ရှေးမြန်မာဘုရင့်အသုံးအဆောင်ပစ္စည်းများကို ပြည်သူများကြည့်ရှုနိုင်ရန် လာရောက်လှူဒါန်းနိုင်ကြောင်း MORAC အသိပေး

 1355

သန့်ဇင်(NP News) - နိုဝင်ဘာ ၁

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် အများပြည်သူများလာရောက်ကြည့်ရှုနိုင်ရန် ဘုရင့်အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းနိုင်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (MORAC)က ထုတ်ပြန်ထားသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) က အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရှေးမြန်မာဘုရင့်အသုံးအဆောင်ပစ္စည်းများကို အများပြည်သူများအား ပြန်လည်ခင်းကျင်းပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောက်ရွက်လျက်ရှိရာ ဘုန်းတော်ကြီးကျောင်းများ နှင့် ပုဂ္ဂလိကများအနေဖြင့် ရှေးမြန်မာဘုရင့်အသုံးအဆောင်ပစ္စည်းများရှိပါက သက်ဆိုင်ရာ အထောက်အထားနှင့်တကွ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

လာရောက်လှူဒန်းသည့် ပစ္စည်းများတွင် ရှားပါ၍ တန်ဖိုးကြီးမားသည်ဟု သတ်မှတ်နိုင်သည့် ပစ္စည်းများအား စိစစ်ရွေးချယ်ပြီးပါက အဆိုပါ ပစ္စည်းများအတွက် ဂုဏ်ပြုမှတ်တမ်းနှင့်တကွ ချီးမြှင့်ငွေများပေးအပ်သွားမည်ဖြစ်ကြောင်းလည်း MORAC က အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ေရွးျမန္မာဘုရင့္အသုံးအေဆာင္ပစၥည္းမ်ားကို ျပည္သူမ်ားၾကည့္ရႈႏိုင္ရန္ လာေရာက္လႉဒါန္းႏိုင္ေၾကာင္း MORAC အသိေပး
သန႔္ဇင္(NP News) - ႏိုဝင္ဘာ ၁

မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္တြင္ အမ်ားျပည္သူမ်ားလာေရာက္ၾကည့္ရႈႏိုင္ရန္ ဘုရင့္အသုံးအေဆာင္ပစၥည္းမ်ား လာေရာက္လႉဒါန္းႏိုင္ေၾကာင္း ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (MORAC)က ထုတ္ျပန္ထားသည္။

ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယမန္ေန႔ (ေအာက္တိုဘာလ ၃၁ ရက္) က အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ေရွးျမန္မာဘုရင့္အသုံးအေဆာင္ပစၥည္းမ်ားကို အမ်ားျပည္သူမ်ားအား ျပန္လည္ခင္းက်င္းျပသႏိုင္ေရးအတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ေဆာက္႐ြက္လ်က္ရွိရာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား ႏွင့္ ပုဂၢလိကမ်ားအေနျဖင့္ ေရွးျမန္မာဘုရင့္အသုံးအေဆာင္ပစၥည္းမ်ားရွိပါက သက္ဆိုင္ရာ အေထာက္အထားႏွင့္တကြ လာေရာက္လႉဒါန္းႏိုင္ေၾကာင္း သိရသည္။

လာေရာက္လႉဒန္းသည့္ ပစၥည္းမ်ားတြင္ ရွားပါ၍ တန္ဖိုးႀကီးမားသည္ဟု သတ္မွတ္ႏိုင္သည့္ ပစၥည္းမ်ားအား စိစစ္ေ႐ြးခ်ယ္ၿပီးပါက အဆိုပါ ပစၥည္းမ်ားအတြက္ ဂုဏ္ျပဳမွတ္တမ္းႏွင့္တကြ ခ်ီးျမႇင့္ေငြမ်ားေပးအပ္သြားမည္ျဖစ္ေၾကာင္းလည္း MORAC က အသိေပးထုတ္ျပန္ ထားသည္။

Related news

© 2021. All rights reserved.