ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို ဒီဇင်ဘာလအတွင်း တစ်ရက် အနည်းဆုံးလုပ်ခအသစ် ထပ်မံသတ်မှတ်ပေးသွားဖွယ်ရှိနေ

 7202

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၇

ထိုင်းနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို လာမယ့်ဒီဇင်ဘာလမှာ ကြေညာသွားဖွယ်ရှိနေပြီး တစ်ရက်လုပ်ခ အနည်းဆုံးအဖြစ် ဘတ် ၄ဝဝ ကျော် သတ်မှတ်သွားဖွယ်ရှိနေကြောင်း ထိုင်းအလုပ်သမားရေးရာဝန်ကြီးPhiphat Ratchakitprakarn က ပြောပါတယ်။

နိုင်ငံစီးပွားရေးနဲ့ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှုကုန်ကျစရိတ်အပေါ် အခြေခံပြီး ပြည်နယ်တွေမှာလည်း အနည်းဆုံးလုပ်ခလစာအသစ်တွေကို ပြင်ဆင်ပြောင်းလဲသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်ကတည်းက ပြည်နယ် ၇၇ ခုမှာ အနည်းဆုံး လုပ်ခလစာနှုန်းထား ၉ မျိုး သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါနှုန်းထားအရ ဖူးခက်မြို့မှာ တစ်ရက်လုပ်ခအနည်းဆုံးကို ဘတ် ၃၅၄ ဘတ် သတ်မှတ် ထားပေမယ့် ဘန်ကောက်မြို့ အပါအဝင် မြို့နယ်အချို့မှာ အနည်းဆုံးတစ်ရက်လုပ်ခကို ဘတ် ၃၅၃ ဘတ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းရှိ အခြားမြို့နယ်တွေမှာလည်း အနည်းဆုံးတစ်ရက်လုပ်ခကို ဘတ် ၃၃၈ ဘတ်ကနေ ၃၄၅ ဘတ်အထိ သတ်မှတ်ထားခြင်းများလည်းရှိနေကြောင်း သိရပါတယ်။ ဆာရက်သာတာဗီဆင် ဦးဆောင်တဲ့အစိုးရ အဖွဲ့ဟာ ၎င်းတို့အစိုးရဖြစ်လာချိန်မှာ လုပ်ခလစာများ တိုးမြှင့်ပေးသွားဖို့ အစီအစဉ်များရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်အတွင်း ၎င်းတို့ပါတီအစိုးရဖြစ်လာပါက ထိုင်းနိုင်ငံအတွင်း လုပ်ခလစာ တိုးမြှင့်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ လေးနှစ်အတွင်း တစ်ရက်ကို အနည်းဆုံးလုပ်ခ ဘတ် ၆ဝဝ အထိ တိုးမြှင့်ပေးသွားဖို့ စီစဉ်သွားမှာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

ထိုင်းအစိုးရအဖွဲ့က မကြာသေးမီက ကောက်ယူခဲ့တဲ့စစ်တမ်းတစ်ရပ်မှာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရာမှာ လုပ်ခလစာ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် အလုပ်အကိုင်ဆုံးရှုံးမှာ စိုးရိမ်နေကြောင်း၊ ထိုင်းနိုင်ငံအတွင်း လုပ်ခလစာ သတ်မှတ်ရာမှာ တစ်မြို့နဲ့တစ်မြို့ မတူညီတဲ့အတွက် လုပ်ခလစာ တိုးမြှင့်ပေးတဲ့အရပ်ဒေသများကို ပြောင်းရွှေ့ လုပ်ကိုင်ရာမှာ ခရီးသွားစရိတ်နဲ့ ကုန်ကျစရိတ်မြင့်လာမှာကိုလည်း စိုးရိမ်နေကြောင်း ဖော်ပြထားပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ အလုပ္သမားေတြကို ဒီဇင္ဘာလအတြင္း တစ္ရက္ အနည္းဆုံးလုပ္ခအသစ္ ထပ္မံသတ္မွတ္ေပးသြားဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၇

ထိုင္းႏိုင္ငံမွာ အနည္းဆုံးလုပ္ခလစာကို လာမယ့္ဒီဇင္ဘာလမွာ ေၾကညာသြားဖြယ္ရွိေနၿပီး တစ္ရက္လုပ္ခ အနည္းဆုံးအျဖစ္ ဘတ္ ၄ဝဝ ေက်ာ္ သတ္မွတ္သြားဖြယ္ရွိေနေၾကာင္း ထိုင္းအလုပ္သမားေရးရာဝန္ႀကီးPhiphat Ratchakitprakarn က ေျပာပါတယ္။

ႏိုင္ငံစီးပြားေရးနဲ႔ ျပည္သူေတြရဲ႕ရွင္သန္ေနထိုင္မႈကုန္က်စရိတ္အေပၚ အေျခခံၿပီး ျပည္နယ္ေတြမွာလည္း အနည္းဆုံးလုပ္ခလစာအသစ္ေတြကို ျပင္ဆင္ေျပာင္းလဲသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ထိုင္းႏိုင္ငံမွာ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ကတည္းက ျပည္နယ္ ၇၇ ခုမွာ အနည္းဆုံး လုပ္ခလစာႏႈန္းထား ၉ မ်ိဳး သတ္မွတ္ခဲ့ေၾကာင္း၊ အဆိုပါႏႈန္းထားအရ ဖူးခက္ၿမိဳ႕မွာ တစ္ရက္လုပ္ခအနည္းဆုံးကို ဘတ္ ၃၅၄ ဘတ္ သတ္မွတ္ ထားေပမယ့္ ဘန္ေကာက္ၿမိဳ႕ အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕မွာ အနည္းဆုံးတစ္ရက္လုပ္ခကို ဘတ္ ၃၅၃ ဘတ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ႏိုင္ငံအတြင္းရွိ အျခားၿမိဳ႕နယ္ေတြမွာလည္း အနည္းဆုံးတစ္ရက္လုပ္ခကို ဘတ္ ၃၃၈ ဘတ္ကေန ၃၄၅ ဘတ္အထိ သတ္မွတ္ထားျခင္းမ်ားလည္းရွိေနေၾကာင္း သိရပါတယ္။ ဆာရက္သာတာဗီဆင္ ဦးေဆာင္တဲ့အစိုးရ အဖြဲ႕ဟာ ၎တို႔အစိုးရျဖစ္လာခ်ိန္မွာ လုပ္ခလစာမ်ား တိုးျမႇင့္ေပးသြားဖို႔ အစီအစဥ္မ်ားရွိေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ျဖဴထိုင္းပါတီဟာ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးခ်ိန္အတြင္း ၎တို႔ပါတီအစိုးရျဖစ္လာပါက ထိုင္းႏိုင္ငံအတြင္း လုပ္ခလစာ တိုးျမႇင့္မႈေတြကို လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း၊ ေလးႏွစ္အတြင္း တစ္ရက္ကို အနည္းဆုံးလုပ္ခ ဘတ္ ၆ဝဝ အထိ တိုးျမႇင့္ေပးသြားဖို႔ စီစဥ္သြားမွာျဖစ္ေၾကာင္း ေျပာခဲ့ဖူးပါတယ္။

ထိုင္းအစိုးရအဖြဲ႕က မၾကာေသးမီက ေကာက္ယူခဲ့တဲ့စစ္တမ္းတစ္ရပ္မွာ အနည္းဆုံးလုပ္ခလစာ သတ္မွတ္ရာမွာ လုပ္ခလစာ တိုးျမႇင့္ေပးလိုက္ျခင္းေၾကာင့္ အလုပ္အကိုင္ဆုံးရႈံးမွာ စိုးရိမ္ေနေၾကာင္း၊ ထိုင္းႏိုင္ငံအတြင္း လုပ္ခလစာ သတ္မွတ္ရာမွာ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕ မတူညီတဲ့အတြက္ လုပ္ခလစာ တိုးျမႇင့္ေပးတဲ့အရပ္ေဒသမ်ားကို ေျပာင္းေ႐ႊ႕ လုပ္ကိုင္ရာမွာ ခရီးသြားစရိတ္နဲ႔ ကုန္က်စရိတ္ျမင့္လာမွာကိုလည္း စိုးရိမ္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

© 2021. All rights reserved.