ကြည့်ရှုနှုန်း မြင့်တက်လာတဲ့ တောင်ကိုရီးယား ဒရာမာ "Strong Girl Namsoon” နဲ့ "My Dearest”

 1672

ရောင်နီ (NP News) - အောက်တိုဘာ ၁၆

၂ဝ၁၇ ခုနှစ်က နာမည်ကြီး လူကြိုက်များခဲ့တဲ့ "Strong Woman Do Bong Soon" လို ကာရိုက်တာဆင်တူတဲ့ တောင်ကိုရီးယား ဒရာမာအသစ် "Strong Girl Namsoon" ဟာ တတိယအပိုင်းထိ ထွက်ရှိလာချိန်မှာတော့ ကြည့်ရှုမှုနှုန်းဟာ ရှိုးရဲ့အမြင့်ဆုံးထိ ရောက်ရှိခဲ့ပါတယ်။

Nielsen Korea ဝက်ဘ်ဆိုက်ဒ်ရဲ့အဆိုအရ JTBC မှ ထုတ်လွှင့်တဲ့ “Strong Girl Namsoon” ဟာ တောင်ကိုရီးယား ချန်နယ်တွေအားလုံးမှာ ပျမ်းမျှ တစ်နိုင်ငံလုံးအဆင့်သတ်မှတ်မှု ၈.ဝ ရာခိုင်နှုန်း ရရှိခဲ့ပြီး ရှိုးရဲ့အမြင့်ဆုံး rating ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ MBC မှ ထုတ်လွှင့်တဲ့ လူကြိုက်များတဲ့ သမိုင်းဝင်အချစ်ဇာတ်လမ်း “My Dearest” ဟာလည်း အပိုင်း ၂ မှာ ကြည့်ရှုမှုနှုန်းသိသိသာသာ ခုန်တက်သွားခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံး အဆင့်သတ်မှတ်ချက် ၉.၃ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။

SBS မှ ထုတ်လွှင့်တဲ့ "The Escape of the Seven” ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှအဆင့် သတ်မှတ်ချက် ၆.၅ ရာခိုင်နှုန်းနဲ့ တည်ငြိမ်နေပြီး၊ tvN မှ ထုတ်လွှင့်တဲ့ "Arthdal Chronicles 2” ကတော့ ပျမ်းမျှ ၃.၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

အကုန်လုံးထဲမှာ Rating အမြင့်ဆုံးကတော့ KBS 2TV ရဲ့ "Live Your Own Life” ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပျမ်းမျှအဆင့်သတ်မှတ်မှု ၁၄.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ လူကြည့်အများဆုံးရှိုး ဖြစ်လာခဲ့ပါ တယ်။

Zawgyi Version;
ၾကည့္ရႈႏႈန္း ျမင့္တက္လာတဲ့ ေတာင္ကိုရီးယား ဒရာမာ "Strong Girl Namsoon” နဲ႔ "My Dearest”
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၆

၂ဝ၁၇ ခုႏွစ္က နာမည္ႀကီး လူႀကိဳက္မ်ားခဲ့တဲ့ "Strong Woman Do Bong Soon" လို ကာ႐ိုက္တာဆင္တူတဲ့ ေတာင္ကိုရီးယား ဒရာမာအသစ္ "Strong Girl Namsoon" ဟာ တတိယအပိုင္းထိ ထြက္ရွိလာခ်ိန္မွာေတာ့ ၾကည့္ရႈမႈႏႈန္းဟာ ရႈိးရဲ႕အျမင့္ဆုံးထိ ေရာက္ရွိခဲ့ပါတယ္။

Nielsen Korea ဝက္ဘ္ဆိုက္ဒ္ရဲ႕အဆိုအရ JTBC မွ ထုတ္လႊင့္တဲ့ “Strong Girl Namsoon” ဟာ ေတာင္ကိုရီးယား ခ်န္နယ္ေတြအားလုံးမွာ ပ်မ္းမွ် တစ္ႏိုင္ငံလုံးအဆင့္သတ္မွတ္မႈ ၈.ဝ ရာခိုင္ႏႈန္း ရရွိခဲ့ၿပီး ရႈိးရဲ႕အျမင့္ဆုံး rating ျဖစ္ခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ MBC မွ ထုတ္လႊင့္တဲ့ လူႀကိဳက္မ်ားတဲ့ သမိုင္းဝင္အခ်စ္ဇာတ္လမ္း “My Dearest” ဟာလည္း အပိုင္း ၂ မွာ ၾကည့္ရႈမႈႏႈန္းသိသိသာသာ ခုန္တက္သြားခဲ့ၿပီး ပ်မ္းမွ်အားျဖင့္ တစ္ႏိုင္ငံလုံး အဆင့္သတ္မွတ္ခ်က္ ၉.၃ ရာခိုင္ႏႈန္းထိ ရရွိခဲ့ပါတယ္။

SBS မွ ထုတ္လႊင့္တဲ့ "The Escape of the Seven” ကေတာ့ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ပ်မ္းမွ်အဆင့္ သတ္မွတ္ခ်က္ ၆.၅ ရာခိုင္ႏႈန္းနဲ႔ တည္ၿငိမ္ေနၿပီး၊ tvN မွ ထုတ္လႊင့္တဲ့ "Arthdal Chronicles 2” ကေတာ့ ပ်မ္းမွ် ၃.၂ ရာခိုင္ႏႈန္းသာ ရရွိခဲ့ပါတယ္။

အကုန္လုံးထဲမွာ Rating အျမင့္ဆုံးကေတာ့ KBS 2TV ရဲ႕ "Live Your Own Life” ျဖစ္ၿပီး တစ္ႏိုင္ငံလုံးအတိုင္း အတာနဲ႔ ပ်မ္းမွ်အဆင့္သတ္မွတ္မႈ ၁၄.၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ကာ လူၾကည့္အမ်ားဆုံးရႈိး ျဖစ္လာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.