သကြားဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်ကို ၁၂ဝဝဝဝ ကျပ်အထိ တိုးမြှင့်ဝယ်ယူလာ

1147

NP News - အောက်တိုဘာ ၁၄
ပြည်တွင်း သကြားဈေး မြင့်တက်လာခြင်းကြောင့် လက်ရှိကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်း ထိ တိုးမြင့်ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံများက ထုတ်ပြန်ထားသည်။
ပြည်တွင်း၌ သကြားလက်ကျန်နည်းနေသည့်အပြင် ပြည်ပသကြားဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် သကြားစက်များက ကြံစိုက်တောင်သူများကို ကြံတစ်တန်ဈေးနှုန်း တိုးမြှင့်ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၂၃ - ၂ဝ၂၄ ကြံစိုက်ပျိုးရာသီတွင် စက်တင်လာလအတွင်းက ကြံတစ်တန် ငွေကျပ် ၁၁ဝဝဝဝ ကျပ်ဖြင့် ဝယ်ယူ မည်ဟု ထုတ်ပြန်ထားရာမှ ယခုအောက်တိုဘာလ ကြံစိုက်ရာသီရောက်လာချိန်တွင် ကြံတစ်တန်ငွေကျပ် ၁၂ဝဝဝဝ အထိ တိုးမြှင့် ဝယ်ယူမည်ဟု သကြားစက်ရုံများဘက်မှ အသိပေးလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကြံကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်း၌ အဓိက စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး ကြံစိုက်ဧက (၄) သိန်းခွဲဝန်းကျင်ရှိကာ နေရာဒေသအလိုက် သကြားစက်များ၏ ဝယ်ယူမှုဈေးနှုန်းသည် ကွာခြားမှုရှိကြောင်း သိရသည်။
သကြားစက်ရုံများက နယ်မြေအလိုက် ကြံတစ်တန်ဈေး တိုးမြှင့်ပေးဝယ်လာရာ ရှမ်းပြည်မြောက်ပိုင်း၊ ငွေရည်ပုလဲ သကြားစက်ရုံက ၂ဝ၂၃-၂ဝ၂၄ ရာသီအတွက် ကြံတစ်တန်လျှင် စက်ရုံအရောက် ငွေကျပ် ၁၂ဝဝဝဝ တိုးမြှင့် ဝယ်ယူ လာကြောင်း သိရသည်။
လက်ရှိပြည်တွင်း သကြားဈေးမှာ အောက်တိုဘာလဆန်းတွင် တစ်ပိဿာကို ငွေကျပ် ၃၆၅ဝ ကနေ ၃၇၅ဝ အထိ ပေါက်ဈေးရှိရာ ကြံဈေးကို တိုးမြင့်ရရှိရန် တောင်သူများက မျှော်လင့်နေကြသည်။
သကြားစက်ရုံများအနေဖြင့် ပြီးခဲ့သည့် ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ကိုးသောင်းခွဲမှ တစ်သိန်းထိသာ အမြင့်ဆုံး ပေးဝယ်ယူခဲ့ပြီး ကြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုမြင့်မားခြင့်ကြောင့် ကြံတစ်တန် လျှင် တစ်သိန်းသုံးသောင်း ကျပ်အထိရရှိမှသာ ကိုက်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သၾကားေဈးႏႈန္း ျမင့္တက္လာျခင္းေၾကာင့္ ႀကံတစ္တန္ကို ၁၂ဝဝဝဝ က်ပ္အထိ တိုးျမႇင့္ဝယ္ယူလာ
NP News - ေအာက္တိုဘာ ၁၄
ျပည္တြင္း သၾကားေဈး ျမင့္တက္လာျခင္းေၾကာင့္ လက္ရွိႀကံရာသီတြင္ ႀကံတစ္တန္ ေငြက်ပ္ တစ္သိန္းႏွစ္ေသာင္း ထိ တိုးျမင့္ဝယ္ယူမည္ျဖစ္ေၾကာင္း သၾကားစက္႐ုံမ်ားက ထုတ္ျပန္ထားသည္။
ျပည္တြင္း၌ သၾကားလက္က်န္နည္းေနသည့္အျပင္ ျပည္ပသၾကားေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းေၾကာင့္ သၾကားစက္မ်ားက ႀကံစိုက္ေတာင္သူမ်ားကို ႀကံတစ္တန္ေဈးႏႈန္း တိုးျမႇင့္ဝယ္ယူလာျခင္းျဖစ္ေၾကာင္း သိရသည္။
၂ဝ၂၃ - ၂ဝ၂၄ ႀကံစိုက္ပ်ိဳးရာသီတြင္ စက္တင္လာလအတြင္းက ႀကံတစ္တန္ ေငြက်ပ္ ၁၁ဝဝဝဝ က်ပ္ျဖင့္ ဝယ္ယူ မည္ဟု ထုတ္ျပန္ထားရာမွ ယခုေအာက္တိုဘာလ ႀကံစိုက္ရာသီေရာက္လာခ်ိန္တြင္ ႀကံတစ္တန္ေငြက်ပ္ ၁၂ဝဝဝဝ အထိ တိုးျမႇင့္ ဝယ္ယူမည္ဟု သၾကားစက္႐ုံမ်ားဘက္မွ အသိေပးလာျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ႀကံကို ရွမ္းျပည္နယ္၊ ပဲခူးတိုင္းႏွင့္ မေကြးတိုင္း၌ အဓိက စိုက္ပ်ိဳးၾကၿပီး တစ္ႏိုင္ငံလုံး ႀကံစိုက္ဧက (၄) သိန္းခြဲဝန္းက်င္ရွိကာ ေနရာေဒသအလိုက္ သၾကားစက္မ်ား၏ ဝယ္ယူမႈေဈးႏႈန္းသည္ ကြာျခားမႈရွိေၾကာင္း သိရသည္။
သၾကားစက္႐ုံမ်ားက နယ္ေျမအလိုက္ ႀကံတစ္တန္ေဈး တိုးျမႇင့္ေပးဝယ္လာရာ ရွမ္းျပည္ေျမာက္ပိုင္း၊ ေငြရည္ပုလဲ သၾကားစက္႐ုံက ၂ဝ၂၃-၂ဝ၂၄ ရာသီအတြက္ ႀကံတစ္တန္လွ်င္ စက္႐ုံအေရာက္ ေငြက်ပ္ ၁၂ဝဝဝဝ တိုးျမႇင့္ ဝယ္ယူ လာေၾကာင္း သိရသည္။
လက္ရွိျပည္တြင္း သၾကားေဈးမွာ ေအာက္တိုဘာလဆန္းတြင္ တစ္ပိႆာကို ေငြက်ပ္ ၃၆၅ဝ ကေန ၃၇၅ဝ အထိ ေပါက္ေဈးရွိရာ ႀကံေဈးကို တိုးျမင့္ရရွိရန္ ေတာင္သူမ်ားက ေမွ်ာ္လင့္ေနၾကသည္။
သၾကားစက္႐ုံမ်ားအေနျဖင့္ ၿပီးခဲ့သည့္ ႀကံရာသီတြင္ ႀကံတစ္တန္ ေငြက်ပ္ ကိုးေသာင္းခြဲမွ တစ္သိန္းထိသာ အျမင့္ဆုံး ေပးဝယ္ယူခဲ့ၿပီး ႀကံစိုက္ေတာင္သူမ်ားအေနျဖင့္ စိုက္ပ်ိဳးစရိတ္ကုန္က်မႈျမင့္မားျခင့္ေၾကာင့္ ႀကံတစ္တန္ လွ်င္ တစ္သိန္းသုံးေသာင္း က်ပ္အထိရရွိမွသာ ကိုက္မည္ျဖစ္ေၾကာင္း သိရသည္။