ကချင်ပြည်နယ်ရှိ ရေခဲပြင်ကျေးရွာဟုခေါ်သော ရှိန်းခေါင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၆၀) ကျော် ပျက်စီးဆုံးရှုံး

 964

Pearl (NP News) - နိုဝင်ဘာ ၇

ကချင်ပြည်နယ်ရှိ ရေခဲပြင်ကျေးရွာဟုခေါ်သော ရှိန်းခေါင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးနေအိမ်(၆၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၇ ရက်)၊ နံနက် (၁)နာရီ ဝန်းကျင်ခန့်တွင် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီထန်ကျေးရွာအုပ်စု၊ ရှိန်းခေါင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် နေအိမ်တစ်ခုအတွင်းရှိ မီးလင်းဖိုမှစတင်၍ မီးလောင်ကျွမ်းခဲ့ရာ အနီးရှိ အနည်းဆုံးလူနေအိမ် (၆၂)အိမ်ကျော် နှင့် ဘုရားကျောင်း (၁)ကျောင်းတို့ မီးကူးစက်လောင်းကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်းသိရပြီး မီးဘေးသင့်အိမ်ထောင်စုများအား ရှိန်းခေါင်ကျေးရွာအတွင်းရှိ ဘုရားကျောင်း (၃)ကျောင်းနှင့် နီးစပ်ရာအိမ်တို့တွင် ယာယီနေရာချထားပေး၍ ၎င်းတို့အား ရှိန်ခေါင်ဌာနပြည်သူ့စစ်အဖွဲ့မှ စားနပ်ရိက္ခာများထောက်ပံပေးထားကြောင်း သိရသည်။

လတ်တလောတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာနှင့် ယာယီနေအိမ်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

သို့သော် ဒေသတွင်းသတင်းများက ရှိန်းခေါင်းရွာသည် အိမ်ခြေ(၃၀၀)ခန့်ရှိပြီး မီးလောင်မှုကြောင့် အိမ်ခြေ (၂၀၀)ကျော်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြလျက်ရှိသည်။

ရှိန်းခေါင်ကျေးရွာသည် တရုတ်ပြည်နယ်စပ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ခေါင်လန်းဖူးမြို့သို့သွားရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသဖြင့် တရုတ်နယ်စပ်ဘက်မှ ကုန်ပစ္စည်းများကို အားထားရသော ဒေသဖြစ်သည်။

zawgyi version
ကခ်င္ျပည္နယ္ရွိ ေရခဲျပင္ေက်း႐ြာဟုေခၚေသာ ရွိန္းေခါင္႐ြာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ေနအိမ္ (၆၀) ေက်ာ္ ပ်က္စီးဆုံးရႈံး
Pearl (NP News) - ႏိုဝင္ဘာ ၇

ကခ်င္ျပည္နယ္ရွိ ေရခဲျပင္ေက်း႐ြာဟုေခၚေသာ ရွိန္းေခါင္ေက်း႐ြာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ အနည္း ဆုံး ေနအိမ္(၆၀)ေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာလ ၇ ရက္)၊ နံနက္ (၁)နာရီ ဝန္းက်င္ခန႔္တြင္ ကခ်င္ျပည္နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္၊ ဇီထန္ေက်း႐ြာအုပ္စု၊ ရွိန္းေခါင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ ေနအိမ္တစ္ခုအတြင္းရွိ မီးလင္းဖိုမွစတင္၍ မီးေလာင္ကြၽမ္းခဲ့ရာ အနီးရွိ အနည္းဆုံးလူေနအိမ္ (၆၂)အိမ္ေက်ာ္ ႏွင့္ ဘုရားေက်ာင္း (၁)ေက်ာင္းတို႔ မီးကူးစက္ေလာင္းကြၽမ္းခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ လူထိခိုက္မႈမရွိေၾကာင္းသိရၿပီး မီးေဘးသင့္အိမ္ေထာင္စုမ်ားအား ရွိန္းေခါင္ေက်း႐ြာအတြင္းရွိ ဘုရားေက်ာင္း (၃)ေက်ာင္းႏွင့္ နီးစပ္ရာအိမ္တို႔တြင္ ယာယီေနရာခ်ထားေပး၍ ၎တို႔အား ရွိန္ေခါင္ဌာနျပည္သူ႔စစ္အဖြဲ႕မွ စားနပ္ရိကၡာမ်ားေထာက္ပံေပးထားေၾကာင္း သိရသည္။

လတ္တေလာတြင္ မီးေဘးသင့္ အိမ္ေထာင္စုမ်ားအတြက္ စားနပ္ရိကၡာႏွင့္ ယာယီေနအိမ္မ်ား လိုအပ္လ်က္ရွိေၾကာင္း သိရသည္။

သို႔ေသာ္ ေဒသတြင္းသတင္းမ်ားက ရွိန္းေခါင္း႐ြာသည္ အိမ္ေျခ(၃၀၀)ခန႔္ရွိၿပီး မီးေလာင္မႈေၾကာင့္ အိမ္ေျခ (၂၀၀)ေက်ာ္ႏွင့္ ကုန္ပစၥည္း သိုေလွာင္႐ုံမ်ားလည္း ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ေဖာ္ျပလ်က္ရွိသည္။

ရွိန္းေခါင္ေက်း႐ြာသည္ တ႐ုတ္ျပည္နယ္စပ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနၿပီး ေခါင္လန္းဖူးၿမိဳ႕သို႔သြားရန္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲမ်ားရွိသျဖင့္ တ႐ုတ္နယ္စပ္ဘက္မွ ကုန္ပစၥည္းမ်ားကို အားထားရေသာ ေဒသျဖစ္သည္။

Related news

© 2021. All rights reserved.