ကြည့်မြင်တိုင်ညဈေး၌ ဖွင့်လှစ်ရောင်းချသော ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီးနောက် အလောင်းစွန့်ပစ်မှုဖြစ်ပွား

 3608

မြူနစ် (NP News) - အောက်တိုဘာ ၉

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ညဈေး၌ ဖွင့်လှစ်ရောင်းချသည့် ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ပြီးနောက် အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်စဉ်အား သိရှိသည့် သတင်း အရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ညဈေး၌ ဖွင့်လှစ်ရောင်းချနေသည့် “ဇမ္ဗူရာဇ်” ရွှေဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမင်းဇော်ဦးကို ယမန်နေ့(အောက်တိုဘာ ၈ ရက်) ည ၇ နာရီဝန်းကျင်အချိန်တွင် လူတစ်စုက ကားဖြင့် လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။

ဦးမင်းဇော်ဦးသည် ရွှေဆိုင်အား ပိတ်ပြီးနောက် နေအိမ်သို့ပြန်လာစဉ်အချိန်တွင် လူတစ်စု၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကြည့်မြင့်တိုင်ဈေးမှာ ရွှေရောင်းပြီးပြန်လာတာ လမ်းထိပ်အရောက်မှာ ကိုမင်းဇော်ဦးကို အတင်းခေါ်သွားပါတယ်။ အဲဒီကားကို ညကတော့လိုက်ရှာတာပဲ အစအန မရခဲ့ဘူး။ ဒီမနက်မှာ ကိုမင်းဇော်ဦးကို နှစ်မိုင်မှာ သတ်ပြီးတော့ ထားခဲ့တာ။ ရွှေပိသာချိန် တစ်ပိသာကျော်နဲ့ ငွေသိန်း ၅ဝ ကျော်၊ နောက်ပြီး အိမ်ဂရမ်၊ ဝိုင်းဂရမ်၊ တိုက်ခန်းဂရမ်နဲ့ ကားသော့တွေကို ပါ သွားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် “ဇမ္ဗူရာဇ်” ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး၏ ရုပ်အလောင်းကို ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း နှစ်မိုင်အနီး၌ ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။

Zawgyi Version;
ၾကည့္ျမင္တိုင္ညေဈး၌ ဖြင့္လွစ္ေရာင္းခ်ေသာ ေ႐ႊဆိုင္ပိုင္ရွင္ကို လူတစ္စုက ကားျဖင့္ ဖမ္းဆီးေခၚေဆာင္ သတ္ျဖတ္ၿပီးေနာက္ အေလာင္းစြန႔္ပစ္မႈျဖစ္ပြား
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၉

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ ညေဈး၌ ဖြင့္လွစ္ေရာင္းခ်သည့္ ေ႐ႊဆိုင္ပိုင္ရွင္ကို လူတစ္စုက ကားျဖင့္ ဖမ္းဆီးေခၚေဆာင္သတ္ျဖတ္ၿပီးေနာက္ အေလာင္းစြန႔္ပစ္မႈျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္စဥ္အား သိရွိသည့္ သတင္း အရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ညေဈး၌ ဖြင့္လွစ္ေရာင္းခ်ေနသည့္ “ဇမၺဴရာဇ္” ေ႐ႊဆိုင္မွ ပိုင္ရွင္ျဖစ္သူ ဦးမင္းေဇာ္ဦးကို ယမန္ေန႔(ေအာက္တိုဘာ ၈ ရက္) ည ၇ နာရီဝန္းက်င္အခ်ိန္တြင္ လူတစ္စုက ကားျဖင့္ လာေရာက္ကာ ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ ေၾကာင္း သိရသည္။

ဦးမင္းေဇာ္ဦးသည္ ေ႐ႊဆိုင္အား ပိတ္ၿပီးေနာက္ ေနအိမ္သို႔ျပန္လာစဥ္အခ်ိန္တြင္ လူတစ္စု၏ ဖမ္းဆီးေခၚေဆာင္ သြားျခင္းကို ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ၾကည့္ျမင့္တိုင္ေဈးမွာ ေ႐ႊေရာင္းၿပီးျပန္လာတာ လမ္းထိပ္အေရာက္မွာ ကိုမင္းေဇာ္ဦးကို အတင္းေခၚသြားပါတယ္။ အဲဒီကားကို ညကေတာ့လိုက္ရွာတာပဲ အစအန မရခဲ့ဘူး။ ဒီမနက္မွာ ကိုမင္းေဇာ္ဦးကို ႏွစ္မိုင္မွာ သတ္ၿပီးေတာ့ ထားခဲ့တာ။ ေ႐ႊပိသာခ်ိန္ တစ္ပိသာေက်ာ္နဲ႔ ေငြသိန္း ၅ဝ ေက်ာ္၊ ေနာက္ၿပီး အိမ္ဂရမ္၊ ဝိုင္းဂရမ္၊ တိုက္ခန္းဂရမ္နဲ႔ ကားေသာ့ေတြကို ပါ သြားတယ္” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ထိုသို႔ဖမ္းဆီးေခၚေဆာင္ခံရၿပီးေနာက္ “ဇမၺဴရာဇ္” ေ႐ႊဆိုင္ပိုင္ရွင္ ဦးမင္းေဇာ္ဦး၏ ႐ုပ္အေလာင္းကို ယေန႔ (ေအာက္တိုဘာ ၉ ရက္) နံနက္ပိုင္းတြင္ ရန္ကုန္-မႏၲေလးအျမန္လမ္း ႏွစ္မိုင္အနီး၌ ျပန္လည္ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ကလည္း တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေပ။

Related news

© 2021. All rights reserved.