မြန်မာသံရုံးဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုသော ထိုင်းနိုင်ငံရောက် PDF ထောက်ပို့တစ်ဦးအား Passport အသစ် ထုတ်ပေးခွင့်ရှိသူ စာရင်းမှပယ်ဖျက်
1762
Pearl (NP News) - အောက်တိုဘာ ၂၈
မြန်မာသံရုံးဝန်ထမ်းများကို ခြိမ်းခြောက်ပြောဆိုသော ထိုင်းနိုင်ငံရောက် PDF ထောက်ပို့တစ်ဦးအား Passport အသစ် ထုတ်ပေးခွင့်ရှိသူစာရင်းမှ ပယ်ဖျက်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
Oake Kar Soe (ခ) ချစ်ကိုကိုသည် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်တွင် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် လာရောက်ဆောင်ရွက်ရာ၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာသံရုံးဝန်ထမ်းများ၏တာဝန်အရ ဆောင်ရွက်နေမှုများကို Oake Kar Soe အမည်ဖြင့် Tik Tok တွင် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုချစ်ကိုကိုသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် MOU အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ လာ ရောက်ခဲ့သူဖြစ်ပြီး နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းကုန်ခါနီးသဖြင့် မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်အသစ်လုပ်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် PDF များကို ထောက်ပို့လုပ်ငန်း ဆောင်ရွက်ပေးနေသူဟု Tik Tok တွင် နာမည်ရှိနေသဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခွင့်ရှိသူစာရင်းမှ ပယ်ဖျက်ထားခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေးထားသည်။
ပြည်ပတွင်နေထိုင်သူများအနေဖြင့် နိုင်ငံကူးလက်မှတ်မရှိလျှင် မလုံခြုံခြင်းကြောင့် လက်မှတ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်တတ်ရန် လိုအပ်ကြောင်းလည်း ဝန်ကြီးဌာနမှ အကြံပြုထားသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများသည် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလာသူများကို Blacklists (အမည်ပျက်စာရင်း)၊ Watch Lists (စောင့်ကြည့်စာရင်း) စစ်ဆေးပြီးနောက် ကင်းလွတ်သူများကိုသာ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း သိရသည်။
zawgyi version
ျမန္မာသံ႐ုံးဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္ေျပာဆိုေသာ ထိုင္းႏိုင္ငံေရာက္ PDF ေထာက္ပို႔တစ္ဦးအား Passport အသစ္ ထုတ္ေပးခြင့္ရွိသူ စာရင္းမွပယ္ဖ်က္
Pearl (NP News) - ေအာက္တိုဘာ ၂၈
ျမန္မာသံ႐ုံးဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္ေျပာဆိုေသာ ထိုင္းႏိုင္ငံေရာက္ PDF ေထာက္ပို႔တစ္ဦးအား Passport အသစ္ ထုတ္ေပးခြင့္ရွိသူစာရင္းမွ ပယ္ဖ်က္ထားေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။
Oake Kar Soe (ခ) ခ်စ္ကိုကိုသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၂၅)ရက္တြင္ ႏိုင္ငံကူးလက္မွတ္ (Passport) သက္တမ္းတိုးရန္ လာေရာက္ေဆာင္႐ြက္ရာ၌ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွ ျမန္မာသံ႐ုံးဝန္ထမ္းမ်ား၏တာဝန္အရ ေဆာင္႐ြက္ေနမႈမ်ားကို Oake Kar Soe အမည္ျဖင့္ Tik Tok တြင္ ၿခိမ္းေျခာက္ေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ကိုခ်စ္ကိုကိုသည္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လတြင္ MOU အစီအစဥ္ျဖင့္ ထိုင္းႏိုင္ငံသို႔ လာ ေရာက္ခဲ့သူျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္ (Passport) သက္တမ္းကုန္ခါနီးသျဖင့္ ျမန္မာသံ႐ုံးသို႔ ႏိုင္ငံကူးလက္မွတ္အသစ္လုပ္ရန္ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎သည္ အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာထားသည့္ PDF မ်ားကို ေထာက္ပို႔လုပ္ငန္း ေဆာင္႐ြက္ေပးေနသူဟု Tik Tok တြင္ နာမည္ရွိေနသျဖင့္ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးခြင့္ရွိသူစာရင္းမွ ပယ္ဖ်က္ထားျခင္းျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန အသိေပးထားသည္။
ျပည္ပတြင္ေနထိုင္သူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္မရွိလွ်င္ မလုံၿခဳံျခင္းေၾကာင့္ လက္မွတ္ စည္းမ်ဥ္း/စည္းကမ္းမ်ားႏွင့္အညီ ေနထိုင္တတ္ရန္ လိုအပ္ေၾကာင္းလည္း ဝန္ႀကီးဌာနမွ အႀကံျပဳထားသည္။
လက္ရွိတြင္ ျပည္ပႏိုင္ငံမ်ားရွိ ျမန္မာသံ႐ုံးမ်ားသည္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးလာသူမ်ားကို Blacklists (အမည္ပ်က္စာရင္း)၊ Watch Lists (ေစာင့္ၾကည့္စာရင္း) စစ္ေဆးၿပီးေနာက္ ကင္းလြတ္သူမ်ားကိုသာ ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ေပးရန္ ၫႊန္ၾကားထားၿပီးျဖစ္ ေၾကာင္း သိရသည္။