ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲရန်စီစဉ်နေ

1859
Pearl (NP News) - အောက်တိုဘာ ၂၁
ရန်ကုန်မြို့ နှင့် ဘန်ကောက်မြို့အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲရန် နှစ်နိုင်ငံအကြား စီစဉ်နေကြောင်း နစကထံမှသတင်းရရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ထိုင်းနိုင်ငံ အခြေစိုက် Best International Travel & Agency မှ အမှုဆောင်အရာရှိ Ms. Kulchalee Preechaya-deekul ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့တို့သည် ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) တွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ထိုင်းခရီးသွားများ အများဆုံးလည်ပတ်လေ့ရှိသော ရန်ကုန်၊ ပဲခူး၊ ကျိုက်ထီးရိုး ခရီးစဉ်များအပြင် ခရီးစဉ်အသစ်များသို့လည်း လာရောက်လည်ပတ်ရေး နှင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ရုပ်သံဗီဒီယိုများရိုက်ကူး၍ ထိုင်းနိုင်ငံရှိ သတင်းမီဒီယာများ၌ လွှင့်တင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်နှင့် ဘန်ကောက်အကြား လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲပေးနိုင်ရေး နှင့် မြန်မာ-ထိုင်းနှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင် ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် - ထိုင်း လေကြောင်းခရီးစဉ်များကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ Thai AirAsia ၊ THAI Airways စသည့် လေကြောင်းလိုင်းများက ပျံသန်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ႏွင့္ ဘန္ေကာက္ၿမိဳ႕အၾကား ေလေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ပ်ံသန္းေျပးဆြဲရန္စီစဥ္ေန
Pearl (NP News) - ေအာက္တိုဘာ ၂၁
ရန္ကုန္ၿမိဳ႕ ႏွင့္ ဘန္ေကာက္ၿမိဳ႕အၾကား ေလေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ပ်ံသန္းေျပးဆြဲရန္ ႏွစ္ႏိုင္ငံအၾကား စီစဥ္ေနေၾကာင္း နစကထံမွသတင္းရရွိသည္။
ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ ႏွင့္ ထိုင္းႏိုင္ငံ အေျခစိုက္ Best International Travel & Agency မွ အမႈေဆာင္အရာရွိ Ms. Kulchalee Preechaya-deekul ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔သည္ ယမန္ေန႔ (ေအာက္တိုဘာလ ၂၀ ရက္) တြင္ ေနျပည္ေတာ္၌ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ထိုင္းခရီးသြားမ်ား အမ်ားဆုံးလည္ပတ္ေလ့ရွိေသာ ရန္ကုန္၊ ပဲခူး၊ က်ိဳက္ထီး႐ိုး ခရီးစဥ္မ်ားအျပင္ ခရီးစဥ္အသစ္မ်ားသို႔လည္း လာေရာက္လည္ပတ္ေရး ႏွင့္ ျမန္မာ ႏိုင္ငံ၏ ခရီးစဥ္ေဒသမ်ားကို ႐ုပ္သံဗီဒီယိုမ်ား႐ိုက္ကူး၍ ထိုင္းႏိုင္ငံရွိ သတင္းမီဒီယာမ်ား၌ လႊင့္တင္ေရးတို႔အတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္ႏွင့္ ဘန္ေကာက္အၾကား ေလေၾကာင္းလိုင္းမ်ား တိုးခ်ဲ႕ပ်ံသန္းေျပးဆြဲေပးႏိုင္ေရး ႏွင့္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္ ႐ြက္သြားမည့္ ကိစၥရပ္မ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ရန္ကုန္ - ထိုင္း ေလေၾကာင္းခရီးစဥ္မ်ားကို အျပည္ျပည္ဆိုင္ရာ ျမန္မာေလေၾကာင္း (MAI)၊ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA)၊ Thai AirAsia ၊ THAI Airways စသည့္ ေလေၾကာင္းလိုင္းမ်ားက ပ်ံသန္းလ်က္ရွိေၾကာင္း သိရသည္။