ဒဂုံစင်တာအနီးတစ်ဝိုက်၌ ကျောင်းသားလူငယ်များအား ပစ်မှတ်ထား၍ ခါးပိုက်နှိုက်လုယက်သောအဖွဲ့ကို ရဲတပ်ဖွဲ့ဖမ်းဆီး

 1768

မြူနစ် (NP News) - အောက်တိုဘာ ၂၂

ရန်ကုန်မြို့ရှိ ဒဂုံစင်တာအနီးတစ်ဝိုက်၌ ကျောင်းသားလူငယ်များအား ပစ်မှတ်ထား၍ ခါးပိုက်နှိုက်လုယက်နေသောအဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါခါးပိုက်နှိုက်အဖွဲ့ကို ယမန်နေ့(အောက်တိုဘာလ ၂၁ ရက်)တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်အတွင်း၌ပင် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက NP News ကိုပြောသည်။

“မနေ့ကပဲ ခါးပိုက်နှိုက်အဖွဲ့က (၄)ယောက်ကို ဖမ်းမိတာ။ စမ်းချောင်းရဲစခန်းမှာ ဖမ်းထားတယ်။ သူတို့က မြေနီကုန်း၊ မဟာမြိုင်၊ ဒဂုံစင်တာ၊ စမ်းချောင်း အဲဒီအနီးတစ်ဝိုက်မှာ လှုပ်ရှားခါးပိုက်နှိုက်ကြတာပေါ့။ အဲဒီအဖွဲ့နဲ့ပတ်သက်လို့လည်း ၁၉၉ က တစ်ဆင့် ဖုန်းဆက်တိုင်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် နယ်မြေဆင်းပြီးတော့ စုံစမ်းဖမ်းဆီးခဲ့တာပါ” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။

အထက်ပါနေရာများတွင် လှုပ်ရှားနေသော ခါးပိုက်နှိုက်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူလူငယ်များကို အဓိကပစ်မှတ်ထားကာ ခါးပိုက်နှိုက်နေခြင်းဖြစ်ကြောင်း ကြားသိရသည်။

အလားတူ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများပေါ်တွင် အုပ်စုဖွဲ့ ခါးပိုက် နှိုက်သည့်ဖြစ်စဉ်များ မကြာခဏ ဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည့်အပြင် တစ်ခါတစ်ရံ ရန်ပြုတိုက်ခိုက်မှုများပင်ရှိကြောင်းသိရသည်။

“ခါးပိုက်နှိုက်တဲ့ဖြစ်စဉ်တွေက မကြာခဏဆိုသလို ကြားရတယ်။ ဖုန်းပါသွားပြန်ပြီ၊ ပိုက်ဆံအိတ် ပါသွားပြန်ပြီဆိုပြီးတော့ ခဏခဏ ကြားရတယ်။ ဘတ်စ်ကားပဲ စီးနေတဲ့သူဆိုတော့ ဒီကာလအတော်လေး သတိထားရတယ်။ ကားတွေပေါ် အုပ်စုဖွဲ့တက်လာပြီးတော့ နှိုက်တာဆိုတော့လေ။ အဓိကတော့ သေချာစီမံချက်ချပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်”ဟု YBS စီးနင်းသူတစ်ဦးက NP News ကိုပြောသည်။

လွန်ခဲ့သော ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ရှိ YBS ခရီးသည်တင်ကားများပေါ်၌ အုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်မှု၊ လုယက်မှုများ ကျူးလွန်နေသော လူ(၆)ဦးပါအဖွဲ့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version
ဒဂုံစင္တာအနီးတစ္ဝိုက္၌ ေက်ာင္းသားလူငယ္မ်ားအား ပစ္မွတ္ထား၍ ခါးပိုက္ႏႈိက္လုယက္ေသာအဖြဲ႕ကို ရဲတပ္ဖြဲ႕ဖမ္းဆီး
ျမဴနစ္ (NP News) - ေအာက္တိုဘာ ၂၂

ရန္ကုန္ၿမိဳ႕ရွိ ဒဂုံစင္တာအနီးတစ္ဝိုက္၌ ေက်ာင္းသားလူငယ္မ်ားအား ပစ္မွတ္ထား၍ ခါးပိုက္ႏႈိက္လုယက္ေနေသာအဖြဲ႕ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း သတင္းရရွိသည္။

အဆိုပါခါးပိုက္ႏႈိက္အဖြဲ႕ကို ယမန္ေန႔(ေအာက္တိုဘာလ ၂၁ ရက္)တြင္ ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္း၌ပင္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဝိုင္းဝန္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ဝင္တစ္ဦးက NP News ကိုေျပာသည္။

“မေန႔ကပဲ ခါးပိုက္ႏႈိက္အဖြဲ႕က (၄)ေယာက္ကို ဖမ္းမိတာ။ စမ္းေခ်ာင္းရဲစခန္းမွာ ဖမ္းထားတယ္။ သူတို႔က ေျမနီကုန္း၊ မဟာၿမိဳင္၊ ဒဂုံစင္တာ၊ စမ္းေခ်ာင္း အဲဒီအနီးတစ္ဝိုက္မွာ လႈပ္ရွားခါးပိုက္ႏႈိက္ၾကတာေပါ့။ အဲဒီအဖြဲ႕နဲ႔ပတ္သက္လို႔လည္း ၁၉၉ က တစ္ဆင့္ ဖုန္းဆက္တိုင္တာေတြလည္း ရွိပါတယ္။ အဲဒါေၾကာင့္ နယ္ေျမဆင္းၿပီးေတာ့ စုံစမ္းဖမ္းဆီးခဲ့တာပါ” ဟု အထက္ပါ ရဲတပ္ဖြဲ႕ဝင္က ေျပာသည္။

အထက္ပါေနရာမ်ားတြင္ လႈပ္ရွားေနေသာ ခါးပိုက္ႏႈိက္အဖြဲ႕သည္ ေက်ာင္းသား၊ ေက်ာင္းသူလူငယ္မ်ားကို အဓိကပစ္မွတ္ထားကာ ခါးပိုက္ႏႈိက္ေနျခင္းျဖစ္ေၾကာင္း ၾကားသိရသည္။

အလားတူ ရန္ကုန္ၿမိဳ႕အတြင္း ေျပးဆြဲေနသည့္ ခရီးသည္တင္ YBS ကားမ်ားေပၚတြင္ အုပ္စုဖြဲ႕ ခါးပိုက္ ႏႈိက္သည့္ျဖစ္စဥ္မ်ား မၾကာခဏ ဆိုသကဲ့သို႔ ျဖစ္ပြားလ်က္ရွိေနသည့္အျပင္ တစ္ခါတစ္ရံ ရန္ျပဳတိုက္ခိုက္မႈမ်ားပင္ရွိေၾကာင္းသိရသည္။

“ခါးပိုက္ႏႈိက္တဲ့ျဖစ္စဥ္ေတြက မၾကာခဏဆိုသလို ၾကားရတယ္။ ဖုန္းပါသြားျပန္ၿပီ၊ ပိုက္ဆံအိတ္ ပါသြားျပန္ၿပီဆိုၿပီးေတာ့ ခဏခဏ ၾကားရတယ္။ ဘတ္စ္ကားပဲ စီးေနတဲ့သူဆိုေတာ့ ဒီကာလအေတာ္ေလး သတိထားရတယ္။ ကားေတြေပၚ အုပ္စုဖြဲ႕တက္လာၿပီးေတာ့ ႏႈိက္တာဆိုေတာ့ေလ။ အဓိကေတာ့ ေသခ်ာစီမံခ်က္ခ်ၿပီး ထိထိေရာက္ေရာက္ အေရးယူေပးေစခ်င္ပါတယ္”ဟု YBS စီးနင္းသူတစ္ဦးက NP News ကိုေျပာသည္။

လြန္ခဲ့ေသာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ ရန္ကုန္ၿမိဳ႕ရွိ YBS ခရီးသည္တင္ကားမ်ားေပၚ၌ အုပ္စုဖြဲ႕ကာ ခါးပိုက္ႏႈိက္မႈ၊ လုယက္မႈမ်ား က်ဴးလြန္ေနေသာ လူ(၆)ဦးပါအဖြဲ႕ကို ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Picture

09420701397

23/10/2023 07:35

ခိုး ဆိုး လု နှိုက် တွေ ခေါင်းပြန်ထလာတာ တရားဥမဒေကိုရန်စတာဘဲ

Related news

© 2021. All rights reserved.