ရန်ကုန်ပြည်သူ့ရင်ပြင်၌ကျင်းပမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၅၀၀) ပါဝင်ပြသရောင်းချသွားမည်

3467
စော(NP News) - အောက်တိုဘာ ၂၂
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပမည့် သီးတင်ကျွတ်ဈေးရောင်းပွဲတော်၌ ဆိုင်ခန်းပေါင်း(၅၀၀) ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီမှ ယနေ့(အောက်တိုဘာလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို လာမည့် အောက်တိုဘာလ (၂၇)ရက် မှ (၃၀)ရက်အထိ နံနက်(၈)နာရီမှ ည (၁၀) နာရီအထိ ကျင်းပမည်ဖြစ်ပြီး စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို အရောင်းဆိုင်ခန်းပေါင်း (၅၀၀)ခန့်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းဆိုင်ခန်းများ၌ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်မှထုတ်လုပ်သည့် ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန် ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၎င်းပွဲတော်ကို လာရောက်သူများအား သွားလာရေးလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကိုလည်း စီစဉ်ထားကြောင်း သိရသည်။
အလားတူ ပွဲတော်ရက်အတွင်း E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆက်ကပ်၊ မျက်လှည့်၊ DJ Dancer များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့များတွင်လည်း မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ျပည္သူ႔ရင္ျပင္၌က်င္းပမည့္ သီတင္းကြၽတ္ေဈးေရာင္းပြဲေတာ္တြင္ ဆိုင္ခန္းေပါင္း (၅၀၀) ပါဝင္ျပသေရာင္းခ်သြားမည္
ေစာ(NP News) - ေအာက္တိုဘာ ၂၂
ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္၊ ျပည္သူ႔ရင္ျပင္တြင္က်င္းပမည့္ သီးတင္ကြၽတ္ေဈးေရာင္းပြဲေတာ္၌ ဆိုင္ခန္းေပါင္း(၅၀၀) ပါဝင္ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ပြဲျဖစ္ေျမာက္ေရး ဦးစီးေကာ္မတီမွ ယေန႔(ေအာက္တိုဘာလ ၂၂ ရက္)တြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။
ျပည္သူ႔ရင္ျပင္တြင္ သီတင္းကြၽတ္ေဈးေရာင္းပြဲေတာ္ကို လာမည့္ ေအာက္တိုဘာလ (၂၇)ရက္ မွ (၃၀)ရက္အထိ နံနက္(၈)နာရီမွ ည (၁၀)နာရီအထိ က်င္းပမည္ျဖစ္ၿပီး စက္မႈထုတ္ကုန္ႏွင့္ေရထြက္ကုန္ပစၥည္းမ်ားကို အေရာင္းဆိုင္ခန္းေပါင္း (၅၀၀)ခန႔္ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
၎ဆိုင္ခန္းမ်ား၌ ရန္ကုန္တိုင္းအတြင္းရွိ စက္မႈဇုန္(၂၉)ဇုန္မွထုတ္လုပ္သည့္ ပစၥည္းမ်ား၊ MSME လုပ္ငန္းမ်ား၊ အေသးစားစက္မႈလုပ္ငန္းမ်ား၊ သမဝါယမဝန္ႀကီးဌာနမွ ထုတ္ကုန္မ်ားကို ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းႏွင့္ျပည္နယ္မ်ားမွ ထြက္ကုန္ပစၥည္းမ်ား၊ စက္မႈထုတ္ကုန္ႏွင့္ ေရထြက္ကုန္ ပစၥည္းမ်ားကိုလည္း ျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေဈးေရာင္းပြဲေတာ္တြင္ ဆန္၊ ဆီ၊ ၾကက္ဥႏွင့္ ဟင္းသီးဟင္း႐ြက္ အေျခခံစားကုန္မ်ားကို ေဈးႏႈန္းခ်ိဳသာစြာျဖင့္ ေရာင္းခ်သြားမည္ျဖစ္ၿပီး ၎ပြဲေတာ္ကို လာေရာက္သူမ်ားအား သြားလာေရးလြယ္ကူေစရန္အတြက္ အႀကိဳ/အပို႔ကားမ်ားကိုလည္း စီစဥ္ထားေၾကာင္း သိရသည္။
အလားတူ ပြဲေတာ္ရက္အတြင္း E-sport ဂိမ္းၿပိဳင္ပြဲမ်ား၊ စတုဒီသာ ေကြၽးေမြးမႈမ်ား၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတနယ္ပယ္တို႔တြင္ ေက်ာ္ၾကားသည့္ အႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖမႈမ်ား၊ ဆက္ကပ္၊ မ်က္လွည့္၊ DJ Dancer မ်ား၏ ေဖ်ာ္ေျဖမႈမ်ားကို ၾကည့္ရႈခံစားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သီတင္းကြၽတ္လျပည့္ေန႔ႏွင့္ အဖိတ္ေန႔မ်ားတြင္လည္း မီးရႉး၊ မီးပန္းမ်ား ပစ္ေဖာက္မည္ျဖစ္ေသာေၾကာင့္ မည္သူမဆို ေပ်ာ္႐ႊင္စြာ လာေရာက္ဆင္ႏႊဲႏိုင္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။