အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံရာတွင် (၇)ဌာနကြွချီခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ညောင်ရွှေမြို့ကျောင်းတော်၌ အပူဇော်ခံလျက်ရှိ

821
စော (NP News) - အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံရာတွင် (၇)ဌာနသို့ ကြွချီခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ညောင်ရွှေမြို့ကျောင်းတော်၌ အပူဇော်ခံလျက်ရှိကြောင်း သတင်းရရှိသည်။

အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီမှုကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်မှစတင်ကာ နိုဝင်ဘာလ (၁)ရက်အထိ ရှေးရိုးရာ အစဉ်အလာအတိုင်း (၂၁) ဌာနသို့ အပူဇော်ခံကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၂၁)ဌာနအနက် ကြေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမစံကျောင်း၊ ငါးဖယ်ချောင်းကျောင်း၊ ကြေးစားကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း နှင့် ညောင်ရွှေမြို့ကျောင်းတော်တို့ကို ဒေသစာရီ ကြွချီခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အင်းလေးဖောင်တော်ဦးဘုရားသည် ညောင်ရွှေမြို့ကျောင်းတော်တွင် (၃)ရက်တိုင် သီတင်းသုံးသွားမည်ဖြစ်ပြီး အောက်တိုဘာလ (၂၄)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် နန်းသဲကျောင်းသို့ ကြွချီပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နန်းသဲကျောင်းမှတစ်ဆင့် မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း၊ ဇရပ်ကြီးကျောင်း၊ အလိုတော်ပေါက်တောင်ကျောင်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်းဆိပ်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ အင်းပေါခုံကျောင်းနှင့် ရေသာကျောင်းများသို့ ဆက်လက်ကြွချီသွားမည်ဖြစ်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည်လည်း ယမန်နေ့(အောက်တိုဘာ လ ၂၁ ရက်)တွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ခေတ္တကိန်းဝပ် စံပယ်တော်မူရာ ညောင်ရွှေမြို့ကျောင်းတော်သို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

zawgyi version
အင္းေလးေဖာင္ေတာ္ဦးဘုရား ေဒသစာရီႂကြခ်ီအပူေဇာ္ခံရာတြင္ (၇)ဌာနႂကြခ်ီခဲ့ၿပီးျဖစ္ကာလက္ရွိတြင္ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္၌ အပူေဇာ္ခံလ်က္ရွိ
ေစာ (NP News) - ေအာက္တိုဘာ ၂၂
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသအတြင္းရွိ ေဖာင္ေတာ္ဦးဘုရား ေဒသစာရီႂကြခ်ီပူေဇာ္ခံရာတြင္ (၇)ဌာနသို႔ ႂကြခ်ီခဲ့ၿပီးျဖစ္ကာ လက္ရွိတြင္ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္၌ အပူေဇာ္ခံလ်က္ရွိေၾကာင္း သတင္းရရွိသည္။
အင္းေလးေဖာင္ေတာ္ဦး ႐ုပ္ရွင္ေတာ္ျမတ္မ်ား ေဒသစာရီႂကြခ်ီမႈကို ၿပီးခဲ့သည့္ ေအာက္တို ဘာလ (၁၅)ရက္မွစတင္ကာ ႏိုဝင္ဘာလ (၁)ရက္အထိ ေရွး႐ိုးရာ အစဥ္အလာအတိုင္း (၂၁) ဌာနသို႔ အပူေဇာ္ခံႂကြေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ (၂၁)ဌာနအနက္ ေၾကးေပါခုံေက်ာင္း၊ အင္းတိန္စံေက်ာင္း၊ ဟဲယာ႐ြာမစံေက်ာင္း၊ ငါးဖယ္ေခ်ာင္းေက်ာင္း၊ ေၾကးစားေက်ာင္း၊ ပြဲစားကုန္းေက်ာင္း၊ လင္းကင္းေက်ာင္း ႏွင့္ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္တို႔ကို ေဒသစာရီ ႂကြခ်ီခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အင္းေလးေဖာင္ေတာ္ဦးဘုရားသည္ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္တြင္ (၃)ရက္တိုင္ သီတင္းသုံးသြားမည္ျဖစ္ၿပီး ေအာက္တိုဘာလ (၂၄)ရက္၊ မြန္းလြဲ (၁)နာရီအခ်ိန္တြင္ နန္းသဲေက်ာင္းသို႔ ႂကြခ်ီပူေဇာ္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ နန္းသဲေက်ာင္းမွတစ္ဆင့္ မိုင္းေသာက္ေက်ာင္း၊ သလဲဦးေက်ာင္း၊ ေကလာေက်ာင္း၊ ဇရပ္ႀကီးေက်ာင္း၊ အလိုေတာ္ေပါက္ေတာင္ေက်ာင္း၊ နမ့္ပန္ေက်ာင္း၊ မန္က်ည္းဆိပ္ေက်ာင္း၊ က်ိဳင္းခမ္းေက်ာင္း၊ မိုင္းပ်ိဳးေက်ာင္း၊ ေနာင္ေတာေက်ာင္း၊ အင္းေပါခုံေက်ာင္းႏွင့္ ေရသာေက်ာင္းမ်ားသို႔ ဆက္လက္ႂကြခ်ီသြားမည္ျဖစ္ေၾကာင္း သိရသည္။
နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အဖြဲ႕သည္လည္း ယမန္ေန႔(ေအာက္တိုဘာ လ ၂၁ ရက္)တြင္ အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရား ေခတၱကိန္းဝပ္ စံပယ္ေတာ္မူရာ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္သို႔ သြားေရာက္ဖူးေျမာ္ခဲ့ေၾကာင္း သိရသည္။