“Online လိမ်လည်မှုတွေကို တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်မယ်” (အင်တာဗျူး)

 598

NP News - နိုဝင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် လာရောက်တွေ့ဆုံမေးမြန်းမှုအကျဉ်းချုပ်အား NP News မှ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

မေး ။ ။ အခုလိုလာရောက်ဖြေကြားတဲ့အတွက် ကျေးဇူး တင်ပါတယ်။

ဖြေ ။ ။ အခုလိုလာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံမှ မီဒီယာများထဲမှ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရတဲ့မီဒီယာလို့ မှတ်မိနေပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့အချိန်မှာ Interview ရိုက်ကူးခဲ့တာဖြစ်လို့ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုသိရဖို့ လာရောက်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လိမ်လည်မှုတွေကို ဘယ်အချိန်မှာ စတင်သိခဲ့ပါသလဲ။

ဖြေ ။ ။ ၂၀၂၀ - ၂၀၂၁ မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ - ၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာတွေ့ရပါတယ်။ အဲဒီလောင်းကစားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လုပ်နေပြီဆိုတဲ့ သတင်းရရှိခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒအရ ဆောက်ခဲ့တာဆိုပြီး ဝါဒဖြန့်ခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့လို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရွှေကုက္ကိုလ်စီမံကိန်းကို တည်ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ၂၀၂၁ - ၂၀၂၂ အကူးမှာမှ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လောင်းကစားမှုတွေ လုပ်နေပြီဆိုတာ သိခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၂ ခုနှစ်ကစပြီး ခြေရာခံ၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ်ဘက်တင်မကဘဲ မြန်မာဘက်ကိုပါ ပစ်မှတ်ထားလုပ်ဆောင်တာကိုလည်း တွေ့ပါတယ်။ Online မှာလုပ်တာဆိုတော့ ထင်ရှားတာမရှိဘဲ အနေချောင်နိုင်ငံ၊ ချောင်တဲ့နေရာမှာ လုပ်တာလည်း ဖြစ်ပါတယ်။

မေး ။ ။ Online လောင်းကစားမှုတွေ လုပ်ဆောင်နေတာကို သိသိချင်း ဘယ်လိုစီမံမှုတွေ ပြုလုပ်ခဲ့ပါသလဲ။ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား။

ဖြေ ။ ။ မြန်မာနိုင်ငံဘက်ကတော့ ဆိုရှယ်မီဒီယာကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာမှသာ နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မေး ။ ။ Online ပေါ်မှာ သိတဲ့တစ်ယောက်က သူထိန်းချုပ်ခံရတယ်လို့ လူကြီးတွေကို သိအောင်ပြောပေးပါဆိုပြီး ပြောပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ဆောင်မှုများကို ပြောပေးပါ။ ဖမ်းဆီးခဲ့တာ ဘယ်လောက်သိမ်းဆည်းရမိခဲ့ပါသလဲ။ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဘယ်နှစ်ဦး ပါပါသလဲ။

ဖြေ ။ ။ ဖမ်းဆီးရမိခဲ့တာတော့ တစ်ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါတယ်။ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာ ဖြစ်ပါတယ်။ ဆက်ပြီး လုပ်ဆောင်မှာတွေကို ပြောပြပါမယ်။ နံပါတ်တစ်အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောင့်လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်းမျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ Online လောင်းကစား လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့ Online လိမ်လည်မှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။

မေး ။ ။ ယခုအချိန် Online လိမ်ညာနေတဲ့အဖွဲ့ ဘယ်နှစ်ဖွဲ့လောက် ဖမ်းဆီးထားလဲ။ တရုတ်နိုင်ငံက ထိခိုက်သူတွေအပေါ်ကို ဘယ်လိုဆောင်ရွက်ပေးဖို့ ရှိပါသလဲ။

ဖြေ ။ ။ “ဝ”နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသများ ဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ ကျွန်တော်တို့အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီးရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါတယ်။ “ဝ”နဲ့ မိုင်းလားဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။

မေး ။ ။ အခုထပ်ပြီး ဘယ်နှစ်နေရာရှိပါသလဲ။ နှိမ်နင်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာကို တရုတ်ပြည်သူတွေက အရေးတကြီး သိချင်နေပါတယ်။

ဖြေ ။ ။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ် လာရောက်ချိန်မှာ ဒီနှစ်အကုန် အမြစ်ပြတ်ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ အများဆုံး ဖမ်းဆီးရမိတဲ့ ဖူအာမြို့ဘက်က ရဲတွေက ၂၃၀၀ ကျော်ဖမ်းဆီးရမိပြီး လူတစ်ရာကျော်က ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အစိုးရက ပါဝင်ပတ်သက်ခဲ့ပါသလား။ ဘယ်လိုနှိမ်နင်းခဲ့ပါသလဲ။

ဖြေ ။ ။ “ဝ”နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူးဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှမရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ်စကားပြောတတ်သူသာများပြီး မြန်မာစကားပြောတတ်သူ ရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီအခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။

မေး ။ ။ ဒီမှာရှိနေတဲ့ လိမ်ညာမှုတွေထဲမှာ တိုင်းရင်းသား အကြမ်းဖက်တွေရော ပါလား။ သူတို့ထောက်ခံအားပေးတဲ့သူတွေ ပါလား။ မြန်မာအစိုးရရောပါလား။

ဖြေ ။ ။ “ဝ”နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်ကဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေနဲ့ ဝင်ရောက်ခြင်းမပြုတာ ဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား။ အရင်က “ဝ”နဲ့ မိုင်းလားဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးခဲ့တာကြောင့် ၁၉၉၀-၁၉၉၁ ခုနှစ်မှာ အမေရိကန်က “ဝ”ခေါင်းဆောင်တွေ အားလုံးနီးပါးကို DEA ရဲ့ မူးယစ်ဆေးတရားခံတွေအဖြစ် ကမ္ဘာသိကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာ ဗကပတွေ ကြီးစိုးခဲ့တဲ့ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာတိုင်းရင်းသားများသာ ဖြစ်ပါတယ်။ သို့သော် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှ လွတ်နေပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ “ဝ” နယ်မြေနဲ့ UWSA ရဲ့ “ဝ” နယ်မြေဆိုတာ ရှိပါတယ်။ ဒီပြဿနာတွေမဖြစ်ခင် ဘိန်းဖြူပြဿနာဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ဘိန်းပပျောက်ရေးအတွက် ဖိအားပေးခဲ့တာကြောင့် ဘိန်းပပျောက်ပြီး ရာမရူးသွပ်ဆေးပြားများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကိုလည်း မြန်မာနဲ့တရုတ်ပူးပေါင်းပြီး နှိမ်နင်းခဲ့ရပါတယ်။ ယခုတတိယအကြိမ် ကတော့ Online လိမ်ညာမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား ပြောကြားနေပါတယ်။ “ဝ” နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားကရတဲ့ ငွေဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲ ရှိနိုင်ပါတယ်။ “ဝ”ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံ ဖူအာမြို့မှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင်သိပါတယ်။

ဒါ့ကြောင့် “ဝ”တွေကို တရုတ်အစိုးရက ပံ့ပိုးပေးထားတယ်။ ဘိန်းစိုက်တယ်လို့ အမေရိကန်က စွပ်စွဲတာပဲဖြစ်ပါတယ်။ အဲဒီနယ်ထဲမှာ(တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) Online လိမ်လည်မှု တွေဖြစ်ခဲ့ပါတယ်။ ဘာလို့သမိုင်းကြောင်းကို ပြန်ပြောလည်းဆိုရင် တရုတ်နိုင်ငံသူ နိုင်ငံသားတွေသိဖို့ လိုအပ်လို့ပါ။ Online လိမ်လည်မှုကနေရတဲ့ ငွေကြေးတွေဘယ်ရောက်နေလဲဆိုရင် “ဝ”နဲ့ မိုင်းလားခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်၊ မြေကွက်၊ ကုမ္ပဏီဘယ်လောက်ရှိလဲဆိုတာ ဖူအာနဲ့ ကူမင်းမှာရှိတဲ့ ပြည်သူတွေကိုမေးကြည့်ရင် ပေါ်လာပါလိမ့်မယ်။

မေး ။ ။ မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ပေါင်းပြီး ဒီ “ဝ”နဲ့ မိုင်းလားဒေသကို ဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားလဲ။

ဖြေ ။ ။ “ဝ”နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီနေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ အကောက်ခွန်တို့ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ ပေါင်းပြီး ဖိအားပေးရမှာဖြစ်ပါတယ်။

မေး ။ ။ အခုလို ပူးပေါင်းဆောင်ရွက်ဖြေရှင်းတယ်ဆိုတာ ကောင်းပါတယ်။ မြန်မာအစိုးရကသူတွေ ဒီ Online လိမ်လည်မှုမှာ မပါဝင်ဘူးဆိုရင် ဘယ်သူတွေက ပါဝင်နေလဲ။

ဖြေ ။ ။ အဓိက ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ Online လိမ်လည်တဲ့သူတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးထားပြီးဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများအနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

မေး ။ ။ တကယ်လို့များ မြန်မာဝန်ထမ်းတွေ ပါဝင်ရင် ဘယ်လိုဥပဒေအရ ဖြေရှင်းပေးမှာလဲ။

ဖြေ ။ ။ Online၊ လောင်းကစားဥပဒေများ ရှိပြီးဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းကာ အမြစ်ပြတ် ဆောင်ရွက်မယ်လို့ ပြောထားပြီးဖြစ်ပါတယ်။

မေး ။ ။ အခု “ဝ”နှစ်ယောက်ကို ဖမ်းဝရမ်းထုတ်ပြန်တာ မြန်မာဘက်က သိပါသလား။

ဖြေ ။ ။ “ဝ”ဒေသက UWSA အဖွဲ့ဝင် ဖြစ်ပါတယ်။ “ဝ” ဒေသမှာ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကရော မြန်မာနိုင်ငံကပါ ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်လာစရာမရှိဘဲ အလုံခြုံဆုံးက သူတို့နယ်မြေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နယ်မြေထဲမှာပဲ နေချင်ရင်နေ၊ပြေးမယ်ဆိုရင်လည်း ပြည်ပနိုင်ငံဘက်ကို ထွက်ပြေးဖို့ပဲ ရှိပါတယ်။တရုတ်နိုင်ငံဘက်မှ ဖိအားပေးနေပြီး မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးရမိပါက တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ အဲဒီနှစ်ယောက်က မြန်မာ-တရုတ် ဖမ်းဝရမ်းထုတ်ထား ကြောင်းသိရပါတယ်။ ဘယ်ကိုသွားမယ်လို့ ထင်ပါသလဲ။ သူတို့ရဲ့လားရာနဲ့ သဲလွန်စတွေရော ဘာတွေ သိထားပါသလဲ။

ဖြေ ။ ။ သူတို့ “ဝ”နယ်မြေထဲက ထွက်သွားတဲ့အထောက်အထား မရှိသေးပါဘူး။

မေး ။ ။ ဒီနှစ်ယောက်က တရုတ်နိုင်ငံသားလည်းဖြစ်ပြီး မြန်မာနိုင်ငံသားလည်း ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသား ဖြစ်လို့ရပါသလား။

ဖြေ ။ ။ တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလားလို့ မေးချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါတယ်။ Online လိမ်ညာမှုရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ ပြဿနာဖြစ်ပါ တယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာ WY ဆေးပြားပြဿနာ၊ ၂၀၂၁ မှာ Online ပြဿနာဆိုပြီး ကိစ္စသုံးခု ဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် ဒီလိုပြဿနာတွေ ဆက်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူနဲ့ WY ပြဿနာကို တရုတ်ပြည်သူတွေ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘိန်းဖြူနဲ့ WY ဆေးပြားကို တရုတ်ဘက်ကို မသွင်းရဲဘဲ လာအိုနဲ့ ထိုင်းနိုင်ငံကတစ်ဆင့် အခြားနေရာတွေကို ဖြန့်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေရဲ့ စီးပွားရေးအရင်းအမြစ်ဟာ တရားမဝင် လုပ်ငန်းတွေကနေ ရခြင်းဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာဖြစ်မှသာ တရုတ်လူမျိုးအများစု အလိမ်ခံရတာကြောင့် တရုတ်က စတင်ခံစားရတာ ဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာကို ဖြေရှင်းရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ နံပါတ်တစ် အဲဒီနယ်မြေမှာ တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ရမှာဖြစ်ပါတယ်။ ဒါကို နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရမှာဖြစ်ပါတယ်။ နံပါတ်နှစ်အနေနဲ့ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေကို နှစ်နိုင်ငံအစိုးရက ဝင်ခွင့်ရအောင်လုပ်နိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

မေး ။ ။ ပူးပေါင်းစစ်ဆင်ရေးစခန်း ဖွင့်ထားပါသလား။ အဲဒီအခြေအနေကို သိချင်ပါတယ်။

ဖြေ ။ ။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပူးပေါင်းစစ်ဆင်ရေးစခန်းဖွင့်ထားတာ မရှိပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ဆက်ဆံမှုကတော့ စဉ်ဆက်မပြတ်ရှိပါတယ်။ ဒီကိစ္စဟာ တရုတ်ပြည်သူတွေသာမက မြန်မာပြည်သူတွေပါ နစ်နာပြီး မြန်မာနိုင်ငံရဲ့ သိက္ခာလည်းကျရပါတယ်။ သို့သော် သတိပြုရမှာက Online လိမ်ညာမှုကိစ္စကို ဖြေရှင်းရုံနဲ့ ဒီလိုကိစ္စတွေပြီးသွားမှာ မဟုတ်ပါဘူး။ သမိုင်းကြောင်းကို သိရမယ်၊ အရင်းအမြစ်ကို သိရမယ်၊ ပြဿနာဖြစ်စေတဲ့ အရင်းအမြစ်ကိုသိပြီး နှစ်နိုင်ငံပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။

မေး ။ ။ အခုလိုသေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် အခက်အခဲ ပြဿနာက ဘာရှိသလဲ။

ဖြေ ။ ။ “ဝ”နဲ့ မိုင်းလားနယ်မြေထဲ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်း လွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။ သူတို့ကြောင့် မြန်မာနဲ့ တရုတ်ပြည်သူတွေကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာဖြစ်ပါတယ်။

မေး ။ ။ အခုလိုမျိုး ဖြေရှင်းပြီးရင် ဒေသခံပြည်သူတွေ စားဝတ်နေရေး ဘယ်လိုရှင်သန်မလဲ၊ ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။

ဖြေ ။ ။ အဲဒီဒေသက သာမန်ပြည်သူလူထုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပဲ လုပ်ပါတယ်။ “ဝ” တောင်ပိုင်းမှာ ရော်ဘာလုပ်ငန်း အဓိကလုပ်ပါတယ်။ “ဝ” နဲ့ မိုင်းလားပြည်သူတွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားရေးအခွင့်အလမ်းရှိပြီးဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူး။ သာမန်ပြည်သူတွေအနေနဲ့ Online လိမ်လည်မှုနဲ့ မပတ်သက်ဘဲ ခေါင်းဆောင်ပိုင်းကသာ ပတ်သက်နေတာဖြစ်ပါတယ်။ ထွက်ပြေးနေတဲ့သူတွေဟာ “ဝ” လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်ပါတယ်။ “ဝ” အကြီးအကဲ ပေါက်ယူချန်းနဲ့ ဆွေမျိုးတော်တဲ့သူလည်း ဖြစ်ပါတယ်။ “ဝ”အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့သူဖြစ်ပါတယ်။ ဒါဆိုရင်ခင်ဗျားတို့ ရိပ်မိမှာဖြစ်ပါတယ်။ Online လိမ်ညာမှုတွေကို သာမန်ပြည်သူတွေက မလုပ်နိုင်ဘဲ ဘယ်ကရောက်လာတာလဲ၊ ဘယ်သူတွေ အကာအကွယ်ပေးနေလဲဆိုတာ သိနိုင်မယ်ထင်ပါတယ်။

မေး ။ ။ အခု ဒီပူးပေါင်းစစ်ဆင်ရေးလုပ်တဲ့အခါမှာ တရုတ်က အကျိုးရှိရှိ လုပ်ဆောင်မယ်ထင်ပါသလား။

ဖြေ ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်နဲ့သာမက ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့လည်း တွေ့ပြီးဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှု အများကြီးရခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရရဲ့ပူးပေါင်းမှုကို အားရမှုရှိပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စကို တရုတ်ပြည်သူတွေ နစ်နာမှုရှိလို့ တရုတ်အစိုးရက အရေးကြီးကိစ္စအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ နစ်နာမှုရှိသလို သိက္ခာလည်းကျတာဖြစ်လို့ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီဟာတွေလုပ်ဆောင်တာဟာ သာမန် တရုတ်၊ မြန်မာပြည်သူတွေ မဟုတ်ပါဘူး။ တရုတ်နဲ့ နိုင်ငံတကာမှာ ရာဇဝတ်မှုဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ လောင်းကစားလုပ်နေတဲ့သူတွေက ဦးဆောင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အပြစ်ရှိတဲ့သူလည်းရှိတယ်၊ တရုတ်နိုင်ငံထဲက အပြစ်ရှိတဲ့သူလည်းရှိတယ်။ တရုတ်တွေက မြန်မာတွေကို လိမ်တာမဟုတ်သလို မြန်မာတွေက တရုတ်ကိုလိမ်တာလည်း မဟုတ်ပါဘူး။ ရာဇဝတ်မှု ကျူးလွန်ထားပြီး အပြစ်ရှိတဲ့ ပြည်ပြေးလူတစ်စုက ကျွန်တော်တို့ နှစ်နိုင်ငံလုံးကို လိမ်နေတာဖြစ်ပါတယ်။ အပြစ်ရှိတဲ့သူတွေကို ဖော်ထုတ်အရေးယူရမှာဖြစ်ပါတယ်။ အကာအကွယ်ပေးသူတွေကိုလည်း အရေးယူရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြဿနာဖြစ်နိုင်တဲ့ နယ်မြေတွေကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရပါမယ်။ ဒါမှ နှစ်နိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေး ခိုင်ခံ့မှာဖြစ်ပါတယ်။

မေး ။ ။ အခု နှစ်နိုင်ငံက အစည်းအဝေးလုပ်ပြီး ဖြေရှင်းနေတယ်ဆိုတော့ ဘယ်လိုနည်းလမ်း စီမံချက်တွေနဲ့ဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ (တစ်)နှစ်နိုင်ငံ သတင်းအချက်အလက်ဖလှယ်တာရှိပါတယ်။ (နှစ်) နှစ်နိုင်ငံ Online စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ပြီး စောင့်ကြည့်နေပါတယ်။ (သုံး) လက်တွေ့ဖမ်းဆီးမှုရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာဘက်မှာ သံသယရှိတဲ့စာရင်းပေးရင် လာတဲ့လမ်းကြောင်းစုံစမ်းပြီး လိုက်လံဖမ်းဆီးတာတွေရှိပါတယ်။ အချို့လူတွေက တရားဥပဒေချိုးဖောက်တာ ခိုင်လုံရင် ဖမ်းဆီးပါတယ်။ မခိုင်လုံရင် စောင့်ကြည့်တာ၊ မေးမြန်းတာတွေလုပ်ပါတယ်။ ပေးလို့ရတဲ့ အချက်အလက်တွေ အပြန်အလှန်ပေးပို့ပြီး တိုက်ဆိုင်စစ်ဆေးတာ ရှိပါတယ်။ ဒီသတင်းအချက်အလက်တွေကိုကြည့်ပြီး နှစ်နိုင်ငံ ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီး နှိမ်နင်းဖမ်းဆီးတာတွေ ဆောင်ရွက်ပါတယ်။

မေး ။ ။ အဲဒါဆိုရင် ကွင်းဆင်းဖမ်းဆီးဖို့ ရှိပါသလား။

ဖြေ ။ ။ အဲဒါကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီနယ်မြေကို ဒီကိစ္စတစ်ခုပဲ ကုသလို့မဖြစ်ဘူး။ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့လိုအပ်ပါတယ်။

မေး ။ ။ အခုထိ ဝင်လို့မရသေးဘူးပေါ့။

ဖြေ ။ ။ မှန်ပါတယ်။

မေး ။ ။ အဲဒီကို သွားမယ်ဆိုရင် မြန်မာအစိုးရနဲ့ ဒေသခံတွေ တိုက်ပွဲတွေ ရှိနိုင်ပါသလား။

ဖြေ ။ ။ မှန်ပါတယ်။ ဒါကြောင့် တရုတ်-မြန်မာပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေးဝင်ဖို့လိုမယ်လို့ ပြောခြင်းဖြစ်ပါတယ်။

Phoenix Media ။ ။ ကျေးဇူးတင်ပါတယ်။ အခုလိုရှင်းပြပေးတာ။

အထက်ပါ တွေ့ဆုံမေးမြန်းမှုအပြည့်အစုံအား Phoenix New Media တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

zawgyi version
“Online လိမ္လည္မႈေတြကို တ႐ုတ္ႏိုင္ငံ နဲ႔ ျမန္မာႏိုင္ငံပူးေပါင္းၿပီး လုပ္ေဆာင္လို႔ရတဲ့ေနရာေတြမွာ ပူးေပါင္းစစ္ဆင္ေရးေတြ ေဆာင္႐ြက္မယ္” (အင္တာဗ်ဴး)

NP News - ႏိုဝင္ဘာ ၂

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းအား တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ Phoenix New Media မွ ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ ရက္တြင္ လာေရာက္ေတြ႕ဆုံေမးျမန္းမႈအက်ဥ္းခ်ဳပ္အား NP News မွ ေအာက္ပါအတိုင္း ေဖာ္ျပအပ္ပါသည္။

ေမး ။ ။ အခုလိုလာေရာက္ေျဖၾကားတဲ့အတြက္ ေက်းဇူး တင္ပါတယ္။

ေျဖ ။ ။ အခုလိုလာေရာက္ေမးျမန္းတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ တ႐ုတ္ႏိုင္ငံမွ မီဒီယာမ်ားထဲမွ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆုံခြင့္ရတဲ့မီဒီယာလို႔ မွတ္မိေနပါတယ္။ အဲဒီအခ်ိန္က ျမန္မာ့ႏိုင္ငံေရးကို စိတ္ဝင္စားတဲ့အခ်ိန္မွာ Interview ႐ိုက္ကူးခဲ့တာျဖစ္လို႔ ေအာင္ျမင္ခဲ့ေၾကာင္း သိရပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေျခအေနမွန္ကိုသိရဖို႔ လာေရာက္တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

ေမး ။ ။ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ Online လိမ္လည္မႈေတြကို ဘယ္အခ်ိန္မွာ စတင္သိခဲ့ပါသလဲ။

ေျဖ ။ ။ ၂၀၂၀ - ၂၀၂၁ ျမန္မာႏိုင္ငံမတိုင္မီ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔မွာ ျဖစ္ပြားခဲ့ၿပီး ၂၀၂၁ - ၂၀၂၂ ကူးခ်ိန္မွာ ျမန္မာႏိုင္ငံကို ေရာက္လာခဲ့တာေတြ႕ရပါတယ္။ အဲဒီေလာင္းကစားလုပ္ငန္း လုပ္ကိုင္ၾကတဲ့သူေတြဟာ ကေမာၻဒီးယားႏိုင္ငံကေန ေျပးလာၿပီး ျမန္မာႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ေ႐ႊကုကၠိဳလ္ေဒသမွာ လုပ္ေနၿပီဆိုတဲ့ သတင္းရရွိခဲ့ပါတယ္။ အေနာက္ႏိုင္ငံေတြကလည္း ေ႐ႊကုကၠိဳလ္ဟာ တ႐ုတ္အစိုးရရဲ႕ မူဝါဒအရ ေဆာက္ခဲ့တာဆိုၿပီး ဝါဒျဖန႔္ခဲ့တာေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံအၾကား အထင္အျမင္လြဲမွားမႈေတြ ျဖစ္ခဲ့ပါတယ္။ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ ပူးေပါင္းေဆာင္႐ြက္ခဲ့တယ္ဆိုၿပီး စြပ္စြဲခဲ့လို႔လည္း ကြၽန္ေတာ္ကိုယ္တိုင္ပဲ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ရွင္းလင္းခဲ့ရပါတယ္။ အဲဒီေ႐ႊကုကၠိဳလ္စီမံကိန္းကို တည္ေဆာက္ခြင့္ပိတ္ၿပီးေနာက္မွာ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြဆီကို ေရာက္လာခဲ့တာလည္း ျဖစ္ႏိုင္ပါတယ္။ ၂၀၂၁ - ၂၀၂၂ အကူးမွာမွ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ Online ေလာင္းကစားမႈေတြ လုပ္ေနၿပီဆိုတာ သိခဲ့ရပါတယ္။ ျမန္မာအစိုးရအေနနဲ႔လည္း ၂၀၂၂ ခုႏွစ္ကစၿပီး ေျခရာခံ၊ ဖမ္းဆီးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ သူတို႔အေနနဲ႔ တ႐ုတ္ဘက္တင္မကဘဲ ျမန္မာဘက္ကိုပါ ပစ္မွတ္ထားလုပ္ေဆာင္တာကိုလည္း ေတြ႕ပါတယ္။ Online မွာလုပ္တာဆိုေတာ့ ထင္ရွားတာမရွိဘဲ အေနေခ်ာင္ႏိုင္ငံ၊ ေခ်ာင္တဲ့ေနရာမွာ လုပ္တာလည္း ျဖစ္ပါတယ္။

ေမး ။ ။ Online ေလာင္းကစားမႈေတြ လုပ္ေဆာင္ေနတာကို သိသိခ်င္း ဘယ္လိုစီမံမႈေတြ ျပဳလုပ္ခဲ့ပါသလဲ။ ပူးေပါင္းေဆာင္႐ြက္မႈဟာ ျမန္မာႏိုင္ငံဘက္က စတင္ခဲ့တာလား၊ တ႐ုတ္ႏိုင္ငံဘက္က စတင္ခဲ့တာလား။

ေျဖ ။ ။ ျမန္မာႏိုင္ငံဘက္ကေတာ့ ဆိုရွယ္မီဒီယာကေန စတင္လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ေျခရာခံၿပီး စုံစမ္းျခင္း၊ လက္လွမ္းမီရင္ ဆက္သြယ္ေရးဥပေဒ၊ ေလာင္းကစားဥပေဒနဲ႔ အေရးယူခဲ့ပါတယ္။ သာမန္အေနထားနဲ႔သာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။ တ႐ုတ္ႏိုင္ငံဘက္မွ အေၾကာင္းၾကားလာမွသာ ႏွစ္ႏိုင္ငံပူးေပါင္းၿပီး အရွိန္အဟုန္နဲ႔ ႏွိမ္နင္းတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။

ေမး ။ ။ Online ေပၚမွာ သိတဲ့တစ္ေယာက္က သူထိန္းခ်ဳပ္ခံရတယ္လို႔ လူႀကီးေတြကို သိေအာင္ေျပာေပးပါဆိုၿပီး ေျပာပါတယ္။ ပူးေပါင္းေဆာင္႐ြက္တဲ့ လုပ္ေဆာင္မႈမ်ားကို ေျပာေပးပါ။ ဖမ္းဆီးခဲ့တာ ဘယ္ေလာက္သိမ္းဆည္းရမိခဲ့ပါသလဲ။ တ႐ုတ္လူမ်ိဳး၊ ျမန္မာလူမ်ိဳး ဘယ္ႏွစ္ဦး ပါပါသလဲ။

ေျဖ ။ ။ ဖမ္းဆီးရမိခဲ့တာေတာ့ တစ္ေထာင္နီးပါးရွိၿပီး တကယ္ျပစ္မႈက်ဴးလြန္တာကေတာ့ သုံးရာနီးပါးရွိပါတယ္။ ျမန္မာလူမ်ိဳး ၅၀ ေက်ာ္ပါဝင္ၿပီး တ႐ုတ္လူမ်ိဳးေရာ အဲဒီေဒသမွာရွိတဲ့ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြပါ ပါဝင္ပါတယ္။ အေသးစိတ္ကိုေတာ့ သက္ဆိုင္ရာဌာနမ်ားက ေျပာျပေပးမွာ ျဖစ္ပါတယ္။ ဆက္ၿပီး လုပ္ေဆာင္မွာေတြကို ေျပာျပပါမယ္။ နံပါတ္တစ္အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ မူဝါဒကေတာ့ ျမန္မာ့ေျမကိုသုံးၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ အက်ိဳးစီးပြားကို ထိခိုက္ေစမယ့္လုပ္ငန္းမ်ိဳး၊ အဖ်က္အေမွာင့္လုပ္ငန္းမ်ိဳး၊ မီဒီယာကေန ဝါဒျဖန႔္တာမ်ိဳး၊ လိမ္လည္ေလာင္းကစားျခင္းမ်ိဳးေတြကို လုံးဝလက္မခံဘဲ တိုက္ဖ်က္သြားမွာ ျဖစ္ပါတယ္။ နံပါတ္ႏွစ္အေနနဲ႔ Online ေလာင္းကစား လိမ္လည္မႈေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ ပူးေပါင္းၿပီး အျမစ္ျပတ္ေအာင္လုပ္မယ္လို႔ ကြၽန္ေတာ္တို႔ သႏၷိ႒ာန္ခ်ထားပါတယ္။ ဒီႏွစ္ ေအာက္တိုဘာလ ၁၅ ရက္မွာလည္း တ႐ုတ္ႏိုင္ငံရဲ႕ အာရွေရးရာ အထူးကိုယ္စားလွယ္နဲ႔ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆုံေဆြးေႏြးရာမွာလည္း ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ Online လိမ္လည္မႈေတြကို အျမစ္ျပတ္ေအာင္ ေဆာင္႐ြက္မယ္လို႔ သႏၷိ႒ာန္ခ်မွတ္ထားပါတယ္။

ေမး ။ ။ ယခုအခ်ိန္ Online လိမ္ညာေနတဲ့အဖြဲ႕ ဘယ္ႏွစ္ဖြဲ႕ေလာက္ ဖမ္းဆီးထားလဲ။ တ႐ုတ္ႏိုင္ငံက ထိခိုက္သူေတြအေပၚကို ဘယ္လိုေဆာင္႐ြက္ေပးဖို႔ ရွိပါသလဲ။

ေျဖ ။ ။ “ဝ”နဲ႔ မိုင္းလား၊ ကိုးကန႔္နယ္ေျမေတြမွာ ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ေဒသမ်ားဟာ အထူးေဒသမ်ား ျဖစ္ပါတယ္။ “ဝ”နဲ႔ မိုင္းလားေဒသဟာ ကြၽန္ေတာ္တို႔အစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ မရွိတာေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္မွ ေဆာင္႐ြက္ၿပီးျဖစ္ပါတယ္။ ကိုးကန႔္ေဒသကေတာ့ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္မႈေအာက္မွာရွိလို႔ ဖမ္းဆီးရမိတာေတြကို တ႐ုတ္ႏိုင္ငံဘက္ကို ပို႔ေဆာင္ေပးလ်က္ရွိပါတယ္။ “ဝ”နဲ႔ မိုင္းလားေဒသဟာ တ႐ုတ္အစိုးရနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး ေဆာင္႐ြက္တာျဖစ္တဲ့အတြက္ ေငြေၾကးပမာဏ ဘယ္ေလာက္လဲဆိုတာေတာ့ ကြၽန္ေတာ္မသိပါဘူး။

ေမး ။ ။ အခုထပ္ၿပီး ဘယ္ႏွစ္ေနရာရွိပါသလဲ။ ႏွိမ္နင္းဖို႔ ဘယ္ေလာက္ၾကာမယ္ဆိုတာကို တ႐ုတ္ျပည္သူေတြက အေရးတႀကီး သိခ်င္ေနပါတယ္။

ေျဖ ။ ။ တ႐ုတ္ႏိုင္ငံက အထူးကိုယ္စားလွယ္ လာေရာက္ခ်ိန္မွာ ဒီႏွစ္အကုန္ အျမစ္ျပတ္ေခ်မႈန္းဖို႔ သႏၷိ႒ာန္ခ်ထားပါတယ္။ Online ေလာင္းကစားနဲ႔ လိမ္လည္မႈဟာ ဒီမွာႏွိမ္နင္းၿပီးရင္လည္း ဘယ္ကိုေ႐ႊ႕ေျပာင္းသြားမလဲဆိုတာ ခန႔္မွန္းလို႔မရပါဘူး။ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံပူးေပါင္းၿပီး လုပ္ေဆာင္လို႔ရတဲ့ေနရာေတြမွာ ပူးေပါင္းစစ္ဆင္ေရးေတြ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။

ေမး ။ ။ အမ်ားဆုံး ဖမ္းဆီးရမိတဲ့ ဖူအာၿမိဳ႕ဘက္က ရဲေတြက ၂၃၀၀ ေက်ာ္ဖမ္းဆီးရမိၿပီး လူတစ္ရာေက်ာ္က ထြက္ေျပးေနတယ္လို႔ သိရပါတယ္။ အစိုးရက ပါဝင္ပတ္သက္ခဲ့ပါသလား။ ဘယ္လိုႏွိမ္နင္းခဲ့ပါသလဲ။

ေျဖ ။ ။ “ဝ”နဲ႔ မိုင္းလားဟာ အစိုးရရဲ႕ ကြပ္ကဲမႈေအာက္က လြတ္ေျမာက္ေနၿပီး အထူးေဒသျဖစ္တာေၾကာင့္ သူတို႔ဟာ သူတို႔ရဲ႕လက္နက္ကိုင္တပ္ေတြနဲ႔ သူတို႔ေနတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံအတြက္ ေလာင္းကစားထက္ပိုၿပီး ျပႆနာႀကီးတာျဖစ္ပါတယ္။ “ဝ”နဲ႔ မိုင္းလားဘက္မွာ ျမန္မာအစိုးရရဲ႕ ႏိုင္ငံ့ဝန္ထမ္း တစ္ဦးမွမရွိပါဘူး။ “ဝ”နဲ႔ မိုင္းလားမွာ တ႐ုတ္စကားေျပာတတ္သူသာမ်ားၿပီး ျမန္မာစကားေျပာတတ္သူ ရွားပါတယ္။ တ႐ုတ္ယြမ္ေငြကိုသာ အသုံးျပဳၿပီး ျမန္မာက်ပ္ေငြ မသုံးတာလည္း သိပါတယ္။ အဲဒီအေျခအေနကို တ႐ုတ္အစိုးရက သိမယ္ထင္ပါတယ္။ “ဝ”နဲ႔ မိုင္းလားဘက္ကို တ႐ုတ္စကားမတတ္ဘဲ ဝင္လို႔မရပါဘူး။ UWSA နဲ႔ မိုင္းလား လက္နက္ကိုင္အဖြဲ႕ေတြ ပါဝင္ေနပါတယ္။ ေနာက္တစ္ခုက တ႐ုတ္ႏိုင္ငံထဲက ဖူအာနဲ႔ကူမင္းၿမိဳ႕ေပၚမွာ “ဝ”နဲ႔ မိုင္းလား ေခါင္းေဆာင္ေတြရဲ႕ ပိုင္ဆိုင္မႈေတြရွိပါတယ္။ ေမးၾကည့္ရင္သိႏိုင္ပါတယ္။

ေမး ။ ။ ဒီမွာရွိေနတဲ့ လိမ္ညာမႈေတြထဲမွာ တိုင္းရင္းသား အၾကမ္းဖက္ေတြေရာ ပါလား။ သူတို႔ေထာက္ခံအားေပးတဲ့သူေတြ ပါလား။ ျမန္မာအစိုးရေရာပါလား။

ေျဖ ။ ။ “ဝ”နဲ႔ မိုင္းလားကိစၥမွာ ျမန္မာအစိုးရက ပါဝင္မႈ မရွိပါဘူး။ “ဝ”နဲ႔ မိုင္းလား လက္နက္ကိုင္အဖြဲ႕ဆိုတာ အပစ္ရပ္ထားတာေၾကာင့္ တပ္ကဝင္လို႔မရပါဘူး။ တပ္ကဝင္တာနဲ႔ တိုက္ပြဲျဖစ္ၿပီး ၿငိမ္းခ်မ္းေရးပ်က္စီးသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တပ္အေနနဲ႔ ဝင္ေရာက္ျခင္းမျပဳတာ ျဖစ္ပါတယ္။ ခင္ဗ်ားအေနနဲ႔ Online ေလာင္းကစားကို ႀကီးက်ယ္တဲ့ကိစၥလို႔ထင္တာလား။ အရင္က “ဝ”နဲ႔ မိုင္းလားေဒသမွာ မူးယစ္ေဆးဝါး စိုက္ပ်ိဳးခဲ့တာေၾကာင့္ ၁၉၉၀-၁၉၉၁ ခုႏွစ္မွာ အေမရိကန္က “ဝ”ေခါင္းေဆာင္ေတြ အားလုံးနီးပါးကို DEA ရဲ႕ မူးယစ္ေဆးတရားခံေတြအျဖစ္ ကမာၻသိေၾကညာခဲ့ပါတယ္။ အဲဒီေဒသမွာ ဗကပေတြ ႀကီးစိုးခဲ့တဲ့ေဒသျဖစ္ၿပီး ဘိန္းစိုက္ပ်ိဳးမႈေတြ ရွိခဲ့ပါတယ္။ အဲဒီေနာက္မွာ ခြဲထြက္ၿပီး ျမန္မာအစိုးရနဲ႔ ၿငိမ္းခ်မ္းေရးရယူကာ အထူးေဒသအျဖစ္ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ သူတို႔ဟာ ျမန္မာတိုင္းရင္းသားမ်ားသာ ျဖစ္ပါတယ္။ သို႔ေသာ္ အစိုးရရဲ႕ထိန္းခ်ဳပ္မႈေအာက္မွ လြတ္ေနပါတယ္။ ျမန္မာအစိုးရရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ “ဝ” နယ္ေျမနဲ႔ UWSA ရဲ႕ “ဝ” နယ္ေျမဆိုတာ ရွိပါတယ္။ ဒီျပႆနာေတြမျဖစ္ခင္ ဘိန္းျဖဴျပႆနာျဖစ္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံတို႔က ဘိန္းပေပ်ာက္ေရးအတြက္ ဖိအားေပးခဲ့တာေၾကာင့္ ဘိန္းပေပ်ာက္ၿပီး ရာမ႐ူးသြပ္ေဆးျပားမ်ား ထြက္ေပၚလာခဲ့ပါတယ္။ အဲဒါကိုလည္း ျမန္မာနဲ႔တ႐ုတ္ပူးေပါင္းၿပီး ႏွိမ္နင္းခဲ့ရပါတယ္။ ယခုတတိယအႀကိမ္ ကေတာ့ Online လိမ္ညာမႈ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ တိုင္းရင္းသားေတြျဖစ္တာေၾကာင့္ “ဝ”နဲ႔ မိုင္းလား ေခါင္းေဆာင္ေတြနဲ႔ ၿငိမ္းခ်မ္းေရးစကား ေျပာၾကားေနပါတယ္။ “ဝ” နဲ႔ မိုင္းလား ေခါင္းေဆာင္ေတြရဲ႕ ပိုင္ဆိုင္မႈက ျမန္မာဘက္မွာ မရွိပါဘူး။ တ႐ုတ္ဘက္မွာပဲ ရွိပါတယ္။ ဒါကို တ႐ုတ္ျပည္သူေတြကိုလည္း သိေစခ်င္ပါတယ္။ အျဖစ္မွန္က ခင္ဗ်ားေျပာတဲ့ Online ေလာင္းကစားကရတဲ့ ေငြဘယ္ေရာက္လဲဆိုတာက သူတို႔လက္ထဲမွာပဲ ရွိႏိုင္ပါတယ္။ “ဝ”ေခါင္းေဆာင္ေတြရဲ႕ ပိုင္ဆိုင္မႈကို တ႐ုတ္ႏိုင္ငံ ဖူအာၿမိဳ႕မွာရွိတဲ့ ျပည္သူေတြကို ေမးၾကည့္ရင္သိပါတယ္။

ဒါ့ေၾကာင့္ “ဝ”ေတြကို တ႐ုတ္အစိုးရက ပံ့ပိုးေပးထားတယ္။ ဘိန္းစိုက္တယ္လို႔ အေမရိကန္က စြပ္စြဲတာပဲျဖစ္ပါတယ္။ အဲဒီနယ္ထဲမွာ(တစ္) ဘိန္းျဖဴ၊ (ႏွစ္) WY ေဆးျပား၊ (သုံး) Online လိမ္လည္မႈ ေတြျဖစ္ခဲ့ပါတယ္။ ဘာလို႔သမိုင္းေၾကာင္းကို ျပန္ေျပာလည္းဆိုရင္ တ႐ုတ္ႏိုင္ငံသူ ႏိုင္ငံသားေတြသိဖို႔ လိုအပ္လို႔ပါ။ Online လိမ္လည္မႈကေနရတဲ့ ေငြေၾကးေတြဘယ္ေရာက္ေနလဲဆိုရင္ “ဝ”နဲ႔ မိုင္းလားေခါင္းေဆာင္ေတြရဲ႕ ပိုင္ဆိုင္မႈ ျမန္မာႏိုင္ငံထဲမွာ မရွိပါဘူး။ အိမ္၊ ေျမကြက္၊ ကုမၸဏီဘယ္ေလာက္ရွိလဲဆိုတာ ဖူအာနဲ႔ ကူမင္းမွာရွိတဲ့ ျပည္သူေတြကိုေမးၾကည့္ရင္ ေပၚလာပါလိမ့္မယ္။

ေမး ။ ။ ျမန္မာအစိုးရအေနနဲ႔ တ႐ုတ္အစိုးရနဲ႔ေပါင္းၿပီး ဒီ “ဝ”နဲ႔ မိုင္းလားေဒသကို ေျဖရွင္းဖို႔ ဘယ္လိုစီစဥ္ထားလဲ။

ေျဖ ။ ။ “ဝ”နဲ႔ မိုင္းလားကို (တစ္) တရားဥပေဒနဲ႔အညီေနထိုင္ဖို႔၊ (ႏွစ္) တရားဝင္တဲ့ စီးပြားေရးလုပ္ငန္းေတြသာ လုပ္ကိုင္ဖို႔၊ (သုံး) အဲဒီေဒသအတြင္း ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒစိုးမိုးေရးအဖြဲ႕ေတြျဖစ္တဲ့ ရဲ၊ လဝက၊ အေကာက္ခြန္တို႔ေပးဝင္ဖို႔ တ႐ုတ္နဲ႔ ျမန္မာႏွစ္ႏိုင္ငံ ေပါင္းၿပီး ဖိအားေပးရမွာျဖစ္ပါတယ္။

ေမး ။ ။ အခုလို ပူးေပါင္းေဆာင္႐ြက္ေျဖရွင္းတယ္ဆိုတာ ေကာင္းပါတယ္။ ျမန္မာအစိုးရကသူေတြ ဒီ Online လိမ္လည္မႈမွာ မပါဝင္ဘူးဆိုရင္ ဘယ္သူေတြက ပါဝင္ေနလဲ။

ေျဖ ။ ။ အဓိက ကေတာ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ Online လိမ္လည္တဲ့သူေတြကို ကာကြယ္ေပးေနတာ ျဖစ္ပါတယ္။ အဲဒီတိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြကိုလည္း ပါဝင္ပတ္သက္ျခင္းမျပဳဖို႔ သတိေပးထားၿပီးျဖစ္ပါတယ္။ အစိုးရဝန္ထမ္းမ်ားအေနနဲ႔ လာဘ္ေပးလာဘ္ယူမႈမ်ား ရွိႏိုင္ပါတယ္။ ရွိခဲ့ရင္လည္း ျပင္းျပင္းထန္ထန္အေရးယူဖို႔ ေဆာင္႐ြက္ေနပါတယ္။

ေမး ။ ။ တကယ္လို႔မ်ား ျမန္မာဝန္ထမ္းေတြ ပါဝင္ရင္ ဘယ္လိုဥပေဒအရ ေျဖရွင္းေပးမွာလဲ။

ေျဖ ။ ။ Online၊ ေလာင္းကစားဥပေဒမ်ား ရွိၿပီးျဖစ္တဲ့အတြက္ ျပင္းျပင္းထန္ထန္ အေရးယူမွာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက အထူးကိုယ္စားလွယ္နဲ႔ ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံပူးေပါင္းကာ အျမစ္ျပတ္ ေဆာင္႐ြက္မယ္လို႔ ေျပာထားၿပီးျဖစ္ပါတယ္။

ေမး ။ ။ အခု “ဝ”ႏွစ္ေယာက္ကို ဖမ္းဝရမ္းထုတ္ျပန္တာ ျမန္မာဘက္က သိပါသလား။

ေျဖ ။ ။ “ဝ”ေဒသက UWSA အဖြဲ႕ဝင္ ျဖစ္ပါတယ္။ “ဝ” ေဒသမွာ အုပ္ခ်ဳပ္ေနတဲ့ အစိုးရအဖြဲ႕ဝင္လည္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံကေရာ ျမန္မာႏိုင္ငံကပါ ဖမ္းဝရမ္းထုတ္ထားၿပီးျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ျမန္မာႏိုင္ငံထဲကို ဝင္လာစရာမရွိဘဲ အလုံၿခဳံဆုံးက သူတို႔နယ္ေျမပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔နယ္ေျမထဲမွာပဲ ေနခ်င္ရင္ေန၊ေျပးမယ္ဆိုရင္လည္း ျပည္ပႏိုင္ငံဘက္ကို ထြက္ေျပးဖို႔ပဲ ရွိပါတယ္။တ႐ုတ္ႏိုင္ငံဘက္မွ ဖိအားေပးေနၿပီး ျမန္မာႏိုင္ငံဘက္မွ ဖမ္းဆီးရမိပါက တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

ေမး ။ ။ အဲဒီႏွစ္ေယာက္က ျမန္မာ-တ႐ုတ္ ဖမ္းဝရမ္းထုတ္ထား ေၾကာင္းသိရပါတယ္။ ဘယ္ကိုသြားမယ္လို႔ ထင္ပါသလဲ။ သူတို႔ရဲ႕လားရာနဲ႔ သဲလြန္စေတြေရာ ဘာေတြ သိထားပါသလဲ။

ေျဖ ။ ။ သူတို႔ “ဝ”နယ္ေျမထဲက ထြက္သြားတဲ့အေထာက္အထား မရွိေသးပါဘူး။

ေမး ။ ။ ဒီႏွစ္ေယာက္က တ႐ုတ္ႏိုင္ငံသားလည္းျဖစ္ၿပီး ျမန္မာႏိုင္ငံသားလည္း ျဖစ္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ႏွစ္ႏိုင္ငံသား ျဖစ္လို႔ရပါသလား။

ေျဖ ။ ။ တ႐ုတ္ႏိုင္ငံမွာေရာ ႏွစ္ႏိုင္ငံသား ျဖစ္လို႔ရလားလို႔ ေမးခ်င္ပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံရဲ႕ ျပႆနာျဖစ္ပါတယ္။ Online လိမ္ညာမႈရဲ႕ ေနာက္ကြယ္က နက္ရႈိင္းတဲ့ ျပႆနာျဖစ္ပါ တယ္။ ၁၉၉၀ ျပည့္ႏွစ္မွာ ဘိန္းျဖဴျပႆနာ၊ ၂၀၀၀ ျပည့္ႏွစ္မွာ WY ေဆးျပားျပႆနာ၊ ၂၀၂၁ မွာ Online ျပႆနာဆိုၿပီး ကိစၥသုံးခု ျဖစ္ခဲ့ပါတယ္။ အဲဒီနယ္ေျမမွာ တရားဥပေဒစိုးမိုးေရးမလုပ္ႏိုင္ရင္ ဒီလိုျပႆနာေတြ ဆက္ျဖစ္ေနမွာပဲ ျဖစ္ပါတယ္။ ဘိန္းျဖဴနဲ႔ WY ျပႆနာကို တ႐ုတ္ျပည္သူေတြ မသိခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔က ဘိန္းျဖဴနဲ႔ WY ေဆးျပားကို တ႐ုတ္ဘက္ကို မသြင္းရဲဘဲ လာအိုနဲ႔ ထိုင္းႏိုင္ငံကတစ္ဆင့္ အျခားေနရာေတြကို ျဖန႔္တာျဖစ္ပါတယ္။ အဲဒီအဖြဲ႕ေတြရဲ႕ စီးပြားေရးအရင္းအျမစ္ဟာ တရားမဝင္ လုပ္ငန္းေတြကေန ရျခင္းျဖစ္ပါတယ္။ Online လိမ္ညာမႈျပႆနာျဖစ္မွသာ တ႐ုတ္လူမ်ိဳးအမ်ားစု အလိမ္ခံရတာေၾကာင့္ တ႐ုတ္က စတင္ခံစားရတာ ျဖစ္ပါတယ္။ Online လိမ္ညာမႈျပႆနာကို ေျဖရွင္း႐ုံနဲ႔ ၿပီးသြားမွာ မဟုတ္ပါဘူး။ နံပါတ္တစ္ အဲဒီနယ္ေျမမွာ တရားဥပေဒ စိုးမိုးမႈရွိေအာင္ လုပ္ရမွာျဖစ္ပါတယ္။ ဒါကို ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ ႐ြက္ရမွာျဖစ္ပါတယ္။ နံပါတ္ႏွစ္အေနနဲ႔ ရဲ၊ အေကာက္ခြန္၊ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕ေတြကို ႏွစ္ႏိုင္ငံအစိုးရက ဝင္ခြင့္ရေအာင္လုပ္ႏိုင္မွသာ ဒီျပႆနာကို ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။

ေမး ။ ။ ပူးေပါင္းစစ္ဆင္ေရးစခန္း ဖြင့္ထားပါသလား။ အဲဒီအေျခအေနကို သိခ်င္ပါတယ္။

ေျဖ ။ ။ ျမန္မာႏိုင္ငံေျမာက္ပိုင္းမွာ ပူးေပါင္းစစ္ဆင္ေရးစခန္းဖြင့္ထားတာ မရွိပါဘူး။ တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံအစိုးရ၊ ရဲတပ္ဖြဲ႕ေတြရဲ႕ ဆက္သြယ္ဆက္ဆံမႈကေတာ့ စဥ္ဆက္မျပတ္ရွိပါတယ္။ ဒီကိစၥဟာ တ႐ုတ္ျပည္သူေတြသာမက ျမန္မာျပည္သူေတြပါ နစ္နာၿပီး ျမန္မာႏိုင္ငံရဲ႕ သိကၡာလည္းက်ရပါတယ္။ သို႔ေသာ္ သတိျပဳရမွာက Online လိမ္ညာမႈကိစၥကို ေျဖရွင္း႐ုံနဲ႔ ဒီလိုကိစၥေတြၿပီးသြားမွာ မဟုတ္ပါဘူး။ သမိုင္းေၾကာင္းကို သိရမယ္၊ အရင္းအျမစ္ကို သိရမယ္၊ ျပႆနာျဖစ္ေစတဲ့ အရင္းအျမစ္ကိုသိၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေျဖရွင္းရမွာ ျဖစ္ပါတယ္။

ေမး ။ ။ အခုလိုေသခ်ာရွင္းျပေပးတာ ေက်းဇူးတင္ပါတယ္။ အဲဒီအတြက္ အခက္အခဲ ျပႆနာက ဘာရွိသလဲ။

ေျဖ ။ ။ “ဝ”နဲ႔ မိုင္းလားနယ္ေျမထဲ တရားဥပေဒစိုးမိုးေရးအဖြဲ႕ေတြ ဝင္ေရာက္ဖို႔ပဲ ျဖစ္ပါတယ္။ သူတို႔ေနရာမွာ ရဲ၊ လဝက စတဲ့အဖြဲ႕ေတြ အဝင္မခံပါဘူး။ ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံအေနနဲ႔ ဒီအတိုင္း လႊတ္ေပးထားရင္ လာမယ့္ႏွစ္ေတြမွာလည္း အျခားျပႆနာမ်ား ဆက္ျဖစ္ေနမွာျဖစ္ပါတယ္။ သူတို႔ေၾကာင့္ ျမန္မာနဲ႔ တ႐ုတ္ျပည္သူေတြၾကား အထင္မွားမႈေတြ ဆက္ျဖစ္ေနမွာျဖစ္ပါတယ္။

ေမး ။ ။ အခုလိုမ်ိဳး ေျဖရွင္းၿပီးရင္ ေဒသခံျပည္သူေတြ စားဝတ္ေနေရး ဘယ္လိုရွင္သန္မလဲ၊ ဘယ္လိုနည္းလမ္းေတြရွိပါသလဲ။

ေျဖ ။ ။ အဲဒီေဒသက သာမန္ျပည္သူလူထုဟာ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းပဲ လုပ္ပါတယ္။ “ဝ” ေတာင္ပိုင္းမွာ ေရာ္ဘာလုပ္ငန္း အဓိကလုပ္ပါတယ္။ “ဝ” နဲ႔ မိုင္းလားျပည္သူေတြက စိုက္ပ်ိဳးေရးလုပ္ငန္းနဲ႔ စီးပြားေရးအခြင့္အလမ္းရွိၿပီးျဖစ္တာေၾကာင့္ စိတ္ပူစရာ မလိုပါဘူး။ သာမန္ျပည္သူေတြအေနနဲ႔ Online လိမ္လည္မႈနဲ႔ မပတ္သက္ဘဲ ေခါင္းေဆာင္ပိုင္းကသာ ပတ္သက္ေနတာျဖစ္ပါတယ္။ ထြက္ေျပးေနတဲ့သူေတြဟာ “ဝ” လက္နက္ကိုင္အဖြဲ႕က ေခါင္းေဆာင္ေတြျဖစ္ပါတယ္။ “ဝ” အႀကီးအကဲ ေပါက္ယူခ်န္းနဲ႔ ေဆြမ်ိဳးေတာ္တဲ့သူလည္း ျဖစ္ပါတယ္။ “ဝ”အစိုးရအဖြဲ႕ထဲမွာ ပါဝင္တဲ့သူျဖစ္ပါတယ္။ ဒါဆိုရင္ခင္ဗ်ားတို႔ ရိပ္မိမွာျဖစ္ပါတယ္။ Online လိမ္ညာမႈေတြကို သာမန္ျပည္သူေတြက မလုပ္ႏိုင္ဘဲ ဘယ္ကေရာက္လာတာလဲ၊ ဘယ္သူေတြ အကာအကြယ္ေပးေနလဲဆိုတာ သိႏိုင္မယ္ထင္ပါတယ္။

ေမး ။ ။ အခု ဒီပူးေပါင္းစစ္ဆင္ေရးလုပ္တဲ့အခါမွာ တ႐ုတ္က အက်ိဳးရွိရွိ လုပ္ေဆာင္မယ္ထင္ပါသလား။

ေျဖ ။ ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ္နဲ႔သာမက ရဲခ်ဳပ္၊ ျပည္ထဲေရးဝန္ႀကီးတို႔နဲ႔လည္း ေတြ႕ၿပီးျဖစ္ပါတယ္။ တ႐ုတ္အစိုးရရဲ႕ ေထာက္ပံ့ကူညီမႈ အမ်ားႀကီးရခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျမန္မာအစိုးရရဲ႕ပူးေပါင္းမႈကို အားရမႈရွိပါတယ္။ တ႐ုတ္အစိုးရအေနနဲ႔ ဒီကိစၥကို တ႐ုတ္ျပည္သူေတြ နစ္နာမႈရွိလို႔ တ႐ုတ္အစိုးရက အေရးႀကီးကိစၥအျဖစ္ ေဆာင္႐ြက္လ်က္ရွိပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြ နစ္နာမႈရွိသလို သိကၡာလည္းက်တာျဖစ္လို႔ တ႐ုတ္အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီဟာေတြလုပ္ေဆာင္တာဟာ သာမန္ တ႐ုတ္၊ ျမန္မာျပည္သူေတြ မဟုတ္ပါဘူး။ တ႐ုတ္နဲ႔ ႏိုင္ငံတကာမွာ ရာဇဝတ္မႈျဖစ္ၿပီး တိမ္းေရွာင္ထြက္ေျပးေနရတဲ့ ေလာင္းကစားလုပ္ေနတဲ့သူေတြက ဦးေဆာင္ေနတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံထဲက အျပစ္ရွိတဲ့သူလည္းရွိတယ္၊ တ႐ုတ္ႏိုင္ငံထဲက အျပစ္ရွိတဲ့သူလည္းရွိတယ္။ တ႐ုတ္ေတြက ျမန္မာေတြကို လိမ္တာမဟုတ္သလို ျမန္မာေတြက တ႐ုတ္ကိုလိမ္တာလည္း မဟုတ္ပါဘူး။ ရာဇဝတ္မႈ က်ဴးလြန္ထားၿပီး အျပစ္ရွိတဲ့ ျပည္ေျပးလူတစ္စုက ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံလုံးကို လိမ္ေနတာျဖစ္ပါတယ္။ အျပစ္ရွိတဲ့သူေတြကို ေဖာ္ထုတ္အေရးယူရမွာျဖစ္ပါတယ္။ အကာအကြယ္ေပးသူေတြကိုလည္း အေရးယူရမွာျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံနယ္စပ္မွာရွိတဲ့ ျပႆနာျဖစ္ႏိုင္တဲ့ နယ္ေျမေတြကို တရားဥပေဒစိုးမိုးေအာင္ ေဆာင္႐ြက္ရပါမယ္။ ဒါမွ ႏွစ္ႏိုင္ငံရဲ႕ ေရရွည္ခ်စ္ၾကည္ေရး ခိုင္ခံ့မွာျဖစ္ပါတယ္။

ေမး ။ ။ အခု ႏွစ္ႏိုင္ငံက အစည္းအေဝးလုပ္ၿပီး ေျဖရွင္းေနတယ္ဆိုေတာ့ ဘယ္လိုနည္းလမ္း စီမံခ်က္ေတြနဲ႔ေဆာင္႐ြက္ေနပါသလဲ။

ေျဖ ။ ။ (တစ္)ႏွစ္ႏိုင္ငံ သတင္းအခ်က္အလက္ဖလွယ္တာရွိပါတယ္။ (ႏွစ္) ႏွစ္ႏိုင္ငံ Online ေစာင့္ၾကည့္ေရးအဖြဲ႕ေတြ ဖြဲ႕ၿပီး ေစာင့္ၾကည့္ေနပါတယ္။ (သုံး) လက္ေတြ႕ဖမ္းဆီးမႈရွိပါတယ္။ တ႐ုတ္ႏိုင္ငံက ျမန္မာဘက္မွာ သံသယရွိတဲ့စာရင္းေပးရင္ လာတဲ့လမ္းေၾကာင္းစုံစမ္းၿပီး လိုက္လံဖမ္းဆီးတာေတြရွိပါတယ္။ အခ်ိဳ႕လူေတြက တရားဥပေဒခ်ိဳးေဖာက္တာ ခိုင္လုံရင္ ဖမ္းဆီးပါတယ္။ မခိုင္လုံရင္ ေစာင့္ၾကည့္တာ၊ ေမးျမန္းတာေတြလုပ္ပါတယ္။ ေပးလို႔ရတဲ့ အခ်က္အလက္ေတြ အျပန္အလွန္ေပးပို႔ၿပီး တိုက္ဆိုင္စစ္ေဆးတာ ရွိပါတယ္။ ဒီသတင္းအခ်က္အလက္ေတြကိုၾကည့္ၿပီး ႏွစ္ႏိုင္ငံ ဘာဆက္လုပ္ရမလဲဆိုတာ ေဆြးေႏြးတာရွိပါတယ္။ အဲဒီအေပၚမူတည္ၿပီး ႏွိမ္နင္းဖမ္းဆီးတာေတြ ေဆာင္႐ြက္ပါတယ္။

ေမး ။ ။ အဲဒါဆိုရင္ ကြင္းဆင္းဖမ္းဆီးဖို႔ ရွိပါသလား။

ေျဖ ။ ။ အဲဒါကို ကြၽန္ေတာ္ေျပာခဲ့ၿပီးျဖစ္ပါတယ္။ ဒီနယ္ေျမကို ဒီကိစၥတစ္ခုပဲ ကုသလို႔မျဖစ္ဘူး။ တရားဥပေဒစိုးမိုးေရးအဖြဲ႕ေတြ ဝင္ေရာက္ဖို႔လိုအပ္ပါတယ္။

ေမး ။ ။ အခုထိ ဝင္လို႔မရေသးဘူးေပါ့။

ေျဖ ။ ။ မွန္ပါတယ္။

ေမး ။ ။ အဲဒီကို သြားမယ္ဆိုရင္ ျမန္မာအစိုးရနဲ႔ ေဒသခံေတြ တိုက္ပြဲေတြ ရွိႏိုင္ပါသလား။

ေျဖ ။ ။ မွန္ပါတယ္။ ဒါေၾကာင့္ တ႐ုတ္-ျမန္မာပူးေပါင္းၿပီး တရားဥပေဒ စိုးမိုးေရးဝင္ဖို႔လိုမယ္လို႔ ေျပာျခင္းျဖစ္ပါတယ္။

Phoenix Media ။ ။ ေက်းဇူးတင္ပါတယ္။ အခုလိုရွင္းျပေပးတာ။

အထက္ပါ ေတြ႕ဆုံေမးျမန္းမႈအျပည့္အစုံအား Phoenix New Media တြင္လည္း ထုတ္လႊင့္သြားမည္ျဖစ္ေၾကာင္း သိရွိရပါသည္။

Related news

© 2021. All rights reserved.