စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ယနေ့ နံနက်ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်း

1410
စော(NP News) - အောက်တိုဘာ ၁၁
စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့၌ ယနေ့ (အောက်တိုဘာလ ၁၁ရက်) နံနက်ပိုင်းတွင် ရေများပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိသည်။

ပဲခူးမြို့၌ မိုးများအဆက်မပျက်ရွာသွန်းမှုနှင့် ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်လာမှုများကြောင့် ပြီးခဲ့သည့် (အောက်တိုဘာလ ၇ရက်) ညပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ပဲခူးမြို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ကားလမ်းများနှင့် ရထားလမ်းပေါ်သို့လည်း ရေကျော်မှုများကြောင့် ကားများနှင့် ရထားလမ်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။
သို့သော် ပဲခူးမြို့ပေါ်တွင် ယနေ့(အောက်တိုဘာလ ၁၁ ရက်)၊နံနက်ပိုင်းမှ စတင်ကာ ရေများ ပြန်လည်ကျဆင်းလာပြီး ကားလမ်းအချို့၌ ရေများမရှိတော့ကြောင်း သိရသည်။
“မြို့ပေါ်လမ်းမကြီးတွေတော့ ရေကကျသွားပါပြီ။ ရွှေမော်ဓောဘုရားကြီးရှေ့၊ အနောက်မုဒ်လမ်းတန်းတန်းဆိုရင် ရေကလုံးဝမရှိတော့ဘူး ပြန်ကျသွားပြီ။ main လမ်းမကြီးတို့ မြို့ထဲအချို့နေရာတွေမှာဆိုရင် ရေကနည်းနည်းပဲကျန်တော့တာ။ ambulance တွေတော့ဖြတ်မောင်းနေတာပဲ။ ကုန်းမြင့်ပိုင်းတွေတော့ ရေကကျသွားတာပေါ့။ အနိမ်ပိုင်းနေရာလေးတွေတော့ ရေနည်းနည်းများနေတာပေါ့။ ကားလမ်းပွင့်သွားပြီဆိုတာထက် မောင်းလို့ရတဲ့အနေထားလေးရောက်တာပေါ့”ဟု ပဲခူးမြို့သို့ သွားရောက်ကူညီနေသည့် ပရဟိအသင်းသားတစ်ဦးက NP News ကိုပြောသည်။
ပဲခူးမြို့၌ ရေများကျဆင်းသွားခြင်းကြောင့် ကားများ ပြန်လည်သွားလာနေကြကြောင်း သိရသည်။
“ရေက လုံးလုံးကြီးကျသွားတာလို့တော့ ကျွန်တော်တို့ပြောလို့မရသေးဘူး။ ရပ်ကွက်ထဲမှာရှိတဲ့ ရေတွေက မကုန်သေးတဲ့အတွက်ကြောင့်ပါ။နောက်ပြီး ရေကြီးနေတဲ့ရပ်ကွက်တွေထဲမှာပဲ ရေကမကုန်သေးတာ။ ဇင်းတောင်၊ ဇင်းမြောက်၊ ကျောက်ကြီးစုမှာတော့ ရေတွေဝင်နေသေးတယ်။ လမ်းမတန်းတွေတော့ ရေကမရှိတော့ဘူး”ဟု ပဲခူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ပဲခူးမြို့ရှိ ရပ်ကွက်အချို့တွင် ရေများပြန်လည်ကျဆင်းမှုရှိသော်လည်း လှေဖြင့် သွားလာနေရမှုများရှိနေကြောင်း သိရသည်။
“ရေကတော့ကျသွားပြီပေါ့နော်။ ဘုရားကြီးဆိုလည်း လမ်းပွင့်သွားပြီ။ ကျွန်တော်တို့ ကူညီကယ်ဆယ်နေတဲ့ မှော်ကန်၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစုတို့ဆို (၃)ပေ၊ (၄)ပေလောက်ကျသွားပြီ။ ရေကျတယ်ဆိုပေမဲ့ လှေနဲ့သွားနေရတုန်း။ အရင်တုန်းက ရေက လူရဲ့တစ်ရပ်ကျော်မြုပ်တာကို”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ပဲခူးမြို့၌ မိုးရွာသွန်းမှုနှင့် ပဲခူးဖြစ်ရေ စံချိန်တင် မြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူ (၂၀၀၀၀)နီးပါးရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်း (၄၁)ခုသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

zawgyi version
စံခ်ိန္တင္ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့သည့္ ပဲခူးၿမိဳ႕၌ ယေန႔ နံနက္ပိုင္းမွစ၍ ေရမ်ားျပန္လည္က်ဆင္း
ေစာ(NP News) - ေအာက္တိုဘာ ၁၁
စံခ်ိန္တင္ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့သည့္ ပဲခူးၿမိဳ႕၌ ယေန႔ (ေအာက္တိုဘာလ ၁၁ရက္) နံနက္ပိုင္းတြင္ ေရမ်ားျပန္လည္က်ဆင္းလာေၾကာင္း သတင္းရရွိသည္။
ပဲခူးၿမိဳ႕၌ မိုးမ်ားအဆက္မပ်က္႐ြာသြန္းမႈႏွင့္ ပဲခူးျမစ္ေရ စံခ်ိန္တင္ျမင့္တက္လာမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ (ေအာက္တိုဘာလ ၇ရက္) ညပိုင္းမွ စတင္ကာ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလာခဲ့သည္။
အဆိုပါ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ပဲခူးၿမိဳ႕တြင္ ေရဝင္ေရာက္မႈမ်ားျဖစ္ေပၚခဲ့ၿပီး ကားလမ္းမ်ားႏွင့္ ရထားလမ္းေပၚသို႔လည္း ေရေက်ာ္မႈမ်ားေၾကာင့္ ကားမ်ားႏွင့္ ရထားလမ္းခရီးစဥ္မ်ား ဖ်က္သိမ္းခဲ့ရသည္။
သို႔ေသာ္ ပဲခူးၿမိဳ႕ေပၚတြင္ ယေန႔(ေအာက္တိုဘာလ ၁၁ ရက္)၊နံနက္ပိုင္းမွ စတင္ကာ ေရမ်ား ျပန္လည္က်ဆင္းလာၿပီး ကားလမ္းအခ်ိဳ႕၌ ေရမ်ားမရွိေတာ့ေၾကာင္း သိရသည္။
“ၿမိဳ႕ေပၚလမ္းမႀကီးေတြေတာ့ ေရကက်သြားပါၿပီ။ ေ႐ႊေမာ္ေဓာဘုရားႀကီးေရွ႕၊ အေနာက္မုဒ္လမ္းတန္းတန္းဆိုရင္ ေရကလုံးဝမရွိေတာ့ဘူး ျပန္က်သြားၿပီ။ main လမ္းမႀကီးတို႔ ၿမိဳ႕ထဲအခ်ိဳ႕ေနရာေတြမွာဆိုရင္ ေရကနည္းနည္းပဲက်န္ေတာ့တာ။ ambulance ေတြေတာ့ျဖတ္ေမာင္းေနတာပဲ။ ကုန္းျမင့္ပိုင္းေတြေတာ့ ေရကက်သြားတာေပါ့။ အနိမ္ပိုင္းေနရာေလးေတြေတာ့ ေရနည္းနည္းမ်ားေနတာေပါ့။ ကားလမ္းပြင့္သြားၿပီဆိုတာထက္ ေမာင္းလို႔ရတဲ့အေနထားေလးေရာက္တာေပါ့”ဟု ပဲခူးၿမိဳ႕သို႔ သြားေရာက္ကူညီေနသည့္ ပရဟိအသင္းသားတစ္ဦးက NP News ကိုေျပာသည္။
ပဲခူးၿမိဳ႕၌ ေရမ်ားက်ဆင္းသြားျခင္းေၾကာင့္ ကားမ်ား ျပန္လည္သြားလာေနၾကေၾကာင္း သိရသည္။
“ေရက လုံးလုံးႀကီးက်သြားတာလို႔ေတာ့ ကြၽန္ေတာ္တို႔ေျပာလို႔မရေသးဘူး။ ရပ္ကြက္ထဲမွာရွိတဲ့ ေရေတြက မကုန္ေသးတဲ့အတြက္ေၾကာင့္ပါ။ေနာက္ၿပီး ေရႀကီးေနတဲ့ရပ္ကြက္ေတြထဲမွာပဲ ေရကမကုန္ေသးတာ။ ဇင္းေတာင္၊ ဇင္းေျမာက္၊ ေက်ာက္ႀကီးစုမွာေတာ့ ေရေတြဝင္ေနေသးတယ္။ လမ္းမတန္းေတြေတာ့ ေရကမရွိေတာ့ဘူး”ဟု ပဲခူးၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ပဲခူးၿမိဳ႕ရွိ ရပ္ကြက္အခ်ိဳ႕တြင္ ေရမ်ားျပန္လည္က်ဆင္းမႈရွိေသာ္လည္း ေလွျဖင့္ သြားလာေနရမႈမ်ားရွိေနေၾကာင္း သိရသည္။
“ေရကေတာ့က်သြားၿပီေပါ့ေနာ္။ ဘုရားႀကီးဆိုလည္း လမ္းပြင့္သြားၿပီ။ ကြၽန္ေတာ္တို႔ ကူညီကယ္ဆယ္ေနတဲ့ ေမွာ္ကန္၊ ဆိုရွယ္လစ္၊ ပုဏၰားစုတို႔ဆို (၃)ေပ၊ (၄)ေပေလာက္က်သြားၿပီ။ ေရက်တယ္ဆိုေပမဲ့ ေလွနဲ႔သြားေနရတုန္း။ အရင္တုန္းက ေရက လူရဲ႕တစ္ရပ္ေက်ာ္ျမဳပ္တာကို”ဟု ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ပဲခူးၿမိဳ႕၌ မိုး႐ြာသြန္းမႈႏွင့္ ပဲခူးျဖစ္ေရ စံခ်ိန္တင္ ျမင့္တက္လာမႈေၾကာင့္ ေရေဘးသင့္ျပည္သူ (၂၀၀၀၀)နီးပါးရွိခဲ့ၿပီး ကယ္ဆယ္ေရးစခန္း (၄၁)ခုသို႔ ေျပာင္းေ႐ႊ႕ခဲ့ရေၾကာင္း သိရသည္။