ပြည်-အောင်လံကားလမ်းပေါ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

1190

NP News - အောက်တိုဘာ ၂၉
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ပြည်-အောင်လံကားလမ်းပေါ်တွင် PDF အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၆ ရက်၊ နံနက် ၇ နာရီ ၂ဝ မိနစ်အချိန်တွင် အောင်လံမြို့နယ်၊ ပြလို့မြို့၊ အမှတ်(၁)ရပ်ကွက်၊ အောင်လံ-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၂ဝ၈/ဝ) အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သည့် ဦးအောင်သင်းခိုင်သည် အထက်ပါနေရာအနီးမှ ဖြတ်သန်းသွားလာနေစဉ် PDFအဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ဦးအောင်သင်းခိုင်(၅၃)နှစ်တွင် နဖူး နှင့် ကျောဘက်တို၌ မိုင်းစထိမှန် ဒဏ်ရာ (၃)ချက်ရရှိကာ ပြလို့တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားရကြောင်း သိရသည်။
ထို့နောက် အများပြည်သူများသွားလာနေသည့်လမ်း၌ မိုင်းထောင်ဖောက်ခွဲမှုကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ျပည္-ေအာင္လံကားလမ္းေပၚ၌ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ လမ္းသြားလမ္းလာအမ်ိဳးသားတစ္ဦး ထိခိုက္ ဒဏ္ရာရ
NP News - ေအာက္တိုဘာ ၂၉
မေကြးတိုင္း၊ ေအာင္လံၿမိဳ႕နယ္၊ ျပည္-ေအာင္လံကားလမ္းေပၚတြင္ PDF အဖြဲ႕ ေထာင္ထားသည့္ လက္လုပ္မိုင္း တစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လမ္းသြားလမ္းလာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိ သည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၆ ရက္၊ နံနက္ ၇ နာရီ ၂ဝ မိနစ္အခ်ိန္တြင္ ေအာင္လံၿမိဳ႕နယ္၊ ျပလို႔ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ ေအာင္လံ-ျပည္ကားလမ္း၊ မိုင္တိုင္အမွတ္(၂ဝ၈/ဝ) အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
အမွတ္(၁)ရပ္ကြက္တြင္ ေနထိုင္သည့္ ဦးေအာင္သင္းခိုင္သည္ အထက္ပါေနရာအနီးမွ ျဖတ္သန္းသြားလာေနစဥ္ PDFအဖြဲ႕က ေထာင္ထားသည့္ လက္လုပ္မိုင္းတစ္လုံးမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ဦးေအာင္သင္းခိုင္(၅၃)ႏွစ္တြင္ နဖူး ႏွင့္ ေက်ာဘက္တို၌ မိုင္းစထိမွန္ ဒဏ္ရာ (၃)ခ်က္ရရွိကာ ျပလို႔တိုက္နယ္ေဆး႐ုံသို႔ ေဆးကုသမႈခံယူရန္ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။
ထို႔ေနာက္ အမ်ားျပည္သူမ်ားသြားလာေနသည့္လမ္း၌ မိုင္းေထာင္ေဖာက္ခြဲမႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။