Ballon d'Or ဆုကို မက်ဆီ ရရှိရန် မထိုက်တန်ကြောင်း ဂျူဗင်တပ်ကွင်းလယ်လူ Adrien Rabiot ထုတ်ဖော်ပြော

1086

Pika (NP News) - အောက်တိုဘာ ၁၂
ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီသည် ယခုနှစ် Ballon d'Or ဆုကို ရရှိရန် မထိုက်တန်ကြောင်း ဂျူဗင်တပ်အသင်း ကွင်းလယ်လူ Adrien Rabiot က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘာပေ (သို့မဟုတ်) မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းတို့သည် ယခုနှစ် Ballon d'Or ဆုကို ရရှိသင့်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ မက်ဆီသည် Ballon d'Or ဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်မည့်သူ အဖြစ်ရှုမြင်ထားကြသော်လည်း Ballon d'Or ဆုကို ဆွတ်ခူးနိုင်ချေရှိသည့် ကစားသမားစာရင်းထဲတွင် အမ်ဘာပေနှင့်ဟာလန်းတို့လည်း ပါဝင်နေကြောင်း သိရသည်။
အမ်ဘာပေသည် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ဖိုင်နယ်အထိရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို အဆိုပါပွဲစဉ်တွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တိုက်စစ်မှူး ဟာလန်းသည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်ဆုဖလား၊ ချန်ပီယံလိဂ်ဆုဖလား နှင့် FA ဆုဖလားတို့ကို မန်စီးတီးအသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်တင်ရာသီတစ်ခုကို ဖြတ်သန်းခဲ့ကြောင်းလည်း သိရသည်။
Adrien Rabiot က "မက်ဆီက Ballon d'Or ဆုကို ဆွတ်ခူးရရှိလိမ့်မယ်လို့ လူအတော်များများက ပြောနေကြပါ တယ်။ ဒါပေမယ့် စွမ်းဆောင်ရည်အဆင့်မှာဆိုရင်တော့ Ballon d'Or ဆုဟာ အမ်ဘာပေ နဲ့ ဟာလန်းတို့ နှစ်ဦးထဲ က တစ်ဦး ရရှိသင့်ပါတယ်။ ဘယ်သူကမှ အဲ့ဒါကို သဘောမတူကြပေမယ့် Ballon d'Or ဆုကို အမ်ဘာပေ (သို့မဟုတ်) ဟာလန်းတို့နှစ်ဦးထဲမှ တစ်ဦးက ရရှိပါလိမ့်မယ်။ ကျန်တဲ့ကစားသမားတွေကိုတော့ ကျွန်တော် ဖယ်ထုတ်ပြီး ပြောထားတာပါ" ဟု ပြောခဲ့သည်။
၂ဝ၂၃ခုနှစ် Ballon d'Or ဆုရှင်ကို အောက်တိုဘာလ(၃ဝ)ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
Ballon d'Or ဆုကို မက္ဆီ ရရွိရန္ မထိုက္တန္ေၾကာင္း ဂ်ဴဗင္တပ္ကြင္းလယ္လူ Adrien Rabiot ထုတ္ေဖာ္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၂
ကမာၻေက်ာ္တိုက္စစ္မႉးမက္ဆီသည္ ယခုႏွစ္ Ballon d'Or ဆုကို ရရွိရန္ မထိုက္တန္ေၾကာင္း ဂ်ဴဗင္တပ္အသင္း ကြင္းလယ္လူ Adrien Rabiot က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔အျပင္ ပီအက္စ္ဂ်ီအသင္း တိုက္စစ္မႉး အမ္ဘာေပ (သို႔မဟုတ္) မန္စီးတီးအသင္း တိုက္စစ္မႉးဟာလန္းတို႔သည္ ယခုႏွစ္ Ballon d'Or ဆုကို ရရွိသင့္ေၾကာင္း ၎က ထပ္မံေျပာဆိုခဲ့သည္။ မက္ဆီသည္ Ballon d'Or ဆုကို ရွစ္ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္မည့္သူ အျဖစ္ရႈျမင္ထားၾကေသာ္လည္း Ballon d'Or ဆုကို ဆြတ္ခူးႏိုင္ေခ်ရွိသည့္ ကစားသမားစာရင္းထဲတြင္ အမ္ဘာေပႏွင့္ဟာလန္းတို႔လည္း ပါဝင္ေနေၾကာင္း သိရသည္။
အမ္ဘာေပသည္ ၂ဝ၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ျပင္သစ္အသင္းကို ဖိုင္နယ္အထိေရာက္ေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့သလို အဆိုပါပြဲစဥ္တြင္လည္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ တိုက္စစ္မႉး ဟာလန္းသည္ ၿပီးခဲ့သည့္ရာသီတြင္ ပရီးမီးယားလိဂ္ဆုဖလား၊ ခ်န္ပီယံလိဂ္ဆုဖလား ႏွင့္ FA ဆုဖလားတို႔ကို မန္စီးတီးအသင္းႏွင့္အတူ ဆြတ္ခူးႏိုင္ခဲ့ၿပီး စံခ်ိန္တင္ရာသီတစ္ခုကို ျဖတ္သန္းခဲ့ေၾကာင္းလည္း သိရသည္။
Adrien Rabiot က "မက္ဆီက Ballon d'Or ဆုကို ဆြတ္ခူးရရွိလိမ့္မယ္လို႔ လူအေတာ္မ်ားမ်ားက ေျပာေနၾကပါ တယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္အဆင့္မွာဆိုရင္ေတာ့ Ballon d'Or ဆုဟာ အမ္ဘာေပ နဲ႔ ဟာလန္းတို႔ ႏွစ္ဦးထဲ က တစ္ဦး ရရွိသင့္ပါတယ္။ ဘယ္သူကမွ အဲ့ဒါကို သေဘာမတူၾကေပမယ့္ Ballon d'Or ဆုကို အမ္ဘာေပ (သို႔မဟုတ္) ဟာလန္းတို႔ႏွစ္ဦးထဲမွ တစ္ဦးက ရရွိပါလိမ့္မယ္။ က်န္တဲ့ကစားသမားေတြကိုေတာ့ ကြၽန္ေတာ္ ဖယ္ထုတ္ၿပီး ေျပာထားတာပါ" ဟု ေျပာခဲ့သည္။
၂ဝ၂၃ခုႏွစ္ Ballon d'Or ဆုရွင္ကို ေအာက္တိုဘာလ(၃ဝ)ရက္တြင္ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။