"သူ့ကို မှတ်မိကြလား၊ ယာဆာအာရဖတ်၏ ပါလက်စတိုင်းလွတ်မြောက်ရေး အဖွဲ့နှင့် အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်" (ဘာသာပြန်ဆောင်းပါး)

 4549

Htay Oung (NP News) - အောက်တိုဘာ ၂၂

ယာဆာအာရဖတ် (၁၉၂၉-၂၀၀၄ ခုနှစ်) ဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပါလက်စတိုင်း မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပါလက်စတိုင်း ဒုက္ခသည်တစ်ဦးအဖြစ် လူဖြစ်လာရသူလို့ ပြောနိုင်ပါတယ်။ အီဂျစ်တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး ဇီယွန်ဝါဒဆန့်ကျင်ရေးအာရပ်အမျိုးသားရေးအယူအဆကို လက်ခံယုံကြည်သူဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း နိုင်ငံအားလုံးမှာ ဘာသာရေးနောက်ခံနဲ့ ကြောက်စရာအကောင်းဆုံး အဖွဲ့အစည်းနှစ်ခုရှိတယ်လို့ ပြောစမှတ်ရှိပါတယ်။ ဂျီဟတ်ဒ်အရေးတော်ပုံအဖွဲ့နဲ့ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့ ဖြစ်ပါတယ်။

ဂျီဟတ်ဒ်အရေးတော်ပုံအဖွဲ့ဟာ အစ္စလာမ်ဘာသာနဲ့ အဆုံးအမနဲ့ မကိုက်ညီဘူးလို့ သူတို့ဖာသာ ထင်မှတ်တဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရကို တော်လှန်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဗုံးခွဲအ ကြမ်းဖက်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။

ပါကစ္စတန်နိုင်ငံ အဘော့တဘက်မြို့မှာ (ဆော်ဒီနိုင်ငံသား) အိုစမာဘင်လာဒင် (၁၉၈၈-၂၀၀၁ ခုနှစ်) ကို အမေရိကန်နေဗီဆီးလ်များက လုပ်ကြံသတ်ဖြတ်ပြီးနောက်ပိုင်း အိုစမာထူထောင်ခဲ့တဲ့ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကို ဆက်ခံသူ အယ်လ်ဇာဝါဟီရီ (၁၉၅၁-၂၀၂၂ ခုနှစ်) ဟာ အီဂျစ်လူမျိုးခွဲစပ်ကုဆရာ၀န်ကြီးဖြစ်ပြီး အီဂျစ်ဂျီဟတ်ဒ်အရေးတော်ပုံအဖွဲ့မှ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးရဲ့ ဆရာ အဗ္ဗဒူလာယူဆွတ်အာဇမ် (၁၉၄၁-၁၉၈၉ ခုနှစ်) ဟာ ဂျော်ဒန်မွတ်စလင်ဘရားသားဟုဒ်မှ ဖြစ်ပါတယ်။ တကယ်တော့ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်တို့ ပြောနေကြတဲ့ ဂျီဟတ်ဒ်ဆိုတာ အစ္စလာမ်ဘာသာ ကိုရမ်ကျမ်းကို အဓိပ္ပါယ်တစ်လွဲဖွင့်ဆိုထားခြင်းဖြစ်တယ်လို့ အကြမ်းဖက်မှု လေ့လာသူများက ပြောကြပါတယ်။

၁၉၈၉ ခုနှစ် ပါကစ္စတန် အနောက်ပက်ရှဝါပြည်နယ် ဗလီတစ်ခုမှ ၀တ်ပြုပြီး ထွက်ခွာလာတဲ့ အာဇမ်ကို ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခံရခြင်းဟာ သူတို့နှစ်ဦးရဲ့လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခံရခြင်းက အဲဒီအချက်ကို မီးမောင်းထိုးပြနေပါတယ်။

တကယ်တော့ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ဟာ အာရပ်အမျိုးသားရေးဝါဒ ဒီရေခေါင်ဖျားရောက်ရှိချိန် အာဖဂန်နစ်စတန်နိုင်ငံဆိုဗီယက်ကျူးကျော်မှု ( ၁၉၇၉-၁၉၈၉ ခုနှစ်) နဲ့ စစ်အေးတိုက်ပွဲ ကာလအတွင်း အောက်လမ်းဆရာ အမေရိကန်စီအိုင်အေက သရဲမွေးမိသလိုဖြစ်ခဲ့ရတဲ့ အာရပ်အစွန်းရောက်အဖွဲ့ဖြစ်ပါတယ်။ အောက်လမ်းဆရာ အမေရိကန်အစိုးရကို အယ်လ်ကိုင်ဒါသရဲ ဂုတ်ချိုးရာက 9/11 ဖြစ်စဉ်ပေါ်ပေါက်လာပြီး ယနေ့ထိ ကြားချောင် အသက်ပေးနေရသူတွေက အမေရိကန်နဲ့ အာရပ်ပြည်သူတွေပဲ ဖြစ်ပါတယ်။

ပါလက်စတိုင်းဒုက္ခသည်တစ်ဦးအဖြစ် လူ့ဘကြီးကို ရောက်လာတဲ့ ယာဆာအာရဖတ်ဟာ မွတ်စလင် ဘရားသားဟုဒ်တို့နဲ့အတူ အစ္စရေးကို ဆန့်ကျင်ရင်း ပါလက်စတိုင်းလွတ်မြောက် ရေးအဖွဲ့ PLO မှာ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

ဟားမတ်တို့ဟာ အစ္စရေးတို့ရဲ့ သိမ်းပိုက်မှုကို ဆန့်ကျင်တဲ့ (အစ္စရေးသြဇာခံ အနောက်ဘက်ကမ်း အာဏာပိုင်အဖွဲ့ကို ဆန့်ကျင်တဲ့) ပါလက်စတိုင်းလူထုအုံကြွမှု ၁၉၈၇-၁၉၉၃ ခုနှစ်မှ “ပထမအကြိမ်အင်တီဖာဒါ” နဲ့ “ ၂၀၀၀-၂၀၀၅-ခုနှစ် “ဒုတိယအကြိမ် အင်တီဖာဒါ” အပြီးမှာ ပေါ်ပေါက်လာတဲ့ မွတ်စလင်ဘရားသားဟုဒ်များ ဖြစ်ကြပါတယ်။

ပါလက်စတိုင်းနဲ့ ဂျူးတို့အကြား (နယ်မြေပိုင်ဆိုင်ခွင့်) ပဋိပက္ခဟာ ရာစုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရန်ဘက်တိုင်းပြည်များပတ်လည်ဝိုင်းနေတဲ့ နေရာမှာ နိုင်ငံတည်ထောင်ခြင်းအားဖြင့် အာရပ်တို့နဲ့ မလွဲမသွေ စစ်ဖြစ်ရလိမ့်မယ်ဆိုတာ ဂျူးလူမျိုးတို့ ကြိုတင်တွက်ဆထားပြီး ဖြစ်ပုံရပါတယ်။ စစ်ပွဲတိုင်းမှာ အစ္စရေးတို့က နယ်မြေတိုးချဲ့ သိမ်းယူနိုင်ခဲ့ပြီး ၁၉၆၇-ခုနှစ် ၆-ရက်စစ်ပွဲ တတိယအကြိမ်မှာ ပါလက်စတိုင်းတို့ကို အနောက်ဘက်ကမ်းနဲ့ ဂါဇာ ကမ်းမြှောင်အတွင်း မောင်းထုတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ စတုတ္ထအကြိမ် နှစ်ဘက်အင်အားပြည့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၇၃-ခုနှစ် ယွန်ကစ်ပူစစ်ပွဲအပြီးမှာ ယခင်သိမ်းယူထားတဲ့ နယ်မြေများနဲ့ အလဲအလှယ် လုပ်ခြင်း ဂျော်ဒန်အပါအ၀င် အိမ်နီးချင်းအာရပ်နိုင်ငံအချို့နဲ့ အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။

အီဂျစ်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ဆိုင်းနိုင်းဒေသကို သိမ်းယူထားတဲ့ အစ္စရေးတပ်များကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းတို့မှာ စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းလဲပေးခဲ့ပေမယ့် ဂိုလန်ကုန်းမြင့်နဲ့ ဂျေရုဆလင်မြို့ အရှေ့ပိုင်းကို အစ္စရေးပိုင်နက်အတွင်း သွတ်သွင်းခဲ့ပါတယ်။ အဲဒီလို တစ်နေရာလျော့ တစ်နေရာတင်း လုပ်ခြင်းအားဖြင့် စစ်ပွဲဖြစ်ပွားတိုင်း ပါ၀င်နေကျ အာရပ်နိုင်ငံအချို့ကို ဖယ်ထုတ်ခဲ့ကြောင်း ဂျူးတို့ရဲ့ စစ်ရေး-အုပ်ချုပ်ရေး လိမ်မာပါးနပ်ပုံကို တွေ့မြင်ရပါတယ်။

ဆိုင်းနိုင်းကျွန်းဆွယ် အီဂျစ်နယ်မြေမှ အစ္စရေးတပ်များ စတင်ဆုတ်ခွာခြင်းနဲ့အတူ ပါလက်စတိုင်းနဲ့ တင်းမာမှုဟာ မြင့်တက်လာခဲ့ပါတယ်။ ယာဆာအာရဖတ်ရဲ့ ပါလက်စတိုင်း လွတ် မြောက်ရေးတပ် PLO တို့ဟာ လက်ဘနွန်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း အခိုင်အမာခြေကုပ်ယူပြီး အစ္စရေးခရီးသည်တင်လေယာဉ်များကို ဗုံးခွဲ သို့မဟုတ် အပိုင်စီးခြင်း၊ ပြည်ပမှာ ခရီးသွားလာနေတဲ့ အစ္စရေး အရပ်သားများ၊ အားကစားသမားများကို အကြမ်းဖက်ဖတ်ဖြတ်ခြင်းဖြင့် အစ္စရေးနိုင်ငံအပေါ် လက်နက်ကိုင်ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီအတွက် ပါလက်စတိုင်းတို့ရှိရာ လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ ဘေရွတ်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ၁၉၈၂ ပဉ္စမနဲ့ ၂၀၀၆ ခုနှစ် ဆဋ္ဌမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲကိုတော့ လက်ဘနွန်နိုင်ငံ အတွင်းအဖြစ် ဂျူးတို့က ကန့်သတ်နိုင်ခဲ့ပြီး ပါလက်စတိုင်း PLO များ၊ ဒေသတွင်း မွတ်စလင်ဗော်လံတီယာများ၊ လက်ဘနွန်တရား၀င် ပြည်သူ့စစ် ဟစ်ဇ်ဘိုလာတို့နဲ့ အကြိတ်အနယ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာရပ်အစ္စရေးစစ်ပွဲဟာ ပါလက်စတိုင်းအစ္စရေးစစ်ပွဲအဖြစ်ဘောင်ကျဉ်းသွားခဲ့ပြီးဖြစ်ပါတယ်။

အဲဒီအချိန် လက်ဘနွန်တောင်ပိုင်း PLO တို့၀င်ရောက်နေတဲ့ ဒုက္ခသည်စခန်းများကို (ယခုဂါဇာကို ပိတ်ဆို့ချေမှုန်းနေသလိုမျိုး) အစ္စရေးက ဝိုင်းပတ်ပိတ်ဆို့ခဲ့ပါတယ်။ အီဂျစ်-ဂျော်ဒန်အပါအ၀င် နိုင်ငံတကာကြား၀င်စေ့စပ်မှုဖြင့် ခရစ်ယာန်ဘာသာ၀င်အများစု လက်ဘနွန် အစိုးရနဲ့ အစ္စရေးတို့အကြား မကြာမီ ပုံမှန်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ် အော်စလိုသဘောတူစာချုပ်အရ အစ္စရေးနိုင်ငံတည်ရှိမှုကို PLO တို့က အသိ အမှတ်ပြုလိုက်ရပြီး အကြမ်းဖက်မှုကို စွန့်လွှတ်လိုက်ရပါတယ်။ အပြန်အလှန်အားဖြင့် လက်နက်ကိုင်ဆန့်ကျင်ခြင်း မရှိတော့တဲ့ PLO တို့ကို ပါလက်စတိုင်းရဲ့ တရား၀င်အုပ်ချုပ်သူအဖြစ် အစ္စရေးက အသိအမှတ်ပြုခဲ့ပါတယ်။

အစ္စရေး၀န်ကြီးချုပ်များဖြစ်ကြတဲ့ ရှီမွန်ပီရက်စ်၊ ယစ်ဇက်ရာဘင်တို့နဲ့အတူ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု ပူးတွဲရရှိခဲ့သူ ယာဆာအာရဖတ်ကိုတော့ ပါလက်စတိုင်းအချို့နဲ့ သဘောထားတင်းမာသူ အာရပ်နိုင်ငံအချို့က အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။

နိုဘယ်ဆု ပေးအပ်ချီးမြှင့်နေတဲ့ နော်ဝေးဟာ အာရှနိုင်ငံများ ငြိမ်းချမ်းရေးမှာ အတော်လေး ထဲထဲ၀င်၀င်ရှိတဲ့တိုင်းပြည်ဖြစ်ပါတယ်။ သီရိလင်္ကာပြည်တွင်းစစ် (၁၉၈၃-၂၀၀၉ ခုနှစ်) မှာ ခွဲထွက်ရေးတမီလ်ကျားသူပုန်များနဲ့ ဆင်းဟာလိ ကိုလံဘိုစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ကြား၀င်စေ့စပ်ပေးသူက နော်ဝေးဖြစ်သလို တမီလ်ကျားသူပုန်တို့ကိုဆင်းဟာလိစစ်တပ်ကအမြစ်ပြတ်ချေမှုန်းလိုက်တဲ့အခါ သီရိလင်္ကာနိုင်ငံကို ဂျီနိုဆိုက်စွပ်စွဲပြီး ICC, ICJ တင်ဖို့ကြိုးစားနေသူကလည်း နော်ဝေးပဲဖြစ်နေပါတယ်။

zawgyi version
"သူ႔ကို မွတ္မိၾကလား၊ ယာဆာအာရဖတ္၏ ပါလက္စတိုင္းလြတ္ေျမာက္ေရး အဖြဲ႕ႏွင့္ ေအာ္စလို ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္" (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေအာက္တိုဘာ ၂၂

ယာဆာအာရဖတ္ (၁၉၂၉-၂၀၀၄ ခုႏွစ္) ဟာ အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕မွာ ပါလက္စတိုင္း မိဘႏွစ္ပါးမွ ေမြးဖြားသူျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ပါလက္စတိုင္း ဒုကၡသည္တစ္ဦးအျဖစ္ လူျဖစ္လာရသူလို႔ ေျပာႏိုင္ပါတယ္။ အီဂ်စ္တကၠသိုလ္မွာ ပညာသင္ယူခဲ့ၿပီး ဇီယြန္ဝါဒဆန္႔က်င္ေရးအာရပ္အမ်ိဳးသားေရးအယူအဆကို လက္ခံယုံၾကည္သူျဖစ္ပါတယ္။

အေရွ႕အလယ္ပိုင္း ႏိုင္ငံအားလုံးမွာ ဘာသာေရးေနာက္ခံနဲ႔ ေၾကာက္စရာအေကာင္းဆုံး အဖြဲ႕အစည္းႏွစ္ခုရွိတယ္လို႔ ေျပာစမွတ္ရွိပါတယ္။ ဂ်ီဟတ္ဒ္အေရးေတာ္ပုံအဖြဲ႕နဲ႔ မြတ္စလင္ဘရားသားဟုဒ္အဖြဲ႕ ျဖစ္ပါတယ္။

ဂ်ီဟတ္ဒ္အေရးေတာ္ပုံအဖြဲ႕ဟာ အစၥလာမ္ဘာသာနဲ႔ အဆုံးအမနဲ႔ မကိုက္ညီဘူးလို႔ သူတို႔ဖာသာ ထင္မွတ္တဲ့ သက္ဆိုင္ရာႏိုင္ငံအစိုးရကို ေတာ္လွန္ျခင္း၊ လုပ္ႀကံသတ္ျဖတ္ျခင္း၊ ဗုံးခြဲအ ၾကမ္းဖက္ျခင္းမ်ား ျပဳလုပ္ေလ့ရွိပါတယ္။

ပါကစၥတန္ႏိုင္ငံ အေဘာ့တဘက္ၿမိဳ႕မွာ (ေဆာ္ဒီႏိုင္ငံသား) အိုစမာဘင္လာဒင္ (၁၉၈၈-၂၀၀၁ ခုႏွစ္) ကို အေမရိကန္ေနဗီဆီးလ္မ်ားက လုပ္ႀကံသတ္ျဖတ္ၿပီးေနာက္ပိုင္း အိုစမာထူေထာင္ခဲ့တဲ့ အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕ကို ဆက္ခံသူ အယ္လ္ဇာဝါဟီရီ (၁၉၅၁-၂၀၂၂ ခုႏွစ္) ဟာ အီဂ်စ္လူမ်ိဳးခြဲစပ္ကုဆရာ၀န္ႀကီးျဖစ္ၿပီး အီဂ်စ္ဂ်ီဟတ္ဒ္အေရးေတာ္ပုံအဖြဲ႕မွ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးစလုံးရဲ႕ ဆရာ အဗၺဒူလာယူဆြတ္အာဇမ္ (၁၉၄၁-၁၉၈၉ ခုႏွစ္) ဟာ ေဂ်ာ္ဒန္မြတ္စလင္ဘရားသားဟုဒ္မွ ျဖစ္ပါတယ္။ တကယ္ေတာ့ အယ္လ္ကိုင္ဒါနဲ႔ အိုင္အက္စ္တို႔ ေျပာေနၾကတဲ့ ဂ်ီဟတ္ဒ္ဆိုတာ အစၥလာမ္ဘာသာ ကိုရမ္က်မ္းကို အဓိပၸါယ္တစ္လြဲဖြင့္ဆိုထားျခင္းျဖစ္တယ္လို႔ အၾကမ္းဖက္မႈ ေလ့လာသူမ်ားက ေျပာၾကပါတယ္။

၁၉၈၉ ခုႏွစ္ ပါကစၥတန္ အေနာက္ပက္ရွဝါျပည္နယ္ ဗလီတစ္ခုမွ ၀တ္ျပဳၿပီး ထြက္ခြာလာတဲ့ အာဇမ္ကို ဗုံးခြဲလုပ္ႀကံသတ္ျဖတ္ခံရျခင္းဟာ သူတို႔ႏွစ္ဦးရဲ႕လက္ခ်က္ျဖစ္တယ္လို႔ စြပ္စြဲခံရျခင္းက အဲဒီအခ်က္ကို မီးေမာင္းထိုးျပေနပါတယ္။

တကယ္ေတာ့ အယ္လ္ကိုင္ဒါ အၾကမ္းဖက္အဖြဲ႕ဟာ အာရပ္အမ်ိဳးသားေရးဝါဒ ဒီေရေခါင္ဖ်ားေရာက္ရွိခ်ိန္ အာဖဂန္နစ္စတန္ႏိုင္ငံဆိုဗီယက္က်ဴးေက်ာ္မႈ ( ၁၉၇၉-၁၉၈၉ ခုႏွစ္) နဲ႔ စစ္ေအးတိုက္ပြဲ ကာလအတြင္း ေအာက္လမ္းဆရာ အေမရိကန္စီအိုင္ေအက သရဲေမြးမိသလိုျဖစ္ခဲ့ရတဲ့ အာရပ္အစြန္းေရာက္အဖြဲ႕ျဖစ္ပါတယ္။ ေအာက္လမ္းဆရာ အေမရိကန္အစိုးရကို အယ္လ္ကိုင္ဒါသရဲ ဂုတ္ခ်ိဳးရာက 9/11 ျဖစ္စဥ္ေပၚေပါက္လာၿပီး ယေန႔ထိ ၾကားေခ်ာင္ အသက္ေပးေနရသူေတြက အေမရိကန္နဲ႔ အာရပ္ျပည္သူေတြပဲ ျဖစ္ပါတယ္။

ပါလက္စတိုင္းဒုကၡသည္တစ္ဦးအျဖစ္ လူ႔ဘႀကီးကို ေရာက္လာတဲ့ ယာဆာအာရဖတ္ဟာ မြတ္စလင္ ဘရားသားဟုဒ္တို႔နဲ႔အတူ အစၥေရးကို ဆန္႔က်င္ရင္း ပါလက္စတိုင္းလြတ္ေျမာက္ ေရးအဖြဲ႕ PLO မွာ ဥကၠ႒ ျဖစ္လာခဲ့ပါတယ္။

ဟားမတ္တို႔ဟာ အစၥေရးတို႔ရဲ႕ သိမ္းပိုက္မႈကို ဆန္႔က်င္တဲ့ (အစၥေရးၾသဇာခံ အေနာက္ဘက္ကမ္း အာဏာပိုင္အဖြဲ႕ကို ဆန္႔က်င္တဲ့) ပါလက္စတိုင္းလူထုအုံႂကြမႈ ၁၉၈၇-၁၉၉၃ ခုႏွစ္မွ “ပထမအႀကိမ္အင္တီဖာဒါ” နဲ႔ “ ၂၀၀၀-၂၀၀၅-ခုႏွစ္ “ဒုတိယအႀကိမ္ အင္တီဖာဒါ” အၿပီးမွာ ေပၚေပါက္လာတဲ့ မြတ္စလင္ဘရားသားဟုဒ္မ်ား ျဖစ္ၾကပါတယ္။

ပါလက္စတိုင္းနဲ႔ ဂ်ဴးတို႔အၾကား (နယ္ေျမပိုင္ဆိုင္ခြင့္) ပဋိပကၡဟာ ရာစုႏွစ္ခ်ီ ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ ရန္ဘက္တိုင္းျပည္မ်ားပတ္လည္ဝိုင္းေနတဲ့ ေနရာမွာ ႏိုင္ငံတည္ေထာင္ျခင္းအားျဖင့္ အာရပ္တို႔နဲ႔ မလြဲမေသြ စစ္ျဖစ္ရလိမ့္မယ္ဆိုတာ ဂ်ဴးလူမ်ိဳးတို႔ ႀကိဳတင္တြက္ဆထားၿပီး ျဖစ္ပုံရပါတယ္။ စစ္ပြဲတိုင္းမွာ အစၥေရးတို႔က နယ္ေျမတိုးခ်ဲ႕ သိမ္းယူႏိုင္ခဲ့ၿပီး ၁၉၆၇-ခုႏွစ္ ၆-ရက္စစ္ပြဲ တတိယအႀကိမ္မွာ ပါလက္စတိုင္းတို႔ကို အေနာက္ဘက္ကမ္းနဲ႔ ဂါဇာ ကမ္းေျမႇာင္အတြင္း ေမာင္းထုတ္ခဲ့ၿပီး စစ္အုပ္ခ်ဳပ္ေရးနဲ႔ ထိန္းခ်ဳပ္ခဲ့ပါတယ္။ စတုတၳအႀကိမ္ ႏွစ္ဘက္အင္အားျပည့္ အႀကိတ္အနယ္တိုက္ခိုက္ခဲ့ၾကတဲ့ ၁၉၇၃-ခုႏွစ္ ယြန္ကစ္ပူစစ္ပြဲအၿပီးမွာ ယခင္သိမ္းယူထားတဲ့ နယ္ေျမမ်ားနဲ႔ အလဲအလွယ္ လုပ္ျခင္း ေဂ်ာ္ဒန္အပါအ၀င္ အိမ္နီးခ်င္းအာရပ္ႏိုင္ငံအခ်ိဳ႕နဲ႔ အစၥေရးတို႔အၾကား အပစ္အခတ္ရပ္စဲႏိုင္ခဲ့ပါတယ္။

အီဂ်စ္နဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္တဲ့အတြက္ ဆိုင္းႏိုင္းေဒသကို သိမ္းယူထားတဲ့ အစၥေရးတပ္မ်ားကို ျပန္လည္႐ုတ္သိမ္းေပးခဲ့ပါတယ္။ ဂါဇာကမ္းေျမာင္နဲ႔ အေနာက္ဘက္ကမ္းတို႔မွာ စစ္အုပ္ခ်ဳပ္ေရးမွ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ေျပာင္းလဲေပးခဲ့ေပမယ့္ ဂိုလန္ကုန္းျမင့္နဲ႔ ေဂ်႐ုဆလင္ၿမိဳ႕ အေရွ႕ပိုင္းကို အစၥေရးပိုင္နက္အတြင္း သြတ္သြင္းခဲ့ပါတယ္။ အဲဒီလို တစ္ေနရာေလ်ာ့ တစ္ေနရာတင္း လုပ္ျခင္းအားျဖင့္ စစ္ပြဲျဖစ္ပြားတိုင္း ပါ၀င္ေနက် အာရပ္ႏိုင္ငံအခ်ိဳ႕ကို ဖယ္ထုတ္ခဲ့ေၾကာင္း ဂ်ဴးတို႔ရဲ႕ စစ္ေရး-အုပ္ခ်ဳပ္ေရး လိမ္မာပါးနပ္ပုံကို ေတြ႕ျမင္ရပါတယ္။

ဆိုင္းႏိုင္းကြၽန္းဆြယ္ အီဂ်စ္နယ္ေျမမွ အစၥေရးတပ္မ်ား စတင္ဆုတ္ခြာျခင္းနဲ႔အတူ ပါလက္စတိုင္းနဲ႔ တင္းမာမႈဟာ ျမင့္တက္လာခဲ့ပါတယ္။ ယာဆာအာရဖတ္ရဲ႕ ပါလက္စတိုင္း လြတ္ ေျမာက္ေရးတပ္ PLO တို႔ဟာ လက္ဘႏြန္ႏိုင္ငံ ဒုကၡသည္စခန္းမ်ားအတြင္း အခိုင္အမာေျခကုပ္ယူၿပီး အစၥေရးခရီးသည္တင္ေလယာဥ္မ်ားကို ဗုံးခြဲ သို႔မဟုတ္ အပိုင္စီးျခင္း၊ ျပည္ပမွာ ခရီးသြားလာေနတဲ့ အစၥေရး အရပ္သားမ်ား၊ အားကစားသမားမ်ားကို အၾကမ္းဖက္ဖတ္ျဖတ္ျခင္းျဖင့္ အစၥေရးႏိုင္ငံအေပၚ လက္နက္ကိုင္ဆန္႔က်င္ခဲ့ၾကပါတယ္။

ဒီအတြက္ ပါလက္စတိုင္းတို႔ရွိရာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းနဲ႔ ေဘ႐ြတ္ၿမိဳ႕ေတာ္ကို အစၥေရးက ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ ၁၉၈၂ ပၪၥမနဲ႔ ၂၀၀၆ ခုႏွစ္ ဆ႒မအႀကိမ္ အာရပ္-အစၥေရးစစ္ပြဲကိုေတာ့ လက္ဘႏြန္ႏိုင္ငံ အတြင္းအျဖစ္ ဂ်ဴးတို႔က ကန္႔သတ္ႏိုင္ခဲ့ၿပီး ပါလက္စတိုင္း PLO မ်ား၊ ေဒသတြင္း မြတ္စလင္ေဗာ္လံတီယာမ်ား၊ လက္ဘႏြန္တရား၀င္ ျပည္သူ႔စစ္ ဟစ္ဇ္ဘိုလာတို႔နဲ႔ အႀကိတ္အနယ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ အာရပ္အစၥေရးစစ္ပြဲဟာ ပါလက္စတိုင္းအစၥေရးစစ္ပြဲအျဖစ္ေဘာင္က်ဥ္းသြားခဲ့ၿပီးျဖစ္ပါတယ္။

အဲဒီအခ်ိန္ လက္ဘႏြန္ေတာင္ပိုင္း PLO တို႔၀င္ေရာက္ေနတဲ့ ဒုကၡသည္စခန္းမ်ားကို (ယခုဂါဇာကို ပိတ္ဆို႔ေခ်မႈန္းေနသလိုမ်ိဳး) အစၥေရးက ဝိုင္းပတ္ပိတ္ဆို႔ခဲ့ပါတယ္။ အီဂ်စ္-ေဂ်ာ္ဒန္အပါအ၀င္ ႏိုင္ငံတကာၾကား၀င္ေစ့စပ္မႈျဖင့္ ခရစ္ယာန္ဘာသာ၀င္အမ်ားစု လက္ဘႏြန္ အစိုးရနဲ႔ အစၥေရးတို႔အၾကား မၾကာမီ ပုံမွန္ဆက္ဆံေရးတည္ေဆာက္ႏိုင္ခဲ့ပါတယ္။

၁၉၉၃ ခုႏွစ္ ေအာ္စလိုသေဘာတူစာခ်ဳပ္အရ အစၥေရးႏိုင္ငံတည္ရွိမႈကို PLO တို႔က အသိ အမွတ္ျပဳလိုက္ရၿပီး အၾကမ္းဖက္မႈကို စြန္႔လႊတ္လိုက္ရပါတယ္။ အျပန္အလွန္အားျဖင့္ လက္နက္ကိုင္ဆန္႔က်င္ျခင္း မရွိေတာ့တဲ့ PLO တို႔ကို ပါလက္စတိုင္းရဲ႕ တရား၀င္အုပ္ခ်ဳပ္သူအျဖစ္ အစၥေရးက အသိအမွတ္ျပဳခဲ့ပါတယ္။

အစၥေရး၀န္ႀကီးခ်ဳပ္မ်ားျဖစ္ၾကတဲ့ ရွီမြန္ပီရက္စ္၊ ယစ္ဇက္ရာဘင္တို႔နဲ႔အတူ ၁၉၉၄ ခုႏွစ္ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆု ပူးတြဲရရွိခဲ့သူ ယာဆာအာရဖတ္ကိုေတာ့ ပါလက္စတိုင္းအခ်ိဳ႕နဲ႔ သေဘာထားတင္းမာသူ အာရပ္ႏိုင္ငံအခ်ိဳ႕က အမ်ိဳးသားသစၥာေဖာက္အျဖစ္ သတ္မွတ္လိုက္ၾကပါတယ္။

ႏိုဘယ္ဆု ေပးအပ္ခ်ီးျမႇင့္ေနတဲ့ ေနာ္ေဝးဟာ အာရွႏိုင္ငံမ်ား ၿငိမ္းခ်မ္းေရးမွာ အေတာ္ေလး ထဲထဲ၀င္၀င္ရွိတဲ့တိုင္းျပည္ျဖစ္ပါတယ္။ သီရိလကၤာျပည္တြင္းစစ္ (၁၉၈၃-၂၀၀၉ ခုႏွစ္) မွာ ခြဲထြက္ေရးတမီလ္က်ားသူပုန္မ်ားနဲ႔ ဆင္းဟာလိ ကိုလံဘိုစစ္တပ္တို႔အၾကား အပစ္အခတ္ရပ္စဲေရး ၿငိမ္းခ်မ္းေရး ၾကား၀င္ေစ့စပ္ေပးသူက ေနာ္ေဝးျဖစ္သလို တမီလ္က်ားသူပုန္တို႔ကိုဆင္းဟာလိစစ္တပ္ကအျမစ္ျပတ္ေခ်မႈန္းလိုက္တဲ့အခါ သီရိလကၤာႏိုင္ငံကို ဂ်ီႏိုဆိုက္စြပ္စြဲၿပီး ICC, ICJ တင္ဖို႔ႀကိဳးစားေနသူကလည္း ေနာ္ေဝးပဲျဖစ္ေနပါတယ္။

Picture

Sai Tun

22/10/2023 11:21

အိုစမာရဲ့အသက်က ၁၃ နှစ် ဖြစ်နေတယ်။ ဆောင်းပါးရှင်သတိပြုနိုင်ဖို့ပါ။

Related news

© 2021. All rights reserved.