Running Man မှ အဖွဲ့ဝင် ဂျောင်ဆိုမင် နှုတ်ထွက်ပြီ

1288
ရောင်နီ (NP News) - အောက်တိုဘာ ၂၄
တောင်ကိုရီးယားရဲ့ နာမည်ကြီး Variety Show "Running Man" မှ အဖွဲ့ဝင် ဂျောင်ဆိုမင်ဟာ နှုတ်ထွက်တော့မှာ ဖြစ်တယ်လို့ SBS က အောက်တိုဘာ ၂၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အောက်တိုဘာလ ၂၃ ရက်က KST မှာ King Kong By Starship entertainment ဘက်မှ "ဂျောင်ဆိုမင်ဟာ Running Man" ကနေမထွက်ခွာမီ ၎င်းရဲ့နောက်ဆုံးအပိုင်းကိုတော့ အောက်တိုဘာလ ၃ဝ ရက်နေ့မှာ ရိုက်ကူးသွား မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို 'Running Man' ရဲ့ အဖွဲ့ဝင်တွေ၊ ထုတ်လုပ်ရေးအဖွဲ့၊ အေဂျင်စီတွေနဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်မှာ ပိုကောင်းတဲ့အလားအလာဘက်ကို ပြောင်းရွှေ့ဖို့ အတွက် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုကာ ၂ဝ၁၇ ခုနှစ် ဧပြီလကစလို့ Running Man ဇာတ်ကားမှာ သူမနဲ့ ရယ်မောပေးခဲ့တဲ့သူတွေ အားလုံးကိုကျေးဇူးတင်ကြောင်း သူမရဲ့အေဂျင်စီက ပြောဆိုထားပါ တယ်။
ဂျောင်ဆိုမင်ဟာ Running Man Variety Show မှာ အဖွဲ့ဝင် ဂယ်ရီ နှုတ်ထွက်ပြီးနောက် ပါဝင်လာခဲ့တာဖြစ်ပြီး စစဝင်ချင်းမှာ ပရိသတ်ရဲ့ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်ရဲ့လက်ခံအားပေးမှုကို ရရှိလာ ခဲ့ပါတယ်။

Zawgyi Version;
Running Man မွ အဖြဲ႕ဝင္ ေဂ်ာင္ဆိုမင္ ႏႈတ္ထြက္ၿပီ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၄
ေတာင္ကိုရီးယားရဲ႕ နာမည္ႀကီး Variety Show "Running Man" မွ အဖြဲ႕ဝင္ ေဂ်ာင္ဆိုမင္ဟာ ႏႈတ္ထြက္ေတာ့မွာ ျဖစ္တယ္လို႔ SBS က ေအာက္တိုဘာ ၂၃ ရက္မွာ အတည္ျပဳခဲ့ပါတယ္။
ေအာက္တိုဘာလ ၂၃ ရက္က KST မွာ King Kong By Starship entertainment ဘက္မွ "ေဂ်ာင္ဆိုမင္ဟာ Running Man" ကေနမထြက္ခြာမီ ၎ရဲ႕ေနာက္ဆုံးအပိုင္းကိုေတာ့ ေအာက္တိုဘာလ ၃ဝ ရက္ေန႔မွာ ႐ိုက္ကူးသြား မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီအေၾကာင္းကို 'Running Man' ရဲ႕ အဖြဲ႕ဝင္ေတြ၊ ထုတ္လုပ္ေရးအဖြဲ႕၊ ေအဂ်င္စီေတြနဲ႔ အခ်ိန္အေတာ္ၾကာ ေဆြးေႏြးၿပီးေနာက္မွာ ပိုေကာင္းတဲ့အလားအလာဘက္ကို ေျပာင္းေ႐ႊ႕ဖို႔ အတြက္ အဖြဲ႕ဝင္အျဖစ္မွ ႏႈတ္ထြက္ဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္တယ္လို႔ ဆိုကာ ၂ဝ၁၇ ခုႏွစ္ ဧၿပီလကစလို႔ Running Man ဇာတ္ကားမွာ သူမနဲ႔ ရယ္ေမာေပးခဲ့တဲ့သူေတြ အားလုံးကိုေက်းဇူးတင္ေၾကာင္း သူမရဲ႕ေအဂ်င္စီက ေျပာဆိုထားပါ တယ္။
ေဂ်ာင္ဆိုမင္ဟာ Running Man Variety Show မွာ အဖြဲ႕ဝင္ ဂယ္ရီ ႏႈတ္ထြက္ၿပီးေနာက္ ပါဝင္လာခဲ့တာျဖစ္ၿပီး စစဝင္ခ်င္းမွာ ပရိသတ္ရဲ႕ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပရိသတ္ရဲ႕လက္ခံအားေပးမႈကို ရရွိလာခဲ့ပါတယ္။