မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်‌ရေးဇုန် လုံးဝ ရပ်တန့်နေ

 1622

NP News - အောက်တိုဘာ ၃၁

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်သည် အောက်တိုဘာလ ကုန်တွင် လုံးဝရပ်တန့်သွားပြီဟု မူဆယ်နယ်စပ်ကုန်သည်များမှ သိရသည်။

အောက်တိုဘာ၂၇ ရက် နံနက်အစောပိုင်းက စတင်ကာ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ချင်းရွှေဟော်မြို့ အပါအဝင် လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမပေါ်ရှိ ဒေသအချို့တွင် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲစဖြစ်ကာစ ရက်တွေတုန်းက လက်ကျန်ကားတွေကုန်တွေ တရုတ်ပြည်ထဲကို ပို့ပေးလိုက်တယ်။ သွင်းကုန် တွေကတော့ မူဆယ်ကဂိုဒေါင်တွေ ကားဂိတ်တွေမှာ စုပုံထားတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေပြောတာ တော့ ငါးရက်လောက်ကြာမယ် ပြောတယ်။ ဒီထက်လဲကြာနိုင်တယ်။ အခုတော့ ကုန်သွယ်ရေးဇုန်လည်း ပိတ်ထား တယ်" ဟု မူဆယ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၌ တစ်ရက်လျှင် ယာဉ်အစီးရေ ၂ဝဝ ကျော် အဝင်အထွက်လုပ်၍ တရုတ် - မြန်မာနယ်စပ်ကုန်သွယ်မှုကဏ္ဍကို ဆောင်ရွက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကို မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည့်အတွက် မူဆယ်ကုန်သွယ်ရေးဇုန်သို့သွားမည့် ကုန်ကားများလမ်းတွင် ပိတ်မိလျက်ရှိကြောင်း ဒေသအတွင်းသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကစင်္ကြံန်လမ်းမကြီးတစ်ခုဖြစ်သည့် လားရှိုးမှ ချင်းရွှေဟော်နှင့် လားရှိုးမှ မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးရှိ လမ်းပိုင်းနှစ်ခုအား ဆက်လက်ပိတ်ထားကြောင်း သိရသည်။
“မန္တလေးဘက်ကလာတဲ့ ကားတွေလဲ ပြင်ဦးလွင်ကျော်ရင် ဆက်မသွားရဲလို့ မနေ့ကကတည်းက လှည့်ပြန်ကုန်ကြ ပြီ မှုဆယ်ဘက်ကလည်း ဆင်းလာတဲ့ကားမရှိဘူး။ တိုက်ပွဲရှိနေရင်တော့ ဘယ်ကားမှ ထွက်ရဲမှာ မဟုတ်ဘူး” ဟု မူဆယ်မြို့ခံ အဝေးပြေးကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေခြင်းကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ကဏ္ဍကို ထိခိုက်‌နိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ထောက်ပြပြောဆိုမှုများလည်း ရှိသည်။

ယခုဘဏ္ဍာ နှစ်အတွက်မှုဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်း ၁၃ဝဝ ကျော် နှင့် ချင်းရွှေဟော် နယ်စပ်မှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိကြောင်း စီးပွား/ကူးသန်းဝန်ကြိးဌာန၏ ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြထားသည်။

Zawgyi Version;
ျမန္မာႏိုင္ငံ၏ အႀကီးဆုံး နယ္စပ္ကုန္သြယ္ေရးစခန္း မူဆယ္ ၁ဝ၅ မိုင္ ကုန္သြယ္‌ေရးဇုန္ လုံးဝ ရပ္တန႔္ေန
NP News - ေအာက္တိုဘာ ၃၁

ျမန္မာႏိုင္ငံ၏ အႀကီးဆုံးနယ္စပ္ကုန္သြယ္ေရးစခန္း မူဆယ္ ၁ဝ၅ မိုင္ကုန္သြယ္ေရးဇုန္သည္ ေအာက္တိုဘာလ ကုန္တြင္ လုံးဝရပ္တန႔္သြားၿပီဟု မူဆယ္နယ္စပ္ကုန္သည္မ်ားမွ သိရသည္။

ေအာက္တိုဘာ၂၇ ရက္ နံနက္အေစာပိုင္းက စတင္ကာ တ႐ုတ္ - ျမန္မာ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းေပၚရွိ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ အပါအဝင္ လားရႈိး-မူဆယ္ျပည္ေထာင္စုလမ္းမေပၚရွိ ေဒသအခ်ိဳ႕တြင္ ေျမာက္ပိုင္း မဟာမိတ္ တပ္ဖြဲ႕မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ၾကား တိုက္ပြဲမ်ား ျပင္းထန္ခဲ့ျခင္းျဖစ္သည္။

"တိုက္ပြဲစျဖစ္ကာစ ရက္ေတြတုန္းက လက္က်န္ကားေတြကုန္ေတြ တ႐ုတ္ျပည္ထဲကို ပို႔ေပးလိုက္တယ္။ သြင္းကုန္ ေတြကေတာ့ မူဆယ္ကဂိုေဒါင္ေတြ ကားဂိတ္ေတြမွာ စုပုံထားတယ္။ တိုင္းရင္းသား လက္နက္ကိုင္ေတြေျပာတာ ေတာ့ ငါးရက္ေလာက္ၾကာမယ္ ေျပာတယ္။ ဒီထက္လဲၾကာႏိုင္တယ္။ အခုေတာ့ ကုန္သြယ္ေရးဇုန္လည္း ပိတ္ထား တယ္" ဟု မူဆယ္ကုန္သြယ္ေရးဇုန္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ယခင္က မူဆယ္ ၁ဝ၅ မိုင္ကုန္သြယ္ေရးဇုန္၌ တစ္ရက္လွ်င္ ယာဥ္အစီးေရ ၂ဝဝ ေက်ာ္ အဝင္အထြက္လုပ္၍ တ႐ုတ္ - ျမန္မာနယ္စပ္ကုန္သြယ္မႈက႑ကို ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ (၂၇) ရက္မွ စတင္ကာ လားရႈိး-မူဆယ္ျပည္ေထာင္စုလမ္းမကို ေျမာက္ပိုင္း မဟာမိတ္ တပ္ဖြဲ႕မ်ားက ျဖတ္သန္းသြားလာခြင့္ တားျမစ္ထားသည့္အတြက္ မူဆယ္ကုန္သြယ္ေရးဇုန္သို႔သြားမည့္ ကုန္ကားမ်ားလမ္းတြင္ ပိတ္မိလ်က္ရွိေၾကာင္း ေဒသအတြင္းသတင္းရင္းျမစ္မ်ားထံမွ စုံစမ္းသိရသည္။
ထို႔ျပင္ ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး အဓိကစႀကႍန္လမ္းမႀကီးတစ္ခုျဖစ္သည့္ လားရႈိးမွ ခ်င္းေ႐ႊေဟာ္ႏွင့္ လားရႈိးမွ မူဆယ္အထိ ျပည္ေထာင္စုလမ္းမႀကီးရွိ လမ္းပိုင္းႏွစ္ခုအား ဆက္လက္ပိတ္ထားေၾကာင္း သိရသည္။
“မႏၲေလးဘက္ကလာတဲ့ ကားေတြလဲ ျပင္ဦးလြင္ေက်ာ္ရင္ ဆက္မသြားရဲလို႔ မေန႔ကကတည္းက လွည့္ျပန္ကုန္ၾက ၿပီ မႈဆယ္ဘက္ကလည္း ဆင္းလာတဲ့ကားမရွိဘူး။ တိုက္ပြဲရွိေနရင္ေတာ့ ဘယ္ကားမွ ထြက္ရဲမွာ မဟုတ္ဘူး” ဟု မူဆယ္ၿမိဳ႕ခံ အေဝးေျပးကားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ယင္းကဲ့သို႔ ကုန္သြယ္ေရးလမ္းေၾကာင္း ရပ္တန႔္ေနျခင္းေၾကာင့္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္မႈ က႑ကို ထိခိုက္‌ႏိုင္ေၾကာင္း နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းရွင္မ်ားက ေထာက္ျပေျပာဆိုမႈမ်ားလည္း ရွိသည္။

ယခုဘ႑ာ ႏွစ္အတြက္မႈဆယ္နယ္စပ္မွ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာသန္း ၁၃ဝဝ ေက်ာ္ ႏွင့္ ခ်င္းေ႐ႊေဟာ္ နယ္စပ္မွ ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၁၅ သန္းေက်ာ္ရွိေၾကာင္း စီးပြား/ကူးသန္းဝန္ႀကိးဌာန၏ ထုတ္ျပန္ေသာအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.