ဖုန်းဆင်းကတ်များ အောက်တိုဘာလ မကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်း မရှိပါက အပြီးပိတ်သိမ်းမည်

 12457

NP News - အောက်တိုဘာ ၁၇

ဆင်းကတ်(SIM Card) မှတ်ပုံတင်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဖုန်းဆင်းကတ်များ၏ အချက်အလက်များကို အောက်တိုဘာလ မကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိပါက အပြီးပိတ်သိမ်းမယ်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီလ ၃၁ ရက်အထိ မှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းဆင်းကတ်များကိုပိတ်သိမ်းမည်ဟု ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စတင်ပိတ်သိမ်းမှုအချို့ ရှိခဲ့သည်။

ထို့နောက် ဆင်းကတ်မှတ်ပုံတင်အချက်အလက်များ ပြန်လည် ပြင်ဆင်မှတ် ပုံတင်နိုင်ရေး အချိန်တိုးမြှင့်ပေးခြင်းများကို ထပ်မံအသိပေးထုတ်ပြန်မှုများပြုလုပ်ခဲ့သည်။

ယခု ထပ်မံအသိပေးမှုတွင်လည်း လဝက၏အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းတွင် အချက်အလက်မမှန်သော နိုင်ငံသားစိစစ်ရေးကတ်များဖြင့် မှတ်ပုံတင်ထားသော ဆင်းကတ်သုံးစွဲသူများထံ မှန်ကန်စွာပြန်လည်မှတ်ပုံတင်ရန် အသိပေးစာတို(SMS)များ ပေးပို့ထားကြောင်းသိရသည်။

ထို့ကြောင့် အချက်အလက်အမှန်ဖြင့် အမြန်လာရောက်မှတ်ပုံတင်ရန် ထပ်မံအသိပေးခြင်းမျိုးဖြစ်ပြီး ယခုလမကုန်မီ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိလျှင် ယင်းဆင်းကတ်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်းကတ်သုံးစွဲသည့် ပြည်သူများအနေဖြင့် မိမိတို့ အသုံးပြုနေသော ဆင်းကတ်ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးစာတို (SMS) ရရှိပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application (App)များ၊ Website တို့တွင် နိုင်ငံသားစိစစ်ရေးကတ် အချက် အလက်အမှန်ဖြင့် အမြန်ပြန်လည်မှတ်ပုံတင်ကြရန်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ဆင်းကတ်များ ပြန်လည်မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်တွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများကို မှန်ကန်စွာသုံးစွဲသူများအား အကာအကွယ်ပေးနိုင်ရန်၊ ငွေကြေးဝန်ဆောင်မှု၊ e-commerce လုပ်ငန်းများနှင့်ပတ်သက်၍ ကာကွယ်ပေးနိုင်ရန် နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်နိုင်ရန် ရည်ရွယ်ကာ ဖုန်းဆင်းကတ်များ ရောင်းချရာတွင် လိုက်နာရမည့်အမိန့်နှင့် ညွှန်ကြားချက်များကို အမိန့်ကြော်ငြာစာ တစ်ခုထုတ်ပြန်ခဲ့သည်။

သို့သော် ဖုန်းဆင်းကတ်များကို စနစ်တကျရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၂)အရ အရေးယူခြင်းခံရမည်ဟုလည်း အသိပေးထားသည်။

zawgyi version
ဖုန္းဆင္းကတ္မ်ား ေအာက္တိုဘာလ မကုန္မီ ျပန္လည္ျပင္ဆင္မွတ္ပုံတင္ျခင္း မရွိပါက အၿပီးပိတ္သိမ္းမည္
NP News - ေအာက္တိုဘာ ၁၇

ဆင္းကတ္(SIM Card) မွတ္ပုံတင္အခ်က္အလက္မ်ားကို လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ National Database အခ်က္အလက္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိရာ အဆိုပါ ဖုန္းဆင္းကတ္မ်ား၏ အခ်က္အလက္မ်ားကို ေအာက္တိုဘာလ မကုန္မီ ျပန္လည္ျပင္ဆင္မွတ္ပုံတင္ျခင္းမရွိပါက အၿပီးပိတ္သိမ္းမယ္ဟု ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ဇန္နဝါရီလ ၃၁ ရက္အထိ မွတ္ပုံတင္ထားျခင္းမရွိေသာ ဖုန္းဆင္းကတ္မ်ားကိုပိတ္သိမ္းမည္ဟု ေၾကညာခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ စတင္ပိတ္သိမ္းမႈအခ်ိဳ႕ ရွိခဲ့သည္။

ထို႔ေနာက္ ဆင္းကတ္မွတ္ပုံတင္အခ်က္အလက္မ်ား ျပန္လည္ ျပင္ဆင္မွတ္ ပုံတင္ႏိုင္ေရး အခ်ိန္တိုးျမႇင့္ေပးျခင္းမ်ားကို ထပ္မံအသိေပးထုတ္ျပန္မႈမ်ားျပဳလုပ္ခဲ့သည္။

ယခု ထပ္မံအသိေပးမႈတြင္လည္း လဝက၏အခ်က္အလက္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးျခင္းလုပ္ငန္းတြင္ အခ်က္အလက္မမွန္ေသာ ႏိုင္ငံသားစိစစ္ေရးကတ္မ်ားျဖင့္ မွတ္ပုံတင္ထားေသာ ဆင္းကတ္သုံးစြဲသူမ်ားထံ မွန္ကန္စြာျပန္လည္မွတ္ပုံတင္ရန္ အသိေပးစာတို(SMS)မ်ား ေပးပို႔ထားေၾကာင္းသိရသည္။

ထို႔ေၾကာင့္ အခ်က္အလက္အမွန္ျဖင့္ အျမန္လာေရာက္မွတ္ပုံတင္ရန္ ထပ္မံအသိေပးျခင္းမ်ိဳးျဖစ္ၿပီး ယခုလမကုန္မီ ျပန္လည္ျပင္ဆင္မွတ္ပုံတင္ျခင္းမရွိလွ်င္ ယင္းဆင္းကတ္မ်ားကို အၿပီးပိတ္သိမ္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆင္းကတ္သုံးစြဲသည့္ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ အသုံးျပဳေနေသာ ဆင္းကတ္ပိတ္သိမ္းခံရမႈမရွိေစေရးအတြက္ ျပန္လည္မွတ္ပုံတင္ႏိုင္ရန္ အသိေပးစာတို (SMS) ရရွိပါက သက္ဆိုင္ရာ မိုဘိုင္းေအာ္ပေရတာမ်ား၏ အေရာင္းဆိုင္မ်ား၊ Application (App)မ်ား၊ Website တို႔တြင္ ႏိုင္ငံသားစိစစ္ေရးကတ္ အခ်က္ အလက္အမွန္ျဖင့္ အျမန္ျပန္လည္မွတ္ပုံတင္ၾကရန္လည္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

ဆင္းကတ္မ်ား ျပန္လည္မွတ္ပုံတင္ျခင္းႏွင့္ပတ္သက္၍ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက စက္တင္ဘာလ ၂၆ ရက္တြင္ မိုဘိုင္းဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားကို မွန္ကန္စြာသုံးစြဲသူမ်ားအား အကာအကြယ္ေပးႏိုင္ရန္၊ ေငြေၾကးဝန္ေဆာင္မႈ၊ e-commerce လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ကာကြယ္ေပးႏိုင္ရန္ ႏွင့္ ျပစ္မႈက်ဴးလြန္သူမ်ားကို စုံစမ္းေဖာ္ထုတ္ႏိုင္ရန္ ရည္႐ြယ္ကာ ဖုန္းဆင္းကတ္မ်ား ေရာင္းခ်ရာတြင္ လိုက္နာရမည့္အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္မ်ားကို အမိန႔္ေၾကာ္ျငာစာ တစ္ခုထုတ္ျပန္ခဲ့သည္။

သို႔ေသာ္ ဖုန္းဆင္းကတ္မ်ားကို စနစ္တက်ေရာင္းခ်ျခင္းႏွင့္ လႊဲေျပာင္းရာတြင္ ျပန္လည္မွတ္ပုံတင္ျခင္းမရွိပါက ဆက္သြယ္ေရးဥပေဒပုဒ္မ (၇၂)အရ အေရးယူျခင္းခံရမည္ဟုလည္း အသိေပးထားသည္။

Related news

© 2021. All rights reserved.