City Taxi များအနေဖြင့် အဝါရောင် sticker များကို (၃)လအတွင်း YRTC ၌ လာရောက်ကပ်ပါက အခမဲ့လုပ်ဆောင်ပေးမည်ဟုဆို

 1696

စော(NP News) - အောက်တိုဘာ ၁၂

City Taxi ယာဉ်များအနေဖြင့် အဝါရောင် sticker များကို (၃)လအတွင်း YRTC ၌ လာရောက်ကပ်ပါက အခမဲ့လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယနေ့(အောက်တိုဘာလ ၁၂ ရက်)တွင် YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ City Taxi ယာဉ်များအား အခြားသော ယာဉ်များနှင့် ကွဲပြားမှုရှိစေရန်အတွက် Sticker ကပ်ခြင်းကို လာမည့် (နိုဝင်ဘာလ ၁ ရက်)မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

“City Taxi ယာဉ်တွေ အခြားယာဉ်တွေနဲ့ ကွဲကွဲပြားပြားဖြစ်ဖို့ သိသာထင်ရှားစွာ မြင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့လမ်းညွှန်ချက်အရ City Taxi ယာဉ်တွေရဲ့ဘေးမှာ အနံ(၅)လမ်းမလောက်ရှိတဲ့ အဝါလိုင်း Sticker ကပ်ခြင်း၊ အဝါရောင် ဆေးသုတ်ခြင်းကို နိုဝင်ဘာလ (၁)ရက်မှာ စတင်ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု YRTC မှ အတွင်းရေးမှူးဦးလျန်ကျင့်မာန်က ပြောကြားခဲ့သည်။

၎င်း Sticker များကို ယာဉ်များ၏ ဘေးဘက် ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အထိ သတ်မှတ်ထားသည့် Design အတိုင်း အလျားလိုက်ကပ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ သတ်မှတ်ထားသည့် Design အတိုင်း ညှပ်ခ အပါအဝင် Sticker တန်ဖိုးသည် ကျပ် (၅၀၀၀)ကျသင့်မည်ဖြစ်ကြောင်း ဦးလျန်ကျင့်မာန်က ပြောကြားခဲ့သည်။

“ဘေးစတစ်ကာရဲ့တန်ဖိုးက Design အတိုင်းဆိုရင် ညှပ်ခက (၅၀၀၀)လောက်ကျပါတယ်။ အဲဒါကို သုံးလအတွင်းလာ‌ရောက်ဆောင်ရွက်တဲ့လူတွေကို YRTC ကနေပြီး ကျခံပြီးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေက ကပ်ပေးပါမှာဖြစ်ပါတယ်”ဟု တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားခဲ့သည်။

City Taxi ယာဉ်ပိုင်ရှင်များအနေဖြင့် လာမည့် နိုဝင်ဘာလ (၁)ရက်မှ (၂၀၂၄)ခုနှစ်၊ ဇန်နဝါ ရီလကုန်အထိ (၃)လအတွင်း sticker များလာကပ်ပါက YRTC မှ လက်ခမယူဘဲ ဝန်ထမ်းများက အခမဲ့ကပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာဉ်ပိုင်ရှင်များအား မိမိအစီအစဉ်ဖြင့် သတ်မှတ်ထားသည့် Design အတိုင်း Sticker ကပ်ခြင်းများ သို့မဟုတ် ဆေးသုတ်ခြင်းများကိုလည်း ခွင့်ပြုထားကြောင်း သိရသည်။

“ဒီဟာနဲ့ ပတ်သတ်ပြီးတော့ လိုက်နာမှုမရှိရင်တော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော် တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၉၆)အရ ဒဏ်ကြေးကျပ်(၃၀၀၀၀) ထက်မပိုသော ငွေဒဏ်ကို ချမှတ်မှာဖြစ်ပါတယ်။ မနာခံမှုနဲ့ အရေးယူလို့ရပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

လက်ရှိတွင် YRTC ၌ မှတ်ပုံတင်ထားသည့် City Taxi ယာဉ်သည် (၅၃၀၀၀)ကျော်ရှိကြောင်း သိရသည်။

zawgyi version
City Taxi မ်ားအေနျဖင့္ အဝါေရာင္ sticker မ်ားကို (၃)လအတြင္း YRTC ၌ လာေရာက္ကပ္ပါက အခမဲ့လုပ္ေဆာင္ေပးမည္ဟုဆို
ေစာ(NP News) - ေအာက္တိုဘာ ၁၂

City Taxi ယာဥ္မ်ားအေနျဖင့္ အဝါေရာင္ sticker မ်ားကို (၃)လအတြင္း YRTC ၌ လာေရာက္ကပ္ပါက အခမဲ့လုပ္ေဆာင္ေပးမည္ျဖစ္ေၾကာင္း YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။

တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ယေန႔(ေအာက္တိုဘာလ ၁၂ ရက္)တြင္ YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္းလင္းပြဲ၌ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ City Taxi ယာဥ္မ်ားအား အျခားေသာ ယာဥ္မ်ားႏွင့္ ကြဲျပားမႈရွိေစရန္အတြက္ Sticker ကပ္ျခင္းကို လာမည့္ (ႏိုဝင္ဘာလ ၁ ရက္)မွစတင္၍ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

“City Taxi ယာဥ္ေတြ အျခားယာဥ္ေတြနဲ႔ ကြဲကြဲျပားျပားျဖစ္ဖို႔ သိသာထင္ရွားစြာ ျမင္ႏိုင္ဖို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၲရာယ္ကင္းရွင္းေရးေကာင္စီရဲ႕လမ္းၫႊန္ခ်က္အရ City Taxi ယာဥ္ေတြရဲ႕ေဘးမွာ အနံ(၅)လမ္းမေလာက္ရွိတဲ့ အဝါလိုင္း Sticker ကပ္ျခင္း၊ အဝါေရာင္ ေဆးသုတ္ျခင္းကို ႏိုဝင္ဘာလ (၁)ရက္မွာ စတင္ေဆာင္႐ြက္မွာျဖစ္ပါတယ္”ဟု YRTC မွ အတြင္းေရးမႉးဦးလ်န္က်င့္မာန္က ေျပာၾကားခဲ့သည္။

၎ Sticker မ်ားကို ယာဥ္မ်ား၏ ေဘးဘက္ ေရွ႕မီးခြက္ေအာက္မွ ေနာက္မီးခြက္အထိ သတ္မွတ္ထားသည့္ Design အတိုင္း အလ်ားလိုက္ကပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔သို႔ သတ္မွတ္ထားသည့္ Design အတိုင္း ညႇပ္ခ အပါအဝင္ Sticker တန္ဖိုးသည္ က်ပ္ (၅၀၀၀)က်သင့္မည္ျဖစ္ေၾကာင္း ဦးလ်န္က်င့္မာန္က ေျပာၾကားခဲ့သည္။

“ေဘးစတစ္ကာရဲ႕တန္ဖိုးက Design အတိုင္းဆိုရင္ ညႇပ္ခက (၅၀၀၀)ေလာက္က်ပါတယ္။ အဲဒါကို သုံးလအတြင္းလာ‌ေရာက္ေဆာင္႐ြက္တဲ့လူေတြကို YRTC ကေနၿပီး က်ခံၿပီးေဆာင္႐ြက္ေပးမွာျဖစ္ပါတယ္။ ဝန္ထမ္းေတြက ကပ္ေပးပါမွာျဖစ္ပါတယ္”ဟု တြဲဖက္ အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာၾကားခဲ့သည္။

City Taxi ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ လာမည့္ ႏိုဝင္ဘာလ (၁)ရက္မွ (၂၀၂၄)ခုႏွစ္၊ ဇန္နဝါ ရီလကုန္အထိ (၃)လအတြင္း sticker မ်ားလာကပ္ပါက YRTC မွ လက္ခမယူဘဲ ဝန္ထမ္းမ်ားက အခမဲ့ကပ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ယာဥ္ပိုင္ရွင္မ်ားအား မိမိအစီအစဥ္ျဖင့္ သတ္မွတ္ထားသည့္ Design အတိုင္း Sticker ကပ္ျခင္းမ်ား သို႔မဟုတ္ ေဆးသုတ္ျခင္းမ်ားကိုလည္း ခြင့္ျပဳထားေၾကာင္း သိရသည္။

“ဒီဟာနဲ႔ ပတ္သတ္ၿပီးေတာ့ လိုက္နာမႈမရွိရင္ေတာ့ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ ေတာ္ယာဥ္စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ(၉၆)အရ ဒဏ္ေၾကးက်ပ္(၃၀၀၀၀) ထက္မပိုေသာ ေငြဒဏ္ကို ခ်မွတ္မွာျဖစ္ပါတယ္။ မနာခံမႈနဲ႔ အေရးယူလို႔ရပါတယ္”ဟု ၎က ထပ္မံေျပာၾကားခဲ့သည္။

လက္ရွိတြင္ YRTC ၌ မွတ္ပုံတင္ထားသည့္ City Taxi ယာဥ္သည္ (၅၃၀၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.