မြန်မာအလှမယ် နီနီလင်းအိမ် Miss Grand International 2023 တွင် First Runner up ဆုရရှိ

 4807

Pearl (NP News) - အောက်တိုဘာ ၂၆

ဗီယက်နမ်နိုင်ငံ၊ ဟိုချီးမင်းမြို့၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် Miss Grand International 2023 တွင် မြန်မာအလှမယ် နီနီလင်းအိမ်မှ First Runner up ဆုကို ဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ (၂၅)ရက်ည၌ ကျင်းပခဲ့သည့် Miss Grand International 2023 ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နီနီလင်းအိမ်မှ First Runner up ဆုကို ဆွတ်ခူးရရှိခဲ့ပြီး သရဖူကို ပီရူးအလှမယ် Luciana Fuster က ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ Miss Grand International ပြိုင်ပွဲတွင် Country's Power of the year 2023 နှင့် Miss Popular Vote ဆုတို့ကိုလည်း မြန်မာအလှမယ်နီနီလင်းအိမ်မှ ရရှိခဲ့ကြောင်းသိရသည်။

"ဒီရလဒ်ကို ကျေနပ်ပါတယ်။ မြန်မာဆိုတာကို အကောင်းဆုံးချပြနိုင်ခဲ့တယ်"ဟု အလှမယ် နီနီလင်းအိမ် က ပြောခဲ့သည်။

Miss Grand International 2023 ပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြု အလှမယ်နီနီလင်းအိမ်အပါအဝင် နိုင်ငံပေါင်း ၇၀ မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် (၁၂)ကြိမ်မြောက် Miss Grand International ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျမန္မာအလွမယ္ နီနီလင္းအိမ္ Miss Grand International 2023 တြင္ First Runner up ဆုရရွိ
Pearl (NP News) - ေအာက္တိုဘာ ၂၆

ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီးမင္းၿမိဳ႕၌ က်င္းပခဲ့သည့္ (၁၁) ႀကိမ္ေျမာက္ Miss Grand International 2023 တြင္ ျမန္မာအလွမယ္ နီနီလင္းအိမ္မွ First Runner up ဆုကို ဆြတ္ခူးရရွိခဲ့သည္။

ယမန္ေန႔ ေအာက္တိုဘာလ (၂၅)ရက္ည၌ က်င္းပခဲ့သည့္ Miss Grand International 2023 ပြဲႀကီးတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ နီနီလင္းအိမ္မွ First Runner up ဆုကို ဆြတ္ခူးရရွိခဲ့ၿပီး သရဖူကို ပီ႐ူးအလွမယ္ Luciana Fuster က ဆြတ္ခူးရရွိခဲ့သည္။

အဆိုပါ Miss Grand International ၿပိဳင္ပြဲတြင္ Country's Power of the year 2023 ႏွင့္ Miss Popular Vote ဆုတို႔ကိုလည္း ျမန္မာအလွမယ္နီနီလင္းအိမ္မွ ရရွိခဲ့ေၾကာင္းသိရသည္။

"ဒီရလဒ္ကို ေက်နပ္ပါတယ္။ ျမန္မာဆိုတာကို အေကာင္းဆုံးခ်ျပႏိုင္ခဲ့တယ္"ဟု အလွမယ္ နီနီလင္းအိမ္ က ေျပာခဲ့သည္။

Miss Grand International 2023 ၿပိဳင္ပြဲတြင္ ျမန္မာ ႏိုင္ငံကိုယ္စားျပဳ အလွမယ္နီနီလင္းအိမ္အပါအဝင္ ႏိုင္ငံေပါင္း ၇၀ မွ အလွမယ္မ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

လာမည့္ ၂၀၂၄ ခုႏွစ္တြင္က်င္းပမည့္ (၁၂)ႀကိမ္ေျမာက္ Miss Grand International ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွ အိမ္ရွင္ႏိုင္ငံအျဖစ္ လက္ခံက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.