရတယ်။ KNU ရဲ့ တာဝန်ရှိသူတွေလည်း ထွက်ပြောလာတာတွေ့ရတယ်။ ဒီထုတ်ပြန်ချက်ထဲမှာတော့ အဓိကပထမဆုံးတစ်ချက်ကတော့ KNU နဲ့ ဖထီးတို့အဖွဲ့ကို မသက်ဆိုင်ဘူးလို့ စပြောတာတွေ့ရတယ်။ ဆိုတော့ အဲဒီအပေါ်မှာရော ဖထီးတို့ ဘာများစပြီး ပြောပြချင်တာ ရှိမလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒါကလည်းပဲ သူတို့ KNU အစည်းအရုံးအနေနဲ့ ပြောရမယ်ဆိုရင် သူတို့အမြင်ကိုး။ ဒါကတော့ KNU နဲ့ မပတ်သက်ဘူးပေါ့။ ဥက္ကဋ္ဌကြီးကလည်းပဲ သူကအငြိမ်းစားဖြစ်ပြီ။ ကျွန်တော်လည်းပဲ နားခွင့်တောင်းထားတဲ့လူ တစ်ယောက်ဖြစ်တဲ့အပေါ်မှာ ဒါကမသက်ဆိုင်။ သူတို့ဆီကနေပြီး ခွင့်ပြုချက်ရယူပြီးတော့မှ လာရောက်တာမဟုတ်တဲ့ အတွက် ဒါဟာသူတို့နဲ့ မသက်ဆိုင်ဘူးလို့ ပြောရင်ရပါတယ် ။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ သူတို့က ဒီတွေ့ဆုံမှုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီးတော့ ကရင်တိုင်းရင်းသားတွေကြားမှာ တိုင်းရင်းသားတွေကြားမှာ ခေါ်ပြီးတော့ သပ်လျှိုမှုလုပ်ပါတယ်ဆိုတာမျိုးတွေ ရည်ရွယ်ချက်နဲ့ မီဒီယာတွေမှာ ဖြေတာတွေလည်းတွေ့ရတယ်။ ဆိုတော့ ဒီတွေ့ဆုံမှုဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ခေါ် လို့တွေ့တာလား။ ဖထီးတို့က လာတွေ့တာလား။ ဘယ်လိုပုံစံမျိုးနဲ့ တွေ့ဆုံမှုဖြစ်ခဲ့လဲ ပြောလို့ရမလား။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးကလည်းပဲ ကျွန်တော်တို့ ဥက္ကဋ္ဌကိုတွေ့ချင်ပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်းပဲ သူ့ကို တွေ့ချင်ပါတယ်။ အရင်တစ်ချိန်တုန်းက တာဝန်ရှိခဲ့တဲ့အချိန်မှာတုန်းက အဖွဲ့အစည်းရဲ့ အများစုရဲ့ ဆန္ဒကိုလိုက်လျောပြီး ‌ဆောင်ရွက်ရတဲ့အပေါ်မှာ မတွေ့ဆုံဖြစ်ခဲ့တာပါ။ သူ့တစ်ဦးတစ်ယောက်ရဲ့ဆန္ဒ အနေနဲ့ဆိုရင် ဗိုလ်ချုပ်မှူးကြီးကို တွေ့ချင်ပါတယ်။ အဲဒါကြောင့်မို့ အခု သူကအပြင်လူတစ်ယောက်အနေနဲ့ ဖြစ်သွားပြီပေါ့။ အငြိမ်းစားယူပြီကိုး။ အဖွဲ့ အစည်းထဲမှာ ဘာမှ သူ့ကိုချုပ်နှောင်ထားတာမရှိတဲ့အပေါ်မှာ သူကလည်းလွတ်လွတ်လပ်လပ် သူ့ရဲ့မိတ်ဆွေ NCA လက်မှတ်ကို‌ ရေးထိုးခဲ့တဲ့ မိတ်ဆွေတွေကို လာရောက်တွေ့ဆုံနိုင်တဲ့ အခွင့်အရေးဖြစ်သွားတာပေါ့။ အဲဒါကြောင့်မို့ သူတို့ နှစ်ဦးနှစ်ဖက်က တွေ့ဆုံလိုကြတာဖြစ်တဲ့အတွက် ဒါဟာ တွေ့ဆုံမှုတွေ ဖြစ်ပေါ်လာတာပေါ့နော်။ ဒီဟာတွေကလည်း တွေ့ဆုံခြင်းအားဖြင့် ဘယ်သူ့ကိုမှ အကျိုးမယုတ်စေပါဘူး။ အားလုံးအတွက် ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒ နဲ့ လာရောက်တွေ့ဆုံတဲ့ အပေါ်မှာ အားလုံးအတွက် အကျိုးရှိသွားစေနိုင်ပါတယ်။ ဒါသပ်လျှိုတယ်လို့ပြောတာကတော့ ဒါကတော့ သူ့အမြင်နဲ့ သူပြောတာပါ။ အမှန်က အားလုံးငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုရင် ဒီတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖိုးမူတူးနဲ့ တွေ့ရုံလေးနဲ့ မပြီးပြည့်စုံသွားပါဘူး။ အားလုံးနဲ့တွေ့ဆုံဖို့ လိုအပ်ပါသေးတယ် ။ ဒါကြောင့်မို့ ဒါဟာသပ်လျိုတာမဟုတ်ပါဘူး။ ဒါဟာ ဘယ်လိုမျိုးတိုင်းပြည်ကိုငြိမ်းချမ်းအောင်ဆောင်ရွက်ကြမလဲ။ ဒါဟာ ပြောဆိုခြင်းနဲ့ပဲ လမ်းစတွေပေါ်လာပါလိမ့်မယ်။ နောက်ထပ်အဆင့်တွေမှာဆိုရင် အားလုံးဟာ ပါဝင်နိုင်တဲ့ အခြေအနေမျိုးတစ်ခု ဖြစ်လာနိုင်ခြေရှိတယ်လို့ပဲ ကျွန်တော့်အနေနဲ့ မြင်တယ်။ ဒါနှစ်ဦးနှစ်ဖက်လုံးက စိတ်ရင်စေတနာမှန်နဲ့ ‌ဆောင်ရွက်နေကြတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ပြီးတော့လည်းပဲ ဒီတိုင်းရင်းသားအချင်းချင်းသော်လည်းကောင်း တိုင်းရင်းသားနဲ့ ကျွန်တော်တို့တပ်မတော်ကြားမှာ သော်လည်းကောင်း ကျွန်တော်တို့ သူတို့ဘက်ကပြောဆိုမှုကိုကြည့်ခြင်းအားဖြင့် သပ်လျှိုမှုတွေလုံးဝမဖြစ်နိုင်ဘူးလို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဒီ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာတွေ့တာတော့ သူတို့ဟာ ၂၁ အခင်းအကျင်း ဖြစ်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်ဘူးတဲ့။ ဒါကြောင့် ဆွေးနွေးစရာ အကြောင်း လုံးဝမရှိဘူးပေါ့။ KNU အနေနဲ့ လုံးဝဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ပြောရင် ဒါ KNU ရဲ့ သဘောထားလား။ ကရင်ပြည်သူလူထုရဲ့ သဘောထားလား။ ဘယ်လိုမြင်လဲ ခင်ဗျ။

ဖြေ။ ။ ဒါ စစ်တပ် အခုလက်ရှိ စစ်တပ်က ဒီနိုင်ငံတော်ရဲ့ အာဏာအချုပ်အခြာအာဏာပေါ့နော်။ ပြောရမယ်ဆိုလို့ရှိရင် ဒီအာဏာသုံးရပ်စလုံးကို တပ်မတော်ကနေ ထိန်းချုပ်ထားတဲ့သ‌ဘောဖြစ်တယ်။ အဲဒီအပေါ်မှာ ကြည့်မယ်ဆိုရင် ဒီလူတွေနဲ့ ဒီနိုင်ငံအတွက် ဆောင်ရွက်လိုတဲ့လူတွေကတော့ ဒီတပ်မတော်နဲ့မတွေ့ဘဲနဲ့ ဘယ်လိုမှဆောင်ရွက်လို့ အခွင့်မသာနိုင်ပါဘူး။ ဒီတော့ပိုမိုပြီးတော့ပေါ့ ဒီလိုမျိုးညှိနှိုင်းဆောင်ရွက်မှုမလုပ်ဘူးဆိုရင် ပိုပြီးတော့အလှမ်းဝေးသွားပြီး အကျိုးယုတ်သွားစေနိုင်တဲ့ အခြေအနေမျိုးပဲဖြစ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တစ်ယောက်အနေနဲ့ မြင်တာကတော့ "တွေ့သင့်တယ်"။ ပြီးတော့ ဒီတပ်မတော်ကလည်း ယခင့် ယခင်ကတည်းက ရှိထားတဲ့ တပ်မတော်ဖြစ်တယ်။ ဒီ အာဏာသိမ်းလိုက်တာနဲ့ တပ်မတော်အစစ် နိုင်ငံတော် တပ်မတော်မဟုတ်တော့ဘူးလို့ သွားပြောလို့ ကျွန်တော်ထင်တယ် "မရဘူး"။ အဲဒီလိုမျိုးဘာဖြစ်လို့လဲဆိုတော့ ဒီတပ်မတော်၊ ဒီတပ်က အရင် NLD အစိုးရလက်ထက်တုန်းကလည်း ဒီတပ်မတော်ပဲ။ အခုလည်းပဲ အာဏာကိုအခြေအနေတစ်ခုပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံရဲ့ အာဏာကို ထိန်းချုပ်လိုက်ပေမယ့်လည်း ဒီတပ်မတော်က ဒီတပ်မတော်ပဲ။ ဒါကြောင့်မို့ တရားဝင်တာ၊ မဝင်တာ လူတွေရဲ့ သတ်မှတ်မှု အပေါ်မှာပဲတည်တာကိုး။ ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်နေဖြစ်နေ နိုင်ငံတော်ရဲ့တစ်ခုလုံး အချုပ်အခြာသုံးရပ်လုံးကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားမျိုးမှာ ဒီတပ်မတော်နဲ့ပဲစကားပြောဖို့လိုအပ်တယ်။ တစ်ခုလုံးကို နိုင်ငံတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောတဲ့လူရှိသလို၊ မထိန်းချုပ်နိုင်ဘူးပြောတဲ့လူလည်းရှိချင်ရှိမှာပဲ။ ဒါကသူတို့ အမြင်နဲ့ သူတို့ပြောတာ။ သို့ပေမယ့် လက်ရှိအခြေအနေက ကျွန်တော်တစ်ယောက်တည်း မြင်တာကတော့ ဒီတပ်မတော်နဲ့ပဲ စကားပြောဖို့ လိုအပ်တယ်။ ဒီနိုင်ငံရဲ့ ကောင်းကျိုးအတွက်ဆိုလို့ရှိရင် သူတို့နဲ့ပဲ တိုင်ပင်ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘယ်လို ဆောင်ရွက်ကြရမလဲ ဆိုတဲ့ အဖြေကိုရှာမှပဲ အဆင်ပြေနိုင်မယ်။ ကျွန်တော့်အနေနဲ့က အဲဒီလိုပဲ ပြောချင်တယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီမှာ ဖထီးစောမူတူးစေးဖိုးဆိုလည်း ဒါ KNU ဥက္ကဋ္ဌမဟုတ်တော့ဘူး။ သူ ဥက္ကဋ္ဌကနေ နားလိုက်ပြီးပြီ။ အဲဒီတုန်းကတော့ KNU ဥက္ကဋ္ဌအနေနဲ့က ဗိုလ်ချုပ်မှူးကြီးနဲ့တွေ့ဖို့ ခက်တယ်။ KNU ရဲ့ သ‌ဘောထားကြောင့်လို့ပြောတယ်။ KNU ရဲ့ ဖွဲ့စည်းတဲ့သဘောထားကြောင့်တွေ့ဖို့ခက်တယ်ပေါ့နော်။ ဆိုတော့ သူက ဒါလွတ်လပ်သွားတဲ့သူ ဖြစ်တဲ့အတွက် ကြောင့် လာပြီးတွေ့လို့ရတယ်ပေါ့။ ဒီတော့ ကျွန်တော်အဲဒီမှာအဓိပ္ပါယ်ဖွင့်ချင်တာပေါ့နော်။ KNU ရဲ့ သဘောထား နဲ့ ကရင်ပြည်သူလူထုရဲ့သဘောထားဆိုတာမျိုး ကျွန်တော်အဲဒီလိုခွဲခြမ်းမြင်လိုက်ချင်တယ်။ ဖထီးစောမူတူးစေးဖိုးက သူ့ရဲ့ လွတ်လပ်တဲ့ Free Role ပေါ့။ သူ့ရဲ့ လွတ်လွတ်လပ်လပ် သွားလာပြောဆို ပိုင်ခွင့်ရှိတဲ့ဟာက KNU မှာက အကန့်အသတ်ရှိပြီးတော့ သူဒီအတိုင်းအလွတ်တမ်းပြောတဲ့နေရာမှာ ပိုပြီးလွတ်လပ်ပြီးတော့ ပိုပြီးတော့လူထုရဲ့ သ‌ဘောထားဆန္ဒကို ပိုထင်ဟပ်စွာ အလုပ်လုပ်လို့ရတယ်လို့ ‌ပြောရင်ရမလား။

ဖြေ။ ။ အဲဒီလိုပြောလို့ရှိရင်ရပါတယ်။ အမှန်ပါ။ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သဘောထားနဲ့ KNU ရဲ့ သဘောထားနဲ့ ကရင်တစ်မျိုးသားလုံးရဲ့ သဘောထားဆန္ဒကတော့တစ်ထပ်တည်းဖြစ်မနေပါဘူး။ KNU ရဲ့ သဘောထားကျတော့ ကရင်တစ်မျိုးသားလုံးရဲ့ သဘောထားကို အခြေခံပြီးတော့ပြောတယ်ဆိုပေမယ့် ဒီ KNU ထဲမှာ ရှိနေတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားအမြင်တွေနဲ့လည်း သွားပြီးတော့ ဆက်စပ်ဆက်နွယ်နေတယ်လို့ပြောရမယ်။ ဒါကြောင့်မို့ KNU အစည်းအရုံးကို ဦးစီးရှေ့ဆောင်နေတဲ့ ဦးဆောင်မှုပေးနေတဲ့လူပုဂ္ဂိုလ်ကလည်းပဲ ဒီကရင်တစ်မျိုးသားလုံးရဲ့ ဆန္ဒကို ခြုံငုံပြီးတော့မှ ကိုယ်စားပြုမှု၊ တစ်မျိုးသားလုံးအတွက်ကို စဉ်းစားမှုတွေထဲမှာ တစ်မျိုးသားလုံးရဲ့ ဆန္ဒနဲ့တစ်ထပ်တည်းဖြစ်ချင်မှဖြစ်မယ်။ သူ့ရဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနဲ့ သွားပြီးတော့ ဆက်စပ်နေတဲ့ အပေါ်မှာ တစ်ခါတစ်လေကျတော့ သူတို့ရဲ့ တစ်ဦး တစ်ယောက်ရဲ့ဆန္ဒက အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးသွားတဲ့ အပေါ်မှာ အများစု တစ်မျိုးသားလုံးရဲ့ ဆန္ဒနဲ့ သွားပြီးတော့ နည်းနည်း ကွဲလွဲမှုတွေ ရှိတတ်တယ်လေ။ ဒါကြောင့်မို့ တစ်ထပ်တည်းဖြစ်တယ်လို့၊ တူညီနေတယ်လို့တော့ ပြောလို့မရဘူး။ ကွဲလွဲမှုတော့ ရှိကောင်းရှိလိမ့်မယ်။ အဲဒါကြောင့်မို့ အခု အဖိုးက အဖွဲ့အစည်းထဲမှာဆိုတော့ အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းဥပဒေနဲ့ ဆောင်ရွက်ရတဲ့အပေါ်မှာ ဒီအဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းကို ထည့်သွင်းစည်းကမ်းအတိုင်း လိုက်နာပြီးတော့ ဆောင်ရွက်ရတဲ့အပေါ်မှာ မလွတ်လပ်တဲ့ သဘောရှိတာပေါ့။ သူတစ်ဦးတစ်ယောက်ရဲ့ ဆန္ဒနဲ့ကွဲလွဲတာတွေ ရှိတာပေါ့။ အဲဒီအပေါ်မှာ သူရဲ့အခုဆိုလို့ရှိရင် အဖွဲ့အစည်းထဲမှာ မရှိတဲ့အပေါ်မှာ သူအခုက ပိုပြီးလွတ်လပ်သွားတယ်လို့ ခံစား ရတယ်။ ခံစားရတာက အဲဒီအခြေခံအကြောင်းတွေကြောင့်ဖြစ်မယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်။

မေး။ ။ ဟုတ်ကဲ့။ KNU ရဲ့ ကြေညာချက်တစ်စောင်ထဲမှာ အမှတ်စဉ် (၄)မှာဆိုရင် ဖထီးတို့အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံတဲ့အခါတဲ့ ဒါ KNU ထဲမှာ ရှုပ်ထွေးမှုဖြစ်အောင် လုပ်တဲ့လုပ်ရပ်ဖြစ်သလိုမျိုးပဲတဲ့။ ဖက်ဒရယ်ပြည် ထောင်စုအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အဖွဲ့တွေကြားမှာ နားလည်မှုလွဲအောင်လုပ်ဆောင်တဲ့ စစ်တပ်ရဲ့ အစီအစဉ် ဖြစ်တယ်ဆိုတာမျိုး သူတို့ကပြောတယ်။ ဆိုလိုတာကတော့ ဖထီးတို့ အဲဒီလိုတွေ့ဆုံတဲ့ တွေ့ဆုံမှုဟာ ဒီသူတို့ရဲ့ KNU ထဲမှာ ရှုပ်ထွေးသွားအောင်လုပ်တယ်။ နောက်တစ်ခါ ဖက်ဒရယ်တည်ဆောက်မယ်ဆိုတဲ့ မဟာမိတ်အဖွဲ့ကြားထဲမှာ ရှုပ်ထွေးသွားအောင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ သူတို့ စွပ်စွဲထားတာတွေ့ရတယ်။ ဒီအချက်ကိုရော ဖထီး ဘယ်လိုမျိုးပြန်ပြောပြချင်လဲခင်ဗျ။

ဖြေ။ ။ အဖွဲ့အစည်းတိုင်းမှာတော့ သဘောထားကွဲလွဲမှုတွေ၊ အမြင်မတူညီမှုတွေကတော့ ရှိနေမှာပဲ။ ကျွန်တော်တို့ အဖွဲ့မှာလည်းပဲ ဒီလိုမျိုးရှိနေပါတယ်။ အဖွဲ့အစည်းထဲမှာရှိနေတဲ့ အများကနေ သဘောတူညီမှုတစ်ခု ချထားပေမယ့်လည်း အဲဒီသဘောတူညီမှုဟာ အားလုံးရဲ့သဘောဆန္ဒထက် အများစုရဲ့သဘောဆန္ဒသာဖြစ်တယ်။ အဲဒါ မတူညီတဲ့လူတွေလည်း အများကြီးရှိပါတယ်။ အဲဒီမတူညီမှုတွေကြောင့် တဖက်က နားလည်မှုလွဲမှားအောင်လုပ်တာ၊ ဒီနားလည်မှုတွေ ရှုပ်ထွေးမှုတွေ ပိုမိုပြီးတော့ဖြစ်စေတယ်ဆိုတာကတော့ ဒါကတော့ ကြည့်တဲ့လူရဲ့ အပေါ်မှာပဲ တည်တယ်။ ကြည့်တဲ့လူရဲ့ သဘောဆန္ဒအပေါ်မှာပဲ အမြင်ပေါ်မှာပဲသွားပြီးတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့အမြင်မှာ ဒီ သဘောထားကွဲလွဲမှုကို ကွဲလွဲတယ်လို့ ရှင်းရှင်းမပြောဆိုဘဲနဲ့ သဘောထားကွဲလွဲမှုကို အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဝင်‌ရောက်ပြီးတော့ ကွဲလွဲ‌အောင်လုပ်နေတယ်လို့သွားပြီးတော့ အခြားပြင်ပလူတွေကိုသွားပြီး စွပ်စွဲပြောဆိုတာကလည်းပဲ သိပ်ပြီးတော့ သဘာဝမကျဘူး။ ကွဲလွဲမှုကို ကိုယ်ကလည်း ကွဲလွဲသလိုမျိုး မြင်တတ်ဖို့လိုတယ်။ အခုဟာ ဒီကွဲလွဲနေတဲ့ အမြင်ရှိ နေတဲ့ဟာကို စုစည်းရမှာက အဖွဲ့အစည်းကို ဦးဆောင်မှုပေးနေတဲ့လူကသာလျှင် သူကဆောင်ရွက်ဖို့တာဝန်ရှိတယ်။ သူများအခြားလူတွေလာပြီးတော့ ကွဲလွဲအောင်လုပ်နေပါတယ်လို့ သွားပြီးတော့အပြစ်ရှာပြောတာကတော့ ဒါကတော့ သိပ်ပြီး သဘာဝမကျဘူးလို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ပြီးတော့ ဒီကွဲလွဲနေတဲ့အမြင်တွေက အဖွဲ့အစည်းအတွင်းမှာ သည်ပင်လျှင် ကွဲလွဲမှုရှိတယ်။ အဲဒီရှိတာအပြင် အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဖွဲ့တွေအများကြီးရှိတဲ့အပေါ်မှာ အခြား အဖွဲ့တွေနဲ့လည်းပဲ တစ်ထပ်တည်းတော့ဖြစ်မှာမဟုတ်ပါဘူး။ ကွဲလွဲမှုတွေကတော့ ရှိနေမှာပဲ။ ဒီကွဲလွဲမှုတွေဟာ ကျွန်တော်တို့ အဖွဲ့ကို ဦးဆောင်နေတဲ့လူတွေက ပြန်လည်ပြီးတော့ တူညီအောင်ဆောင်ရွက်ဖို့ပဲလိုတယ်။ အခြားလူတွေကို အပြစ်ရှာပြောဆိုခြင်းအားဖြင့် ဒီကွဲလွဲမှု ဒီမတူညီမှုတွေကို ပိုပြီးတော့ ထပ်မံကွဲလွဲသွားစေနိုင်တယ်။ ကျွန်တော်ကတော့ အဲဒီလိုမျိုးပဲမြင်တယ်။

မေး။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့နားလည်သလောက် လှမ်းပြီးတော့ ကရင်ပြည်နယ်ကို ကြည့်မယ်ဆိုရင် ဒီကရင်ပြည်နယ် အတွင်းမှာ KNU သဘောထားဆန္ဒက တင်းမာနေတာကိုတွေ့ရတယ်။ အခြားတဖက်မှာကတော့ ကရင်ပြည်ထဲမှာရှိတဲ့ ပြည်သူတွေ၊ ကရင်ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ပိုများလာတယ်။ ဆိုတော့စစ်မက်ကို ဖန်တီးလေလေ ကရင်ပြည်သူလူထုတွေ မတည်မငြိမ်ဖြစ်လေလေဆိုတဲ့ဟာမျိုးကို လှမ်းမြင်ရတယ်။ ဆိုတော့ စစ်မတ်တွေကို ငြိမ်းချမ်းချင်တဲ့ ကရင်ပြည်သူလူထုက ဘယ်‌လောက်ရာခိုင်နှုန်းလောက်များ ဘယ်လောက်လောက်များ ရှိနေပြီးတော့ စစ်မက်တွေကို ထပ်ပြီးတော့မဖြစ်ဖြစ်အောင်ဖန်တီးနေတဲ့ သူကဘယ်လောက်များရှိလဲဆိုတာ အဲဒီလို နှစ်ခုကွဲနေတာ ကိုတွေ့ရတယ်။ ဆိုတော့ ဖထီးတို့ ပြီးခဲ့တဲ့ တစ်လောက အဖိုးမူတူးတို့ဘာတို့ KNU တပ်မဟာ ၆ ထဲမှာ သွားတွေ့တာ တွေ့ရတယ်။ ဆိုတော့ အဲဒီကရင်လူထုရဲ့ သဘောထားအမှန်ကဘာလဲ။ တကယ်ပဲ စစ်တပ်နဲ့ရင်ဆိုင်တိုက်ပါလို့ KNU ကို သဘောထားဆန္ဒပေးပို့ကြတာလား။ ဒါမှမဟုတ် တိုက်ပွဲတွေရပ်ကြပါလို့ သူတို့ကပြောချင်တာလား။ သူတို့ Message က ဘာလဲ။

ဖြေ။ ။ ကျွန်တော်တို့ဒေသနေလူထုတွေကတော့ ငြိမ်းချမ်းချင်ကြတဲ့လူထုတွေချည်းပဲများပါတယ်။ အားလုံးက ငြိမ်းချမ်းစေလိုတယ်။ ဒါကြောင့်မို့ စစ်ဖြစ်တာကိုတော့မလိုလားပါဘူး ။ အရင်တုန်းကလည်း ဒီစစ်တွေက ကရင်ပြည်သူတွေ လိုလားတာမဟုတ်ဘူး။ စစ်မဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ပဲ တောင်းဆိုနေကြပါတယ်။ တိုက်ပွဲမဖြစ်အောင် သူတို့တောင်းဆိုတယ်။ တိုက်ပွဲကိုလည်း ပေးမဖော်ချင်ကြပါဘူး။ လူထုအများစုက အဲဒီလိုမျိုးဖြစ်တဲ့အပေါ်မှာ ငြိမ်းချမ်းမှုကိုပဲ သူတို့သွားလိုတဲ့ပြည်သူတွေက အများစုပါ။ ပြီးတော့ ဒီလိုလူထုတွေက ဆန္ဒရှိတယ်ဆိုပေမယ့် စစ်ပွဲဖြစ်ပေါ်လာအောင် အကြောင်းအမျိုးမျိုးပေါ့နော်။ စစ်ပွဲတွေက ဖြစ်လာခဲ့တာပဲ။ ဖြစ်လာနေပြီ။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းဖို့ အများစုက လူထုအများစုရဲ့ဆန္ဒပါ။ ငြိမ်းစေချင်တယ်။ စစ်ပွဲကိုရပ်စေချင်တယ်။ စစ်ပွဲတွေ နောက်ထပ် ပေးမဖြစ်စေချင်ဘူးပေါ့နော်။ အဲဒါက အများစုရဲ့ဆန္ဒပါ။ ဒါပေမယ့်နှစ်ရှည်လများ စစ်ပွဲတွေဖြစ်လာတဲ့အပေါ်မှာ စစ်ကြောင့်အကျိုးဖြစ်ထွန်းမှု သူတို့အတွက် အကျိုးရှိစေတဲ့ဟာတွေ။ စစ်ပွဲကို ဖန်တီးပြီးတော့မှ အကျိုးအမြတ်ရရှိအောင် လုပ်နေတဲ့ လူတစ်ချို့ရှိနေသလိုပဲလို့ ကျွန်တော့် အနေနဲ့ အဲဒီလိုမျိုးပဲ ပြောချင်တယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကိုအမှီပြုပြီးတော့မှ အကျိုးဖြစ်ထွန်းတဲ့လူတွေပေါ့နော်။ စစ်ကို အကြောင်းပြုပြီးတော့မှ သူတို့ရဲ့ အကျိုးစီးပွားပေါ့နော်။ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွား၊ ကျွန်တော်တို့အများပြည်သူရဲ့ အကျိုးစီပွား အကျိုးပေါ့၊ အေး အဲဒါစစ်ကြောင့် သူတို့ လူနည်းစုတွေ အချို့တွေက အကျိုးဖြစ်ထွန်းနေတာကိုး။ စစ်ကို အကြောင်းပြုပြီးတော့မှ အကျိုးဖြစ်ထွန်းတဲ့ လူတစ်ချို့ရှိတယ်။ အဲဒါ အနည်းစုပေါ့။ အေး အဲဒီလူတွေကတော့စစ်ပွဲကို မဖြစ်ဖြစ်အောင် ဖန်တီးလိုတဲ့ဆောင်ရွက်မှုကတော့ ရှိနေတယ်။ အဲဒီလိုပဲ ကျွန်တော် ပြောချင်တယ်။

မေး။ ။ ဟုတ်ကဲ့။ ဖထီး အဲဒီမှာလေ ကျွန်တော် တစ်ခုကောက်ချက်ချတာပေါ့။ KNU ရဲ့ လက်ရှိလှုပ်ရှားလုပ်‌‌ဆောင် ချက်တွေ၊ ထုတ်ပြန်ချက်တွေက ဒါဆိုရင် ကရင်ပြည်သူလူထု တစ်မျိုးသားလုံးကို လွှမ်းခြုံပြီးတော့ သူတို့ ကရင်ပြည်သူလူထု တစ်မျိုးသားလုံးရဲ့ သဘောထားနဲ့ တိုက်ရိုက်အချိုးကျနေခြင်းမရှိဘူးလို့ပြောရင် ကောက်ချက်ချမယ်ဆိုရင် ကောက်ချက်ချလို့ ရနိုင်လား။

ဖြေ။ ။ တချို့အချက်တွေမှာကတော့ မှန်တယ်လို့ပဲပြောရမှာ။ အခု တိုက်ပွဲတွေဖြစ်နေတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ဒေသမှာ ဒီတိုက်ပွဲတွေဟာ အမှန်က လူထုတွေ တောင်းဆိုလို့ဖြစ်ပေါ်လာတဲ့ တိုက်ပွဲမဟုတ်ဘူး။ တိုက်ပွဲဖြစ်အောင် မဖြစ် ဖြစ်အောင် ဆောင်ရွက်စေလိုတဲ့လူတွေရဲ့ ဆောင်ရွက်စေချင်တဲ့လူတွေရဲ့ ဆန္ဒနဲ့ အဲဒါ ရှေ့ဆောင်မှု၊ ညွှန်ကြားမှုပေးနေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ တချို့တလေ တိုက်ပွဲမှာ လူထုတွေက စစ်ပွဲကိုပေးမဖြစ်စေချင်ဘူး။ တိုက်ပွဲကိုလည်း ပေးမဖြစ်စေချင်ဘူး။ ပေးမဖြစ်ချင်ဘူး။ ကျွန်‌တော်သွားလေရာရာမှာ လူထုတွေရဲ့ဆန္ဒ လူထုတွေနဲ့ တွေ့ဆုံပြီးတော့ ပြောဆိုတယ်။ ပြောဆိုတော့ လူထုတွေက ဘယ်လူထုကမှ တိုက်ပွဲကို ပြန်ပြီးတော့ဖော်ပါ။ ဒီဗမာ့တပ်မ‌တော်ကို တခါတည်း အကုန်အစင် သုတ်သင်ရှင်းလင်း တိုက်ခိုက်ပစ်လိုက်ပါတောင်းဆိုတဲ့လူထုတွေကတော့ ကျွန်တော်မတွေ့ဘူး။ ဒါပေမယ့် ဒီလိုမျိုး စနစ်ပေါ့နော်။ စစ်ကိုဖြစ်စေတဲ့ စနစ်ကိုတော့ သူတို့မလိုချင်တာကတော့အမှန်ပဲ၊ သို့ပေမယ့် တိုက်ပွဲကိုတော့ သူတို့ မလိုချင်ပါဘူး။ ပေးမဖြစ်စေချင်ဘူးနော်။ ဒါစနစ်နဲ့ပဲသွားပြီးတော့ ဆက်စပ် ပြောဆိုရမှာဖြစ်တယ်။ သူတို့ ဒီစစ်ပွဲတွေဖြစ်မှဘဲ အကျိုးရှိစေတဲ့ အကျိုးဖြစ်ထွန်းနေတဲ့ လူတွေကျတော့ ဒီတိုက်ပွဲကို ဖြစ်မယ့်နည်းစနစ်ပေါ့၊ ဒါကိုကျင့်သုံးသွားမှာပဲ။ ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတော့ အဲဒီစနစ်ကို လူတွေကတော့ အားလုံးက မကြိုက်ဘူး။ အကျိုးရှိစေတဲ့လူတွေကျတော့ ကြိုက်ချင်ကြိုက်မှာပေါ့၊ အဲဒါကြောင့်မို့ ကျွန်‌တော်ကတော့ ပြည်သူလူထုတွေကတော့ ဒီတိုက်ပွဲတွေကိုမဖြစ်ထွန်းစေတဲ့၊ မဖြစ်စေချင်တဲ့အပေါ်မှာ တချို့တလေရဲ့သတင်းဖော်ပြချက်က လူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်း မဖြစ်ဘူးလို့ပဲ ကျွန်တော်မြင်ပါတယ်။

မေး။ ။ နောက်ထပ် message လေးတစ်ခုပေါ့။ နှိုင်းယှဉ် ဥပမာလေးတစ်ခု ထပ်ပေးပါရစေ။ ဘာလဲဆို ဥပမာ ကျွန်တော့်အတွေးထဲမှာ ပေါ်လာတာပေါ့နော်။ စစ်တပ်ဟာ တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုကို ကိုယ်စားမပြုဘူးဆိုတဲ့စကား၊ နောက်တစ်ခုက NUG ဟာ တစ်နိုင်ငံလုံးရဲ့ ပြည်သူကို ကိုယ်စားမပြုဘူးဆိုတဲ့စကား၊ NLD ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုဘူးဆိုတဲ့စကား ဒီလိုစကားမျိုးသကဲ့သို့ KNU ဟာ ကရင်တစ်မျိုးသားလုံးအပေါ်မှာ လွှမ်းခြုံပြီး ကိုယ်စားမပြုနိုင်ပါဘူးလို့ ကောက်ချက်ပြန်ဆွဲမယ်ဆိုရင်ပေါ့ ဒါရောဖြစ်နိုင်လား။


ဖြေ။ ။ အေးပေါ့။ အဲဒီလိုမျိုး KNU စတင်ဖွဲ့စည်းကာစကတော့ တစ်မျိုးသားလုံးပေါ့နော်။ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ဖွဲ့စည်းခဲ့တာကတော့ အမှန်ပဲ။ သို့ပေမယ့် KNU အတွင်းထဲမှာ တူညီတဲ့ သဘောထားတွေမရှိတဲ့အပေါ်မှာ သဘောထားတွေ ကွဲလွဲသွားတာပေါ့နော်။ အဖွဲ့အစည်းတွင်း သင်းကွဲတွေ ဖြစ်ပေါ်လာ တာပေါ့၊ နှစ်ရှည်လများ ဖြစ်လာတဲ့အပေါ် ပြန်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် အဆင့်ဆင့် KNU ကို ဦးဆောင်မှု ပေးနေတဲ့လူတွေက အဲဒီ သင်းကွဲပြဿနာကြောင့် ပြောရမယ်ဆိုလို့ရင် တစ်မျိုးသားလုံးကို ကိုယ်စားပြုနေတယ်လို့ ပြောလို့ရှိရင် ပြောရခက်တဲ့ အနေအထားမျိုးမှာ ဖြစ်နေတယ်။ ကျွန်တော် အဲဒီလောက်ပဲဖြေပါရစေ။


မေး။ ။ ဟုတ်ကဲ့။ KNU ရဲ့ မူလဗဟိုထုတ်ပြန်မှု၊ မူလစတင်ဖွဲ့စည်းတုန်းကတော့ KNU ရဲ့မူတွေက ကျွန်တော်လေ့လာကြည့်တဲ့အခါမှာ တကယ်ကိုပဲ အားကောင်းခဲ့တာတွေ့ရတယ်။ ကိုယ့်မူတွေကိုကတည်းက ကောင်းခဲ့တာ၊ ကရင့်အနာဂါတ်ကို ကရင်တွေကပဲ ဆုံးဖြတ်ရမယ်ဆိုတာမျိုးတွေ စသဖြင့်ပေါ့လေ၊ ဒါမျိုးတွေရှိတယ်။ ဆိုတော့ အခုနောက်ပိုင်း KNU ရဲ့ ဒီမူလဖခင်ကြီးတွေ KNU ရဲ့ ဦးဆောင်ထူထောင်သူဖခင်ကြီးတွေနဲ့ လက်ရှိ လုပ်နေတဲ့လူတွေရဲ့ လုပ်ရပ်တွေက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်လာတာတွေ့ရတယ်လို့ ထုတ်ပြန်ချက်တွေကို ကြည့်ရင်တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဖထီးတို့ အဲဒါကို ဘယ်လိုများပြောချင်မလဲခင်ဗျ။ ဖထီးတို့က ခေတ်အများကြီးကို ဖြတ်သန်းခဲ့တဲ့ လူတွေဆိုတော့လေ။


ဖြေ။ ။ အေး အဲဒါကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ခုနက သဘောထားကွဲလွဲမှုကို အခြေခံပြီးတော့မှ ဖြစ်လာတဲ့အကြောင်း အချက်တွေပဲလို့ကျွန်တော့်အနေနဲ့က မြင်ပါတယ်။ အဲဒါကလည်းပဲ အခုလက်ရှိ ထုတ်ပြန်ကြေညာချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ကရင်အမျိုးသားထု တစ်ရပ်လုံးရဲ့ ဆန္ဒနဲ့လည်း တစ်ထပ်တည်း မဖြစ်နေတာကို တွေ့ရတယ်။ အဲဒီလိုမျိုး ထုတ်ပြန်ချက်တွေဟာ အမျိုးသားထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို သွားပြီးတော့မှ အခြေခံတဲ့ ထုတ်ပြန်ကြေညာချက်မျိုး မဟုတ်ဘူးလို့ပဲ ကျွန်တော်ကတော့ ဆိုချင်တယ်။

မေး။ ။ ဟုတ်ကဲ့ ။ KNU ရဲ့ ပြီးခဲ့တဲ့ ရက် ၁၀၀ ပေါ့။ KNU ရဲ့ ဥက္ကဋ္ဌအသစ်တတ်လာပြီး ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောခဲ့တာရှိပါတယ်။ အတွင်းရေးမှူးတစ်ယောက်က ကိုယ်တိုင်ပြောခဲ့တာပေါ့နော်။ သူက ဘာပြောခဲ့လဲဆိုတော့ NCA စာချုပ်ပျက်ပြယ်ပြီဆိုတဲ့ စကားမျိုးကို သူက ပြောလိုက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ နားလည်တာကတော့ စာချုပ်ပျက်ပြယ်ပြီဆိုတာကို နှုတ်နဲ့ ပြောတာထက်စာရင်တရားဝင်စာထုတ်ရတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါ အသင်းအဖွဲ့ရဲ့မူဝါဒဖွဲ့စည်းပုံအရ စာထုတ်ရတယ်လို့ နားလည်ပါတယ်၊ ဒါမှ တရားဝင်ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဆိုတော့ ပါးစပ်ကနေပြောတာဆိုတာကတော့ ကျွန်‌တော်တို့ထင်တယ် ပါးစပ်နဲ့ပြောတာတော့ ကိုယ့်အထင်အမြင် ယူဆချက် ကိုယ့်ခံယူချက် ခံစားချက်ကို ပြောတာကိုကျွန်တော်တို့နားလည်ပါတယ်။ ဆိုတော့ NCA ကို ပျက်ပြယ်ပြီ လို့ အဲဒီလို နှုတ်ကနေ ထုတ်ပြောတာကို အကြိမ်ကြိမ်ပြောလာတာကို‌တွေ့ရတယ်။ ဆိုတော့ NCA စာချုပ်ဆိုတာ အဲဒီလိုမျိုး ပါးစပ်ကနေ ပြောချင်တိုင်းပြော ၊ ပျက်ချင်တိုင်း ပျက်လို့ ရတဲ့ အရာလို့ ပြောလို့ရသလားပေါ့။ ဖထီးတို့ အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင်။

ဖြေ။ ။ NCA စာချုပ်ဟာ ပြောရမယ်ဆိုရင် ကျွန်တော်လေ့လာမိသလောက်ပေါ့‌နော်။ ပြီးတော့ ပါလည်းပါဝင်ခဲ့ပါတယ်။ အစပျိုးဆောင်ရွက်စဉ်တုန်းက ကျွန်တော်တို့လည်းပဲ ပဏာမအဆင့်တွေ့ဆုံဆွေးနွေးမှုကအစပေါ့နော်။ NCA ဖြစ်ပေါ်လာတဲ့အထိ ပါဝင်ခဲ့တဲ့ အချို့နေရာတွေမှာလည်း ရှိခဲ့ပါတယ်။ အဲဒီသိရသလောက်ဆိုရင် ဒီလိုမျိုးစာချုပ်မျိုးဟာ ဗမာပြည်မှာ တကယ့် အပြည့်စုံဆုံးစာချုပ်လို့ ပြောလို့ရှိရင်မမှားဘူး။ ပြီးတော့ အနှစ်သာရအရှိဆုံး။ တိုင်းပြည်ရဲ့ အနာဂါတ် အတွက် ငြိမ်းချမ်းအောင်ဖော်ဆောင်ဖို့အတွက်ဆိုလို့ရှိရင် တကယ့် တန်ဖိုးရှိဆုံးစာချုပ်တစ်ခုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ NCA စာချုပ်ချုပ်ခဲ့တဲ့ အချိန်မှာတုန်းကလည်းပဲ နိုင်ငံတကာရှေ့မှောက်မှာ ချုပ်ခဲ့တယ်။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်းပဲ မစုံညီသည့်တိုင်အောင်တောင်မှ (၈)ခု ၊ (၁၀)ခု နောက်ထပ် ဖြစ်ပေါ်လာတဲ့ အဆင့်အထိ အဖွဲ့အစည်း(၁၀)ခု ပါဝင်ပြီးတော့ ချုပ်ဆိုလာခဲ့တဲ့ စာချုပ်ကြီးတစ်ခုဖြစ်တယ်။ အဲဒီအ‌ပေါ်မှာ ကျွန်တော်တို့ စာချုပ်ကို ဒီလိုမျိုးပဲ လက်လွတ်စပယ် ပျက်ပြယ်ပြီလို့ သွားပြောလို့မရပါဘူး။ ဒီစာချုပ်ထဲမှာ ပါရှိတဲ့ အချက်တွေကလည်း တကယ့် နိုင်ငံအတွက် ကောင်းကျိုးဖြစ်စေတဲ့အချက်တွေမို့လို့ ဒီလိုမျိုးလက်လွတ်စပယ် သူတို့အနေနဲ့ပျက်ပြယ်ပြီ ပြောတာကလည်းပဲ ကျွန်တော်တို့ ယခင်ချုပ်ဆိုခဲ့တဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကိုလည်း စော်ကားရာ အလေးမထားရာ ရောက်ပါတယ်။ ပြီးတော့ စာချုပ်က တကယ့် ခေါင်းဆောင်ကြီးတွေ ချုပ်ဆိုထားတဲ့ဟာလည်းဖြစ်သလို ပြီးတော့ နိုင်ငံထဲမှာရှိနေတဲ့ တကယ့်လွှတ်တော်ထဲကို တရားဝင်ဖြစ်‌စေဖို့အတွက် ဒါလွှတ်တော်ထဲမှာ အတည်ပြုပြီးတော့ ဥပဒေကဲ့သို့ တည်ခဲ့တည်ရှိခဲ့တဲ့စာချုပ်လည်းဖြစ်တယ်။ ဒီတော့ သူတို့ အခုလိုမျိုးလက်လွတ်စပယ် ဒီလိုမျိုးပြောဆိုတာ ထက် ဒီဥပဒေကဲ့သို့ တည်ရှိပြီးအတည်ပြုပြီး လွှတ်တော်ထဲမှာအတည်ပြုပြီး အချက်အလက်တွေအများကြီးပါခဲ့တဲ့ အပေါ်မှာ ဒါဒီအတိုင်း လက်လွတ်စပယ် ပြောရုံနဲ့တော့ ပျက်ပြယ်မသွားနိုင်ပါဘူး။ သူတို့တစ်ဖက်ဖက်က ဒီစာချုပ်ကို ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာချက်အနေနဲ့ သူတို့ထုတ်ခဲ့မယ်ဆိုရင် တစ်မျိုးမြင်လို့ရပါတယ်။ ဒါက ဒီလိုမျိုး လွယ်လင့်တကူ အဲဒီလိုမျိုး ပျက်ပြယ်ကြောင်း ပြောရုံနဲ့တော့ ဒီစာချုပ်ဟာ ပျက်ပြယ်မသွားနိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

မေး။ ။ အခုကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းအရာလေးတစ်ခုရှိပါတယ်။ ဖထီးတို့ ဗိုလ်ချုပ်မှူးကြီးနဲ့ သွားတွေ့ပြီးတဲ့ နောက်မှာ ဖထီးတို့ တွေ့တဲ့လူတွေ အကုန်လုံးကို ဒါက စစ်တပ်ဘက်တော်သားတွေ ဖြစ်ကုန်ပြီ။ တနည်းအားဖြင့် ကျွန်တော်တို့ ဒီဘက်ခေတ်အခေါ်ဆို စစ်တပ်ဘောမတွေဖြစ်ကုန်ပြီပေါ့၊ စသဖြင့် ဖထီးတို့ရဲ့ ‌ရှေ့မှာ တောက်လျှောက်လုပ်လာခဲ့တဲ့ တိုင်းပြည်အတွက် လုပ်လာခဲ့တဲ့ ကိုယ့်ဒေသလူမျိုးကောင်းကျိုးအတွက် လုပ်လာခဲ့တဲ့ ဟာတွေ အကုန်လုံးကို ချက်ချင်းနေ့ချင်းညချင်းမေ့ဖျောက်ပြီးတော့ ဒီလိုမျိုးစွပ်စွပ်စွဲစွဲတွေ ပြောဆိုလာတဲ့အခါ ဖထီးတို့ကိုယ်တိုင်ကရော တောက်လျှောက်လုပ်လာခဲ့တဲ့အခါကျတော့စိတ်ထဲမှာ တခါတလေကျတော့ ကရင်လူထုကို message ပေးချင်တာများ ပြန်ရှိလာသလားခင်ဗျ။


ဖြေ။ ။ ကျွန်တော်တို့ကို ဘောမလို့ပဲပြောပြော၊ တဖက်တပ်မတော်ရဲ့အလိုတော်ရိလို့ပဲ ပြောပြောပေါ့။ ကျွန်တော်တို့ကတော့ အများပြည်သူအတွက် ဆောင်ရွက်နေတဲ့အပေါ်မှာ ကိုယ့်ကိုကိုယ် စိတ်ချတယ်။ တပ်မတော်အတွက် အကျိုးလည်း ရှိစေရမယ်။ ကိုယ့်ပြည်သူတွေ အတွက်လည်းပဲ အကျိုးရှိစေရမယ်ဆိုတဲ့ ကျွန်တော်တို့အဖြေကိုရှာတာပါ။ ပြီးတော့ နည်းလမ်းကိုရှာတာပါ။ အားလုံးအတွက် တစ်နိုင်ငံလုံးမှာရှိနေတဲ့ ပြည်သူတွေအားလုံးပေါ့နော်။ တပ်မတော်သားတွေလည်း ပါမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်သားကလည်း နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ အစိုးရသည်လည်းပဲ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု။ ပြည်သူလည်းပဲ ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံအစိတ်အပိုင်းတွေ တစ်ခုချင်းစီ အကုန်လုံးပါပဲ။ အဲဒီအပေါ်မှာပဲ ကျွန်တော်တို့ အားလုံးအတွက်ပေါ့။ တပ်မတော်အတွက်ရော ပြည်သူတွေအတွက်ပါ ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးအားလုံးပေါင်းဖို့အတွက် ကျွန်တော်တို့ရည်ရွယ်ပြီးမှ ဆောင်ရွက်တဲ့အပေါ်မှာ ပြောဆိုတဲ့အပေါ်မှာ ကျွန်တော်ကတော့ သူတို့ဘယ်လိုပဲ မြင်မြင်၊ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ စိတ်လုံတယ်။ ပြီးတော့ သူတို့ဘောမတယ်ပြောပေမယ့်လည်း ကျွန်တော်တို့ပြောဆိုတယ်။ အချင်းချင်းအပြန်အလှန်ပေါ့နော်။ သဘောတူ ညီမှုတစ်ခုရရှိနိုင်ဖို့အတွက်ဆိုလို့ရင် တစ်ယောက်နဲ့တစ်ယောက် စာနာစိတ်နဲ့ သူ့ဘက်ကိုယ့်ဘက် ချင့်ချိန်သုံးသပ် စဉ်းစားပြီးတော့မှ ပြောဆိုလာတဲ့စကားတွေအပေါ်မှာ ပြန်ကြည့်လိုက်ရင် အသေးစိတ်ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ပြောတာ အကုန်လုံးက ပြန်လည်သင့်မြတ်ပြီးတော့ အားလုံးက အကျိုးရှိစေတဲ့ဟာကို ပြောဆိုကြတဲ့အပေါ်မှာ ကျွန်တော်တို့ဟာ သူများဘာပြောပြောလေ၊ ဒါ ပြန်လည် သင့်မြတ်ဖို့အတွက် ပြောဆိုတယ်ဆိုတော့ နိုင်ငံအတွက်လည်း ကောင်းတယ်။ တခြားလူတွေအတွက်လည်းကောင်းတယ်။ သင့်သင့်မြတ်မြတ်ရှိမှပဲ ကျွန်တော်တို့ တပ်မတော် နဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သင့်သင့်မြတ်မြတ်ရှိမှပဲ ငြိမ်းချမ်းသွားမှာကိုး။ တည်ငြိမ်မှုတွေ ရရှိသွားမှာမိုလို့ သူများဘာပြောပြော ကျွန်တော်တို့က သူတို့ကိုဘယ်လိုမှမမြင်ဘူး။ သူတို့ဘယ်လိုပဲ မြင်မြင် ကျွန်တော်တို့ကတော့ စိတ်သန့်သန့်ပဲ သဘောထားရှိတာပေါ့နော်။ စိတ်ထားရှိပါတယ်။ အဲဒီလိုပဲ ပြောချင်တယ်။

မေး။ ။ အဲဒီတော့ ဖထီးတို့အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့သွားတွေ့တာနဲ့ ပတ်သက်ပြီးတော့ KNU ရဲ့ထုတ်ပြန်ချက် ကို ကျွန်တော်တို့ ပြန်ပြီးကောက်ချက်ချကြည့်တယ်။ KNU က လက်ရှိ တာဝန်ယူထားသူတွေ အချို့က မီဒီယာမှာ ထွက်ပြောတာတွေ ခြုံငုံကြည့်လိုက်တဲ့အခါမှာ ကျွန်တော် နားလည်လိုက်တာ တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ဖထီးတို့ရဲ့ ဒီလိုမျိုးတိုင်းပြည်ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေတာတွေကို သူတို့မှာ တော်တော်လေး ကြောက်ရွံ့တုန်လှုပ်နေတဲ့ ပုံပေါ်တယ်။ ငြိမ်းချမ်းသွားမှာကို သူတို့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ပုံပေါ်တယ်နော်။ အဲဒီလို ကျွန်တော်တော့ ကောက်ချက်ချချင်တယ်။ အဲဒီလိုပြောရင် ရမလား။ သူတို့ တုန်လှုပ်နေတဲ့ပုံပေါ်ပါတယ် ခင်ဗျ။

ဖြေ။ ။ အဖွဲ့အစည်းထဲမှာ ကျွန်တော်တို့ အဖွဲ့အစည်းထဲမှာ လူတွေ အမျိုးမျိုးပါတာကိုး။ တစ်ချို့တစ်လေကျတော့ တိုင်းပြည်ငြိမ်းချမ်းသွားတယ်ဆိုလို့ရှိရင် သူတို့ ဘာဖြစ်လို့ ထိတ်လန့်နေလဲ။ ပြန်စဉ်းစားမယ်ဆိုလို့ရှိရင် အကျိုးစီးပွားနဲ့ သွားပြီးတော့ ဆက်စပ်နေမယ်။ စစ်ဖြစ်နေမှ အကျိုးဖြစ်ထွန်းမယ့်လူတွေကတော့ သူတို့ တော်တော်လေးကို စိုးရိမ်နေကြမှာပေါ့။ တကယ်တမ်းကျတော့ ငြိမ်းချမ်းမှပဲ ကောင်းတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှု ငြိမ်းချမ်းအောင် ဆောင်ရွက်နေမှုကိုတော့ သူတို့ထောက်ခံသွားမှာပါ။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ကျွန်တော် နှိုင်းယှဉ်ပြစရာ တစ်ခု ပေါ်လာတယ်။ ဖထီးစောမူတူးစေးဖိုး ဥက္ကဋ္ဌ တာဝန်ယူ ထားစဉ် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းမှုမျိုးဟာ ကျွန်တော်တို့ အားလုံးတစ်တိုင်းပြည်လုံးက ဝိုင်းပြီးတော့ ကျေနပ်သဘောကျ ပီတိဖြစ်ရတဲ့ ကိစ္စတစ်ခုဖြစ်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရအလွန် ဒေါ်အောင်ဆန်းစုကြည်အစိုးရပြီးတော့နောက် ၂၀၂၁ အခင်းအကျင်းပေါ်လာတဲ့နောက်မှာ ကရင်ပြည်နယ်မှာ စစ်မီးတွေ တောက်ကုန်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဘေးကနေကြည့်ပြီးတော့ စိတ်မကောင်း ဖြစ်ရတယ်။ ဆိုတော့ အခု ဖထီးတို့ ကြိုးစားနေတာက ဦးသိန်းစိန်အစိုးရတုန်းက ကရင်ပြည်နယ် ငြိမ်းချမ်းခဲ့သလိုမျိုး ဖထီးစောမူတူးစေးဖိုး ဦးဆောင်ဥက္ကဋ္ဌဖြစ်စဉ်က ကြိုးစားခဲ့သလိုမျိုးဘဝကို ပြန်ရောက်ဖို့ ကြိုးစားတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုလက်ရှိ KNU ရဲ့ တာဝန်ရှိသူတွေကျတော့ အဲဒီဘဝကို ပြန်သွားမှာကိုစိုးရိမ်နေပုံရတယ်လို့ ကျွန်တော်တော့ ကောက်ချက်ချချင်ပါတယ်။ ဆိုတော့ ကရင်ပြည်သူလူထုကို အဲဒါကို ရှင်းလင်းတဲ့ Message ပေးလို့ရမလား။ မြန်မာတစ်နိုင်ငံလုံးကိုပေါ့။

ဖြေ။ ။ ကျွန်တော်တို့က ဒီနိုင်ငံနှစ်ရှည်လများ စစ်ဖြစ်လာတဲ့အပေါ်မှာ ပြည်သူတွေကလည်းဒုက္ခရောက်တယ်။ နိုင်ငံကလည်း ချွတ်ခြုံကျပြီးတော့မွဲပြာကျနေကုန်ပြီ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကတော့ ဒီစစ်ကို အတတ်နိုင်ဆုံး မြန်မြန်ပြီးစေချင်တယ်။ ရပ်စေချင်တာပေါ့နော်။ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရှောင်ရှားပြီးတော့မှ နိုင်ငံဖွံ့ဖြိုးတိုးတတ်ဖို့ အတွက် ဆောင်ရွက်ကြဖို့လိုအပ်နေပြီ။ ဒီတော့ ကျွန်တော်တို့က အဲဒီလိုမျိုးရည်ရွယ်ပြီးတော့ အစဉ်တစိုက်လုပ်ခဲ့တယ်။ ဒါကလည်းပဲ အစောနကတုန်းက ကျွန်တော် ပြောသလိုမျိုး ဒီနိုင်ငံ ငြိမ်းချမ်းအောင်ပေါ့နော်။ ဆောင်ရွက်သွားလိုစိတ်နဲ့ ဆောင်ရွက်တယ်။ အခု ခရီးစဉ်ဟာလည်းပဲ ပြောရမယ်ဆိုရင် အဲဒီရည်ရွယ်ချက်နဲ့ အစပျိုးလာခဲ့တာမဟုတ်ပေမယ့်လည်းပဲ ဆန္ဒက စိတ်ထဲမှာရှိတဲ့အပေါ်မှာ ဒီလိုမျိုးလာခြင်းအားဖြင့် ငြိမ်းချမ်းမှုကို ပြည်တွင်းငြိမ်းချမ်းစေလိုတဲ့ဆန္ဒရှိတဲ့အပေါ်မှာ ဒီဆောင်ရွက်မှု ဒီလာရောက်တွေ့ဆုံမှုသည် ဒီငြိမ်းချမ်းအောင်ဖြစ်စေနိုင်တဲ့ လမ်းစဖြစ်သွားလောက်တဲ့ အနေအထားမျိုး ရောက်ရှိသွားစေနိုင်တာပေါ့နော်။ အဲဒီလိုမျိုးပဲကျွန်တော်တို့က ဆန္ဒကဒီလိုမျိုးငြိမ်းချမ်းအောင်ဆောင်ရွက်လိုနေတာကိုး။ ဒါကြောင့်မို့ ငြိမ်းချမ်းဖို့အတွက် အကျိုးဖြစ်စေတဲ့အပေါ်မှာ အကျိုးကိုလိုလားတဲ့ ငြိမ်းချမ်းစေလိုတဲ့ လူက ဝမ်းမြောက် ဝမ်းသာဖြစ်မယ်။ ခုနတုန်းက မငြိမ်းချမ်းဘဲနဲ့ မငြိမ်းချမ်းရင် သူတို့အတွက် ပိုပြီးတော့တောင် အကျိုးရှိစေတဲ့လူတွေကတော့ ကျွန်တော်တို့ကို အပြစ်အနေနဲ့ မြင်မှာပေါ့နော်။ အဲဒီလိုမျိုးပဲ ကျွန်တော်မြင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့တော့ မေးခွန်းတော့ မဟုတ်ပါဘူး။ ဖထီးအနေနဲ့ရော ဒီကရင်ပြည်နယ်ငြိမ်းချမ်းရေး၊ တစ်တိုင်းပြည်လုံး တည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကရင်လူထုတစ်ရပ်လုံးကိုဖြစ်စေ၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အသီးသီးကိုဖြစ်စေ၊ မြန်မာနိုင်ငံသားအားလုံးကိုဖြစ်စေ ဖထီးတို့ရဲ့ တကယ့်ရင်ထဲကဆန္ဒနဲ့ ပြောချင်တဲ့ ဆန္ဒက ဘာများဖြစ်မလဲ ဒါလေးပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ ဒေသနေပြည်သူလူထုတွေကတော့ စစ်ကြောင့်ဆင်းရဲမွဲတေကုန်ပါပြီ။ ပြီးတော့လည်းပဲ စစ်ကြောင့်ဘဝပျက်နေကုန်ပြီလို့ပြောရင်လည်း မမှားပါဘူး။ ဒါကြောင့်မို့ ဒီစစ်တွေကိုရပ်ပြီတော့မှ ဒီနိုင်ငံ ငြိမ်းချမ်းအောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိတယ်။ အဲဒီလိုမျိုးဖြစ်ပေါ်လာအောင်လည်း ဆောင်ရွက်လိုစိတ်ရှိတယ်။ ဒီလို ကျွန်တော်တို့ချည်းပဲဆောင်ရွက်လို့မရတဲ့အပေါ်မှာ အများပြည်သူတွေအတူတကွပါဝင်ပြီးတော့မှ ဆောင်ရွက်ဖို့လိုအပ်တာ ပေါ့နော်။ အဲဒါ ကျွန်တော်တို့ ငြိမ်းချမ်းအောင်ဆောင်ရွက်နေတဲ့ ဦးဆောင်မှုပေးတဲ့ ရှေ့ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ရဲ့ခေါင်းဆောင် လူကြီးတွေရဲ့ ဆန္ဒအတိုင်းအတူတကွ လက်တွဲပြီးတော့ လုပ်ဆောင်ပါလို့တော့ ကျွန်တော် ဆန္ဒပြုချင်တယ်။ ပြီးတော့ ဒီနိုင်ငံကလည်းပဲ စစ်ကြောင့် ဒုက္ခရောက်နေပြီ။ စစ်ကြောင့် ပြည်သူလူထုတွေလည်းပဲ ဒုက္ခရောက်ရှိကုန်ပြီ။ ဘဝက နိမ့်သထက် နိမ့်ကျကုန်ပြီ။ တိုင်းတစ်ပါးကိုလည်း ထွက်ပြီးတော့မှ လုပ်ကိုင်စားသောက်နေရတဲ့ ဘဝလိုမျိုးဖြစ်နေပြီ။ ပြီးတော့ ဒီနိုင်ငံကလည်းပဲ အခြားကိုယ့်ထက် နိမ့်ကျတဲ့ နိုင်ငံတွေတောင်မှ ကိုယ့်ကို ကျော်လွန်ပြီးတော့ သာလွန်ပြီးတော့ နေနေ၊ ဖြစ်နေတဲ့အခြေအနေမျိုးရောက်ရှိနေပြီဖြစ်တဲ့အပေါ်မှာ ဒါကျွန်တော်တို့က ဒီစစ်ကိုရပ်ပြီးတော့ ဖွံ့ဖြိုးတိုးတတ်အောင်လုပ်ဆောင်ဖို့ လိုတဲ့အပေါ်မှာ အားလုံးအတူတကွ လုပ်ဖို့ပဲ လိုအပ်တယ်။ လိုလို့ပဲပြည်သူတွေ အတူတကွ ဆောင်ရွက်ဖို့ ဆန္ဒပြုပါတယ်။


မေး။ ။ ဟုတ်ကဲ့။ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ဖထီးကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ဖထီးပြောချင်တာရှိရင်လည်း ပြောပါ။

ဖြေ။ ။ ပြောစရာကတော့ ပြောရမယ့်ဟာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပြောဆိုမှုတွေက စိတ်ခံစားမှုနဲ့ တခါတလေပြောလို့ရှိရင်လည်းပဲ မသင့်တာတွေ ပါသွားမယ်။ ပြီးတော့လည်း စိတ်ခံစားမှု၊ စိတ်ထဲမှာရှိတဲ့ဟာတွေက ပြောရမယ်ဆိုလည်း ပြောလို့မထွက်တဲ့ အနေအထားမျိုးအထိ ဖြစ်သွားမှာမိုလို့ နည်းနည်း စဉ်းစားပြီးတော့ ပြောရတာကိုး။ ဒါကြောင့်မို့ ဒါတွေကို ကျွန်တော်ကတော့ ဖြေနိုင်တဲ့အဆင့် ပြောနိုင်တဲ့အဆင့်လောက်နဲ့ပဲ ပြောသွားတာဖြစ်တယ်။ ပြည်သူတွေကတော့ ဒုက္ခရောက်နေပါပြီ။ ကျွန်တော်တို့ဒေသမှာဆိုရင်လည်းပဲ စစ်ကြောင့် ပြောရမယ်ဆိုရင် ‌ပြေးရှောင်နေရတယ်။ အိုးအိမ်တွေလည်းပျက်တယ်။ ပြေးနေရတယ်ဆိုတော့ ရှိသမျှဟာတွေ အကုန်လုံး ပျက်စီး ယိုယွင်းကုန်တယ်။ အခုဆိုလို့ရှိရင် ကျေးရွာတွေ အများစုဟာ ကျွန်တော်တို့ အများစု ပြောရမှာပေါ့နော်။ စစ်ဖြစ်တဲ့နေရာတွေမှာပေါ့။ အဲဒါဆိုလို့ရှိရင် စစ်ဖြစ်တဲ့နေရာ ကျေးရွာလူထု အများစုကတော့ ဒုက္ခရောက်ကုန်ပြီ ဖြစ်တယ်။ ဒါကြောင့်မို့ရှေ့ဆက် ဒီလို လူထုတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကနေ လွတ်ကင်းဖို့အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံးပြန်လည်သင့်မြတ်အောင်ဆောင်ရွက်ဖို့လိုအပ်တယ်။ သင့်မြတ်ဖို့အတွက်လည်းပဲ ဒါတွေ့ဆုံမှုကိုဆောင်ရွက်ဖို့လိုတယ်။ တွေ့ဆုံကြပါလို့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း တောင်းဆိုချင်တာပေါ့နော်။ အဲဒါ ကျွန်တော့်ဘက်က ဆန္ဒပါ။

zawgyi version
"စစ္ျဖစ္ေနမွ အက်ိဳးျဖစ္ထြန္းမယ့္လူေတြကေတာ့ တိုင္းျပည္ၿငိမ္းခ်မ္းသြားမွာကို ေတာ္ေတာ္ေလး စိုးရိမ္ေနၾကမွာေပါ့" - (KNU ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ ပဒိုေ႐ႊေမာင္း) (သီးသန႔္ေတြ႕ဆုံေမးျမန္းျခင္း)
Pearl (NP News) - ေအာက္တိုဘာ ၉

KNU ဥကၠ႒ေဟာင္း ေစာမူတူးေစးဖိုးႏွင့္အဖြဲ႕ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ထံ သြားေရာက္ေတြ႕ဆုံေဆြးေႏြးမႈအပါအဝင္ လက္ရွိ KNU အဖြဲ႕အစည္း ႏွင့္ ကရင္ျပည္သူလူထုအၾကား သေဘာထားအေျခအေနအမွန္မ်ားႏွင့္ပတ္သက္၍ KNU ေကာ့ကရိတ္ခ႐ိုင္ဥကၠ႒ပဒိုေ႐ႊေမာင္းအား NP News ၏ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္းက သီးသန႔္ေတြ႕ဆုံေမးျမန္းခဲ့သည္။

ေမး။ ။ ဖထီး မဂၤလာပါခင္ဗ်ာ။ ကြၽန္ေတာ္အခု ဖထီးကိုလာေရာက္ေတြ႕ဆုံေမးျမန္းတဲ့ အေၾကာင္းအရင္းကေတာ့ ဖထီးတို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ၿပီးခဲ့တဲ့ရက္ကသြားေတြ႕တယ္။ ေတြ႕တဲ့အခါမွာ ဘာပဲေျပာေျပာႏွစ္ဖက္ ေတြ႕ဆုံေဆြးေႏြးမႈေတြ ကြၽန္ေတာ္တို႔လည္း ၾကည့္ၿပီးေတာ့ စိတ္လည္းခ်မ္းသာတယ္။ ဖထီးတို႔ေရာ သူနဲ႔ေတြ႕ဆုံတဲ့အခါမွာ ဘယ္အခ်က္ေတြ အဓိကေျပာခဲ့တာရွိမလဲေပါ့။ ဘာေတြမ်ား အဓိကေျပာခဲ့တာ ရွိမလဲေပါ့။ အဲဒါေလး သိခ်င္လို႔ပါ။

ေျဖ။ ။ အဓိကေျပာသြားတဲ့ အခ်က္ေတြထဲမွာ ကြၽန္ေတာ္တို႔ျပည္တြင္းၿငိမ္းခ်မ္းေရး လုပ္ငန္းကို ေရွ႕ဆက္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အဲဒီကိစၥပဲေျပာဆိုသြားတာရွိပါတယ္။ သူတို႔လည္းပဲ ဒီႏိုင္ငံ၊ ဒီျပည္ ၿငိမ္းခ်မ္းေစခ်င္တဲ့ ဆႏၵရွိတယ္လို႔ပဲ ကြၽန္ေတာ့္အေနနဲ႔သုံးသပ္လို႔ရတယ္။ သူလည္းပဲ ၿငိမ္းခ်မ္းခ်င္တယ္။ ကြၽန္ေတာ္တို႔လည္းပဲ ၿငိမ္းခ်မ္းခ်င္တဲ့အေပၚမွာ ၿငိမ္းခ်မ္းေအာင္ ဘယ္လိုေရွ႕ဆက္ေဆာင္႐ြက္ၾကမလဲဆိုတဲ့ဟာကို အေက်အလည္ ေဆြးေႏြးဖို႔ေတာ့ လိုအပ္တယ္။ ဒီေတြ႕ဆုံမႈမွာ ကြၽန္ေတာ္တို႔ ဥကၠ႒ႀကီးကေနၿပီးေတာ့မွ ယခင္ သူ NCA လက္မွတ္ေရးထိုးခဲ့စဥ္တုန္းက မိတ္ေဆြေတြကို လာ‌ေရာက္ႏႈတ္ဆက္တဲ့အေပၚမွာ ေတြ႕ဆုံျခင္းျဖစ္တဲ့အတြက္ အဲဒါကို အေျခခံၿပီးေတာ့မွ ေရွ႕ဆက္ ကိုယ့္တိုင္းျပည္ထဲမွာလည္းပဲ ၿငိမ္းခ်မ္းမႈကို အျပည္အဝမရရွိေသးတဲ့အေပၚမွာ ၿငိမ္းခ်မ္းဖို႔အတြက္ ဘယ္လိုမ်ိဳး ေဆာင္႐ြက္သင့္လဲဆိုတဲ့ အေျခခံအခ်က္ေလးေတြေတာ့ ကြၽန္ေတာ္တို႔ရရွိခဲ့တယ္လို႔ပဲေျပာရမွာေပါ့ေနာ္။ ႏွစ္ဖက္စလုံးက ၿငိမ္းခ်မ္းခ်င္တဲ့အေပၚမွာ ဒါကအေျခခံအေၾကာင္းတရား။ ၿငိမ္းခ်မ္းမႈကို ၿငိမ္းခ်မ္းလိုတဲ့လူေတြက ေဆာင္႐ြက္မွဘဲ ၿငိမ္းခ်မ္းလာႏိုင္မွာျဖစ္တဲ့အတြက္ အဲဒါေၾကာင့္မလို႔ ဒီၿငိမ္းခ်မ္းခ်င္ၾကတယ္လို႔ ကြၽန္ေတာ္တို႔ ျမင္တာေလာက္နဲ႔ပဲ ကြၽန္ေတာ္တို႔ အေနနဲ႔ကေတာ့ ဒါတစ္ဆင့္ေတာ့ ေက်နပ္မႈရရွိတယ္လို႔ ေျပာရမွာေပါ့။

ေမး။ ။ဟုတ္ကဲ့။ ဖထီးတို႔ ဒီလာေတြ႕တဲ့ခရီးစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ ေနာက္တစ္ေန႔မွာေတာ့ KNU က ထုတ္ျပန္ခ်က္ တစ္ေစာင္ထုတ္တာေတြ႕ရတယ္။ KNU ရဲ႕ တာဝန္ရွိသူေတြလည္း ထြက္ေျပာလာတာေတြ႕ရတယ္။ ဒီထုတ္ျပန္ခ်က္ထဲမွာေတာ့ အဓိကပထမဆုံးတစ္ခ်က္ကေတာ့ KNU နဲ႔ ဖထီးတို႔အဖြဲ႕ကို မသက္ဆိုင္ဘူးလို႔ စေျပာတာေတြ႕ရတယ္။ ဆိုေတာ့ အဲဒီအေပၚမွာေရာ ဖထီးတို႔ ဘာမ်ားစၿပီး ေျပာျပခ်င္တာ ရွိမလဲ။

ေျဖ။ ။ ဟုတ္ပါတယ္။ ဒါကလည္းပဲ သူတို႔ KNU အစည္းအ႐ုံးအေနနဲ႔ ေျပာရမယ္ဆိုရင္ သူတို႔အျမင္ကိုး။ ဒါကေတာ့ KNU နဲ႔ မပတ္သက္ဘူးေပါ့။ ဥကၠ႒ႀကီးကလည္းပဲ သူကအၿငိမ္းစားျဖစ္ၿပီ။ ကြၽန္ေတာ္လည္းပဲ နားခြင့္ေတာင္းထားတဲ့လူ တစ္ေယာက္ျဖစ္တဲ့အေပၚမွာ ဒါကမသက္ဆိုင္။ သူတို႔ဆီကေနၿပီး ခြင့္ျပဳခ်က္ရယူၿပီးေတာ့မွ လာေရာက္တာမဟုတ္တဲ့ အတြက္ ဒါဟာသူတို႔နဲ႔ မသက္ဆိုင္ဘူးလို႔ ေျပာရင္ရပါတယ္ ။

ေမး။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ သူတို႔က ဒီေတြ႕ဆုံမႈကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေနၿပီးေတာ့ ကရင္တိုင္းရင္းသားေတြၾကားမွာ တိုင္းရင္းသားေတြၾကားမွာ ေခၚၿပီးေတာ့ သပ္လွ်ိဳမႈလုပ္ပါတယ္ဆိုတာမ်ိဳးေတြ ရည္႐ြယ္ခ်က္နဲ႔ မီဒီယာေတြမွာ ေျဖတာေတြလည္းေတြ႕ရတယ္။ ဆိုေတာ့ ဒီေတြ႕ဆုံမႈဟာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က ေခၚ လို႔ေတြ႕တာလား။ ဖထီးတို႔က လာေတြ႕တာလား။ ဘယ္လိုပုံစံမ်ိဳးနဲ႔ ေတြ႕ဆုံမႈျဖစ္ခဲ့လဲ ေျပာလို႔ရမလား။

ေျဖ။ ။ ဗိုလ္ခ်ဳပ္မႉးႀကီးကလည္းပဲ ကြၽန္ေတာ္တို႔ ဥကၠ႒ကိုေတြ႕ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ဥကၠ႒ကလည္းပဲ သူ႔ကို ေတြ႕ခ်င္ပါတယ္။ အရင္တစ္ခ်ိန္တုန္းက တာဝန္ရွိခဲ့တဲ့အခ်ိန္မွာတုန္းက အဖြဲ႕အစည္းရဲ႕ အမ်ားစုရဲ႕ ဆႏၵကိုလိုက္ေလ်ာၿပီး ‌ေဆာင္႐ြက္ရတဲ့အေပၚမွာ မေတြ႕ဆုံျဖစ္ခဲ့တာပါ။ သူ႔တစ္ဦးတစ္ေယာက္ရဲ႕ဆႏၵ အေနနဲ႔ဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီးကို ေတြ႕ခ်င္ပါတယ္။ အဲဒါေၾကာင့္မို႔ အခု သူကအျပင္လူတစ္ေယာက္အေနနဲ႔ ျဖစ္သြားၿပီေပါ့။ အၿငိမ္းစားယူၿပီကိုး။ အဖြဲ႕ အစည္းထဲမွာ ဘာမွ သူ႔ကိုခ်ဳပ္ေႏွာင္ထားတာမရွိတဲ့အေပၚမွာ သူကလည္းလြတ္လြတ္လပ္လပ္ သူ႔ရဲ႕မိတ္ေဆြ NCA လက္မွတ္ကို‌ ေရးထိုးခဲ့တဲ့ မိတ္ေဆြေတြကို လာေရာက္ေတြ႕ဆုံႏိုင္တဲ့ အခြင့္အေရးျဖစ္သြားတာေပါ့။ အဲဒါေၾကာင့္မို႔ သူတို႔ ႏွစ္ဦးႏွစ္ဖက္က ေတြ႕ဆုံလိုၾကတာျဖစ္တဲ့အတြက္ ဒါဟာ ေတြ႕ဆုံမႈေတြ ျဖစ္ေပၚလာတာေပါ့ေနာ္။ ဒီဟာေတြကလည္း ေတြ႕ဆုံျခင္းအားျဖင့္ ဘယ္သူ႔ကိုမွ အက်ိဳးမယုတ္ေစပါဘူး။ အားလုံးအတြက္ ၿငိမ္းခ်မ္းေစလိုတဲ့ ဆႏၵ နဲ႔ လာေရာက္ေတြ႕ဆုံတဲ့ အေပၚမွာ အားလုံးအတြက္ အက်ိဳးရွိသြားေစႏိုင္ပါတယ္။ ဒါသပ္လွ်ိဳတယ္လို႔ေျပာတာကေတာ့ ဒါကေတာ့ သူ႔အျမင္နဲ႔ သူေျပာတာပါ။ အမွန္က အားလုံးၿငိမ္းခ်မ္းႏိုင္ဖို႔အတြက္ဆိုရင္ ဒီတပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ အဖိုးမူတူးနဲ႔ ေတြ႕႐ုံေလးနဲ႔ မၿပီးျပည့္စုံသြားပါဘူး။ အားလုံးနဲ႔ေတြ႕ဆုံဖို႔ လိုအပ္ပါေသးတယ္ ။ ဒါေၾကာင့္မို႔ ဒါဟာသပ္လ်ိဳတာမဟုတ္ပါဘူး။ ဒါဟာ ဘယ္လိုမ်ိဳးတိုင္းျပည္ကိုၿငိမ္းခ်မ္းေအာင္ေဆာင္႐ြက္ၾကမလဲ။ ဒါဟာ ေျပာဆိုျခင္းနဲ႔ပဲ လမ္းစေတြေပၚလာပါလိမ့္မယ္။ ေနာက္ထပ္အဆင့္ေတြမွာဆိုရင္ အားလုံးဟာ ပါဝင္ႏိုင္တဲ့ အေျခအေနမ်ိဳးတစ္ခု ျဖစ္လာႏိုင္ေျခရွိတယ္လို႔ပဲ ကြၽန္ေတာ့္အေနနဲ႔ ျမင္တယ္။ ဒါႏွစ္ဦးႏွစ္ဖက္လုံးက စိတ္ရင္ေစတနာမွန္နဲ႔ ‌ေဆာင္႐ြက္ေနၾကတယ္လို႔ပဲ ကြၽန္ေတာ္ျမင္တယ္။ ၿပီးေတာ့လည္းပဲ ဒီတိုင္းရင္းသားအခ်င္းခ်င္းေသာ္လည္းေကာင္း တိုင္းရင္းသားနဲ႔ ကြၽန္ေတာ္တို႔တပ္မေတာ္ၾကားမွာ ေသာ္လည္းေကာင္း ကြၽန္ေတာ္တို႔ သူတို႔ဘက္ကေျပာဆိုမႈကိုၾကည့္ျခင္းအားျဖင့္ သပ္လွ်ိဳမႈေတြလုံးဝမျဖစ္ႏိုင္ဘူးလို႔ပဲ ကြၽန္ေတာ့္အေနနဲ႔ ျမင္ပါတယ္။

ေမး။ ။ ဟုတ္ကဲ့။ ဒီ KNU ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတြ႕တာေတာ့ သူတို႔ဟာ ၂၁ အခင္းအက်င္း ျဖစ္ကတည္းက စစ္တပ္ဟာ ႏိုင္ငံေရးအရ တရားဝင္တဲ့ စစ္တပ္မဟုတ္ဘူးတဲ့။ ဒါေၾကာင့္ ေဆြးေႏြးစရာ အေၾကာင္း လုံးဝမရွိဘူးေပါ့။ KNU အေနနဲ႔ လုံးဝေဆြးေႏြးစရာ အေၾကာင္းမရွိဘူးလို႔ေျပာရင္ ဒါ KNU ရဲ႕ သေဘာထားလား။ ကရင္ျပည္သူလူထုရဲ႕ သေဘာထားလား။ ဘယ္လိုျမင္လဲ ခင္ဗ်။

ေျဖ။ ။ ဒါ စစ္တပ္ အခုလက္ရွိ စစ္တပ္က ဒီႏိုင္ငံေတာ္ရဲ႕ အာဏာအခ်ဳပ္အျခာအာဏာေပါ့ေနာ္။ ေျပာရမယ္ဆိုလို႔ရွိရင္ ဒီအာဏာသုံးရပ္စလုံးကို တပ္မေတာ္ကေန ထိန္းခ်ဳပ္ထားတဲ့သ‌ေဘာျဖစ္တယ္။ အဲဒီအေပၚမွာ ၾကည့္မယ္ဆိုရင္ ဒီလူေတြနဲ႔ ဒီႏိုင္ငံအတြက္ ေဆာင္႐ြက္လိုတဲ့လူေတြကေတာ့ ဒီတပ္မေတာ္နဲ႔မေတြ႕ဘဲနဲ႔ ဘယ္လိုမွေဆာင္႐ြက္လို႔ အခြင့္မသာႏိုင္ပါဘူး။ ဒီေတာ့ပိုမိုၿပီးေတာ့ေပါ့ ဒီလိုမ်ိဳးညႇိႏႈိင္းေဆာင္႐ြက္မႈမလုပ္ဘူးဆိုရင္ ပိုၿပီးေတာ့အလွမ္းေဝးသြားၿပီး အက်ိဳးယုတ္သြားေစႏိုင္တဲ့ အေျခအေနမ်ိဳးပဲျဖစ္သြားမယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္။ ကြၽန္ေတာ္တစ္ေယာက္အေနနဲ႔ ျမင္တာကေတာ့ "ေတြ႕သင့္တယ္"။ ၿပီးေတာ့ ဒီတပ္မေတာ္ကလည္း ယခင့္ ယခင္ကတည္းက ရွိထားတဲ့ တပ္မေတာ္ျဖစ္တယ္။ ဒီ အာဏာသိမ္းလိုက္တာနဲ႔ တပ္မေတာ္အစစ္ ႏိုင္ငံေတာ္ တပ္မေတာ္မဟုတ္ေတာ့ဘူးလို႔ သြားေျပာလို႔ ကြၽန္ေတာ္ထင္တယ္ "မရဘူး"။ အဲဒီလိုမ်ိဳးဘာျဖစ္လို႔လဲဆိုေတာ့ ဒီတပ္မေတာ္၊ ဒီတပ္က အရင္ NLD အစိုးရလက္ထက္တုန္းကလည္း ဒီတပ္မေတာ္ပဲ။ အခုလည္းပဲ အာဏာကိုအေျခအေနတစ္ခုေပၚမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီႏိုင္ငံရဲ႕ အာဏာကို ထိန္းခ်ဳပ္လိုက္ေပမယ့္လည္း ဒီတပ္မေတာ္က ဒီတပ္မေတာ္ပဲ။ ဒါေၾကာင့္မို႔ တရားဝင္တာ၊ မဝင္တာ လူေတြရဲ႕ သတ္မွတ္မႈ အေပၚမွာပဲတည္တာကိုး။ ဒါေၾကာင့္မို႔ ဘယ္လိုပဲျဖစ္ေနျဖစ္ေန ႏိုင္ငံေတာ္ရဲ႕တစ္ခုလုံး အခ်ဳပ္အျခာသုံးရပ္လုံးကို ထိန္းခ်ဳပ္ထားႏိုင္တဲ့အေနအထားမ်ိဳးမွာ ဒီတပ္မေတာ္နဲ႔ပဲစကားေျပာဖို႔လိုအပ္တယ္။ တစ္ခုလုံးကို ႏိုင္ငံတစ္ခုလုံးကို ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ ေျပာတဲ့လူရွိသလို၊ မထိန္းခ်ဳပ္ႏိုင္ဘူးေျပာတဲ့လူလည္းရွိခ်င္ရွိမွာပဲ။ ဒါကသူတို႔ အျမင္နဲ႔ သူတို႔ေျပာတာ။ သို႔ေပမယ့္ လက္ရွိအေျခအေနက ကြၽန္ေတာ္တစ္ေယာက္တည္း ျမင္တာကေတာ့ ဒီတပ္မေတာ္နဲ႔ပဲ စကားေျပာဖို႔ လိုအပ္တယ္။ ဒီႏိုင္ငံရဲ႕ ေကာင္းက်ိဳးအတြက္ဆိုလို႔ရွိရင္ သူတို႔နဲ႔ပဲ တိုင္ပင္ၿပီးေတာ့ ေဆြးေႏြးၿပီးေတာ့မွ ေရွ႕ဆက္ ဘယ္လို ေဆာင္႐ြက္ၾကရမလဲ ဆိုတဲ့ အေျဖကိုရွာမွပဲ အဆင္ေျပႏိုင္မယ္။ ကြၽန္ေတာ့္အေနနဲ႔က အဲဒီလိုပဲ ေျပာခ်င္တယ္။

ေမး။ ။ ဟုတ္ကဲ့။ အဲဒီမွာ ဖထီးေစာမူတူးေစးဖိုးဆိုလည္း ဒါ KNU ဥကၠ႒မဟုတ္ေတာ့ဘူး။ သူ ဥကၠ႒ကေန နားလိုက္ၿပီးၿပီ။ အဲဒီတုန္းကေတာ့ KNU ဥကၠ႒အေနနဲ႔က ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ေတြ႕ဖို႔ ခက္တယ္။ KNU ရဲ႕ သ‌ေဘာထားေၾကာင့္လို႔ေျပာတယ္။ KNU ရဲ႕ ဖြဲ႕စည္းတဲ့သေဘာထားေၾကာင့္ေတြ႕ဖို႔ခက္တယ္ေပါ့ေနာ္။ ဆိုေတာ့ သူက ဒါလြတ္လပ္သြားတဲ့သူ ျဖစ္တဲ့အတြက္ ေၾကာင့္ လာၿပီးေတြ႕လို႔ရတယ္ေပါ့။ ဒီေတာ့ ကြၽန္ေတာ္အဲဒီမွာအဓိပၸါယ္ဖြင့္ခ်င္တာေပါ့ေနာ္။ KNU ရဲ႕ သေဘာထား နဲ႔ ကရင္ျပည္သူလူထုရဲ႕သေဘာထားဆိုတာမ်ိဳး ကြၽန္ေတာ္အဲဒီလိုခြဲျခမ္းျမင္လိုက္ခ်င္တယ္။ ဖထီးေစာမူတူးေစးဖိုးက သူ႔ရဲ႕ လြတ္လပ္တဲ့ Free Role ေပါ့။ သူ႔ရဲ႕ လြတ္လြတ္လပ္လပ္ သြားလာေျပာဆို ပိုင္ခြင့္ရွိတဲ့ဟာက KNU မွာက အကန႔္အသတ္ရွိၿပီးေတာ့ သူဒီအတိုင္းအလြတ္တမ္းေျပာတဲ့ေနရာမွာ ပိုၿပီးလြတ္လပ္ၿပီးေတာ့ ပိုၿပီးေတာ့လူထုရဲ႕ သ‌ေဘာထားဆႏၵကို ပိုထင္ဟပ္စြာ အလုပ္လုပ္လို႔ရတယ္လို႔ ‌ေျပာရင္ရမလား။

ေျဖ။ ။ အဲဒီလိုေျပာလို႔ရွိရင္ရပါတယ္။ အမွန္ပါ။ ဖြဲ႕စည္းတဲ့ အဖြဲ႕အစည္းတစ္ခုရဲ႕ သေဘာထားနဲ႔ KNU ရဲ႕ သေဘာထားနဲ႔ ကရင္တစ္မ်ိဳးသားလုံးရဲ႕ သေဘာထားဆႏၵကေတာ့တစ္ထပ္တည္းျဖစ္မေနပါဘူး။ KNU ရဲ႕ သေဘာထားက်ေတာ့ ကရင္တစ္မ်ိဳးသားလုံးရဲ႕ သေဘာထားကို အေျခခံၿပီးေတာ့ေျပာတယ္ဆိုေပမယ့္ ဒီ KNU ထဲမွာ ရွိေနတဲ့ ေခါင္းေဆာင္ေတြရဲ႕ သေဘာထားအျမင္ေတြနဲ႔လည္း သြားၿပီးေတာ့ ဆက္စပ္ဆက္ႏြယ္ေနတယ္လို႔ေျပာရမယ္။ ဒါေၾကာင့္မို႔ KNU အစည္းအ႐ုံးကို ဦးစီးေရွ႕ေဆာင္ေနတဲ့ ဦးေဆာင္မႈေပးေနတဲ့လူပုဂၢိဳလ္ကလည္းပဲ ဒီကရင္တစ္မ်ိဳးသားလုံးရဲ႕ ဆႏၵကို ၿခဳံငုံၿပီးေတာ့မွ ကိုယ္စားျပဳမႈ၊ တစ္မ်ိဳးသားလုံးအတြက္ကို စဥ္းစားမႈေတြထဲမွာ တစ္မ်ိဳးသားလုံးရဲ႕ ဆႏၵနဲ႔တစ္ထပ္တည္းျဖစ္ခ်င္မွျဖစ္မယ္။ သူ႔ရဲ႕ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ရဲ႕ ဆႏၵနဲ႔ သြားၿပီးေတာ့ ဆက္စပ္ေနတဲ့ အေပၚမွာ တစ္ခါတစ္ေလက်ေတာ့ သူတို႔ရဲ႕ တစ္ဦး တစ္ေယာက္ရဲ႕ဆႏၵက အဖြဲ႕အစည္းတစ္ခုလုံးကို လႊမ္းမိုးသြားတဲ့ အေပၚမွာ အမ်ားစု တစ္မ်ိဳးသားလုံးရဲ႕ ဆႏၵနဲ႔ သြားၿပီးေတာ့ နည္းနည္း ကြဲလြဲမႈေတြ ရွိတတ္တယ္ေလ။ ဒါေၾကာင့္မို႔ တစ္ထပ္တည္းျဖစ္တယ္လို႔၊ တူညီေနတယ္လို႔ေတာ့ ေျပာလို႔မရဘူး။ ကြဲလြဲမႈေတာ့ ရွိေကာင္းရွိလိမ့္မယ္။ အဲဒါေၾကာင့္မို႔ အခု အဖိုးက အဖြဲ႕အစည္းထဲမွာဆိုေတာ့ အဖြဲ႕အစည္းရဲ႕ စည္းမ်ဥ္း စည္းကမ္းဥပေဒနဲ႔ ေဆာင္႐ြက္ရတဲ့အေပၚမွာ ဒီအဖြဲ႕အစည္းရဲ႕ စည္းမ်ဥ္းစည္းကမ္းကို ထည့္သြင္းစည္းကမ္းအတိုင္း လိုက္နာၿပီးေတာ့ ေဆာင္႐ြက္ရတဲ့အေပၚမွာ မလြတ္လပ္တဲ့ သေဘာရွိတာေပါ့။ သူတစ္ဦးတစ္ေယာက္ရဲ႕ ဆႏၵနဲ႔ကြဲလြဲတာေတြ ရွိတာေပါ့။ အဲဒီအေပၚမွာ သူရဲ႕အခုဆိုလို႔ရွိရင္ အဖြဲ႕အစည္းထဲမွာ မရွိတဲ့အေပၚမွာ သူအခုက ပိုၿပီးလြတ္လပ္သြားတယ္လို႔ ခံစား ရတယ္။ ခံစားရတာက အဲဒီအေျခခံအေၾကာင္းေတြေၾကာင့္ျဖစ္မယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ျမင္တယ္။

ေမး။ ။ ဟုတ္ကဲ့။ KNU ရဲ႕ ေၾကညာခ်က္တစ္ေစာင္ထဲမွာ အမွတ္စဥ္ (၄)မွာဆိုရင္ ဖထီးတို႔အဖြဲ႕နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔ ေတြ႕ဆုံတဲ့အခါတဲ့ ဒါ KNU ထဲမွာ ရႈပ္ေထြးမႈျဖစ္ေအာင္ လုပ္တဲ့လုပ္ရပ္ျဖစ္သလိုမ်ိဳးပဲတဲ့။ ဖက္ဒရယ္ျပည္ ေထာင္စုအတြက္ တိုက္ပြဲဝင္ေနတဲ့ မဟာမိတ္အဖြဲ႕ေတြၾကားမွာ နားလည္မႈလြဲေအာင္လုပ္ေဆာင္တဲ့ စစ္တပ္ရဲ႕ အစီအစဥ္ ျဖစ္တယ္ဆိုတာမ်ိဳး သူတို႔ကေျပာတယ္။ ဆိုလိုတာကေတာ့ ဖထီးတို႔ အဲဒီလိုေတြ႕ဆုံတဲ့ ေတြ႕ဆုံမႈဟာ ဒီသူတို႔ရဲ႕ KNU ထဲမွာ ရႈပ္ေထြးသြားေအာင္လုပ္တယ္။ ေနာက္တစ္ခါ ဖက္ဒရယ္တည္ေဆာက္မယ္ဆိုတဲ့ မဟာမိတ္အဖြဲ႕ၾကားထဲမွာ ရႈပ္ေထြးသြားေအာင္ စစ္တပ္က ရည္႐ြယ္ခ်က္ရွိရွိလုပ္တာလို႔ သူတို႔ စြပ္စြဲထားတာေတြ႕ရတယ္။ ဒီအခ်က္ကိုေရာ ဖထီး ဘယ္လိုမ်ိဳးျပန္ေျပာျပခ်င္လဲခင္ဗ်။

ေျဖ။ ။ အဖြဲ႕အစည္းတိုင္းမွာေတာ့ သေဘာထားကြဲလြဲမႈေတြ၊ အျမင္မတူညီမႈေတြကေတာ့ ရွိေနမွာပဲ။ ကြၽန္ေတာ္တို႔ အဖြဲ႕မွာလည္းပဲ ဒီလိုမ်ိဳးရွိေနပါတယ္။ အဖြဲ႕အစည္းထဲမွာရွိေနတဲ့ အမ်ားကေန သေဘာတူညီမႈတစ္ခု ခ်ထားေပမယ့္လည္း အဲဒီသေဘာတူညီမႈဟာ အားလုံးရဲ႕သေဘာဆႏၵထက္ အမ်ားစုရဲ႕သေဘာဆႏၵသာျဖစ္တယ္။ အဲဒါ မတူညီတဲ့လူေတြလည္း အမ်ားႀကီးရွိပါတယ္။ အဲဒီမတူညီမႈေတြေၾကာင့္ တဖက္က နားလည္မႈလြဲမွားေအာင္လုပ္တာ၊ ဒီနားလည္မႈေတြ ရႈပ္ေထြးမႈေတြ ပိုမိုၿပီးေတာ့ျဖစ္ေစတယ္ဆိုတာကေတာ့ ဒါကေတာ့ ၾကည့္တဲ့လူရဲ႕ အေပၚမွာပဲ တည္တယ္။ ၾကည့္တဲ့လူရဲ႕ သေဘာဆႏၵအေပၚမွာပဲ အျမင္ေပၚမွာပဲသြားၿပီးတည္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ရဲ႕အျမင္မွာ ဒီ သေဘာထားကြဲလြဲမႈကို ကြဲလြဲတယ္လို႔ ရွင္းရွင္းမေျပာဆိုဘဲနဲ႔ သေဘာထားကြဲလြဲမႈကို အျခားသူတစ္ဦးတစ္ေယာက္ရဲ႕ ဝင္‌ေရာက္ၿပီးေတာ့ ကြဲလြဲ‌ေအာင္လုပ္ေနတယ္လို႔သြားၿပီးေတာ့ အျခားျပင္ပလူေတြကိုသြားၿပီး စြပ္စြဲေျပာဆိုတာကလည္းပဲ သိပ္ၿပီးေတာ့ သဘာဝမက်ဘူး။ ကြဲလြဲမႈကို ကိုယ္ကလည္း ကြဲလြဲသလိုမ်ိဳး ျမင္တတ္ဖို႔လိုတယ္။ အခုဟာ ဒီကြဲလြဲေနတဲ့ အျမင္ရွိ ေနတဲ့ဟာကို စုစည္းရမွာက အဖြဲ႕အစည္းကို ဦးေဆာင္မႈေပးေနတဲ့လူကသာလွ်င္ သူကေဆာင္႐ြက္ဖို႔တာဝန္ရွိတယ္။ သူမ်ားအျခားလူေတြလာၿပီးေတာ့ ကြဲလြဲေအာင္လုပ္ေနပါတယ္လို႔ သြားၿပီးေတာ့အျပစ္ရွာေျပာတာကေတာ့ ဒါကေတာ့ သိပ္ၿပီး သဘာဝမက်ဘူးလို႔ပဲ ကြၽန္ေတာ့္အေနနဲ႔ ျမင္ပါတယ္။ ၿပီးေတာ့ ဒီကြဲလြဲေနတဲ့အျမင္ေတြက အဖြဲ႕အစည္းအတြင္းမွာ သည္ပင္လွ်င္ ကြဲလြဲမႈရွိတယ္။ အဲဒီရွိတာအျပင္ အဖြဲ႕တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ အဖြဲ႕ေတြအမ်ားႀကီးရွိတဲ့အေပၚမွာ အျခား အဖြဲ႕ေတြနဲ႔လည္းပဲ တစ္ထပ္တည္းေတာ့ျဖစ္မွာမဟုတ္ပါဘူး။ ကြဲလြဲမႈေတြကေတာ့ ရွိေနမွာပဲ။ ဒီကြဲလြဲမႈေတြဟာ ကြၽန္ေတာ္တို႔ အဖြဲ႕ကို ဦးေဆာင္ေနတဲ့လူေတြက ျပန္လည္ၿပီးေတာ့ တူညီေအာင္ေဆာင္႐ြက္ဖို႔ပဲလိုတယ္။ အျခားလူေတြကို အျပစ္ရွာေျပာဆိုျခင္းအားျဖင့္ ဒီကြဲလြဲမႈ ဒီမတူညီမႈေတြကို ပိုၿပီးေတာ့ ထပ္မံကြဲလြဲသြားေစႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုမ်ိဳးပဲျမင္တယ္။

ေမး။ ။ ဟုတ္ကဲ့။ ကြၽန္ေတာ္တို႔နားလည္သေလာက္ လွမ္းၿပီးေတာ့ ကရင္ျပည္နယ္ကို ၾကည့္မယ္ဆိုရင္ ဒီကရင္ျပည္နယ္ အတြင္းမွာ KNU သေဘာထားဆႏၵက တင္းမာေနတာကိုေတြ႕ရတယ္။ အျခားတဖက္မွာကေတာ့ ကရင္ျပည္ထဲမွာရွိတဲ့ ျပည္သူေတြ၊ ကရင္ျပည္သူေတြကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနရတာေတြ ပိုမ်ားလာတယ္။ ဆိုေတာ့စစ္မက္ကို ဖန္တီးေလေလ ကရင္ျပည္သူလူထုေတြ မတည္မၿငိမ္ျဖစ္ေလေလဆိုတဲ့ဟာမ်ိဳးကို လွမ္းျမင္ရတယ္။ ဆိုေတာ့ စစ္မတ္ေတြကို ၿငိမ္းခ်မ္းခ်င္တဲ့ ကရင္ျပည္သူလူထုက ဘယ္‌ေလာက္ရာခိုင္ႏႈန္းေလာက္မ်ား ဘယ္ေလာက္ေလာက္မ်ား ရွိေနၿပီးေတာ့ စစ္မက္ေတြကို ထပ္ၿပီးေတာ့မျဖစ္ျဖစ္ေအာင္ဖန္တီးေနတဲ့ သူကဘယ္ေလာက္မ်ားရွိလဲဆိုတာ အဲဒီလို ႏွစ္ခုကြဲေနတာ ကိုေတြ႕ရတယ္။ ဆိုေတာ့ ဖထီးတို႔ ၿပီးခဲ့တဲ့ တစ္ေလာက အဖိုးမူတူးတို႔ဘာတို႔ KNU တပ္မဟာ ၆ ထဲမွာ သြားေတြ႕တာ ေတြ႕ရတယ္။ ဆိုေတာ့ အဲဒီကရင္လူထုရဲ႕ သေဘာထားအမွန္ကဘာလဲ။ တကယ္ပဲ စစ္တပ္နဲ႔ရင္ဆိုင္တိုက္ပါလို႔ KNU ကို သေဘာထားဆႏၵေပးပို႔ၾကတာလား။ ဒါမွမဟုတ္ တိုက္ပြဲေတြရပ္ၾကပါလို႔ သူတို႔ကေျပာခ်င္တာလား။ သူတို႔ Message က ဘာလဲ။

ေျဖ။ ။ ကြၽန္ေတာ္တို႔ေဒသေနလူထုေတြကေတာ့ ၿငိမ္းခ်မ္းခ်င္ၾကတဲ့လူထုေတြခ်ည္းပဲမ်ားပါတယ္။ အားလုံးက ၿငိမ္းခ်မ္းေစလိုတယ္။ ဒါေၾကာင့္မို႔ စစ္ျဖစ္တာကိုေတာ့မလိုလားပါဘူး ။ အရင္တုန္းကလည္း ဒီစစ္ေတြက ကရင္ျပည္သူေတြ လိုလားတာမဟုတ္ဘူး။ စစ္မျဖစ္ေအာင္ ေဆာင္႐ြက္ေပးၾကဖို႔ပဲ ေတာင္းဆိုေနၾကပါတယ္။ တိုက္ပြဲမျဖစ္ေအာင္ သူတို႔ေတာင္းဆိုတယ္။ တိုက္ပြဲကိုလည္း ေပးမေဖာ္ခ်င္ၾကပါဘူး။ လူထုအမ်ားစုက အဲဒီလိုမ်ိဳးျဖစ္တဲ့အေပၚမွာ ၿငိမ္းခ်မ္းမႈကိုပဲ သူတို႔သြားလိုတဲ့ျပည္သူေတြက အမ်ားစုပါ။ ၿပီးေတာ့ ဒီလိုလူထုေတြက ဆႏၵရွိတယ္ဆိုေပမယ့္ စစ္ပြဲျဖစ္ေပၚလာေအာင္ အေၾကာင္းအမ်ိဳးမ်ိဳးေပါ့ေနာ္။ စစ္ပြဲေတြက ျဖစ္လာခဲ့တာပဲ။ ျဖစ္လာေနၿပီ။ ဒီစစ္ပြဲကို အဆုံးသတ္ဖို႔ ၿငိမ္းဖို႔ အမ်ားစုက လူထုအမ်ားစုရဲ႕ဆႏၵပါ။ ၿငိမ္းေစခ်င္တယ္။ စစ္ပြဲကိုရပ္ေစခ်င္တယ္။ စစ္ပြဲေတြ ေနာက္ထပ္ ေပးမျဖစ္ေစခ်င္ဘူးေပါ့ေနာ္။ အဲဒါက အမ်ားစုရဲ႕ဆႏၵပါ။ ဒါေပမယ့္ႏွစ္ရွည္လမ်ား စစ္ပြဲေတြျဖစ္လာတဲ့အေပၚမွာ စစ္ေၾကာင့္အက်ိဳးျဖစ္ထြန္းမႈ သူတို႔အတြက္ အက်ိဳးရွိေစတဲ့ဟာေတြ။ စစ္ပြဲကို ဖန္တီးၿပီးေတာ့မွ အက်ိဳးအျမတ္ရရွိေအာင္ လုပ္ေနတဲ့ လူတစ္ခ်ိဳ႕ရွိေနသလိုပဲလို႔ ကြၽန္ေတာ့္ အေနနဲ႔ အဲဒီလိုမ်ိဳးပဲ ေျပာခ်င္တယ္။ ဘာျဖစ္လဲဆိုေတာ့ စစ္ကိုအမွီျပဳၿပီးေတာ့မွ အက်ိဳးျဖစ္ထြန္းတဲ့လူေတြေပါ့ေနာ္။ စစ္ကို အေၾကာင္းျပဳၿပီးေတာ့မွ သူတို႔ရဲ႕ အက်ိဳးစီးပြားေပါ့ေနာ္။ သူတို႔ရဲ႕ ကိုယ္ပိုင္အက်ိဳးစီးပြား၊ ကြၽန္ေတာ္တို႔အမ်ားျပည္သူရဲ႕ အက်ိဳးစီပြား အက်ိဳးေပါ့၊ ေအး အဲဒါစစ္ေၾကာင့္ သူတို႔ လူနည္းစုေတြ အခ်ိဳ႕ေတြက အက်ိဳးျဖစ္ထြန္းေနတာကိုး။ စစ္ကို အေၾကာင္းျပဳၿပီးေတာ့မွ အက်ိဳးျဖစ္ထြန္းတဲ့ လူတစ္ခ်ိဳ႕ရွိတယ္။ အဲဒါ အနည္းစုေပါ့။ ေအး အဲဒီလူေတြကေတာ့စစ္ပြဲကို မျဖစ္ျဖစ္ေအာင္ ဖန္တီးလိုတဲ့ေဆာင္႐ြက္မႈကေတာ့ ရွိေနတယ္။ အဲဒီလိုပဲ ကြၽန္ေတာ္ ေျပာခ်င္တယ္။

ေမး။ ။ ဟုတ္ကဲ့။ ဖထီး အဲဒီမွာေလ ကြၽန္ေတာ္ တစ္ခုေကာက္ခ်က္ခ်တာေပါ့။ KNU ရဲ႕ လက္ရွိလႈပ္ရွားလုပ္‌‌ေဆာင္ ခ်က္ေတြ၊ ထုတ္ျပန္ခ်က္ေတြက ဒါဆိုရင္ ကရင္ျပည္သူလူထု တစ္မ်ိဳးသားလုံးကို လႊမ္းၿခဳံၿပီးေတာ့ သူတို႔ ကရင္ျပည္သူလူထု တစ္မ်ိဳးသားလုံးရဲ႕ သေဘာထားနဲ႔ တိုက္႐ိုက္အခ်ိဳးက်ေနျခင္းမရွိဘူးလို႔ေျပာရင္ ေကာက္ခ်က္ခ်မယ္ဆိုရင္ ေကာက္ခ်က္ခ်လို႔ ရႏိုင္လား။

ေျဖ။ ။ တခ်ိဳ႕အခ်က္ေတြမွာကေတာ့ မွန္တယ္လို႔ပဲေျပာရမွာ။ အခု တိုက္ပြဲေတြျဖစ္ေနတယ္။ လက္ရွိ ကြၽန္ေတာ္တို႔ရဲ႕ ေဒသမွာ ဒီတိုက္ပြဲေတြဟာ အမွန္က လူထုေတြ ေတာင္းဆိုလို႔ျဖစ္ေပၚလာတဲ့ တိုက္ပြဲမဟုတ္ဘူး။ တိုက္ပြဲျဖစ္ေအာင္ မျဖစ္ ျဖစ္ေအာင္ ေဆာင္႐ြက္ေစလိုတဲ့လူေတြရဲ႕ ေဆာင္႐ြက္ေစခ်င္တဲ့လူေတြရဲ႕ ဆႏၵနဲ႔ အဲဒါ ေရွ႕ေဆာင္မႈ၊ ၫႊန္ၾကားမႈေပးေနတယ္လို႔ပဲ ကြၽန္ေတာ္ျမင္တယ္။ တခ်ိဳ႕တေလ တိုက္ပြဲမွာ လူထုေတြက စစ္ပြဲကိုေပးမျဖစ္ေစခ်င္ဘူး။ တိုက္ပြဲကိုလည္း ေပးမျဖစ္ေစခ်င္ဘူး။ ေပးမျဖစ္ခ်င္ဘူး။ ကြၽန္‌ေတာ္သြားေလရာရာမွာ လူထုေတြရဲ႕ဆႏၵ လူထုေတြနဲ႔ ေတြ႕ဆုံၿပီးေတာ့ ေျပာဆိုတယ္။ ေျပာဆိုေတာ့ လူထုေတြက ဘယ္လူထုကမွ တိုက္ပြဲကို ျပန္ၿပီးေတာ့ေဖာ္ပါ။ ဒီဗမာ့တပ္မ‌ေတာ္ကို တခါတည္း အကုန္အစင္ သုတ္သင္ရွင္းလင္း တိုက္ခိုက္ပစ္လိုက္ပါေတာင္းဆိုတဲ့လူထုေတြကေတာ့ ကြၽန္ေတာ္မေတြ႕ဘူး။ ဒါေပမယ့္ ဒီလိုမ်ိဳး စနစ္ေပါ့ေနာ္။ စစ္ကိုျဖစ္ေစတဲ့ စနစ္ကိုေတာ့ သူတို႔မလိုခ်င္တာကေတာ့အမွန္ပဲ၊ သို႔ေပမယ့္ တိုက္ပြဲကိုေတာ့ သူတို႔ မလိုခ်င္ပါဘူး။ ေပးမျဖစ္ေစခ်င္ဘူးေနာ္။ ဒါစနစ္နဲ႔ပဲသြားၿပီးေတာ့ ဆက္စပ္ ေျပာဆိုရမွာျဖစ္တယ္။ သူတို႔ ဒီစစ္ပြဲေတြျဖစ္မွဘဲ အက်ိဳးရွိေစတဲ့ အက်ိဳးျဖစ္ထြန္းေနတဲ့ လူေတြက်ေတာ့ ဒီတိုက္ပြဲကို ျဖစ္မယ့္နည္းစနစ္ေပါ့၊ ဒါကိုက်င့္သုံးသြားမွာပဲ။ ဒါေၾကာင့္မို႔ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ အဲဒီစနစ္ကို လူေတြကေတာ့ အားလုံးက မႀကိဳက္ဘူး။ အက်ိဳးရွိေစတဲ့လူေတြက်ေတာ့ ႀကိဳက္ခ်င္ႀကိဳက္မွာေပါ့၊ အဲဒါေၾကာင့္မို႔ ကြၽန္‌ေတာ္ကေတာ့ ျပည္သူလူထုေတြကေတာ့ ဒီတိုက္ပြဲေတြကိုမျဖစ္ထြန္းေစတဲ့၊ မျဖစ္ေစခ်င္တဲ့အေပၚမွာ တခ်ိဳ႕တေလရဲ႕သတင္းေဖာ္ျပခ်က္က လူထုရဲ႕ဆႏၵနဲ႔ တစ္ထပ္တည္း မျဖစ္ဘူးလို႔ပဲ ကြၽန္ေတာ္ျမင္ပါတယ္။

ေမး။ ။ ေနာက္ထပ္ message ေလးတစ္ခုေပါ့။ ႏႈိင္းယွဥ္ ဥပမာေလးတစ္ခု ထပ္ေပးပါရေစ။ ဘာလဲဆို ဥပမာ ကြၽန္ေတာ့္အေတြးထဲမွာ ေပၚလာတာေပါ့ေနာ္။ စစ္တပ္ဟာ တစ္ႏိုင္ငံလုံးရဲ႕ ျပည္သူလူထုကို ကိုယ္စားမျပဳဘူးဆိုတဲ့စကား၊ ေနာက္တစ္ခုက NUG ဟာ တစ္ႏိုင္ငံလုံးရဲ႕ ျပည္သူကို ကိုယ္စားမျပဳဘူးဆိုတဲ့စကား၊ NLD ဟာ တစ္ႏိုင္ငံလုံးကို ကိုယ္စားမျပဳဘူးဆိုတဲ့စကား ဒီလိုစကားမ်ိဳးသကဲ့သို႔ KNU ဟာ ကရင္တစ္မ်ိဳးသားလုံးအေပၚမွာ လႊမ္းၿခဳံၿပီး ကိုယ္စားမျပဳႏိုင္ပါဘူးလို႔ ေကာက္ခ်က္ျပန္ဆြဲမယ္ဆိုရင္ေပါ့ ဒါေရာျဖစ္ႏိုင္လား။


ေျဖ။ ။ ေအးေပါ့။ အဲဒီလိုမ်ိဳး KNU စတင္ဖြဲ႕စည္းကာစကေတာ့ တစ္မ်ိဳးသားလုံးေပါ့ေနာ္။ တစ္မ်ိဳးသားလုံးကို ကိုယ္စားျပဳတဲ့ အဖြဲ႕အစည္း တစ္ရပ္အေနနဲ႔ ဖြဲ႕စည္းခဲ့တာကေတာ့ အမွန္ပဲ။ သို႔ေပမယ့္ KNU အတြင္းထဲမွာ တူညီတဲ့ သေဘာထားေတြမရွိတဲ့အေပၚမွာ သေဘာထားေတြ ကြဲလြဲသြားတာေပါ့ေနာ္။ အဖြဲ႕အစည္းတြင္း သင္းကြဲေတြ ျဖစ္ေပၚလာ တာေပါ့၊ ႏွစ္ရွည္လမ်ား ျဖစ္လာတဲ့အေပၚ ျပန္ၿပီးေတာ့ ၾကည့္လိုက္မယ္ဆိုရင္ အဆင့္ဆင့္ KNU ကို ဦးေဆာင္မႈ ေပးေနတဲ့လူေတြက အဲဒီ သင္းကြဲျပႆနာေၾကာင့္ ေျပာရမယ္ဆိုလို႔ရင္ တစ္မ်ိဳးသားလုံးကို ကိုယ္စားျပဳေနတယ္လို႔ ေျပာလို႔ရွိရင္ ေျပာရခက္တဲ့ အေနအထားမ်ိဳးမွာ ျဖစ္ေနတယ္။ ကြၽန္ေတာ္ အဲဒီေလာက္ပဲေျဖပါရေစ။


ေမး။ ။ ဟုတ္ကဲ့။ KNU ရဲ႕ မူလဗဟိုထုတ္ျပန္မႈ၊ မူလစတင္ဖြဲ႕စည္းတုန္းကေတာ့ KNU ရဲ႕မူေတြက ကြၽန္ေတာ္ေလ့လာၾကည့္တဲ့အခါမွာ တကယ္ကိုပဲ အားေကာင္းခဲ့တာေတြ႕ရတယ္။ ကိုယ့္မူေတြကိုကတည္းက ေကာင္းခဲ့တာ၊ ကရင့္အနာဂါတ္ကို ကရင္ေတြကပဲ ဆုံးျဖတ္ရမယ္ဆိုတာမ်ိဳးေတြ စသျဖင့္ေပါ့ေလ၊ ဒါမ်ိဳးေတြရွိတယ္။ ဆိုေတာ့ အခုေနာက္ပိုင္း KNU ရဲ႕ ဒီမူလဖခင္ႀကီးေတြ KNU ရဲ႕ ဦးေဆာင္ထူေထာင္သူဖခင္ႀကီးေတြနဲ႔ လက္ရွိ လုပ္ေနတဲ့လူေတြရဲ႕ လုပ္ရပ္ေတြက ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္လာတာေတြ႕ရတယ္လို႔ ထုတ္ျပန္ခ်က္ေတြကို ၾကည့္ရင္ေတြ႕ရတယ္ေပါ့ေနာ္။ ဆိုေတာ့ ဖထီးတို႔ အဲဒါကို ဘယ္လိုမ်ားေျပာခ်င္မလဲခင္ဗ်။ ဖထီးတို႔က ေခတ္အမ်ားႀကီးကို ျဖတ္သန္းခဲ့တဲ့ လူေတြဆိုေတာ့ေလ။


ေျဖ။ ။ ေအး အဲဒါကို ျပန္ၾကည့္မယ္ဆိုလို႔ရွိရင္ ခုနက သေဘာထားကြဲလြဲမႈကို အေျခခံၿပီးေတာ့မွ ျဖစ္လာတဲ့အေၾကာင္း အခ်က္ေတြပဲလို႔ကြၽန္ေတာ့္အေနနဲ႔က ျမင္ပါတယ္။ အဲဒါကလည္းပဲ အခုလက္ရွိ ထုတ္ျပန္ေၾကညာခ်က္ေတြကို ျပန္ၾကည့္မယ္ဆိုရင္ ကရင္အမ်ိဳးသားထု တစ္ရပ္လုံးရဲ႕ ဆႏၵနဲ႔လည္း တစ္ထပ္တည္း မျဖစ္ေနတာကို ေတြ႕ရတယ္။ အဲဒီလိုမ်ိဳး ထုတ္ျပန္ခ်က္ေတြဟာ အမ်ိဳးသားထုတစ္ရပ္လုံးရဲ႕ အက်ိဳးစီးပြားကို သြားၿပီးေတာ့မွ အေျခခံတဲ့ ထုတ္ျပန္ေၾကညာခ်က္မ်ိဳး မဟုတ္ဘူးလို႔ပဲ ကြၽန္ေတာ္ကေတာ့ ဆိုခ်င္တယ္။

ေမး။ ။ ဟုတ္ကဲ့ ။ KNU ရဲ႕ ၿပီးခဲ့တဲ့ ရက္ ၁၀၀ ေပါ့။ KNU ရဲ႕ ဥကၠ႒အသစ္တတ္လာၿပီး ရက္ ၁၀၀ သတင္းစာရွင္းလင္းပြဲမွာ သူတို႔ ေျပာခဲ့တာရွိပါတယ္။ အတြင္းေရးမႉးတစ္ေယာက္က ကိုယ္တိုင္ေျပာခဲ့တာေပါ့ေနာ္။ သူက ဘာေျပာခဲ့လဲဆိုေတာ့ NCA စာခ်ဳပ္ပ်က္ျပယ္ၿပီဆိုတဲ့ စကားမ်ိဳးကို သူက ေျပာလိုက္တာေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔ နားလည္တာကေတာ့ စာခ်ဳပ္ပ်က္ျပယ္ၿပီဆိုတာကို ႏႈတ္နဲ႔ ေျပာတာထက္စာရင္တရားဝင္စာထုတ္ရတယ္လို႔ ကြၽန္ေတာ္တို႔ နားလည္ပါတယ္။ ဒါ အသင္းအဖြဲ႕ရဲ႕မူဝါဒဖြဲ႕စည္းပုံအရ စာထုတ္ရတယ္လို႔ နားလည္ပါတယ္၊ ဒါမွ တရားဝင္ျဖစ္တယ္လို႔ ေခၚပါတယ္။ ဆိုေတာ့ ပါးစပ္ကေနေျပာတာဆိုတာကေတာ့ ကြၽန္‌ေတာ္တို႔ထင္တယ္ ပါးစပ္နဲ႔ေျပာတာေတာ့ ကိုယ့္အထင္အျမင္ ယူဆခ်က္ ကိုယ့္ခံယူခ်က္ ခံစားခ်က္ကို ေျပာတာကိုကြၽန္ေတာ္တို႔နားလည္ပါတယ္။ ဆိုေတာ့ NCA ကို ပ်က္ျပယ္ၿပီ လို႔ အဲဒီလို ႏႈတ္ကေန ထုတ္ေျပာတာကို အႀကိမ္ႀကိမ္ေျပာလာတာကို‌ေတြ႕ရတယ္။ ဆိုေတာ့ NCA စာခ်ဳပ္ဆိုတာ အဲဒီလိုမ်ိဳး ပါးစပ္ကေန ေျပာခ်င္တိုင္းေျပာ ၊ ပ်က္ခ်င္တိုင္း ပ်က္လို႔ ရတဲ့ အရာလို႔ ေျပာလို႔ရသလားေပါ့။ ဖထီးတို႔ အေတြ႕အႀကဳံနဲ႔ ေျပာမယ္ဆိုရင္။

ေျဖ။ ။ NCA စာခ်ဳပ္ဟာ ေျပာရမယ္ဆိုရင္ ကြၽန္ေတာ္ေလ့လာမိသေလာက္ေပါ့‌ေနာ္။ ၿပီးေတာ့ ပါလည္းပါဝင္ခဲ့ပါတယ္။ အစပ်ိဳးေဆာင္႐ြက္စဥ္တုန္းက ကြၽန္ေတာ္တို႔လည္းပဲ ပဏာမအဆင့္ေတြ႕ဆုံေဆြးေႏြးမႈကအစေပါ့ေနာ္။ NCA ျဖစ္ေပၚလာတဲ့အထိ ပါဝင္ခဲ့တဲ့ အခ်ိဳ႕ေနရာေတြမွာလည္း ရွိခဲ့ပါတယ္။ အဲဒီသိရသေလာက္ဆိုရင္ ဒီလိုမ်ိဳးစာခ်ဳပ္မ်ိဳးဟာ ဗမာျပည္မွာ တကယ့္ အျပည့္စုံဆုံးစာခ်ဳပ္လို႔ ေျပာလို႔ရွိရင္မမွားဘူး။ ၿပီးေတာ့ အႏွစ္သာရအရွိဆုံး။ တိုင္းျပည္ရဲ႕ အနာဂါတ္ အတြက္ ၿငိမ္းခ်မ္းေအာင္ေဖာ္ေဆာင္ဖို႔အတြက္ဆိုလို႔ရွိရင္ တကယ့္ တန္ဖိုးရွိဆုံးစာခ်ဳပ္တစ္ခုလို႔ ကြၽန္ေတာ္ျမင္တယ္။ ၿပီးေတာ့ NCA စာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ အခ်ိန္မွာတုန္းကလည္းပဲ ႏိုင္ငံတကာေရွ႕ေမွာက္မွာ ခ်ဳပ္ခဲ့တယ္။ ၿပီးေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကလည္းပဲ မစုံညီသည့္တိုင္ေအာင္ေတာင္မွ (၈)ခု ၊ (၁၀)ခု ေနာက္ထပ္ ျဖစ္ေပၚလာတဲ့ အဆင့္အထိ အဖြဲ႕အစည္း(၁၀)ခု ပါဝင္ၿပီးေတာ့ ခ်ဳပ္ဆိုလာခဲ့တဲ့ စာခ်ဳပ္ႀကီးတစ္ခုျဖစ္တယ္။ အဲဒီအ‌ေပၚမွာ ကြၽန္ေတာ္တို႔ စာခ်ဳပ္ကို ဒီလိုမ်ိဳးပဲ လက္လြတ္စပယ္ ပ်က္ျပယ္ၿပီလို႔ သြားေျပာလို႔မရပါဘူး။ ဒီစာခ်ဳပ္ထဲမွာ ပါရွိတဲ့ အခ်က္ေတြကလည္း တကယ့္ ႏိုင္ငံအတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့အခ်က္ေတြမို႔လို႔ ဒီလိုမ်ိဳးလက္လြတ္စပယ္ သူတို႔အေနနဲ႔ပ်က္ျပယ္ၿပီ ေျပာတာကလည္းပဲ ကြၽန္ေတာ္တို႔ ယခင္ခ်ဳပ္ဆိုခဲ့တဲ့ ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ေတြကိုလည္း ေစာ္ကားရာ အေလးမထားရာ ေရာက္ပါတယ္။ ၿပီးေတာ့ စာခ်ဳပ္က တကယ့္ ေခါင္းေဆာင္ႀကီးေတြ ခ်ဳပ္ဆိုထားတဲ့ဟာလည္းျဖစ္သလို ၿပီးေတာ့ ႏိုင္ငံထဲမွာရွိေနတဲ့ တကယ့္လႊတ္ေတာ္ထဲကို တရားဝင္ျဖစ္‌ေစဖို႔အတြက္ ဒါလႊတ္ေတာ္ထဲမွာ အတည္ျပဳၿပီးေတာ့ ဥပေဒကဲ့သို႔ တည္ခဲ့တည္ရွိခဲ့တဲ့စာခ်ဳပ္လည္းျဖစ္တယ္။ ဒီေတာ့ သူတို႔ အခုလိုမ်ိဳးလက္လြတ္စပယ္ ဒီလိုမ်ိဳးေျပာဆိုတာ ထက္ ဒီဥပေဒကဲ့သို႔ တည္ရွိၿပီးအတည္ျပဳၿပီး လႊတ္ေတာ္ထဲမွာအတည္ျပဳၿပီး အခ်က္အလက္ေတြအမ်ားႀကီးပါခဲ့တဲ့ အေပၚမွာ ဒါဒီအတိုင္း လက္လြတ္စပယ္ ေျပာ႐ုံနဲ႔ေတာ့ ပ်က္ျပယ္မသြားႏိုင္ပါဘူး။ သူတို႔တစ္ဖက္ဖက္က ဒီစာခ်ဳပ္ကို ပ်က္ျပယ္ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္အေနနဲ႔ သူတို႔ထုတ္ခဲ့မယ္ဆိုရင္ တစ္မ်ိဳးျမင္လို႔ရပါတယ္။ ဒါက ဒီလိုမ်ိဳး လြယ္လင့္တကူ အဲဒီလိုမ်ိဳး ပ်က္ျပယ္ေၾကာင္း ေျပာ႐ုံနဲ႔ေတာ့ ဒီစာခ်ဳပ္ဟာ ပ်က္ျပယ္မသြားႏိုင္ဘူးလို႔ ကြၽန္ေတာ့္အေနနဲ႔ ျမင္ပါတယ္။

ေမး။ ။ အခုကြၽန္ေတာ္တို႔ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အေၾကာင္းအရာေလးတစ္ခုရွိပါတယ္။ ဖထီးတို႔ ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ သြားေတြ႕ၿပီးတဲ့ ေနာက္မွာ ဖထီးတို႔ ေတြ႕တဲ့လူေတြ အကုန္လုံးကို ဒါက စစ္တပ္ဘက္ေတာ္သားေတြ ျဖစ္ကုန္ၿပီ။ တနည္းအားျဖင့္ ကြၽန္ေတာ္တို႔ ဒီဘက္ေခတ္အေခၚဆို စစ္တပ္ေဘာမေတြျဖစ္ကုန္ၿပီေပါ့၊ စသျဖင့္ ဖထီးတို႔ရဲ႕ ‌ေရွ႕မွာ ေတာက္ေလွ်ာက္လုပ္လာခဲ့တဲ့ တိုင္းျပည္အတြက္ လုပ္လာခဲ့တဲ့ ကိုယ့္ေဒသလူမ်ိဳးေကာင္းက်ိဳးအတြက္ လုပ္လာခဲ့တဲ့ ဟာေတြ အကုန္လုံးကို ခ်က္ခ်င္းေန႔ခ်င္းညခ်င္းေမ့ေဖ်ာက္ၿပီးေတာ့ ဒီလိုမ်ိဳးစြပ္စြပ္စြဲစြဲေတြ ေျပာဆိုလာတဲ့အခါ ဖထီးတို႔ကိုယ္တိုင္ကေရာ ေတာက္ေလွ်ာက္လုပ္လာခဲ့တဲ့အခါက်ေတာ့စိတ္ထဲမွာ တခါတေလက်ေတာ့ ကရင္လူထုကို message ေပးခ်င္တာမ်ား ျပန္ရွိလာသလားခင္ဗ်။


ေျဖ။ ။ ကြၽန္ေတာ္တို႔ကို ေဘာမလို႔ပဲေျပာေျပာ၊ တဖက္တပ္မေတာ္ရဲ႕အလိုေတာ္ရိလို႔ပဲ ေျပာေျပာေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ အမ်ားျပည္သူအတြက္ ေဆာင္႐ြက္ေနတဲ့အေပၚမွာ ကိုယ့္ကိုကိုယ္ စိတ္ခ်တယ္။ တပ္မေတာ္အတြက္ အက်ိဳးလည္း ရွိေစရမယ္။ ကိုယ့္ျပည္သူေတြ အတြက္လည္းပဲ အက်ိဳးရွိေစရမယ္ဆိုတဲ့ ကြၽန္ေတာ္တို႔အေျဖကိုရွာတာပါ။ ၿပီးေတာ့ နည္းလမ္းကိုရွာတာပါ။ အားလုံးအတြက္ တစ္ႏိုင္ငံလုံးမွာရွိေနတဲ့ ျပည္သူေတြအားလုံးေပါ့ေနာ္။ တပ္မေတာ္သားေတြလည္း ပါမွာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ တပ္မေတာ္သားကလည္း ႏိုင္ငံရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္တယ္။ အစိုးရသည္လည္းပဲ ႏိုင္ငံရဲ႕ အစိတ္အပိုင္းတစ္ခု။ ျပည္သူလည္းပဲ ဒီႏိုင္ငံထဲမွာရွိတဲ့ ႏိုင္ငံအစိတ္အပိုင္းေတြ တစ္ခုခ်င္းစီ အကုန္လုံးပါပဲ။ အဲဒီအေပၚမွာပဲ ကြၽန္ေတာ္တို႔ အားလုံးအတြက္ေပါ့။ တပ္မေတာ္အတြက္ေရာ ျပည္သူေတြအတြက္ပါ က်န္တဲ့တိုင္းရင္းသားအဖြဲ႕အစည္း အသီးသီးအားလုံးေပါင္းဖို႔အတြက္ ကြၽန္ေတာ္တို႔ရည္႐ြယ္ၿပီးမွ ေဆာင္႐ြက္တဲ့အေပၚမွာ ေျပာဆိုတဲ့အေပၚမွာ ကြၽန္ေတာ္ကေတာ့ သူတို႔ဘယ္လိုပဲ ျမင္ျမင္၊ ဘယ္လိုပဲေျပာေျပာ ကြၽန္ေတာ္တို႔ စိတ္လုံတယ္။ ၿပီးေတာ့ သူတို႔ေဘာမတယ္ေျပာေပမယ့္လည္း ကြၽန္ေတာ္တို႔ေျပာဆိုတယ္။ အခ်င္းခ်င္းအျပန္အလွန္ေပါ့ေနာ္။ သေဘာတူ ညီမႈတစ္ခုရရွိႏိုင္ဖို႔အတြက္ဆိုလို႔ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ စာနာစိတ္နဲ႔ သူ႔ဘက္ကိုယ့္ဘက္ ခ်င့္ခ်ိန္သုံးသပ္ စဥ္းစားၿပီးေတာ့မွ ေျပာဆိုလာတဲ့စကားေတြအေပၚမွာ ျပန္ၾကည့္လိုက္ရင္ အေသးစိတ္ျပန္ၾကည့္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ေျပာတာ အကုန္လုံးက ျပန္လည္သင့္ျမတ္ၿပီးေတာ့ အားလုံးက အက်ိဳးရွိေစတဲ့ဟာကို ေျပာဆိုၾကတဲ့အေပၚမွာ ကြၽန္ေတာ္တို႔ဟာ သူမ်ားဘာေျပာေျပာေလ၊ ဒါ ျပန္လည္ သင့္ျမတ္ဖို႔အတြက္ ေျပာဆိုတယ္ဆိုေတာ့ ႏိုင္ငံအတြက္လည္း ေကာင္းတယ္။ တျခားလူေတြအတြက္လည္းေကာင္းတယ္။ သင့္သင့္ျမတ္ျမတ္ရွိမွပဲ ကြၽန္ေတာ္တို႔ တပ္မေတာ္ နဲ႔ ကြၽန္ေတာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ သင့္သင့္ျမတ္ျမတ္ရွိမွပဲ ၿငိမ္းခ်မ္းသြားမွာကိုး။ တည္ၿငိမ္မႈေတြ ရရွိသြားမွာမိုလို႔ သူမ်ားဘာေျပာေျပာ ကြၽန္ေတာ္တို႔က သူတို႔ကိုဘယ္လိုမွမျမင္ဘူး။ သူတို႔ဘယ္လိုပဲ ျမင္ျမင္ ကြၽန္ေတာ္တို႔ကေတာ့ စိတ္သန႔္သန႔္ပဲ သေဘာထားရွိတာေပါ့ေနာ္။ စိတ္ထားရွိပါတယ္။ အဲဒီလိုပဲ ေျပာခ်င္တယ္။

ေမး။ ။ အဲဒီေတာ့ ဖထီးတို႔အခု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔သြားေတြ႕တာနဲ႔ ပတ္သက္ၿပီးေတာ့ KNU ရဲ႕ထုတ္ျပန္ခ်က္ ကို ကြၽန္ေတာ္တို႔ ျပန္ၿပီးေကာက္ခ်က္ခ်ၾကည့္တယ္။ KNU က လက္ရွိ တာဝန္ယူထားသူေတြ အခ်ိဳ႕က မီဒီယာမွာ ထြက္ေျပာတာေတြ ၿခဳံငုံၾကည့္လိုက္တဲ့အခါမွာ ကြၽန္ေတာ္ နားလည္လိုက္တာ တစ္ခုရွိပါတယ္။ အဲဒါဘာလဲဆိုေတာ့ ဖထီးတို႔ရဲ႕ ဒီလိုမ်ိဳးတိုင္းျပည္ၿငိမ္းခ်မ္းေရးအတြက္ လႈပ္ရွားေနတာေတြကို သူတို႔မွာ ေတာ္ေတာ္ေလး ေၾကာက္႐ြံ႕တုန္လႈပ္ေနတဲ့ ပုံေပၚတယ္။ ၿငိမ္းခ်မ္းသြားမွာကို သူတို႔ ေၾကာက္႐ြံ႕တုန္လႈပ္ေနတဲ့ပုံေပၚတယ္ေနာ္။ အဲဒီလို ကြၽန္ေတာ္ေတာ့ ေကာက္ခ်က္ခ်ခ်င္တယ္။ အဲဒီလိုေျပာရင္ ရမလား။ သူတို႔ တုန္လႈပ္ေနတဲ့ပုံေပၚပါတယ္ ခင္ဗ်။

ေျဖ။ ။ အဖြဲ႕အစည္းထဲမွာ ကြၽန္ေတာ္တို႔ အဖြဲ႕အစည္းထဲမွာ လူေတြ အမ်ိဳးမ်ိဳးပါတာကိုး။ တစ္ခ်ိဳ႕တစ္ေလက်ေတာ့ တိုင္းျပည္ၿငိမ္းခ်မ္းသြားတယ္ဆိုလို႔ရွိရင္ သူတို႔ ဘာျဖစ္လို႔ ထိတ္လန႔္ေနလဲ။ ျပန္စဥ္းစားမယ္ဆိုလို႔ရွိရင္ အက်ိဳးစီးပြားနဲ႔ သြားၿပီးေတာ့ ဆက္စပ္ေနမယ္။ စစ္ျဖစ္ေနမွ အက်ိဳးျဖစ္ထြန္းမယ့္လူေတြကေတာ့ သူတို႔ ေတာ္ေတာ္ေလးကို စိုးရိမ္ေနၾကမွာေပါ့။ တကယ္တမ္းက်ေတာ့ ၿငိမ္းခ်မ္းမွပဲ ေကာင္းတဲ့အေပၚမွာ ကြၽန္ေတာ္တို႔ရဲ႕ ေဆာင္႐ြက္မႈ ၿငိမ္းခ်မ္းေအာင္ ေဆာင္႐ြက္ေနမႈကိုေတာ့ သူတို႔ေထာက္ခံသြားမွာပါ။

ေမး။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ကြၽန္ေတာ္ ႏႈိင္းယွဥ္ျပစရာ တစ္ခု ေပၚလာတယ္။ ဖထီးေစာမူတူးေစးဖိုး ဥကၠ႒ တာဝန္ယူ ထားစဥ္ သမၼတႀကီး ဦးသိန္းစိန္ လက္ထက္တုန္းက ကရင္ျပည္နယ္ရဲ႕ ၿငိမ္းခ်မ္းမႈမ်ိဳးဟာ ကြၽန္ေတာ္တို႔ အားလုံးတစ္တိုင္းျပည္လုံးက ဝိုင္းၿပီးေတာ့ ေက်နပ္သေဘာက် ပီတိျဖစ္ရတဲ့ ကိစၥတစ္ခုျဖစ္ခဲ့တယ္။ ဦးသိန္းစိန္အစိုးရအလြန္ ေဒၚေအာင္ဆန္းစုၾကည္အစိုးရၿပီးေတာ့ေနာက္ ၂၀၂၁ အခင္းအက်င္းေပၚလာတဲ့ေနာက္မွာ ကရင္ျပည္နယ္မွာ စစ္မီးေတြ ေတာက္ကုန္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေဘးကေနၾကည့္ၿပီးေတာ့ စိတ္မေကာင္း ျဖစ္ရတယ္။ ဆိုေတာ့ အခု ဖထီးတို႔ ႀကိဳးစားေနတာက ဦးသိန္းစိန္အစိုးရတုန္းက ကရင္ျပည္နယ္ ၿငိမ္းခ်မ္းခဲ့သလိုမ်ိဳး ဖထီးေစာမူတူးေစးဖိုး ဦးေဆာင္ဥကၠ႒ျဖစ္စဥ္က ႀကိဳးစားခဲ့သလိုမ်ိဳးဘဝကို ျပန္ေရာက္ဖို႔ ႀကိဳးစားတယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ အခုလက္ရွိ KNU ရဲ႕ တာဝန္ရွိသူေတြက်ေတာ့ အဲဒီဘဝကို ျပန္သြားမွာကိုစိုးရိမ္ေနပုံရတယ္လို႔ ကြၽန္ေတာ္ေတာ့ ေကာက္ခ်က္ခ်ခ်င္ပါတယ္။ ဆိုေတာ့ ကရင္ျပည္သူလူထုကို အဲဒါကို ရွင္းလင္းတဲ့ Message ေပးလို႔ရမလား။ ျမန္မာတစ္ႏိုင္ငံလုံးကိုေပါ့။

ေျဖ။ ။ ကြၽန္ေတာ္တို႔က ဒီႏိုင္ငံႏွစ္ရွည္လမ်ား စစ္ျဖစ္လာတဲ့အေပၚမွာ ျပည္သူေတြကလည္းဒုကၡေရာက္တယ္။ ႏိုင္ငံကလည္း ခြၽတ္ၿခဳံက်ၿပီးေတာ့မြဲျပာက်ေနကုန္ၿပီ။ အဲဒီအေပၚမွာ ကြၽန္ေတာ္တို႔ကေတာ့ ဒီစစ္ကို အတတ္ႏိုင္ဆုံး ျမန္ျမန္ၿပီးေစခ်င္တယ္။ ရပ္ေစခ်င္တာေပါ့ေနာ္။ ပစ္ခတ္တိုက္ခိုက္မႈေတြကို ေရွာင္ရွားၿပီးေတာ့မွ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတတ္ဖို႔ အတြက္ ေဆာင္႐ြက္ၾကဖို႔လိုအပ္ေနၿပီ။ ဒီေတာ့ ကြၽန္ေတာ္တို႔က အဲဒီလိုမ်ိဳးရည္႐ြယ္ၿပီးေတာ့ အစဥ္တစိုက္လုပ္ခဲ့တယ္။ ဒါကလည္းပဲ အေစာနကတုန္းက ကြၽန္ေတာ္ ေျပာသလိုမ်ိဳး ဒီႏိုင္ငံ ၿငိမ္းခ်မ္းေအာင္ေပါ့ေနာ္။ ေဆာင္႐ြက္သြားလိုစိတ္နဲ႔ ေဆာင္႐ြက္တယ္။ အခု ခရီးစဥ္ဟာလည္းပဲ ေျပာရမယ္ဆိုရင္ အဲဒီရည္႐ြယ္ခ်က္နဲ႔ အစပ်ိဳးလာခဲ့တာမဟုတ္ေပမယ့္လည္းပဲ ဆႏၵက စိတ္ထဲမွာရွိတဲ့အေပၚမွာ ဒီလိုမ်ိဳးလာျခင္းအားျဖင့္ ၿငိမ္းခ်မ္းမႈကို ျပည္တြင္းၿငိမ္းခ်မ္းေစလိုတဲ့ဆႏၵရွိတဲ့အေပၚမွာ ဒီေဆာင္႐ြက္မႈ ဒီလာေရာက္ေတြ႕ဆုံမႈသည္ ဒီၿငိမ္းခ်မ္းေအာင္ျဖစ္ေစႏိုင္တဲ့ လမ္းစျဖစ္သြားေလာက္တဲ့ အေနအထားမ်ိဳး ေရာက္ရွိသြားေစႏိုင္တာေပါ့ေနာ္။ အဲဒီလိုမ်ိဳးပဲကြၽန္ေတာ္တို႔က ဆႏၵကဒီလိုမ်ိဳးၿငိမ္းခ်မ္းေအာင္ေဆာင္႐ြက္လိုေနတာကိုး။ ဒါေၾကာင့္မို႔ ၿငိမ္းခ်မ္းဖို႔အတြက္ အက်ိဳးျဖစ္ေစတဲ့အေပၚမွာ အက်ိဳးကိုလိုလားတဲ့ ၿငိမ္းခ်မ္းေစလိုတဲ့ လူက ဝမ္းေျမာက္ ဝမ္းသာျဖစ္မယ္။ ခုနတုန္းက မၿငိမ္းခ်မ္းဘဲနဲ႔ မၿငိမ္းခ်မ္းရင္ သူတို႔အတြက္ ပိုၿပီးေတာ့ေတာင္ အက်ိဳးရွိေစတဲ့လူေတြကေတာ့ ကြၽန္ေတာ္တို႔ကို အျပစ္အေနနဲ႔ ျမင္မွာေပါ့ေနာ္။ အဲဒီလိုမ်ိဳးပဲ ကြၽန္ေတာ္ျမင္ပါတယ္။

ေမး။ ။ ေနာက္ဆုံးအေနနဲ႔ေတာ့ ေမးခြန္းေတာ့ မဟုတ္ပါဘူး။ ဖထီးအေနနဲ႔ေရာ ဒီကရင္ျပည္နယ္ၿငိမ္းခ်မ္းေရး၊ တစ္တိုင္းျပည္လုံး တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ပတ္သက္ၿပီးေတာ့ ကရင္လူထုတစ္ရပ္လုံးကိုျဖစ္ေစ၊ ျမန္မာႏိုင္ငံမွာရွိတဲ့ တိုင္းရင္းသား အသီးသီးကိုျဖစ္ေစ၊ ျမန္မာႏိုင္ငံသားအားလုံးကိုျဖစ္ေစ ဖထီးတို႔ရဲ႕ တကယ့္ရင္ထဲကဆႏၵနဲ႔ ေျပာခ်င္တဲ့ ဆႏၵက ဘာမ်ားျဖစ္မလဲ ဒါေလးေျပာေပးပါဦး။

ေျဖ။ ။ ကြၽန္ေတာ္တို႔ ေဒသေနျပည္သူလူထုေတြကေတာ့ စစ္ေၾကာင့္ဆင္းရဲမြဲေတကုန္ပါၿပီ။ ၿပီးေတာ့လည္းပဲ စစ္ေၾကာင့္ဘဝပ်က္ေနကုန္ၿပီလို႔ေျပာရင္လည္း မမွားပါဘူး။ ဒါေၾကာင့္မို႔ ဒီစစ္ေတြကိုရပ္ၿပီေတာ့မွ ဒီႏိုင္ငံ ၿငိမ္းခ်မ္းေအာင္ ေဆာင္႐ြက္ဖို႔ ကြၽန္ေတာ္တို႔မွာ ဆႏၵရွိတယ္။ အဲဒီလိုမ်ိဳးျဖစ္ေပၚလာေအာင္လည္း ေဆာင္႐ြက္လိုစိတ္ရွိတယ္။ ဒီလို ကြၽန္ေတာ္တို႔ခ်ည္းပဲေဆာင္႐ြက္လို႔မရတဲ့အေပၚမွာ အမ်ားျပည္သူေတြအတူတကြပါဝင္ၿပီးေတာ့မွ ေဆာင္႐ြက္ဖို႔လိုအပ္တာ ေပါ့ေနာ္။ အဲဒါ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေအာင္ေဆာင္႐ြက္ေနတဲ့ ဦးေဆာင္မႈေပးတဲ့ ေရွ႕ေဆာင္မႈေပးေနတဲ့ ကြၽန္ေတာ္တို႔ရဲ႕ေခါင္းေဆာင္ လူႀကီးေတြရဲ႕ ဆႏၵအတိုင္းအတူတကြ လက္တြဲၿပီးေတာ့ လုပ္ေဆာင္ပါလို႔ေတာ့ ကြၽန္ေတာ္ ဆႏၵျပဳခ်င္တယ္။ ၿပီးေတာ့ ဒီႏိုင္ငံကလည္းပဲ စစ္ေၾကာင့္ ဒုကၡေရာက္ေနၿပီ။ စစ္ေၾကာင့္ ျပည္သူလူထုေတြလည္းပဲ ဒုကၡေရာက္ရွိကုန္ၿပီ။ ဘဝက နိမ့္သထက္ နိမ့္က်ကုန္ၿပီ။ တိုင္းတစ္ပါးကိုလည္း ထြက္ၿပီးေတာ့မွ လုပ္ကိုင္စားေသာက္ေနရတဲ့ ဘဝလိုမ်ိဳးျဖစ္ေနၿပီ။ ၿပီးေတာ့ ဒီႏိုင္ငံကလည္းပဲ အျခားကိုယ့္ထက္ နိမ့္က်တဲ့ ႏိုင္ငံေတြေတာင္မွ ကိုယ့္ကို ေက်ာ္လြန္ၿပီးေတာ့ သာလြန္ၿပီးေတာ့ ေနေန၊ ျဖစ္ေနတဲ့အေျခအေနမ်ိဳးေရာက္ရွိေနၿပီျဖစ္တဲ့အေပၚမွာ ဒါကြၽန္ေတာ္တို႔က ဒီစစ္ကိုရပ္ၿပီးေတာ့ ဖြံ႕ၿဖိဳးတိုးတတ္ေအာင္လုပ္ေဆာင္ဖို႔ လိုတဲ့အေပၚမွာ အားလုံးအတူတကြ လုပ္ဖို႔ပဲ လိုအပ္တယ္။ လိုလို႔ပဲျပည္သူေတြ အတူတကြ ေဆာင္႐ြက္ဖို႔ ဆႏၵျပဳပါတယ္။


ေမး။ ။ ဟုတ္ကဲ့။ အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ ဖထီးကို ေက်းဇူးတင္ပါတယ္ခင္ဗ်။ ဖထီးေျပာခ်င္တာရွိရင္လည္း ေျပာပါ။

ေျဖ။ ။ ေျပာစရာကေတာ့ ေျပာရမယ့္ဟာေတြ အမ်ားႀကီးရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ ေျပာဆိုမႈေတြက စိတ္ခံစားမႈနဲ႔ တခါတေလေျပာလို႔ရွိရင္လည္းပဲ မသင့္တာေတြ ပါသြားမယ္။ ၿပီးေတာ့လည္း စိတ္ခံစားမႈ၊ စိတ္ထဲမွာရွိတဲ့ဟာေတြက ေျပာရမယ္ဆိုလည္း ေျပာလို႔မထြက္တဲ့ အေနအထားမ်ိဳးအထိ ျဖစ္သြားမွာမိုလို႔ နည္းနည္း စဥ္းစားၿပီးေတာ့ ေျပာရတာကိုး။ ဒါေၾကာင့္မို႔ ဒါေတြကို ကြၽန္ေတာ္ကေတာ့ ေျဖႏိုင္တဲ့အဆင့္ ေျပာႏိုင္တဲ့အဆင့္ေလာက္နဲ႔ပဲ ေျပာသြားတာျဖစ္တယ္။ ျပည္သူေတြကေတာ့ ဒုကၡေရာက္ေနပါၿပီ။ ကြၽန္ေတာ္တို႔ေဒသမွာဆိုရင္လည္းပဲ စစ္ေၾကာင့္ ေျပာရမယ္ဆိုရင္ ‌ေျပးေရွာင္ေနရတယ္။ အိုးအိမ္ေတြလည္းပ်က္တယ္။ ေျပးေနရတယ္ဆိုေတာ့ ရွိသမွ်ဟာေတြ အကုန္လုံး ပ်က္စီး ယိုယြင္းကုန္တယ္။ အခုဆိုလို႔ရွိရင္ ေက်း႐ြာေတြ အမ်ားစုဟာ ကြၽန္ေတာ္တို႔ အမ်ားစု ေျပာရမွာေပါ့ေနာ္။ စစ္ျဖစ္တဲ့ေနရာေတြမွာေပါ့။ အဲဒါဆိုလို႔ရွိရင္ စစ္ျဖစ္တဲ့ေနရာ ေက်း႐ြာလူထု အမ်ားစုကေတာ့ ဒုကၡေရာက္ကုန္ၿပီ ျဖစ္တယ္။ ဒါေၾကာင့္မို႔ေရွ႕ဆက္ ဒီလို လူထုေတြ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြကေန လြတ္ကင္းဖို႔အတြက္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ လက္နက္ကိုင္အဖြဲ႕အစည္းေတြ အကုန္လုံးျပန္လည္သင့္ျမတ္ေအာင္ေဆာင္႐ြက္ဖို႔လိုအပ္တယ္။ သင့္ျမတ္ဖို႔အတြက္လည္းပဲ ဒါေတြ႕ဆုံမႈကိုေဆာင္႐ြက္ဖို႔လိုတယ္။ ေတြ႕ဆုံၾကပါလို႔ လက္နက္ကိုင္အဖြဲ႕အစည္းကိုလည္း ေတာင္းဆိုခ်င္တာေပါ့ေနာ္။ အဲဒါ ကြၽန္ေတာ့္ဘက္က ဆႏၵပါ။

Related news

© 2021. All rights reserved.