ချက်ကြိုးတန်းလန်းဖြင့်စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ် ကွယ်လွန်သွားပြီဟု ပရဟိတမင်းသမီး ခိုင်နှင်းဝေပြော
1214
NP News- အောက်တိုဘာ ၂၆
မီးရထားလမ်းတွင် ချက်ကြိုးတန်းလန်းဖြင့်စွန့်ပစ်ခံခဲ့ရသည့် မွေးကင်းစသမီးငယ်လေး ကွယ်လွန်သွားပြီဖြစ်ကြောင်း ပရဟိတမင်းသမီး သရုပ်ဆောင်ခိုင်နှင်းဝေက ပြောသည်။
လွန်ခဲ့သော အောက်တိုဘာလ ၂၃ ရက်၊ ည ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ၊ မြစပယ် လမ်းအတွင်းရှိ မီးရထားလမ်းဘေးတွင် ချက်ကြိုးတန်း လန်းဖြင့် စွန့်ပစ်ခံထားရသည့် မွေးကင်းစမိန်းကလေးငယ်တစ်ဦးကို ခိုင်နှင်းဝေဖောင်ဒေးရှင်းက ကူညီကယ် တင်ထားခဲ့ခြင်းဖြစ်သည်။
ပရဟိတမင်းသမီးခိုင်နှင်းဝေက “စိတ်မကောင်းစွာပဲ အသိပေးပါရစေရှင်။ သမီးလေး ဆုံးသွားပါပြီ။ အတတ်နိုင်ဆုံး ကြိုးစားကုသပေမယ့် အသက်မကယ်နိုင်လိုက်ပါဘူး။ ဒီဘဝမှာ (၄)ရက်သာ အသက်ရှင်ခွင့်ရပေမယ့် နောက်ဘဝ ဆက်တိုင်း အခုလို အဖြစ်ဆိုးမှ ဝေးပါစေ နော်”ဟု ၎င်းက လူမှုကွန်ယက်မှတစ်ဆင့် ယနေ့ (အောက်တိုဘာလ ၂၆ ရက်) နံနက်ပိုင်းက ပြောကြားခဲ့သည်။
ပရဟိတ မင်းသမီး ခိုင်နှင်းဝေသည် မြန်မာကြယ်ဖြူ ပရဟိတအဖွဲ့နှင့်ချိတ်ဆက်ကာ အဆိုပါကလေးငယ်ကိုကယ်ဆယ်လာခဲ့သော်လည်း လေးရက်မြောက်နေ့တွင် အသက်ဆုံးပါးခဲ့ခြင်းဖြစ်သည်။
zawgyi version
ခ်က္ႀကိဳးတန္းလန္းျဖင့္စြန္႔ပစ္ခံခဲ့ရသည့္ ကေလးငယ္ ကြယ္လြန္သြားၿပီဟု ပရဟိတမင္းသမီး ခိုင္ႏွင္းေဝေျပာ
NP News- ေအာက္တိုဘာ ၂၆
မီးရထားလမ္းတြင္ ခ်က္ႀကိဳးတန္းလန္းျဖင့္စြန႔္ပစ္ခံခဲ့ရသည့္ ေမြးကင္းစသမီးငယ္ေလး ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ပရဟိတမင္းသမီး သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝက ေျပာသည္။
လြန္ခဲ့ေသာ ေအာက္တိုဘာလ ၂၃ ရက္၊ ည ၉ နာရီေက်ာ္အခ်ိန္ခန႔္က ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ရွိ၊ ျမစပယ္ လမ္းအတြင္းရွိ မီးရထားလမ္းေဘးတြင္ ခ်က္ႀကိဳးတန္း လန္းျဖင့္ စြန႔္ပစ္ခံထားရသည့္ ေမြးကင္းစမိန္းကေလးငယ္တစ္ဦးကို ခိုင္ႏွင္းေဝေဖာင္ေဒးရွင္းက ကူညီကယ္ တင္ထားခဲ့ျခင္းျဖစ္သည္။
ပရဟိတမင္းသမီးခိုင္ႏွင္းေဝက “စိတ္မေကာင္းစြာပဲ အသိေပးပါရေစရွင္။ သမီးေလး ဆုံးသြားပါၿပီ။ အတတ္ႏိုင္ဆုံး ႀကိဳးစားကုသေပမယ့္ အသက္မကယ္ႏိုင္လိုက္ပါဘူး။ ဒီဘဝမွာ (၄)ရက္သာ အသက္ရွင္ခြင့္ရေပမယ့္ ေနာက္ဘဝ ဆက္တိုင္း အခုလို အျဖစ္ဆိုးမွ ေဝးပါေစ ေနာ္”ဟု ၎က လူမႈကြန္ယက္မွတစ္ဆင့္ ယေန႔ (ေအာက္တိုဘာလ ၂၆ ရက္) နံနက္ပိုင္းက ေျပာၾကားခဲ့သည္။
ပရဟိတ မင္းသမီး ခိုင္ႏွင္းေဝသည္ ျမန္မာၾကယ္ျဖဴ ပရဟိတအဖြဲ႕ႏွင့္ခ်ိတ္ဆက္ကာ အဆိုပါကေလးငယ္ကိုကယ္ဆယ္လာခဲ့ေသာ္လည္း ေလးရက္ေျမာက္ေန႔တြင္ အသက္ဆုံးပါးခဲ့ျခင္းျဖစ္သည္။