ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ်မူတည်ပြီး တောင်ကြီး-ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ပြေးဆွဲသွားမည်

 545

Pearl (NP News) - အောက်တိုဘာ ၂၃

ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းတွင် တောင်ကြီး -ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရွှေညောင် - တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်း အနားကို အောက်တိုဘာလ (၂၂)ရက်၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ဘူတာရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်အတွင်း အရှည် ၂၁ ဒသမ ၇၂ မိုင်ရှိသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီး ပင်းပက်အထိ အရှည် ၁၀ ဒသမ ၇၈ မိုင်ရှိသည့် နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းသစ်ကို တိုးချဲ့ဖောက်လုပ် ခဲ့ကြောင်း သိရသည်။

လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကျိုးရှိစွာအသုံးမပြုနိုင်ခဲ့ခြင်းကြောင့် ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်၍ ပိုမိုကြံ့ခိုင်ပြီး ခရီး သည်နှင့် ကုန်စည်များ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်နိုင်ရန် အဆိုပါ ရထားလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ပြီးချိန်တွင် ပင်းပက်သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး -ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ခရီးသည္ႏွင့္ကုန္စည္ရရွိမႈအေပၚမူတည္ၿပီး ေတာင္ႀကီး-ေ႐ႊေညာင္ရထား၊ ေတာင္ႀကီး-ပင္းပက္-ဆိုက္ေခါင္ ရထားမ်ားကို ေျပးဆြဲသြားမည္
Pearl (NP News) - ေအာက္တိုဘာ ၂၃

ေ႐ႊေညာင္-ေတာင္ႀကီး-ေနာင္ကားလမ္းခြဲ-ပင္းပက္လမ္းပိုင္းတြင္ ေတာင္ႀကီး -ေ႐ႊေညာင္ရထား၊ ေတာင္ႀကီး-ပင္းပက္-ဆိုက္ေခါင္ ရထားမ်ားကို ခရီးသည္ႏွင့္ကုန္စည္ရရွိမႈအေပၚ မူတည္ၿပီး ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ေ႐ႊေညာင္ - ေတာင္ႀကီး - ေနာင္ကားလမ္းခြဲ - ပင္းပက္ ရထားလမ္းပိုင္း ဖြင့္လွစ္ျခင္းအခမ္း အနားကို ေအာက္တိုဘာလ (၂၂)ရက္၊ နံနက္ပိုင္းတြင္ ေတာင္ႀကီးၿမိဳ႕ ဘူတာ႐ုံ၌ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါဖြင့္ပြဲအခမ္းအနားသို႔ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အပါအဝင္ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားတက္ေရာက္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ရွမ္းျပည္နယ္အတြင္း အရွည္ ၂၁ ဒသမ ၇၂ မိုင္ရွိသည့္ ေ႐ႊေညာင္-ေတာင္ႀကီး ရထားလမ္းပိုင္း အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းေဆာင္႐ြက္ခဲ့ၿပီး ေတာင္ႀကီး - ဆိုက္ေခါင္ ရထားလမ္းပိုင္းအတြင္းရွိ ေနာင္ကားလမ္းခြဲဘူတာမွတစ္ဆင့္ ဟိုပုံးၿမိဳ႕အနီး ပင္းပက္အထိ အရွည္ ၁၀ ဒသမ ၇၈ မိုင္ရွိသည့္ ေနာင္ကားလမ္းခြဲ-ပင္းပက္ရထားလမ္းပိုင္းသစ္ကို တိုးခ်ဲ႕ေဖာက္လုပ္ ခဲ့ေၾကာင္း သိရသည္။

လမ္းပိုင္းအတြင္း အဓိကက်သည့္ ေ႐ႊေညာင္-ေတာင္ႀကီးရထားလမ္းပိုင္းသည္ ၁၉၉၇ ခုႏွစ္ ဒီဇင္ဘာလက စတင္ဖြင့္လွစ္ခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အက်ိဳးရွိစြာအသုံးမျပဳႏိုင္ခဲ့ျခင္းေၾကာင့္ ရထားလမ္းေကြ႕ႏွင့္ ဆင္ေျခေလွ်ာမ်ား ေျပျပစ္၍ ပိုမိုႀကံ့ခိုင္ၿပီး ခရီး သည္ႏွင့္ ကုန္စည္မ်ား ဝန္ခ်ိန္ျပည့္သယ္ယူပို႔ေဆာင္ႏိုင္ရန္ အဆိုပါ ရထားလမ္း အဆင့္ျမႇင့္တင္ျခင္းကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ လမ္းပိုင္းအဆင့္ျမႇင့္တင္ျခင္းႏွင့္ လမ္းပိုင္းအသစ္ တည္ေဆာက္ၿပီးခ်ိန္တြင္ ပင္းပက္သံမဏိစက္႐ုံမွ သံ႐ိုင္းကုန္ၾကမ္းမ်ားကို လိုရာအေရာက္ သယ္ယူပို႔ေဆာင္ႏိုင္မည္ျဖစ္သည့္အျပင္ ေဒသခံျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း ရရွိႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေ႐ႊေညာင္-ေတာင္ႀကီး-ေနာင္ကားလမ္းခြဲ-ပင္းပက္လမ္းပိုင္းတြင္ ေတာင္ႀကီးဘူတာကို အေျချပဳၿပီး ေတာင္ႀကီး -ေ႐ႊေညာင္ရထား၊ ေတာင္ႀကီး-ပင္းပက္-ဆိုက္ေခါင္ ရထားမ်ားကို ခရီးသည္ႏွင့္ ကုန္စည္ရရွိမႈအေပၚ မူတည္ၿပီး ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.