သီပေါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ
                        
                            
                             
 1040
 
                             
                            
                            
                         
                        
                        သန့်ဇင်(NP News) - အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ သီပေါမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ရေမြင့်တက်ကာ ရပ်ကွက်အချို့ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
                     
                        
                    
                                                                        
                                                                    
 
                                
                                
                                        မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တာလာခြင်းကြောင့် ယနေ့ (အောက်တိုဘာလ ၁၃ ရက်)၊ နံနက်ပိုင်းမှစတင်ကာ သီပေါမြို့ရှိ ရပ်ကွက်အချို့၌ ရေကြီးလျှံမှုများဖြစ်ပေါ်လာခဲ့ကြောင်း နယ်စည်းမခြား(သီပေါ) ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဖြစ်တာက သီပေါရဲ့အထက် နမ္မတူမှာမိုးက တော်တော်ကြီးကို သည်းထန်စွာရွာပြီးတော့ ဒုဌဝတီမြစ်ကနေရေကြီးတာပေါ့။ မနက်ကအခြေအနေက တော့ တော်တော်ဆိုးတာပေါ့နော်။ ရပ်ကွက် (၂)ခုလောက်ကိုရေကြီးနေတာပါ” ဟု နယ်စည်းမခြားပရဟိတ (သီပေါ)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ဒုဌဝတီမြစ်ရေမြင့်တက်လာမှုကြောင့် သီပေါမြို့ရှိ ဈေးရပ်ကွက်နှင့် ပန်းတိမ်တောင်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အိမ်ထောင်စု(၇၀)ကျော်ခန့်နှင့် လူဦးရေ (၃၄၀)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
“ခုတော့ ရေနည်းနည်းပြန်ကျသွားပါပြီ။ ရပ်ကွက် (၂)ခုက အိမ်ခြေ(၇၀) ကျော်ရွှေ့ပြောင်းထားရပါတယ်။ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးတွေလုပ်နေတုန်းပါ။ အရင်တုန်းကတော့ ရေကြီးပေမဲ့ခုလောက်တော့မဆိုးပါဘူး။ ခုတစ်ခါက တော်တော်လေးကို ရေလျှံတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် သီပေါမြို့ရှိ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ရပ်ကွက်အချို့၌ ကူညီကယ်ဆယ်မှုများနှင့် ရွှေ့ပြောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
                                                             
                                                    
                                                                    
 
                                
                                
                                        zawgyi version
သီေပါၿမိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ျမစ္ေရျမင့္တက္ကာ ရပ္ကြက္အခ်ိဳ႕၌ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေန
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၁၃
ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕၌ မိုးသည်းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဒုဌဝတီျမစ္ေရျမင့္တက္ကာ ရပ္ကြက္အခ်ိဳ႕ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း သတင္းရရွိသည္။
မိုးသည္းထန္စြာ႐ြာသြန္းၿပီး ျမစ္ေရျမင့္တာလာျခင္းေၾကာင့္ ယေန႔ (ေအာက္တိုဘာလ ၁၃ ရက္)၊ နံနက္ပိုင္းမွစတင္ကာ သီေပါၿမိဳ႕ရွိ ရပ္ကြက္အခ်ိဳ႕၌ ေရႀကီးလွ်ံမႈမ်ားျဖစ္ေပၚလာခဲ့ေၾကာင္း နယ္စည္းမျခား(သီေပါ) ပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
“ျဖစ္တာက သီေပါရဲ႕အထက္ နမၼတူမွာမိုးက ေတာ္ေတာ္ႀကီးကို သည္းထန္စြာ႐ြာၿပီးေတာ့ ဒုဌဝတီျမစ္ကေနေရႀကီးတာေပါ့။ မနက္ကအေျခအေနက ေတာ့ ေတာ္ေတာ္ဆိုးတာေပါ့ေနာ္။ ရပ္ကြက္ (၂)ခုေလာက္ကိုေရႀကီးေနတာပါ” ဟု နယ္စည္းမျခားပရဟိတ (သီေပါ)လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ဒုဌဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ သီေပါၿမိဳ႕ရွိ ေဈးရပ္ကြက္ႏွင့္ ပန္းတိမ္ေတာင္ရပ္ကြက္တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး အိမ္ေထာင္စု(၇၀)ေက်ာ္ခန႔္ႏွင့္ လူဦးေရ (၃၄၀)ေက်ာ္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းထားရေၾကာင္း သိရသည္။
“ခုေတာ့ ေရနည္းနည္းျပန္က်သြားပါၿပီ။ ရပ္ကြက္ (၂)ခုက အိမ္ေျခ(၇၀) ေက်ာ္ေ႐ႊ႕ေျပာင္းထားရပါတယ္။ လက္ရွိအခ်ိန္ထိ ကယ္ဆယ္ေရးေတြလုပ္ေနတုန္းပါ။ အရင္တုန္းကေတာ့ ေရႀကီးေပမဲ့ခုေလာက္ေတာ့မဆိုးပါဘူး။ ခုတစ္ခါက ေတာ္ေတာ္ေလးကို ေရလွ်ံတာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ သီေပါၿမိဳ႕ရွိ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚလ်က္ရွိေသာ ရပ္ကြက္အခ်ိဳ႕၌ ကူညီကယ္ဆယ္မႈမ်ားႏွင့္ ေ႐ႊ႕ေျပာင္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။