အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်နေသော ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုကို ဝင်စီးခဲ့ရာ လူ(၁၀၀)နီးပါး ဖမ်းဆီးရမိဟု နစကထုတ်ပြန်

 12665

Pearl (NP News) - အောက်တိုဘာ ၂၈

ရန်ကုန်အခြေစိုက်၍ Online မှတစ်ဆင့် ငွေကြေးများလိမ်လည်နေသောကုမ္ပဏီအား ဝင်ရောက်ဖမ်းဆီးရာ လူ(၁၀၀)နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အောက်တိုဘာလ (၂၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၆) ရက်တွင် ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co.,Ltd အား သတင်းအရ လုံခြုံရေးအဖွဲ့အစည်းများမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေခဲ့ရာ ဇူကျန်း(ခ) လောက်ဖ (၃၄) နှစ် နှင့် ၎င်း၏ ဖခင်ဖြစ်သူ ဦးလောက်ရှီးအပါအဝင် အမျိုးသား (၆၆) ဦး၊ အမျိုးသမီး (၂၂) ဦးတို့အား ပြည်ပနိုင်ငံသားများ၏ အချက်အလက်များစုဆောင်း၍ ငွေကြေးလိမ်လည်နိုင်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဇူကျန်း၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း(၅၀၁)သို့ ဝင်ရောက်ရှာဖွေရာ ကျန်းယွိ (၃၀)နှစ်နှင့် ၎င်း၏ ဖခင် ဦးကျော်ရုံရွှန်းအပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖော်ထုတ်ရရှိချက်များအရ Supportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းတွင် နေထိုင်သူ Zhan Tu Co.,Ltd ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေရာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရုံးခန်းဖွင့်လှစ်ထားသည့် Time City Office Tower (3)၊ (၁၅)လွှာ၊ အခန်းအမှတ်(၁၅၀၂)အား ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ (၉၅) ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေးလိမ်လည်ရန်အတွက် ပစ်မှတ်များရှာဖွေပြီး ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များရယူရန် ဝန်ထမ်းတစ်ဖွဲ့လျှင် (၁၀) ဦးစီခန့်ဖြင့် (၈) ဖွဲ့ ဖွဲ့၍ Whats App လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ကာ အချက်အလက်များရယူကြောင်း သိရသည်။

ထိုသို့ ရရှိသည့်အချက်အလက်များအား ငွေကြေးလိမ်လည်မည့် အခြားအဖွဲ့များသို့ ပြန်လည်ရောင်းချခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ပြည်သူများအနေဖြင့် အထက်ပါကဲ့သို့ ငွေကြေးလိမ်လည်နေသည့် အဖွဲ့အစည်းများအားသိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများထံ သတင်းပေးပို့နိုင်ကြောင်း နစကမှ အသိပေးသတင်းထုတ်ပြန်ထားသည်။

zawgyi version
အြန္လိုင္းမွတစ္ဆင့္ ေငြေၾကးလိမ္လည္ေနေသာ ရန္ကုန္အေျခစိုက္ကုမၸဏီတစ္ခုကို ဝင္စီးခဲ့ရာ လူ(၁၀၀)နီးပါး ဖမ္းဆီးရမိဟု နစကထုတ္ျပန္
Pearl (NP News) - ေအာက္တိုဘာ ၂၈

ရန္ကုန္အေျခစိုက္၍ Online မွတစ္ဆင့္ ေငြေၾကးမ်ားလိမ္လည္ေနေသာကုမၸဏီအား ဝင္ေရာက္ဖမ္းဆီးရာ လူ(၁၀၀)နီးပါး ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ေအာက္တိုဘာလ (၂၇) ရက္တြင္ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၆) ရက္တြင္ ရန္ကုန္တိုင္း ၊ တာေမြၿမိဳ႕နယ္၊ ဦးခ်စ္ေမာင္လမ္း၊ ဦးခ်စ္ေမာင္အိမ္ရာ၊ တိုက္အမွတ္(S-19)တြင္ ႐ုံးခန္းဖြင့္လွစ္ထားသည့္ Supportfix Co.,Ltd အား သတင္းအရ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားမွ ဝင္ေရာက္စီးနင္းရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရွာေဖြခဲ့ရာ ဇူက်န္း(ခ) ေလာက္ဖ (၃၄) ႏွစ္ ႏွင့္ ၎၏ ဖခင္ျဖစ္သူ ဦးေလာက္ရွီးအပါအဝင္ အမ်ိဳးသား (၆၆) ဦး၊ အမ်ိဳးသမီး (၂၂) ဦးတို႔အား ျပည္ပႏိုင္ငံသားမ်ား၏ အခ်က္အလက္မ်ားစုေဆာင္း၍ ေငြေၾကးလိမ္လည္ႏိုင္ေရးေဆာင္႐ြက္ရာတြင္ အသုံးျပဳသည့္ ကြန္ပ်ဴတာ၊ မိုဘိုင္းဖုန္း စသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိေသာ ဇူက်န္း၏ ထြက္ဆိုခ်က္အရ အင္းစိန္ၿမိဳ႕နယ္၊ ကမ္းနားအလယ္ရပ္ကြက္၊ လႈိင္ျမစ္လမ္းရွိ Spring Line ကြန္ဒို၊ (၅)လႊာ၊ အခန္း(၅၀၁)သို႔ ဝင္ေရာက္ရွာေဖြရာ က်န္းယြိ (၃၀)ႏွစ္ႏွင့္ ၎၏ ဖခင္ ဦးေက်ာ္႐ုံ႐ႊန္းအပါအဝင္ အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၂ ဦး တို႔အား ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ေဖာ္ထုတ္ရရွိခ်က္မ်ားအရ Supportfix Co.,Ltd အတြက္ ဝန္ထမ္းမ်ား ရွာေဖြေပးသူ ကမာ႐ြတ္ၿမိဳ႕နယ္၊ နာနတ္ေတာလမ္းတြင္ ေနထိုင္သူ Zhan Tu Co.,Ltd ပိုင္ရွင္ ရန္လုံရွင္းအား သြားေရာက္ရွာေဖြရာ ထြက္ေျပးတိမ္းေရွာင္သြားသျဖင့္ ႐ုံးခန္းဖြင့္လွစ္ထားသည့္ Time City Office Tower (3)၊ (၁၅)လႊာ၊ အခန္းအမွတ္(၁၅၀၂)အား ခ်ိတ္ပိတ္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူ (၉၅) ဦးအား တရားဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါအဖြဲ႕မ်ားအေနျဖင့္ ျပည္ပႏိုင္ငံသားမ်ားထံမွ ေငြေၾကးလိမ္လည္ရန္အတြက္ ပစ္မွတ္မ်ားရွာေဖြၿပီး ပစ္မွတ္မ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားရယူရန္ ဝန္ထမ္းတစ္ဖြဲ႕လွ်င္ (၁၀) ဦးစီခန႔္ျဖင့္ (၈) ဖြဲ႕ ဖြဲ႕၍ Whats App လူမႈကြန္ရက္မွတစ္ဆင့္ ဆက္သြယ္ကာ အခ်က္အလက္မ်ားရယူေၾကာင္း သိရသည္။

ထိုသို႔ ရရွိသည့္အခ်က္အလက္မ်ားအား ေငြေၾကးလိမ္လည္မည့္ အျခားအဖြဲ႕မ်ားသို႔ ျပန္လည္ေရာင္းခ်ျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္။

ျပည္သူမ်ားအေနျဖင့္ အထက္ပါကဲ့သို႔ ေငြေၾကးလိမ္လည္ေနသည့္ အဖြဲ႕အစည္းမ်ားအားသိရွိပါက သက္ဆိုင္ရာလုံၿခဳံေရး အဖြဲ႕အစည္းမ်ားထံ သတင္းေပးပို႔ႏိုင္ေၾကာင္း နစကမွ အသိေပးသတင္းထုတ္ျပန္ထားသည္။

Picture

L Mone

28/10/2023 13:39

သေဒဏ်မပေးလို့ကတော့...ထောင်ပိုင်ကနေ..အောက်ခြေဝန်ထမ်းအထိ..လာဘ်ပေးပြီး..အကိင့်စာရိတ္တ..ဖျက်ဆီးကြအုံးမယ်...ငွေပေးပြီး..လူစားထိုးတာတွေက..ရိုးနေပြီလေ...ဘိန်းကုန်သည်ကြီးတွေ..ရဲ့အလုပ်ပါ...

Related news

© 2021. All rights reserved.