အင်းစိန်မြို့၌ အန်စာတုံးကား နှင့် Light Truck ကားတို့ တိုက်မိခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 572

စော(NP News) - အောက်တိုဘာ ၁၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အန်စာတုံးကားနှင့် Light Truck ကားတို့ တိုက်မိခဲ့ရာ လူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်)၊ ည(၇)နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွေးဒါနမျိုးဆက်အသင်းထံမှ သိရသည်။

“Light Truck ကားက ဆိုင်ကယ်ကိုရှောင်လိုက်ရင်း တစ်ဖက်လမ်းကြောင်းကို ရောက်သွားတာပါ။ ရောက်သွားတော့ အန်စာတုံးကားရဲ့ ခေါင်းကိုသွားတိုက်မိတာပါ”ဟု သွေးဒါနမျိုးဆက်အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် Light Truck ကားပေါ်တွင် လိုက်ပါလာသော အမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို သွေးဒါနမျိုးဆက်အသင်းမှ အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕၌ အန္စာတုံးကား ႏွင့္ Light Truck ကားတို႔ တိုက္မိခဲ့ရာ လူ(၂)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - ေအာက္တိုဘာ ၁၉

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ အန္စာတုံးကားႏွင့္ Light Truck ကားတို႔ တိုက္မိခဲ့ရာ လူ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာလ ၁၈ ရက္)၊ ည(၇)နာရီခြဲဝန္းက်င္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ တညင္းကုန္းရပ္ကြက္၊ ခေရပင္လမ္းတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေသြးဒါနမ်ိဳးဆက္အသင္းထံမွ သိရသည္။

“Light Truck ကားက ဆိုင္ကယ္ကိုေရွာင္လိုက္ရင္း တစ္ဖက္လမ္းေၾကာင္းကို ေရာက္သြားတာပါ။ ေရာက္သြားေတာ့ အန္စာတုံးကားရဲ႕ ေခါင္းကိုသြားတိုက္မိတာပါ”ဟု ေသြးဒါနမ်ိဳးဆက္အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ Light Truck ကားေပၚတြင္ လိုက္ပါလာေသာ အမ်ိဳးသား (၁)ဦး ႏွင့္ အမ်ိဳးသမီး (၁)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေသြးဒါနမ်ိဳးဆက္အသင္းမွ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.