အောင်ဆန်းအားကစားကွင်းကို တရုတ်နှင့်ပူးပေါင်းကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်နေ

2003
NP News - အောက်တိုဘာ ၂၆
အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည်တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) သည် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့အခြေစိုက် နာမည်ကြီး နည်းပညာတက္ကသိုလ် Tongji University မှဗိသုကာဒီဇိုင်း နှင့် လေ့လာရေးအင်စတီကျုမှ ပရောဂျက်အဖွဲ့ နှင့် YCDC မှတာဝန်ရှိသူတို့သည် အောက်တိုဘာလ ၂၅ ရက်က မြို့တော်ခန်းမ (ရန်ကုန်)၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဆန်းအားကစားကွင်းသည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း အောင်ဆန်းကွင်းမြေနေရာ၊ အဆောက်အဦးဒီဇိုင်း၊ ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်က မေးမြန်းမှုများရှိခဲ့ပြီး မြန်မာဘက်မှ MNBC 2020 စံချိန်စံညွှန်း၊ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပေဒေ နှင့် YCDC Website များအား လေ့လာပြီး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ကွင်းအဆင့်မြှင့်တင်မှုအတွင်း ပရိသတ်များ အဝင်/အထွက် အဆင်ပြေစေရန် Under Pass နှင့် Under Line ၊ ပရိသတ် ၃၀၀၀ ဆန့် မိုးလုံလေလုံ အားကစားရုံတို့ ပါဝင်လာမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှု ပြီးစီးသွားပါက အဓိက အားကစားကွင်းကြီးသည် ပရိသတ် ၃၀၀၀၀ အထိ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ဆန်းစစ်အကြံပြုရေး ဆပ်ကော်မတီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် အကောင်အထည်ဖော်နိုင်ရန် အောင်မြင်ဖြစ်မြောက်နိုင်သော စီးပွား ရေးနည်းလမ်းများကို အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဆန်းကွင်းကြီးကို အားကစားဝင်းအဖြစ် ၁၉၀၆ ခုနှစ်တွင် စတင်ဆောက် လုပ်ခဲ့ကာ ယင်းအားကစားကွင်းကြီး၏ မူလအမည်သည် BBA( Burma Athletic Association Ground) ဖြစ်သည်။ လူစည်ကားသော ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲများကို ကွင်းအတွင်းကျင်းပခြင်းများ ခေတ်အဆက်ဆက်ရှိခဲ့ပြီး ၁၉၅၃ ခုနှစ်အောက်တိုဘာလ ၁၇ ရက်တွင် မူလအမည် BBA အစား အောင်ဆန်းအားက စားပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်းသိရသည်။

zawgyi version
ေအာင္ဆန္းအားကစားကြင္းကို တ႐ုတ္ႏွင့္ပူးေပါင္းကာ အသစ္ျပန္လည္တည္ေဆာက္ရန္ စီစဥ္ေန
NP News - ေအာက္တိုဘာ ၂၆
ေအာင္ဆန္းအားကစားကြင္း အသစ္ျပန္လည္တည္ေဆာက္ေရးအတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ(YCDC) သည္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္ ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ရွန္ဟိုင္းၿမိဳ႕အေျခစိုက္ နာမည္ႀကီး နည္းပညာတကၠသိုလ္ Tongji University မွဗိသုကာဒီဇိုင္း ႏွင့္ ေလ့လာေရးအင္စတီက်ဳမွ ပေရာဂ်က္အဖြဲ႕ ႏွင့္ YCDC မွတာဝန္ရွိသူတို႔သည္ ေအာက္တိုဘာလ ၂၅ ရက္က ၿမိဳ႕ေတာ္ခန္းမ (ရန္ကုန္)၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ေအာင္ဆန္းအားကစားကြင္းသည္ ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၌ တည္ေဆာက္ထားျခင္းျဖစ္သည္။
ႏွစ္ဖက္ေတြ႕ဆုံမႈအတြင္း ေအာင္ဆန္းကြင္းေျမေနရာ၊ အေဆာက္အဦးဒီဇိုင္း၊ ေရအသုံးခ်မႈ၊ ေရဆိုးစြန႔္ပစ္မႈမ်ားႏွင့္ စပ္လ်ဥ္း၍ တ႐ုတ္ႏိုင္ငံဘက္က ေမးျမန္းမႈမ်ားရွိခဲ့ၿပီး ျမန္မာဘက္မွ MNBC 2020 စံခ်ိန္စံၫႊန္း၊ ၂၀၁၈ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးဥေပေဒ ႏွင့္ YCDC Website မ်ားအား ေလ့လာၿပီး ေဆာင္႐ြက္သြားရန္ ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ကြင္းအဆင့္ျမႇင့္တင္မႈအတြင္း ပရိသတ္မ်ား အဝင္/အထြက္ အဆင္ေျပေစရန္ Under Pass ႏွင့္ Under Line ၊ ပရိသတ္ ၃၀၀၀ ဆန႔္ မိုးလုံေလလုံ အားကစား႐ုံတို႔ ပါဝင္လာမည္ျဖစ္ၿပီး အဆင့္ျမႇင့္တင္မႈ ၿပီးစီးသြားပါက အဓိက အားကစားကြင္းႀကီးသည္ ပရိသတ္ ၃၀၀၀၀ အထိ ဝင္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ဘ႑ာေငြေၾကးႏွင့္ စီးပြားေရးဆိုင္ရာ ဆန္းစစ္အႀကံျပဳေရး ဆပ္ေကာ္မတီက စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနထံ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္႐ြက္မႈ (PPP) ျဖင့္ အေကာင္အထည္ေဖာ္ႏိုင္ရန္ ေအာင္ျမင္ျဖစ္ေျမာက္ႏိုင္ေသာ စီးပြား ေရးနည္းလမ္းမ်ားကို အႀကံျပဳတင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေအာင္ဆန္းကြင္းႀကီးကို အားကစားဝင္းအျဖစ္ ၁၉၀၆ ခုႏွစ္တြင္ စတင္ေဆာက္ လုပ္ခဲ့ကာ ယင္းအားကစားကြင္းႀကီး၏ မူလအမည္သည္ BBA( Burma Athletic Association Ground) ျဖစ္သည္။ လူစည္ကားေသာ ျပည္တြင္းျပည္ပအားကစားၿပိဳင္ပြဲမ်ားကို ကြင္းအတြင္းက်င္းပျခင္းမ်ား ေခတ္အဆက္ဆက္ရွိခဲ့ၿပီး ၁၉၅၃ ခုႏွစ္ေအာက္တိုဘာလ ၁၇ ရက္တြင္ မူလအမည္ BBA အစား ေအာင္ဆန္းအားက စားၿပိဳင္ဝင္းအျဖစ္ ေျပာင္းလဲသတ္မွတ္ခဲ့ေၾကာင္းသိရသည္။