ဦးမိုးမြင့်ထွန်းနှင့် ဦးရန်နောင်စိုးတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

4378

မျိုးကြီး (NP News) - အောက်တိုဘာ ၁ဝ
တပ်ချုပ်၏ လူယုံဟု လူသိများသော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နှင့် ဗိုလ်ချုပ်ရန်နောင်စိုးတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုး တို့ကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ်လိုက် ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၁ဝ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် နစကအဖွဲ့ဝင်၊ MIC ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စသောတာဝန်များကို ထမ်းဆောင်စဉ် နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်ဟု နစကမှ ဆိုသည်။
ထို့ပြင် နိုင်ငံတော်အစိုးရက စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများကို ဗဟိုဘဏ်က ရည်ညွန်းဈေးနှုန်းဖြင့် ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း ရည်ညွန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကို သိပါလျက် အရေးယူဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းအနေဖြင့် ပျက်ကွက်ခဲ့သည့်အပြင် ပတ်သက်ဆောင်ရွက်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
အလားတူ ကုမ္ပဏီများက ပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြုကာ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု နစကမှ ဆိုသည်။
ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းအား သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးနောက် (၂ဝ)နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ချမှတ်ခဲ့သည်ဟု နစကမှ အသိပေးကြေညာထားသည်။
အလားတူ ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးသည်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတာ်၏ စီးပွားရေးဆိုင်ရာ မူဝါဒနှင့်ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူဆောင်ရွက်ခဲ့သည်ဟု နစကမှ ထပ်မံ အသိပေးထားသည်။
ထို့ပြင် ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးသည် နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်ကာ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့်အတူ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ပူးပေါင်းကျူးလွန်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးအနေဖြင့် ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခြင်း၊ လုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် ကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြား ချက်များကို ဖောက်ဖျက်ကာ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးကို သက်ဆိုင်ရာဥပဒပုဒ်များဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးနောက် (၂ဝ)နှစ် ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို ချမှတ်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရလက်ထက်တွင် တပ်မတော်ပိုင်းဆိုင်ရာအကြီးအကဲများကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ပြင်းထန်စွာအရေးယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

Zawgyi Version;
ဦးမိုးျမင့္ထြန္းႏွင့္ ဦးရန္ေနာင္စိုးတို႔ကို ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ခ်မွတ္
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၁ဝ
တပ္ခ်ဳပ္၏ လူယုံဟု လူသိမ်ားေသာ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း ႏွင့္ ဗိုလ္ခ်ဳပ္ရန္ေနာင္စိုးတို႔ကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈျဖင့္ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ေဟာင္း)မိုးျမင့္ထြန္းႏွင့္ ဗိုလ္မႉးခ်ဳပ္(ေဟာင္း)ရန္ေနာင္စိုး တို႔ကို စစ္တရား႐ုံးျဖင့္ စစ္ေဆးစီရင္ၿပီး ျပစ္ဒဏ္အသီးသီးခ်မွတ္လိုက္ ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔(ေအာက္တိုဘာ ၁ဝ ရက္) ညပိုင္းတြင္ သတင္းထုတ္ျပန္လိုက္သည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္းသည္ နစကအဖြဲ႕ဝင္၊ MIC ဥကၠ႒၊ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီဥကၠ႒ စေသာတာဝန္မ်ားကို ထမ္းေဆာင္စဥ္ ႏိုင္ငံေတာ္၏ ႏိုင္ငံျခားသုံးေငြဆိုင္ရာမူဝါဒ၊ အေရးႀကီးကုန္စည္ဆိုင္ရာမူဝါဒႏွင့္ အျခားစီးပြားေရးဆိုင္ရာမူဝါဒမ်ားကို ဆန႔္က်င္ကာ ပုဂၢိဳလ္ေရးအက်ိဳးအျမတ္ရယူၿပီး ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈကို က်ဴးလြန္ခဲ့သည္ဟု နစကမွ ဆိုသည္။
ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရက စားအုန္းဆီမ်ားကို တင္သြင္းရန္ သတ္မွတ္ရာခိုင္ႏႈန္းအတြက္ က်သင့္ေဒၚလာမ်ားကို ဗဟိုဘဏ္က ရည္ၫြန္းေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးကာ တင္သြင္းေစခဲ့ေသာ္လည္း ရည္ၫြန္းေဈးႏႈန္းထက္ ေဈးတင္ေရာင္းခ်ျခင္းကို သိပါလ်က္ အေရးယူေဆာင္႐ြက္ရန္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ေဟာင္း)မိုးျမင့္ထြန္းအေနျဖင့္ ပ်က္ကြက္ခဲ့သည့္အျပင္ ပတ္သက္ေဆာင္႐ြက္ခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
အလားတူ ကုမၸဏီမ်ားက ေပးအပ္သည့္ တံစိုးလက္ေဆာင္ပစၥည္းမ်ားကို ရာထူးလုပ္ပိုင္ခြင့္ကိုအသုံးျပဳကာ ရယူေဆာင္႐ြက္ခဲ့ျခင္း၊ ႏိုင္ငံျခားသုံးေငြမ်ားကို တရားမဝင္ လက္ဝယ္ထားရွိျခင္း၊ စစ္စည္းကမ္းဆိုင္ရာၫႊန္ၾကားခ်က္မ်ားကို ေဖာက္ဖ်က္၍ အရပ္ဘက္ စီးပြားေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ခဲ့သည္ဟု နစကမွ ဆိုသည္။
ထို႔ေၾကာင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ေဟာင္း)မိုးျမင့္ထြန္းအား သက္ဆိုင္ရာဥပေဒပုဒ္မမ်ားျဖင့္ စြဲခ်က္တင္ကာ စစ္တရား႐ုံးျဖင့္ စစ္ေဆးစီရင္ၿပီးေနာက္ (၂ဝ)ႏွစ္ကာလႏွင့္ညီမွ်ေသာ တစ္သက္တစ္ကြၽန္းျပစ္ဒဏ္ကို ခ်မွတ္ခဲ့သည္ဟု နစကမွ အသိေပးေၾကညာထားသည္။
အလားတူ ဗိုလ္မႉးခ်ဳပ္(ေဟာင္း)ရန္ေနာင္စိုးသည္လည္း ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေရးဗဟိုေကာ္မတီ တြဲဖက္အတြင္းေရးမႉး တာဝန္ထမ္းေဆာင္စဥ္ ႏိုင္ငံတာ္၏ စီးပြားေရးဆိုင္ရာ မူဝါဒႏွင့္ဆန႔္က်င္ကာ ပုဂၢိဳလ္ေရး အက်ိဳးအျမတ္ရယူေဆာင္႐ြက္ခဲ့သည္ဟု နစကမွ ထပ္မံ အသိေပးထားသည္။
ထို႔ျပင္ ဗိုလ္မႉးခ်ဳပ္(ေဟာင္း)ရန္ေနာင္စိုးသည္ ႏိုင္ငံျခားသုံးေငြဆိုင္ရာမူဝါဒ၊ အေရးႀကီးကုန္စည္ဆိုင္ရာမူဝါဒႏွင့္ အျခားစီးပြားေရးဆိုင္ရာမူဝါဒမ်ားကို ဆန႔္က်င္ကာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ေဟာင္း)မိုးျမင့္ထြန္းႏွင့္အတူ ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈကို ပူးေပါင္းက်ဴးလြန္ခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
ဗိုလ္မႉးခ်ဳပ္(ေဟာင္း)ရန္ေနာင္စိုးအေနျဖင့္ ရာထူးလုပ္ပိုင္ခြင့္ကို အသုံးျပဳကာ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ႏိုင္ငံျခားေငြႏွင့္ ျမန္မာက်ပ္ေငြမ်ားကို လဲလွယ္ေပးျခင္း၊ လုပ္ငန္းရွင္မ်ားထံမွ ႏိုင္ငံျခားေငြႏွင့္ က်ပ္ေငြမ်ားကို လက္ခံရယူခဲ့ျခင္း၊ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ေဟာင္း)မိုးျမင့္ထြန္းႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေပးျခင္း၊ ႏိုင္ငံျခားေငြမ်ားကို တရားမဝင္လက္ဝယ္ထားရွိျခင္း၊ စစ္စည္းကမ္းဆိုင္ရာ ၫႊန္ၾကား ခ်က္မ်ားကို ေဖာက္ဖ်က္ကာ အရပ္ဘက္စီးပြားေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဗိုလ္မႉးခ်ဳပ္(ေဟာင္း)ရန္ေနာင္စိုးကို သက္ဆိုင္ရာဥပဒပုဒ္မ်ားျဖင့္ စြဲခ်က္တင္ကာ စစ္တရား႐ုံးျဖင့္ စစ္ေဆးစီရင္ၿပီးေနာက္ (၂ဝ)ႏွစ္ ကာလႏွင့္ညီမွ်ေသာ တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္ကို ခ်မွတ္ခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရလက္ထက္တြင္ တပ္မေတာ္ပိုင္းဆိုင္ရာအႀကီးအကဲမ်ားကို ႏိုင္ငံေတာ္သစၥာေဖာက္ဖ်က္မႈျဖင့္ ျပင္းထန္စြာအေရးယူျခင္းမွာ ယခုအႀကိမ္သည္ ပထမဆုံးအႀကိမ္လည္း ျဖစ္သည္။