မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သီတင်းကျွတ်လပြည့်နေ့၌ လာရောက်ဖူးမြော်သူ (၇)သောင်းနီးပါးရှိဟု နစကထုတ်ပြန်

 3065

စော(NP News) - အောက်တိုဘာ ၃၀

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သီတင်းကျွတ်လပြည့်နေ၌ လာရောက်ဖူးမြော်သူ (၇)သောင်းနီးပါးရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လွန်ခဲ့သော (ဩဂုတ်လ ၈ ရက်)မှစ၍ ပြည်တွင်းပြည်ပမှ ဘုရားဖူးပြည်သူများအား ဝင်ရောက်ဖူးမြော်ခွင့်ပြုခဲ့သည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ယမန်နေ့( အောက်တိုဘာလ ၂၉ ရက်)၊ သီတင်းကျွတ် လပြည်နေ့တွင် ရဟန်း သံင်္ဃာအပါအဝင် ဘုရားဖူးပြည်သူ (၆၈၀၈၁)ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း နစကမှထုတ်ပြန်ထားသည်။

ထို့ပြင် ရင်ပြင်တော်၌ မီးထွန်းပွဲပြုလုပ်ကြရာတွင် ဆီးမီး (၃၆၀၀) ထွန်းညှိပူဇော်ခြင်းအပါအဝင် မီးပုံးပျံများလည်း လွှတ်တင်ခြင်း၊ လျှပ်ပန်းရောင်စုံ LED မီးပန်းစုံတို့ဖြင့် ပူဇော်ခြင်း နှင့် ဝတ်ရွတ်အသင်းများက ဝတ်ရွတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဘုရားစေတီများ အပါအဝင် ဘုန်းကြီးကျောင်းများ၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည်နေ့တွင် ဘုရားဖူး ကုသိုလ်ယူသူများဖြင့် စည်းကားလျက်ရှိပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကိုလည်း လာရောက်ဖူးမြော်ကြည်ညိုသူများပြားခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်စစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားမြတ်ကြီးကို ပြီးခဲ့သည့် (ဩဂုတ်လ ၈ ရက်)မှစတင်၍ ဖူးမြော်ခွင့်ပေးခဲ့ရာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်)အထိ ဘုရားဖူးမြော်ကြည်ညိုသူ (၉၆၆၇၁၃) ဦး ရှိခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိစေရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

zawgyi version
မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသို႔ သီတင္းကြၽတ္လျပည့္ေန႔၌ လာေရာက္ဖူးေျမာ္သူ (၇)ေသာင္းနီးပါးရွိဟု နစကထုတ္ျပန္
ေစာ(NP News) - ေအာက္တိုဘာ ၃၀

မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသို႔ သီတင္းကြၽတ္လျပည့္ေန၌ လာေရာက္ဖူးေျမာ္သူ (၇)ေသာင္းနီးပါးရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရသိရသည္။

နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တည္ထားကိုးကြယ္သည့္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို လြန္ခဲ့ေသာ (ဩဂုတ္လ ၈ ရက္)မွစ၍ ျပည္တြင္းျပည္ပမွ ဘုရားဖူးျပည္သူမ်ားအား ဝင္ေရာက္ဖူးေျမာ္ခြင့္ျပဳခဲ့သည္။

အဆိုပါ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသို႔ ယမန္ေန႔( ေအာက္တိုဘာလ ၂၉ ရက္)၊ သီတင္းကြၽတ္ လျပည္ေန႔တြင္ ရဟန္း သံဃၤာအပါအဝင္ ဘုရားဖူးျပည္သူ (၆၈၀၈၁)ဦး လာေရာက္ဖူးေျမာ္ခဲ့ေၾကာင္း နစကမွထုတ္ျပန္ထားသည္။

ထို႔ျပင္ ရင္ျပင္ေတာ္၌ မီးထြန္းပြဲျပဳလုပ္ၾကရာတြင္ ဆီးမီး (၃၆၀၀) ထြန္းညႇိပူေဇာ္ျခင္းအပါအဝင္ မီးပုံးပ်ံမ်ားလည္း လႊတ္တင္ျခင္း၊ လွ်ပ္ပန္းေရာင္စုံ LED မီးပန္းစုံတို႔ျဖင့္ ပူေဇာ္ျခင္း ႏွင့္ ဝတ္႐ြတ္အသင္းမ်ားက ဝတ္႐ြတ္ပူေဇာ္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရွိ ဘုရားေစတီမ်ား အပါအဝင္ ဘုန္းႀကီးေက်ာင္းမ်ား၌ ဝါလကင္းလြတ္ သီတင္းကြၽတ္လျပည္ေန႔တြင္ ဘုရားဖူး ကုသိုလ္ယူသူမ်ားျဖင့္ စည္းကားလ်က္ရွိၿပီး မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီးကိုလည္း လာေရာက္ဖူးေျမာ္ၾကည္ညိဳသူမ်ားျပားခဲ့ေၾကာင္း သိရသည္။

ကမာၻေပၚရွိ ထိုင္ေတာ္မူ ေက်ာက္စစ္ဗုဒၶ႐ုပ္ပြားေတာ္မ်ားအနက္ ဥာဏ္ေတာ္အျမင့္ဆုံးျဖစ္သည့္ မာရဝိဇယဗုဒၶ႐ုပ္ပြားျမတ္ႀကီးကို ၿပီးခဲ့သည့္ (ဩဂုတ္လ ၈ ရက္)မွစတင္၍ ဖူးေျမာ္ခြင့္ေပးခဲ့ရာ ယမန္ေန႔(ေအာက္တိုဘာလ ၂၉ ရက္)အထိ ဘုရားဖူးေျမာ္ၾကည္ညိဳသူ (၉၆၆၇၁၃) ဦး ရွိခဲ့ေၾကာင္း သိရသည္။

မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ျမန္မာႏိုင္ငံ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္းေတာက္ပလ်က္ရွိေစရန္၊ ျမန္မာႏိုင္ငံသည္ ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစရန္၊ ႏိုင္ငံေတာ္ႀကီး သာယာဝေျပာမႈရွိေစရန္ႏွင့္ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈျဖစ္ေစရန္ ရည္႐ြယ္ခ်က္(၄)ရပ္ျဖင့္ တည္ထားကိုးကြယ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.