ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဆိုင်ခန်းပေါင်း(၅၀၀)ပါဝင်သော သီတင်းကျွတ်ဈေးရောင်းပွဲတော် ယနေ့ စတင်ဖွင့်လှစ်

3691
သန့်ဇင်(NP News) - အောက်တိုဘာ ၂၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ဆိုင်ခန်းပေါင်း(၅၀၀)ပါဝင်ပြသလျက်ရှိသည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ယနေ့ (အောက်တိုဘာလ ၂၇ ရက်)၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း(၅၀၀)ခင်းကျင်းပြသရောင်းချလျက်ရှိပြီး ရန်ကုန်တိုင်းမှ ပြခန်းများအပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ထုတ်ကုန်ပြခန်းများပါဝင်ပြသလျက်ရှိကြောင်း သိရသည်။
အခြားတိုင်းနှင့်ပြည်နယ်မှ ပြခန်းများထဲတွင် ကချင်ပြည်နယ်မှ (၃)ခန်း၊ ပဲခူးတိုင်းမှ(၅)ခန်း၊ မန္တလေးတိုင်းမှ (၂)ခန်း၊ ရှမ်းပြည်နယ်မှ(၅)ခန်း၊ ပအို့ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြခန်း(၁)ခန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြခန်း(၂)ခန်းတို့ ပါဝင်ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
“ဒီလိုထုတ်ကုန်တွေကို ပြပရောင်းချနိုင်ခြင်းအားဖြင့် မိဘပြည်သူတွေအနေနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ဝယ်ယူနိုင်မယ့်အပြင် လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိရဲ့ ထုတ်ကုန်ကိုပြသရောင်းချနိုင်တဲ့အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ ဈေးကွက်ကိုရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။
၎င်းဈေးရောင်းပွဲတော်တွင် စက်မှုထုတ်ကုန်နှင့် ရေထွက်ပစ္စည်းများအပြင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ယခုကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် E- sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်တို့မှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဆက်ကပ်နှင့် မျက်လှည့်ပွဲများလည်းပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်ဈေးရောင်းပွဲတော်သို့ လာရောက်မည့် ပြည်သူများသွားလာရေးလွယ်ကူစေရန် YBS ယာဉ်လိုင်း (၇)လိုင်းကိုလည်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္၌ ဆိုင္ခန္းေပါင္း(၅၀၀)ပါဝင္ေသာ သီတင္းကြၽတ္ေဈးေရာင္းပြဲေတာ္ ယေန႔ စတင္ဖြင့္လွစ္
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၂၇
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္ရွိ ျပည္သူ႔ရင္ျပင္တြင္ ဆိုင္ခန္းေပါင္း(၅၀၀)ပါဝင္ျပသလ်က္ရွိသည့္ သီတင္းကြၽတ္ေဈးေရာင္းပြဲေတာ္ကို ယေန႔ (ေအာက္တိုဘာလ ၂၇ ရက္)၊ နံနက္ပိုင္းတြင္ စတင္ဖြင့္လွစ္ခဲ့သည္။
အဆိုပါ ေဈးေရာင္းပြဲေတာ္တြင္ ဆိုင္ခန္းေပါင္း(၅၀၀)ခင္းက်င္းျပသေရာင္းခ်လ်က္ရွိၿပီး ရန္ကုန္တိုင္းမွ ျပခန္းမ်ားအျပင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အသီးသီးမွ ထုတ္ကုန္ျပခန္းမ်ားပါဝင္ျပသလ်က္ရွိေၾကာင္း သိရသည္။
အျခားတိုင္းႏွင့္ျပည္နယ္မွ ျပခန္းမ်ားထဲတြင္ ကခ်င္ျပည္နယ္မွ (၃)ခန္း၊ ပဲခူးတိုင္းမွ(၅)ခန္း၊ မႏၲေလးတိုင္းမွ (၂)ခန္း၊ ရွမ္းျပည္နယ္မွ(၅)ခန္း၊ ပအို႔ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမွ ျပခန္း(၁)ခန္းႏွင့္ ဧရာဝတီတိုင္းေဒသႀကီးမွ ျပခန္း(၂)ခန္းတို႔ ပါဝင္ျပသေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။
“ဒီလိုထုတ္ကုန္ေတြကို ျပပေရာင္းခ်ႏိုင္ျခင္းအားျဖင့္ မိဘျပည္သူေတြအေနနဲ႔ ေဈးႏႈန္းသက္သက္သာသာနဲ႔ဝယ္ယူႏိုင္မယ့္အျပင္ လုပ္ငန္းရွင္ေတြအေနနဲ႔လည္း မိမိရဲ႕ ထုတ္ကုန္ကိုျပသေရာင္းခ်ႏိုင္တဲ့အတြက္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္တဲ့ ေဈးကြက္ကိုရရွိႏိုင္မွာ ျဖစ္ပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ေျပာၾကားခဲ့သည္။
၎ေဈးေရာင္းပြဲေတာ္တြင္ စက္မႈထုတ္ကုန္ႏွင့္ ေရထြက္ပစၥည္းမ်ားအျပင္ ဆန္၊ ဆီ၊ ၾကက္ဥႏွင့္ ဟင္းသီးဟင္း႐ြက္ အေျခခံစားေသာက္ကုန္မ်ားကို ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ ယခုက်င္းပျပဳလုပ္လ်က္ရွိသည့္ သီတင္းကြၽတ္ေဈးေရာင္းပြဲေတာ္တြင္ E- sport ဂိမ္းၿပိဳင္ပြဲမ်ား၊ စတုဒီသာမ်ား၊ ႐ုပ္ရွင္၊ သဘင္ႏွင့္ ဂီတနယ္ပယ္တို႔မွ အႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားအျပင္ ဆက္ကပ္ႏွင့္ မ်က္လွည့္ပြဲမ်ားလည္းပါဝင္ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။
သီတင္းကြၽတ္ေဈးေရာင္းပြဲေတာ္သို႔ လာေရာက္မည့္ ျပည္သူမ်ားသြားလာေရးလြယ္ကူေစရန္ YBS ယာဥ္လိုင္း (၇)လိုင္းကိုလည္း ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) က အသိေပးထုတ္ျပန္ထားသည္။