ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ် BP (၁၂၅)စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ သောင်းချီတိုးမြင့်လာ

 2009

မြူနစ် (NP News) - နိုဝင်ဘာ ၇

ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ် BP (၁၂၅)၌ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ သောင်းချီတိုးမြင့်လာကြောင်း သတင်းရရှိသည်။

BP (၁၂၅) စစ်ဘေးရှောင်စခန်း၌ နိုဝင်ဘာလ ၆ ရက်အထိ စစ်ဘေးရှောင်ပြည်သူဦးရေမှာ (၁၃၄၀၀) ကျော်အထိရှိကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၏ သတင်းအချက် အလက်များအရ သိရသည်။

လက်ရှိတွင် ၎င်းစစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်ပြည်သူများသည် အဆက်မပြတ် ရောက်ရှိလျက်ရှိပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် သောက်သုံးရေတို့တွင် ကြီးမာသောအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များကို အိမ်နီးချင်းနိုင်ငံများ၏ ပံ့ပိုးကူညီမှုအပြင် ဒေသတွင်းရှိ ပြည်သူများကလည်း ပံ့ပိုးကူညီပေးနေမှုများရှိကြောင်း သိရသည်။

“အဲဒါက မြန်မာ-တရုတ်နယ်စပ်ပေါ့ BP (၁၂၅)မှာ ဖွင့်ထားတဲ့ စစ်ရှောင်းစခန်းပါ။ လောက်ကိုင်မှာ စစ်ဖြစ်လာရင် အဲဒီနယ်စပ်အပေါက်ကို တရုတ်တွေကလည်း ဖွင့်ပေးတယ်။ နောက်သူတို့ ဘက်ခြမ်းမှာလည်း စစ်ရှောင်စခန်းတွေ ဖွင့်ပေးထားတယ်။ ထမင်းလည်းကျွေးတယ်ပေါ့။ အဲဒီ (၁၂၅)မှာ လောက်ကိုင်ဘက်ကလည်း သွားရှောင်နေတဲ့သူတွေရှိတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြော သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ချင်းရွှေဟော်၊ သိန္နီ၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ နမ့်ခမ်း၊ လားရှိုး၊ လောက်ကိုင်စသော ဒေသများရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။

၎င်းတိုက်ပွဲများနှင့်အတူ အထက်ပါဒေသများ၏ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ကာ ဆက်သွယ်ရေးလမ်း ကြောင်းများ ပြတ်တောက်လျက်ရှိနေပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ အပြင်းအထန်ရင်ဆိုင်ရလျက်ရှိသည်။

“ကုန်ဈေးနှုန်းက မတရားဈေးတက်နေတယ်လေ။ အရင်တုန်းက ငါးယွမ်နဲ့ ဆယ်ယွမ်ကြားပဲရှိတဲ့ ငရုတ်သီးစိမ်းက အခု ယွမ် ၂၀၀ ပေးဝယ်နေရတယ်။ နံနံပင်လည်း အရင်က ၇ ယွမ်ပဲရှိတဲ့ဟာ အခု ယွမ်(၅၀)ပေးဝယ်ရတယ်။ မနေ့က အန်တီ ဈေးသွားဝယ်ထားတာ။ ပြည်သူတွေ ဒုက္ခရောက်နေပါပြီ။ စားစရာဒုက္ခက အတော်လေးဆိုးပါတယ်”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းဒေသများ၌ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

zawgyi version
ရွမ္းေျမာက္တိုက္ပြဲမ်ားေၾကာင့္ ျမန္မာ-တ႐ုတ္နယ္စပ္ BP (၁၂၅)စစ္ေဘးေရွာင္စခန္း၌ စစ္ေဘးေရွာင္ဦးေရ ေသာင္းခ်ီတိုးျမင့္လာ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၇

ရွမ္းေျမာက္တိုက္ပြဲမ်ားေၾကာင့္ ျမန္မာ-တ႐ုတ္နယ္စပ္ BP (၁၂၅)၌ ဖြင့္လွစ္ထားသည့္ စစ္ေဘးေရွာင္စခန္း၌ စစ္ေဘးေရွာင္ဦးေရ ေသာင္းခ်ီတိုးျမင့္လာေၾကာင္း သတင္းရရွိသည္။

BP (၁၂၅) စစ္ေဘးေရွာင္စခန္း၌ ႏိုဝင္ဘာလ ၆ ရက္အထိ စစ္ေဘးေရွာင္ျပည္သူဦးေရမွာ (၁၃၄၀၀) ေက်ာ္အထိရွိေၾကာင္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ၎စစ္ေဘးေရွာင္စခန္းသို႔ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ အဆက္မျပတ္ ေရာက္ရွိလ်က္ရွိၿပီး ေနရာထိုင္ခင္း၊ စားနပ္ရိကၡာ၊ က်န္းမာေရးႏွင့္ ေသာက္သုံးေရတို႔တြင္ ႀကီးမာေသာအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕က ေျပာသည္။

အဆိုပါစစ္ေဘးေရွာင္ျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ပံ့ပိုးကူညီမႈအျပင္ ေဒသတြင္းရွိ ျပည္သူမ်ားကလည္း ပံ့ပိုးကူညီေပးေနမႈမ်ားရွိေၾကာင္း သိရသည္။

“အဲဒါက ျမန္မာ-တ႐ုတ္နယ္စပ္ေပါ့ BP (၁၂၅)မွာ ဖြင့္ထားတဲ့ စစ္ေရွာင္းစခန္းပါ။ ေလာက္ကိုင္မွာ စစ္ျဖစ္လာရင္ အဲဒီနယ္စပ္အေပါက္ကို တ႐ုတ္ေတြကလည္း ဖြင့္ေပးတယ္။ ေနာက္သူတို႔ ဘက္ျခမ္းမွာလည္း စစ္ေရွာင္စခန္းေတြ ဖြင့္ေပးထားတယ္။ ထမင္းလည္းေကြၽးတယ္ေပါ့။ အဲဒီ (၁၂၅)မွာ ေလာက္ကိုင္ဘက္ကလည္း သြားေရွာင္ေနတဲ့သူေတြရွိတယ္” ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာ သည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ ခ်င္းေ႐ႊေဟာ္၊ သိႏၷီ၊ မုံးကိုး၊ ေဖာင္းဆိုင္၊ ၾကဴကုတ္၊ နမ့္ခမ္း၊ လားရႈိး၊ ေလာက္ကိုင္စေသာ ေဒသမ်ားရွိ လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိသည္။

၎တိုက္ပြဲမ်ားႏွင့္အတူ အထက္ပါေဒသမ်ား၏ ကုန္စည္စီးဆင္းမႈမ်ား ရပ္တန႔္ကာ ဆက္သြယ္ေရးလမ္း ေၾကာင္းမ်ား ျပတ္ေတာက္လ်က္ရွိေနၿပီး ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကိုပါ အျပင္းအထန္ရင္ဆိုင္ရလ်က္ရွိသည္။

“ကုန္ေဈးႏႈန္းက မတရားေဈးတက္ေနတယ္ေလ။ အရင္တုန္းက ငါးယြမ္နဲ႔ ဆယ္ယြမ္ၾကားပဲရွိတဲ့ င႐ုတ္သီးစိမ္းက အခု ယြမ္ ၂၀၀ ေပးဝယ္ေနရတယ္။ နံနံပင္လည္း အရင္က ၇ ယြမ္ပဲရွိတဲ့ဟာ အခု ယြမ္(၅၀)ေပးဝယ္ရတယ္။ မေန႔က အန္တီ ေဈးသြားဝယ္ထားတာ။ ျပည္သူေတြ ဒုကၡေရာက္ေနပါၿပီ။ စားစရာဒုကၡက အေတာ္ေလးဆိုးပါတယ္”ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းေဒသမ်ား၌ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕ၾကားတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိသည္။

Related news

© 2021. All rights reserved.