BTS အဖွဲ့ဝင် ဂျောင်ကု ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်

 1628

ရောင်နီ (NP News) - အောက်တိုဘာ ၁၂

တောင်ကိုရီးယား K-pop အဖွဲ့ BTS အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျောင်ကုဟာ ၄င်းရဲ့ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲ Golden Live On Stage ကို နိုဝင်ဘာလအတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပဖို့ ကြေညာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဆိုတော် ဂျောင်ကုဟာ ပြီးခဲ့တဲ့ဇူလိုင်လက ၄င်းရဲ့ ပွဲဦးထွက် တစ်ကိုယ်တော်အယ်လ်ဘမ် "Golden" ထွက်ရှိပြီးနောက် နိုဝင်ဘာလ ၂ဝ ရက်နေ့မှာ ဆိုးလ်မြို့ရှိ ဂျန်ချန်အာရီနာ မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေပွဲကို ကမ္ဘာတစ်ဝန်းက ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Golden Live On Stage ဟာ "Golden" အယ်လ်ဘမ်မှ “တေးသီချင်း အမျိုးမျိုနဲ့ဖျော်ဖြေတင်ဆက်မှုတွေ" ကို ပြသမှာဖြစ်ပြီး အခြား BTS အဖွဲ့ဝင်တွေ လည်း အဆိုပါရှိုးမှာ ပါဝင်လာမယ်လို့ ယူဆရပါတယ်။ Army (BTS ပရိသတ်များ) တွေအနေနဲ့ ဒီပွဲအတွက် လက်မှတ်ကို Weverse Shop မှ Golden အယ်လ်ဘမ် ဝယ်ယူရင်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျောင်ကုဟာ နယူးယောက်မှာ ကျင်းပတဲ့ Global Citizen ပွဲတော်လို ယခင်က တစ်ကိုယ်တော် ဖျော်ဖြေခဲ့ ဖူးပေမယ့် Golden Live On Stage ကတော့ ပထမဆုံး အလုံးစုံ တစ်ကိုယ်တော် ရှိုးပွဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

Zawgyi Version;
BTS အဖြဲ႕ဝင္ ေဂ်ာင္ကု ပထမဆုံး တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲ ျပဳလုပ္မည္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၂

ေတာင္ကိုရီးယား K-pop အဖြဲ႕ BTS အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ေဂ်ာင္ကုဟာ ၄င္းရဲ႕ပထမဆုံးတစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲ Golden Live On Stage ကို ႏိုဝင္ဘာလအတြင္း ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ က်င္းပဖို႔ ေၾကညာခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းစြဲအဆိုေတာ္ ေဂ်ာင္ကုဟာ ၿပီးခဲ့တဲ့ဇူလိုင္လက ၄င္းရဲ႕ ပြဲဦးထြက္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ "Golden" ထြက္ရွိၿပီးေနာက္ ႏိုဝင္ဘာလ ၂ဝ ရက္ေန႔မွာ ဆိုးလ္ၿမိဳ႕ရွိ ဂ်န္ခ်န္အာရီနာ မွာ ေဖ်ာ္ေျဖမွာျဖစ္ပါတယ္။

အဆိုပါေဖ်ာ္ေျဖပြဲကို ကမာၻတစ္ဝန္းက ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ Golden Live On Stage ဟာ "Golden" အယ္လ္ဘမ္မွ “ေတးသီခ်င္း အမ်ိဳးမ်ိဳနဲ႔ေဖ်ာ္ေျဖတင္ဆက္မႈေတြ" ကို ျပသမွာျဖစ္ၿပီး အျခား BTS အဖြဲ႕ဝင္ေတြ လည္း အဆိုပါရႈိးမွာ ပါဝင္လာမယ္လို႔ ယူဆရပါတယ္။ Army (BTS ပရိသတ္မ်ား) ေတြအေနနဲ႔ ဒီပြဲအတြက္ လက္မွတ္ကို Weverse Shop မွ Golden အယ္လ္ဘမ္ ဝယ္ယူရင္း ရရွိႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ေဂ်ာင္ကုဟာ နယူးေယာက္မွာ က်င္းပတဲ့ Global Citizen ပြဲေတာ္လို ယခင္က တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖခဲ့ ဖူးေပမယ့္ Golden Live On Stage ကေတာ့ ပထမဆုံး အလုံးစုံ တစ္ကိုယ္ေတာ္ ရႈိးပြဲတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.