ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဥ်မောင်းသူ အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွား

6667

သန့်ဇင် (NP News) - နိုင်ဝင်ဘာ ၄
မန္တလေးတိုင်း၊ ပျော်ဖွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Toyota Kluger ယာဥ်မောင်းသူ အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်)၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ပျော်ဖွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်(၂၅၅) မိုင်၊ ၂ ဖာလုံ နှင့် ၃ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသည့် Toyota Kluger အမျိုးအစားယာဥ်သည် အခင်းဖြစ်နေရာ အရောက်တွင် ယာဉ်မောင်းသူသည် အိပ်ငိုက်ခဲ့သဖြင့် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရောက်ရှိ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အမျိုသား(၂)ဦး နှင့် အမျိုးသမီး(၃)ဦးအနက် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ/ မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းယာဉ်တိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား နေပြည်တော်ကုတင် (၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ယာဥ္ေမာင္းသူ အိပ္ငိုက္၍ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းေပၚေရာက္ရွိ တိမ္းေမွာက္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ႏိုင္ဝင္ဘာ ၄
မႏၲေလးတိုင္း၊ ေပ်ာ္ဖြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ Toyota Kluger ယာဥ္ေမာင္းသူ အိပ္ငိုက္၍ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းေပၚေရာက္ရွိ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔ (ႏိုဝင္ဘာလ ၃ ရက္)၊ ညေန ၅ နာရီ ၁၅ မိနစ္အခ်ိန္က ေပ်ာ္ဖြယ္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ မိုင္တိုင္အမွတ္(၂၅၅) မိုင္၊ ၂ ဖာလုံ ႏွင့္ ၃ ဖာလုံၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕မွ သတင္းထုတ္ျပန္ ထားသည္။
ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ေမာင္းႏွင္လာသည့္ Toyota Kluger အမ်ိဳးအစားယာဥ္သည္ အခင္းျဖစ္ေနရာ အေရာက္တြင္ ယာဥ္ေမာင္းသူသည္ အိပ္ငိုက္ခဲ့သျဖင့္ အရွိန္မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းေပၚေရာက္ရွိ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳသား(၂)ဦး ႏွင့္ အမ်ိဳးသမီး(၃)ဦးအနက္ အမ်ိဳးသား(၂)ဦးမွာ ထိခိုက္ဒဏ္ရာမ်ား(စိုးရိမ္ရ/ မစိုးရိမ္ရ)တို႔ ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎ယာဥ္တိမ္းေမွာက္မႈတြင္ ထိခိုက္ဒဏ္ရာရရွိသူ အမ်ိဳးသား(၂)ဦးအား ေနျပည္ေတာ္ကုတင္ (၁ဝဝဝ) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။