လွိုင်ကော်မြို့ရှိ နောင်ယားကန်အတွင်း၌ ရေနစ်သေဆုံးနေသည့် အမျိုသားအလောင်းတစ်လောင်း တွေ့ရှိ

527

သန့်ဇင် (NP News) - အောက်တိုဘာ ၃၁
ကားယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နောင်ယားကန်အတွင်း၌ ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရေနစ်သေဆုံးသူအမျိုးသားအလောင်းကို ယနေ့ (အောက်တိုဘာလ ၃၁ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ် အချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ နောင်ယားကန်ရှိ ပေါင်းကူးတံတားအောက်မှ ပြန်လည်တွေ့ရှိခဲ့ ကြောင်း ရွှေလွိုင်ကော်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အလောင်းကိုတွေ့တော့ ကန်ထဲက ပေါင်းကူးတံတားအောက်တည့်တည့်မှာ တွေ့တာပါ။ ပြောကြတာတော့ ရေနစ်တာက လပြည့်နေ့ ညနေပိုင်းကတည်းက နစ်တာလို့ပြောကြတာပဲဗျ။ သူက အရက်ကလဲ မူးနေတာ အဲဒီ အချိန် ရေဆင်းကူးရင်းနဲ့ ပြန်ပေါ်မလာတော့တာလို့ သိရတယ်ဗျ” ဟု ရွှေလွိုင်ကော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးသူမှာ လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၁)နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး အရက်မူးနေစဉ် ရေဆင်းကူရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုအချိန်က ကန်ကရေတက်နေတဲ့အချိန်ပါ။ ရှာဖွေမှုတွေလုပ်ခဲ့လားတော့ ကျွန်တော်တို့လဲ သေချာမသိဘူးဗျ။ ကန်ကလဲ တော်တော်နက်တယ် ထင်ပါတယ်။ အခုတွေ့တော့မှ ကျွန်တော်တို့အသင်းကို လှမ်းအကြောင်းကြားလို့ ဆေးရုံပို့ပေးခဲ့ရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ရေနစ်သေဆုံးသူအမျိုးသားအလောင်းအား ရွှေလွိုင်ကော်လူမှုကူညီရေးအသင်းမှ လွိုင်ကော်မြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
လြိဳင္ေကာ္ၿမိဳ႕ရွိ ေနာင္ယားကန္အတြင္း၌ ေရနစ္ေသဆုံးေနသည့္ အမ်ိဳသားအေလာင္းတစ္ေလာင္း ေတြ႕ရွိ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၃၁
ကားယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ ေနာင္ယားကန္အတြင္း၌ ေရနစ္ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း တစ္ေလာင္းေတြ႕ ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါ ေရနစ္ေသဆုံးသူအမ်ိဳးသားအေလာင္းကို ယေန႔ (ေအာက္တိုဘာလ ၃၁ ရက္)၊ နံနက္ ၇ နာရီ ၃ဝ မိနစ္ အခ်ိန္တြင္ လြိဳင္ေကာ္ၿမိဳ႕၊ ေဈးပိုင္းရပ္ကြက္၊ ေနာင္ယားကန္ရွိ ေပါင္းကူးတံတားေအာက္မွ ျပန္လည္ေတြ႕ရွိခဲ့ ေၾကာင္း ေ႐ႊလြိဳင္ေကာ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
“အေလာင္းကိုေတြ႕ေတာ့ ကန္ထဲက ေပါင္းကူးတံတားေအာက္တည့္တည့္မွာ ေတြ႕တာပါ။ ေျပာၾကတာေတာ့ ေရနစ္တာက လျပည့္ေန႔ ညေနပိုင္းကတည္းက နစ္တာလို႔ေျပာၾကတာပဲဗ်။ သူက အရက္ကလဲ မူးေနတာ အဲဒီ အခ်ိန္ ေရဆင္းကူးရင္းနဲ႔ ျပန္ေပၚမလာေတာ့တာလို႔ သိရတယ္ဗ်” ဟု ေ႐ႊလြိဳင္ေကာ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူမွာ လြိဳင္ေကာ္ၿမိဳ႕၊ ေဈးပိုင္းရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၃၁)ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးျဖစ္ၿပီး အရက္မူးေနစဥ္ ေရဆင္းကူရာမွ ေရနစ္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အခုအခ်ိန္က ကန္ကေရတက္ေနတဲ့အခ်ိန္ပါ။ ရွာေဖြမႈေတြလုပ္ခဲ့လားေတာ့ ကြၽန္ေတာ္တို႔လဲ ေသခ်ာမသိဘူးဗ်။ ကန္ကလဲ ေတာ္ေတာ္နက္တယ္ ထင္ပါတယ္။ အခုေတြ႕ေတာ့မွ ကြၽန္ေတာ္တို႔အသင္းကို လွမ္းအေၾကာင္းၾကားလို႔ ေဆး႐ုံပို႔ေပးခဲ့ရတာပါ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ေရနစ္ေသဆုံးသူအမ်ိဳးသားအေလာင္းအား ေ႐ႊလြိဳင္ေကာ္လူမႈကူညီေရးအသင္းမွ လြိဳင္ေကာ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။