“ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခဖြစ်ရခြင်း” (ဘာသာပြန်ဆောင်းပါး)

 2445

Htay Oung (NP News) - အောက်တိုဘာ ၁၁

ယခုရက်ပိုင်းအတွင်း ဟားမတ်စ်-အစ္စရေး စစ်ပွဲဟာ အရှိန်မြင့်တက်လာတဲ့အတွက် ပါလက်စတိုင်း မြေပေါ်မှာ မွတ်စလင်နိုင်ငံများက တစ်ဖက်၊ ခရစ်ယာန်ဘာသာဝင်များက တစ်ဖက် “ခရူးဆိတ်စစ်ပွဲ” အသွင် ကမ္ဘာစစ်ဖြစ်လိမ့်မယ်လို့ မှန်းဆပြောဆိုမှုများ တွေ့နေရပါတယ်။

ဂျူးတွေကို ပါလက်စတိုင်းတို့က စစ်တိုက်တိုင်း ကမ္ဘာ့ခရစ်ယာန်နိုင်ငံတွေက ဝိုင်းကူကြေးဆို ၁၉၄၈ ခုနှစ် မေလ ၁၄ ရက် လွတ်လပ်တဲ့နိုင်ငံထူထောင်ကြောင်းကြေညာတဲ့ အစ္စရေးကို ပါလက်စတိုင်းတို့နဲ့ ဒေသတွင်း အာရပ်နိုင်ငံများက ဝိုင်းဝန်းတိုက်ခိုက်တဲ့ ပထမအကြိမ် အာရပ်-အစ္စရေးပဋိပက္ခကတည်းက ဒုတိယကမ္ဘာစစ်နဲ့ (၂)နှစ်ကျော်ခြားပြီး တတိယကမ္ဘာစစ် ဖြစ်ရောပေါ့။ နောက်တစ်ချက်က ဂျူးတို့ဟာ ခရစ်ယာန်ဘာသာဝင်များ မဟုတ်ဘဲ ဂျုးဒစ်ဘာသာဝင်တွေ ဖြစ်နေပါတယ်။

တကယ်တော့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ပဋိပက္ခဖြစ်လာခဲ့တာ ၁၉ ရာစုနှစ်နှောင်းပိုင်း ကတည်းက ဖြစ်ပါတယ်။ ဘာသာရေးကြောင့် မဟုတ်ပဲ မွေးရပ်ဇာတိ ပါလက်စတိုင်းမြေပေါ်မှာ ဂျူးနိုင်ငံတည်ထောင်ရေး “ဇီယွန်ဝါဒ” နဲ့ အတ္တလန်တိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာအထိ တစ်ခုတည်းသော လူ့အဖွဲ့အစည်း ထူထောင်ရေး “အာရပ်အမျိုးသားရေးဝါဒ” တို့အတွက် အချုပ်အချာအာဏာပိုင်နယ်မြေရရှိရေးတို့ ထိပ်တိုက်တွေ့ကြခြင်းဖြစ်ပါတယ်။

ပထမကမ္ဘာစစ်ဖြစ်ပွားနေစဉ် အီတလီ-ဂျာမနီတို့ ဝင်ရိုးတန်းနိုင်ငံတို့နဲ့ တူရကီဟာ မဟာမိတ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီအချက်ကို မြေခွေးချောင်း ချောင်းနေတဲ့ အင်္ဂလိပ်တို့က တူရကီရဲ့ အော်တိုမန်အင်ပါယာကို စစ်ကြေညာပြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မြန်မာပြည်က အရပ်ဘက် အရေးပိုင် အင်္ဂလိပ်လူမျိုး မောရစ်ကောလစ်နဲ့ သခင်ဖိုးလှကြီးတို့ စစ်မှုထမ်းများအဖြစ် ရောက်ရှိခဲ့တယ်ဆိုတဲ့ တူရကီပိုင် မက်ဆိုပိုတေးမီးယားဟာ မျက်မှောက်ခေတ် အီရန်၊ ကူဝိတ်၊ ဆီးရီးယားနဲ့ လက်ဘနွန်အထိ ဒေသတစ်ခုလုံးကို ဆိုလိုပါတယ်။

တူရကီနဲ့ စစ်ပွဲမှာ မွတ်စလင်မဟုတ်သူ ဂျူးတို့ရဲ့ အကူအညီကို ရယူဖို့အတွက် ပါလက်စတိုင်းမြေမှာ ဂျုးတို့အတွက် နိုင်ငံထူထောင်ရေးကို ထောက်ခံကြောင်း ဗြိတိသျှတို့ရဲ့ ၁၉၁၇ ခုနှစ် ဘဲလ်ဖိုးကြေညာချက်ဟာ ယခု သွေးချောင်းစီးစစ်ပွဲများအတွက် ဇာတ်ညွှန်းနိဒါန်းပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး “လွတ်လပ်ရေးပေးရတော့မယ့် အိန္ဒိယဟာ ဟိန္ဒူတွေအတွက်လား မွတ်စလင်တွေအတွက်လား”လို့ ဗြိတိသျှစစ်သေနာပတိ မောင့်ဘက်တန်ရဲ့ နှပ်ကြောင်းပေး စကားတစ်ခွန်းတည်းနဲ့တင် အိန္ဒိယတိုက်ငယ်မှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်၊ တစ်ရက်တည်း လူပေါင်း ထောင်ချီသေဆုံး၊ အိန္ဒိယ-ပါကစ္စတန်အဖြစ် နှစ်နိုင်ငံကွဲကြ၊ ဒီနေ့ သွေးချောင်းစီး တိုက်ပွဲများ မပြီးဆုံးနိုင်သေးသလိုပါပဲ ဘဲလ်ဖိုးကြေညာချက်ဟာ ပထဝီဝင်အားဖြင့် Levant “လက်ဗင့်” ခေါ် မြေထဲပင်လယ်ကို မေးတင်လျက်ရှိတဲ့ အာရှတိုက်အနောက်ဖျားဒေသမှာ နှစ်ပေါင်းရာချီ အေးချမ်းစွာ အတူနေခဲ့ကြသူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရအောင် ဖြစ်သွားရပါတယ်။ အဲဒီ အကျိတ်အခဲဟာ ၁၉၂ဝ ခုနှစ် ပြင်သစ်-ဆီးရီးယားစစ်ပွဲအပြီး အာရပ်အမျိုးသားရေးဝါဒ ခေတ်စားလာခြင်းနဲ့အတူ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ကိုယ်ထိလက်ရောက် အကြမ်းဖက်ကြဖို့ ဖြစ်လာပြီး နောက်ပိုင်းမှာ အာရပ်-အစ္စရေး ပဋိပက္ခအဖြစ် ကျယ်ပြန့်သွားပါတယ်။

ပါလက်စတိုင်းခေါင်းဆောင်တို့ရဲ့ အမျိုးသားရေးအမြင်မှာ ဒေသအတွင်း အခြေချလာတဲ့ ဂျုးတို့ကို တစ်ခုတည်းသော ရန်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်ကတည်းက ဂျေရုဆလင်မှာ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလာတဲ့အတွက် ၁၉၂၁ ခုနှစ် ဂျက်ဖာမှာ ဂျုးတို့က သူတို့ရဲ့ ကိုယ်ပိုင်တည်ထောင်လာတဲ့ “ဟာဂန်နတ်” အရံတပ်ဖွဲကို အင်္ဂလိပ်အလိုတော်ရိများအဖြစ် ပါလက်စတိုင်းတို့က ရှုမြင်ပါတယ်။

၁၉၂၉ ခုနှစ် နှစ်ဖက် လူတစ်ရာကျော်စီသေဆုံးရတဲ့ အဓိကရုဏ်းများအပြီး ဟီဗရွန်နဲ့ ဂါဇာကမ်းမြှောင်မှ ဂျူး လူမျိုးများ ထွက်ပြေးရခြင်း၊ အဲဒီဒေသဟာ ပါလက်စတိုင်းချည်း သီးသန့်နေထိုင်ကြသလို ဖြစ်သွားပါတယ်။ ၁၉၃၆-၁၉၃၉ ခုနှစ် ပါလက်စတိုင်း အာရပ်တော်လှန်ရေးဟာ အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးမှ ဂျူးမောင်းထုတ်ရေး အာရပ် အမျိုးသားရေးဝါဒီ စစ်သွေးကြွများစွာကို ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ပါလက်စတိုင်းဒေသကို တရားဝင်အုပ်ချုပ်ခွင့်ရနေတဲ့ ဗြိတိသျှတို့ကလည်း နှစ်ဖက်စလုံးကို သွေးထွက်သံယို ဖြိုခွင်းခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် အစပိုင်းအထိ ကြိုကြားဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ အသေအပျောက် ၅,၀၀၀ ခန့်အထိရှိခဲ့ပြီး အများစုမှာ အာရပ်ဘက်မှဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန် ပါလက်စတိုင်းရဲ့ အခြေအနေများဟာ ယာယီ ငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ အစုအပုံလိုက် အသတ်ခံလိုက်ရတဲ့ ဂျူးတွေဟာ ပါလက်စတိုင်းဒေသအတွင်း တိုး၀င်လာခြင်းနဲ့ အတူ တင်းမာမှုများပြန်လည်ပေါ်ပေါက်ခဲ့ပါတယ်။ အင်္ဂလိပ်တို့က လူဝင်မှုခွဲတမ်းသတ်မှတ်ပေးနေသည့် တိုင် ခိုးဝင်မှုများ ခပ်စိတ်စိတ်ဖြစ်လာခြင်းနဲ့အတူ ဗြိတိသျှဆန့်ကျင်ရေး ဇီယွန်သူပုန်ထမှု ပေါ်ပေါက်ခဲ့ ပါတယ်။

အုပ်ချုပ်စောင့်ရှောက်ခွင့်ရသူ ဗြိတိသျှစစ်တပ်များ ပါလက်စတိုင်းမှထွက်ခွာပြီး နောက်တစ်နေ့မှာ လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင် အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေညာတဲ့ ဂျူးတို့ကို ပါလက်စတိုင်းတို့နဲ့ ဒေသတွင်း အာရပ်နိုင်ငံ ၇ နိုင်ငံက ဝိုင်း၀န်းတိုက်ခိုက်ခြင်းဖြင့် ပထမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။

၁၉၉၅ ခုနှစ် အစ္စရေးမှာ ဂါဇာကမ်းမြှောင်တစ်ဝိုက်ကိုဝိုင်းပတ်ပြီး အီလက်ထရွန်နစ် ခြံစည်းရိုးနဲ့ ကွန်ကရစ်တံတိုင်းကို တည်ဆောက်ခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ နယ်မြေတစ်ခုလုံးမှာ အစ္စရေးက (၇၈)ရာခိုင်နှုန်း ချုပ်ကိုင်ထားပြီး ပါလက်စတိုင်းတို့အတွက် (၂၂)ရာခိုင်နှုန်းသာ ကျန်ပါတော့တယ်။

အစ္စရေးနိုင်ငံ ထူထောင်ချိန်မှစတင်ပြီး အာရပ်တို့နဲ့ ၁၄ ကြိမ်တိုင်တိုင် အတိအလင်းစစ်ခင်းခဲ့ရပြီး အဲဒီအထဲမှာ ပါလက်စတိုင်းတို့နဲ ၆ ကြိမ် ရှိခဲ့ပါတယ်။ အဲဒီ ၆ ကြိမ်အနက် ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၄ နဲ့ ၂၀၂၁ ခုနှစ်တို့မှာဖြစ်ပွားတဲ့ (၄)ကြိမ်ဟာ ယခု ဟားမတ်စ်တို့ စစ်ဆင်ရေး ဗဟိုပြုရာ ဂါဇာကမ်းမြှောင်အတွင်း ဖြစ်ပါတယ်။ ကလေးငယ်များအပါအဝင် ပါလက်စတိုင်းထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်းများနဲ့ ရုံးအဆောက်အအုံများလည်း ပျက်စီးခဲ့ပါတယ်။ ပါလက်စတိုင်း သံမဏိနဲ့ ဘိလပ်မြေတို့လို ဆောက်လုပ်ရေးပစ္စည်းများကို ဂါဇာကမ်းမြောင်သို့ မရောက်အောင် တားဆီးထားတဲ့ အတွက် ပြန်လည်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အမှန်စင်စစ် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ဟားမတ်စ်-အစ္စရေး စစ်ပွဲဟာ ယေရှု့ခရစ်တော် ဖွားမြင်တော် မမူခင်ကတည်းက ရှိနေခဲ့တဲ့ ပါလက်စတိုင်းပဋိပက္ခများမှ အခြေခံပါတယ်။ ကာလရှည် အတူထားခဲ့ကြတဲ့ လောင်စာနှစ်ခုအကြား တစ်ဖြည်းဖြည်း အပူရှိန်တိုးမြင့်လာခြင်းကြောင့်ဖြစ်ပါတယ်။

zawgyi version
“ပါလက္စတိုင္း - အစၥေရး ပဋိပကၡျဖစ္ရျခင္း” (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေအာက္တိုဘာ ၁၁

ယခုရက္ပိုင္းအတြင္း ဟားမတ္စ္-အစၥေရး စစ္ပြဲဟာ အရွိန္ျမင့္တက္လာတဲ့အတြက္ ပါလက္စတိုင္း ေျမေပၚမွာ မြတ္စလင္ႏိုင္ငံမ်ားက တစ္ဖက္၊ ခရစ္ယာန္ဘာသာဝင္မ်ားက တစ္ဖက္ “ခ႐ူးဆိတ္စစ္ပြဲ” အသြင္ ကမာၻစစ္ျဖစ္လိမ့္မယ္လို႔ မွန္းဆေျပာဆိုမႈမ်ား ေတြ႕ေနရပါတယ္။

ဂ်ဴးေတြကို ပါလက္စတိုင္းတို႔က စစ္တိုက္တိုင္း ကမာၻ႔ခရစ္ယာန္ႏိုင္ငံေတြက ဝိုင္းကူေၾကးဆို ၁၉၄၈ ခုႏွစ္ ေမလ ၁၄ ရက္ လြတ္လပ္တဲ့ႏိုင္ငံထူေထာင္ေၾကာင္းေၾကညာတဲ့ အစၥေရးကို ပါလက္စတိုင္းတို႔နဲ႔ ေဒသတြင္း အာရပ္ႏိုင္ငံမ်ားက ဝိုင္းဝန္းတိုက္ခိုက္တဲ့ ပထမအႀကိမ္ အာရပ္-အစၥေရးပဋိပကၡကတည္းက ဒုတိယကမာၻစစ္နဲ႔ (၂)ႏွစ္ေက်ာ္ျခားၿပီး တတိယကမာၻစစ္ ျဖစ္ေရာေပါ့။ ေနာက္တစ္ခ်က္က ဂ်ဴးတို႔ဟာ ခရစ္ယာန္ဘာသာဝင္မ်ား မဟုတ္ဘဲ ဂ်ဳးဒစ္ဘာသာဝင္ေတြ ျဖစ္ေနပါတယ္။

တကယ္ေတာ့ အစၥေရးနဲ႔ ပါလက္စတိုင္းတို႔အၾကား ပဋိပကၡျဖစ္လာခဲ့တာ ၁၉ ရာစုႏွစ္ေႏွာင္းပိုင္း ကတည္းက ျဖစ္ပါတယ္။ ဘာသာေရးေၾကာင့္ မဟုတ္ပဲ ေမြးရပ္ဇာတိ ပါလက္စတိုင္းေျမေပၚမွာ ဂ်ဴးႏိုင္ငံတည္ေထာင္ေရး “ဇီယြန္ဝါဒ” နဲ႔ အတၱလန္တိတ္သမုဒၵရာမွ အိႏၵိယသမုဒၵရာအထိ တစ္ခုတည္းေသာ လူ႔အဖြဲ႕အစည္း ထူေထာင္ေရး “အာရပ္အမ်ိဳးသားေရးဝါဒ” တို႔အတြက္ အခ်ဳပ္အခ်ာအာဏာပိုင္နယ္ေျမရရွိေရးတို႔ ထိပ္တိုက္ေတြ႕ၾကျခင္းျဖစ္ပါတယ္။

ပထမကမာၻစစ္ျဖစ္ပြားေနစဥ္ အီတလီ-ဂ်ာမနီတို႔ ဝင္႐ိုးတန္းႏိုင္ငံတို႔နဲ႔ တူရကီဟာ မဟာမိတ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ အဲဒီအခ်က္ကို ေျမေခြးေခ်ာင္း ေခ်ာင္းေနတဲ့ အဂၤလိပ္တို႔က တူရကီရဲ႕ ေအာ္တိုမန္အင္ပါယာကို စစ္ေၾကညာၿပီး ႐ုတ္တရက္ ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ျမန္မာျပည္က အရပ္ဘက္ အေရးပိုင္ အဂၤလိပ္လူမ်ိဳး ေမာရစ္ေကာလစ္နဲ႔ သခင္ဖိုးလွႀကီးတို႔ စစ္မႈထမ္းမ်ားအျဖစ္ ေရာက္ရွိခဲ့တယ္ဆိုတဲ့ တူရကီပိုင္ မက္ဆိုပိုေတးမီးယားဟာ မ်က္ေမွာက္ေခတ္ အီရန္၊ ကူဝိတ္၊ ဆီးရီးယားနဲ႔ လက္ဘႏြန္အထိ ေဒသတစ္ခုလုံးကို ဆိုလိုပါတယ္။

တူရကီနဲ႔ စစ္ပြဲမွာ မြတ္စလင္မဟုတ္သူ ဂ်ဴးတို႔ရဲ႕ အကူအညီကို ရယူဖို႔အတြက္ ပါလက္စတိုင္းေျမမွာ ဂ်ဳးတို႔အတြက္ ႏိုင္ငံထူေထာင္ေရးကို ေထာက္ခံေၾကာင္း ၿဗိတိသွ်တို႔ရဲ႕ ၁၉၁၇ ခုႏွစ္ ဘဲလ္ဖိုးေၾကညာခ်က္ဟာ ယခု ေသြးေခ်ာင္းစီးစစ္ပြဲမ်ားအတြက္ ဇာတ္ၫႊန္းနိဒါန္းပဲ ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အၿပီး “လြတ္လပ္ေရးေပးရေတာ့မယ့္ အိႏၵိယဟာ ဟိႏၵဴေတြအတြက္လား မြတ္စလင္ေတြအတြက္လား”လို႔ ၿဗိတိသွ်စစ္ေသနာပတိ ေမာင့္ဘက္တန္ရဲ႕ ႏွပ္ေၾကာင္းေပး စကားတစ္ခြန္းတည္းနဲ႔တင္ အိႏၵိယတိုက္ငယ္မွာ ဘာသာေရးအဓိက႐ုဏ္းေတြျဖစ္၊ တစ္ရက္တည္း လူေပါင္း ေထာင္ခ်ီေသဆုံး၊ အိႏၵိယ-ပါကစၥတန္အျဖစ္ ႏွစ္ႏိုင္ငံကြဲၾက၊ ဒီေန႔ ေသြးေခ်ာင္းစီး တိုက္ပြဲမ်ား မၿပီးဆုံးႏိုင္ေသးသလိုပါပဲ ဘဲလ္ဖိုးေၾကညာခ်က္ဟာ ပထဝီဝင္အားျဖင့္ Levant “လက္ဗင့္” ေခၚ ေျမထဲပင္လယ္ကို ေမးတင္လ်က္ရွိတဲ့ အာရွတိုက္အေနာက္ဖ်ားေဒသမွာ ႏွစ္ေပါင္းရာခ်ီ ေအးခ်မ္းစြာ အတူေနခဲ့ၾကသူအခ်င္းခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္မရေအာင္ ျဖစ္သြားရပါတယ္။ အဲဒီ အက်ိတ္အခဲဟာ ၁၉၂ဝ ခုႏွစ္ ျပင္သစ္-ဆီးရီးယားစစ္ပြဲအၿပီး အာရပ္အမ်ိဳးသားေရးဝါဒ ေခတ္စားလာျခင္းနဲ႔အတူ လူ႔အဖြဲ႕အစည္း ႏွစ္ရပ္အၾကား ကိုယ္ထိလက္ေရာက္ အၾကမ္းဖက္ၾကဖို႔ ျဖစ္လာၿပီး ေနာက္ပိုင္းမွာ အာရပ္-အစၥေရး ပဋိပကၡအျဖစ္ က်ယ္ျပန္႔သြားပါတယ္။

ပါလက္စတိုင္းေခါင္းေဆာင္တို႔ရဲ႕ အမ်ိဳးသားေရးအျမင္မွာ ေဒသအတြင္း အေျခခ်လာတဲ့ ဂ်ဳးတို႔ကို တစ္ခုတည္းေသာ ရန္သူအျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ၁၉၂၀ ခုႏွစ္ကတည္းက ေဂ်႐ုဆလင္မွာ အဓိက႐ုဏ္းမ်ား ဆက္တိုက္ျဖစ္ပြားလာတဲ့အတြက္ ၁၉၂၁ ခုႏွစ္ ဂ်က္ဖာမွာ ဂ်ဳးတို႔က သူတို႔ရဲ႕ ကိုယ္ပိုင္တည္ေထာင္လာတဲ့ “ဟာဂန္နတ္” အရံတပ္ဖြဲကို အဂၤလိပ္အလိုေတာ္ရိမ်ားအျဖစ္ ပါလက္စတိုင္းတို႔က ရႈျမင္ပါတယ္။

၁၉၂၉ ခုႏွစ္ ႏွစ္ဖက္ လူတစ္ရာေက်ာ္စီေသဆုံးရတဲ့ အဓိက႐ုဏ္းမ်ားအၿပီး ဟီဗ႐ြန္နဲ႔ ဂါဇာကမ္းေျမႇာင္မွ ဂ်ဴး လူမ်ိဳးမ်ား ထြက္ေျပးရျခင္း၊ အဲဒီေဒသဟာ ပါလက္စတိုင္းခ်ည္း သီးသန္႔ေနထိုင္ၾကသလို ျဖစ္သြားပါတယ္။ ၁၉၃၆-၁၉၃၉ ခုႏွစ္ ပါလက္စတိုင္း အာရပ္ေတာ္လွန္ေရးဟာ အေရွ႕အလယ္ပိုင္းေဒသ တစ္ခုလုံးမွ ဂ်ဴးေမာင္းထုတ္ေရး အာရပ္ အမ်ိဳးသားေရးဝါဒီ စစ္ေသြးႂကြမ်ားစြာကို ဆြဲေဆာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္ ပါလက္စတိုင္းေဒသကို တရားဝင္အုပ္ခ်ဳပ္ခြင့္ရေနတဲ့ ၿဗိတိသွ်တို႔ကလည္း ႏွစ္ဖက္စလုံးကို ေသြးထြက္သံယို ၿဖိဳခြင္းခဲ့ပါတယ္။

ဒုတိယကမာၻစစ္ အစပိုင္းအထိ ႀကိဳၾကားျဖစ္ေပၚခဲ့တဲ့ အၾကမ္းဖက္မႈဟာ အေသအေပ်ာက္ ၅,၀၀၀ ခန္႔အထိရွိခဲ့ၿပီး အမ်ားစုမွာ အာရပ္ဘက္မွျဖစ္ပါတယ္။ ဒုတိယကမာၻစစ္ႀကီး ျဖစ္ပြားေနခ်ိန္ ပါလက္စတိုင္းရဲ႕ အေျခအေနမ်ားဟာ ယာယီ ၿငိမ္သက္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဒုတိယကမာၻစစ္အတြင္း ဥေရာပမွာ အစုအပုံလိုက္ အသတ္ခံလိုက္ရတဲ့ ဂ်ဴးေတြဟာ ပါလက္စတိုင္းေဒသအတြင္း တိုး၀င္လာျခင္းနဲ႔ အတူ တင္းမာမႈမ်ားျပန္လည္ေပၚေပါက္ခဲ့ပါတယ္။ အဂၤလိပ္တို႔က လူဝင္မႈခြဲတမ္းသတ္မွတ္ေပးေနသည့္ တိုင္ ခိုးဝင္မႈမ်ား ခပ္စိတ္စိတ္ျဖစ္လာျခင္းနဲ႔အတူ ၿဗိတိသွ်ဆန္႔က်င္ေရး ဇီယြန္သူပုန္ထမႈ ေပၚေပါက္ခဲ့ ပါတယ္။

အုပ္ခ်ဳပ္ေစာင့္ေရွာက္ခြင့္ရသူ ၿဗိတိသွ်စစ္တပ္မ်ား ပါလက္စတိုင္းမွထြက္ခြာၿပီး ေနာက္တစ္ေန႔မွာ လြတ္လပ္တဲ့ အခ်ဳပ္အခ်ာအာဏာပိုင္ အစၥေရးႏိုင္ငံထူေထာင္ေၾကာင္း ေၾကညာတဲ့ ဂ်ဴးတို႔ကို ပါလက္စတိုင္းတို႔နဲ႔ ေဒသတြင္း အာရပ္ႏိုင္ငံ ၇ ႏိုင္ငံက ဝိုင္း၀န္းတိုက္ခိုက္ျခင္းျဖင့္ ပထမအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲျဖစ္ပြားခဲ့ပါတယ္။

၁၉၉၅ ခုႏွစ္ အစၥေရးမွာ ဂါဇာကမ္းေျမႇာင္တစ္ဝိုက္ကိုဝိုင္းပတ္ၿပီး အီလက္ထ႐ြန္နစ္ ၿခံစည္း႐ိုးနဲ႔ ကြန္ကရစ္တံတိုင္းကို တည္ေဆာက္ခဲ့ၿပီး ႏွစ္ဖက္လူ႔အဖြဲ႕အစည္းအၾကား အျပန္အလွန္ဆက္သြယ္မႈကို ျဖတ္ေတာက္ပစ္ခဲ့ပါတယ္။ နယ္ေျမတစ္ခုလုံးမွာ အစၥေရးက (၇၈)ရာခိုင္ႏႈန္း ခ်ဳပ္ကိုင္ထားၿပီး ပါလက္စတိုင္းတို႔အတြက္ (၂၂)ရာခိုင္ႏႈန္းသာ က်န္ပါေတာ့တယ္။

အစၥေရးႏိုင္ငံ ထူေထာင္ခ်ိန္မွစတင္ၿပီး အာရပ္တို႔နဲ႔ ၁၄ ႀကိမ္တိုင္တိုင္ အတိအလင္းစစ္ခင္းခဲ့ရၿပီး အဲဒီအထဲမွာ ပါလက္စတိုင္းတို႔နဲ ၆ ႀကိမ္ ရွိခဲ့ပါတယ္။ အဲဒီ ၆ ႀကိမ္အနက္ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၄ နဲ႔ ၂၀၂၁ ခုႏွစ္တို႔မွာျဖစ္ပြားတဲ့ (၄)ႀကိမ္ဟာ ယခု ဟားမတ္စ္တို႔ စစ္ဆင္ေရး ဗဟိုျပဳရာ ဂါဇာကမ္းေျမႇာင္အတြင္း ျဖစ္ပါတယ္။ ကေလးငယ္မ်ားအပါအဝင္ ပါလက္စတိုင္းေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ၿပီး ေနအိမ္၊ စာသင္ေက်ာင္းမ်ားနဲ႔ ႐ုံးအေဆာက္အအုံမ်ားလည္း ပ်က္စီးခဲ့ပါတယ္။ ပါလက္စတိုင္း သံမဏိနဲ႔ ဘိလပ္ေျမတို႔လို ေဆာက္လုပ္ေရးပစၥည္းမ်ားကို ဂါဇာကမ္းေျမာင္သို႔ မေရာက္ေအာင္ တားဆီးထားတဲ့ အတြက္ ျပန္လည္တည္ေဆာက္ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။

အမွန္စင္စစ္ ယခုရက္ပိုင္းအတြင္း ျဖစ္ပြားေနတဲ့ ဟားမတ္စ္-အစၥေရး စစ္ပြဲဟာ ေယရႈ႕ခရစ္ေတာ္ ဖြားျမင္ေတာ္ မမူခင္ကတည္းက ရွိေနခဲ့တဲ့ ပါလက္စတိုင္းပဋိပကၡမ်ားမွ အေျခခံပါတယ္။ ကာလရွည္ အတူထားခဲ့ၾကတဲ့ ေလာင္စာႏွစ္ခုအၾကား တစ္ျဖည္းျဖည္း အပူရွိန္တိုးျမင့္လာျခင္းေၾကာင့္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.