၂ဝ၂၃ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်ဒို ထိပ်ဆုံးမှာ ရပ်တည်နေ

 3303

Pika (NP News) - အောက်တိုဘာ ၁၅

ကမ္ဘာကျော်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၂ဝ၂၃ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားစာရင်းတွင် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။

စီရော်နယ်ဒို၏ နောက်တွင် မက်ဆီ၊ နေမာ နှင့် အမ်ဘာပေတို့က အသီးသီး ဆက်လက်ရပ်တည်နေကြောင်း သိရသည်။ စီရော်နယ်ဒိုသည် ၂ဝ၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း(၂၆ဝ) ရရှိခဲ့ပြီး မက်ဆီ၊ နေမာ နှင့် အမ်ဘာပေတို့ထက် ပိုများကာ ၂ဝ၂၃ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားအဖြစ် Forbes မဂ္ဂဇင်း က ဖော်ပြခဲ့သည်။

စီရော်နယ်ဒိုသည် အယ်လ်နာဆာအသင်းမှ လုပ်ခလစာ အမေရိကန်ဒေါ်လာသန်း(၂ဝဝ)နီးပါးရရှိခဲ့ပြီး Nike နှင့် Jacon & Co ကဲ့သို့သော နာမည်ကြီး ကုမ္ပဏီများထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း (၆ဝ)နီးပါး ရရှိနေ ကြောင်း သိရသည်။

မက်ဆီ၏ အသင်းဟောင်းပီအက်စ်ဂျီနှင့် လက်ရှိအသင်း အင်တာမိုင်ယာမီအသင်းတို့ထံမှ ပေါင်းစပ်ဝင်ငွေ အမေရိကန်ဒေါ်လာ(၁၃၅)သန်း ရရှိကြောင်း သိရသည်။ နေမာသည် နှစ်စဉ်ဝင်ငွေ အမေရိကန် ဒေါ်လာ(၁၁၂)သန်းရှိပြီး အမ်ဘာပေသည် နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၁ဝ)ရရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် ဝင်ငွေအများဆုံးကစားသမားမှာ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဖြစ်ပြီး တစ်နှစ် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ(၅၈)သန်းရှိကြောင်း သိရသည်။ ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားများမှာ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ ဘန်ဇီမာ၊ ဟာလန်း၊ ဆာလက်၊ မာနေး၊ ဒီဘရိုင်း၊ ဟယ်ရီကိန်း နှင့် လီဝန်ဒေါ့စကီး တို့ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္ ကမာၻ႔အခ်မ္းသာဆုံး ေဘာလုံးသမားစာရင္းတြင္ ကမာၻေက်ာ္တိုက္စစ္မႉး စီေရာ္နယ္ဒို ထိပ္ဆုံးမွာ ရပ္တည္ေန
Pika (NP News) - ေအာက္တိုဘာ ၁၅

ကမာၻေက်ာ္တိုက္စစ္မႉး စီေရာ္နယ္ဒိုသည္ ၂ဝ၂၃ ခုႏွစ္ ကမာၻ႔အခ်မ္းသာဆုံး ေဘာလုံးသမားစာရင္းတြင္ ထိပ္ဆုံးတြင္ ရပ္တည္ေနေၾကာင္း သိရသည္။

စီေရာ္နယ္ဒို၏ ေနာက္တြင္ မက္ဆီ၊ ေနမာ ႏွင့္ အမ္ဘာေပတို႔က အသီးသီး ဆက္လက္ရပ္တည္ေနေၾကာင္း သိရသည္။ စီေရာ္နယ္ဒိုသည္ ၂ဝ၂၃ ခုႏွစ္တြင္ အေမရိကန္ေဒၚလာသန္း(၂၆ဝ) ရရွိခဲ့ၿပီး မက္ဆီ၊ ေနမာ ႏွင့္ အမ္ဘာေပတို႔ထက္ ပိုမ်ားကာ ၂ဝ၂၃ ခုႏွစ္ ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးသမားအျဖစ္ Forbes မဂၢဇင္း က ေဖာ္ျပခဲ့သည္။

စီေရာ္နယ္ဒိုသည္ အယ္လ္နာဆာအသင္းမွ လုပ္ခလစာ အေမရိကန္ေဒၚလာသန္း(၂ဝဝ)နီးပါးရရွိခဲ့ၿပီး Nike ႏွင့္ Jacon & Co ကဲ့သို႔ေသာ နာမည္ႀကီး ကုမၸဏီမ်ားထံမွ တစ္ႏွစ္လွ်င္ အေမရိကန္ေဒၚလာသန္း (၆ဝ)နီးပါး ရရွိေန ေၾကာင္း သိရသည္။

မက္ဆီ၏ အသင္းေဟာင္းပီအက္စ္ဂ်ီႏွင့္ လက္ရွိအသင္း အင္တာမိုင္ယာမီအသင္းတို႔ထံမွ ေပါင္းစပ္ဝင္ေငြ အေမရိကန္ေဒၚလာ(၁၃၅)သန္း ရရွိေၾကာင္း သိရသည္။ ေနမာသည္ ႏွစ္စဥ္ဝင္ေငြ အေမရိကန္ ေဒၚလာ(၁၁၂)သန္းရွိၿပီး အမ္ဘာေပသည္ ႏွစ္စဥ္ဝင္ေငြ အေမရိကန္ေဒၚလာ သန္း(၁၁ဝ)ရရွိေၾကာင္း သိရသည္။

ပရီးမီးယားလိဂ္တြင္ ဝင္ေငြအမ်ားဆုံးကစားသမားမွာ မန္စီးတီးအသင္းတိုက္စစ္မႉး ဟာလန္းျဖစ္ၿပီး တစ္ႏွစ္ ဝင္ေငြမွာ အေမရိကန္ေဒၚလာ(၅၈)သန္းရွိေၾကာင္း သိရသည္။ ကမာၻ႔အခ်မ္းသာဆုံးေဘာလုံးသမားမ်ားမွာ စီေရာ္နယ္ဒို၊ မက္ဆီ၊ ေနမာ၊ အမ္ဘာေပ၊ ဘန္ဇီမာ၊ ဟာလန္း၊ ဆာလက္၊ မာေနး၊ ဒီဘ႐ိုင္း၊ ဟယ္ရီကိန္း ႏွင့္ လီဝန္ေဒါ့စကီး တို႔ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.