တရုတ်နိုင်ငံက ပိုးလမ်းမ စီမံကိန်းမှာ ပါဝင်နေတဲ့နိုင်ငံများထံကနေ အကြွေး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်ရဖို့ ကျန်ရှိနေ

 5120

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈

တရုတ်နိုင်ငံဟာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ရာချီ ပူးပေါင်းဆောင်ရွက်မယ့် ပိုးလမ်းမရပ်ဝန်း စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံများထံကနေ အကြွေးစုစုပေါင်း ၁ ထရီလီယံကျော်ရဖို့ ကျန်ရှိနေသေးကြောင်း သိရပါတယ်။

အဆိုပါ ပိုးလမ်းမစီမံကိန်းဟာ ကမ္ဘာတဝန်းရှိ စီမံကိန်းတွေထဲမှာ အကြွေးအများဆုံးစီမံကိန်းဖြစ်လာဖွယ်ရှိနေ ကြောင်း သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရက ၎င်းတို့ဟာ ဥရုဂွေးနိုင်ငံကနေ သီရိလင်္ကာ နိုင်ငံအထိ နိုင်ငံပေါင်း ၁၅ဝ ကျော်ကို ပိုးလမ်းမစီမံကိန်းမှာ ပါဝင်ဖို့ လက်မှတ်ရေးထိုးထားကြောင်း၊ အဆိုပါ စီမံကိန်းကို ပြီးခဲ့တဲ့ ၁ဝ နှစ်ကျော်မှာ တရုတ်သမ္မတရှီကျင့်ဖျင့် ကမ္ဘာအကြီးဆုံးအခြေခံအဆောက်အဦးအဖြစ် လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တရုတ်အစိုးရဟာ ပိုးလမ်းမစီမံကိန်းမှာ ပါဝင်မယ့် ဝင်ငွေနည်းနိုင်ငံတွေ၊ အလယ်အလတ်ဝင်ငွေရရှိတဲ့ နိုင်ငံတွေမှာ တံတားတွေ၊ ဆိပ်ကမ်းတွေနဲ့ အမြန်လမ်းတွေ တည်ဆောက်ရာမှာ လိုအပ်တဲ့ငွေကြေးကို အတိုးနဲ့ချေးယူပေးတာ မျိုးရှိနေကြောင်း ဆိုပါတယ်။

AidData အဖွဲ့ရဲ့အဆိုအရ ပိုးလမ်းမစိမံကိန်းမှာပါဝင်ပြီး တရုတ်နိုင်ငံထံကနေ အတိုးနဲ့ငွေကြေးချေးယူထားတဲ့ နိုင်ငံအားလုံးရဲ့တစ်ဝက်ကျော်ဟာ သတ်မှတ်ကာလအတွင်း အကြွေးများကို ပြန်လည်ပေးချေထားပြီးဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်ပြုလုပ်မယ့် ပိုးလမ်းမစီမံကိန်းမှာ နိုင်ငံပေါင်း ၁၆၅ နိုင်ငံ ပါဝင်နေပြီး စီမံကိန်းပေါင်းအနည်းဆုံး ၂၁ဝဝဝ၊ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

"ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ ငွေကြေးချေးယူသူတွေဟာ တရုတ်နိုင်ငံကို ငွေအရင်းအနှီးသာမက အတိုး အပါအဝင် စုစုပေါင်း ပေးဖို့ ကျန်ရှိနေတဲ့အကြွေးဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ရှိနေတယ်”လို့ AidData က ဆိုပါတယ်။

တရုတ်အစိုးရဟာ စီမံကိန်းထဲမှာပါဝင်တဲ့ ဝင်ငွေနည်းနိုင်ငံတွေနဲ့ အလယ်အလတ်ဝင်ငွရရှိတဲ့နိုင်ငံတွေကို တစ်နှစ် အမေရိကန်ဒေါ်လာ ၈ဝ ဘီလျံကျော် အတိုးနဲ့ ချေးယူပေးတာ၊ ကူညီပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံက ပိုးလမ္းမ စီမံကိန္းမွာ ပါဝင္ေနတဲ့ႏိုင္ငံမ်ားထံကေန အေႂကြး အေမရိကန္ေဒၚလာ ၁ ထရီလီယံေက်ာ္ရဖို႔ က်န္ရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၈

တ႐ုတ္ႏိုင္ငံဟာ ျမန္မာ အပါအဝင္ ႏိုင္ငံေပါင္း ရာခ်ီ ပူးေပါင္းေဆာင္႐ြက္မယ့္ ပိုးလမ္းမရပ္ဝန္း စီမံကိန္းနဲ႔ ပတ္သက္ၿပီး ႏိုင္ငံမ်ားထံကေန အေႂကြးစုစုေပါင္း ၁ ထရီလီယံေက်ာ္ရဖို႔ က်န္ရွိေနေသးေၾကာင္း သိရပါတယ္။

အဆိုပါ ပိုးလမ္းမစီမံကိန္းဟာ ကမာၻတဝန္းရွိ စီမံကိန္းေတြထဲမွာ အေႂကြးအမ်ားဆုံးစီမံကိန္းျဖစ္လာဖြယ္ရွိေန ေၾကာင္း သုံးသပ္ခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။ တ႐ုတ္အစိုးရက ၎တို႔ဟာ ဥ႐ုေဂြးႏိုင္ငံကေန သီရိလကၤာ ႏိုင္ငံအထိ ႏိုင္ငံေပါင္း ၁၅ဝ ေက်ာ္ကို ပိုးလမ္းမစီမံကိန္းမွာ ပါဝင္ဖို႔ လက္မွတ္ေရးထိုးထားေၾကာင္း၊ အဆိုပါ စီမံကိန္းကို ၿပီးခဲ့တဲ့ ၁ဝ ႏွစ္ေက်ာ္မွာ တ႐ုတ္သမၼတရွီက်င့္ဖ်င့္ ကမာၻအႀကီးဆုံးအေျခခံအေဆာက္အဦးအျဖစ္ လုပ္ေဆာင္ဖို႔ စီစဥ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္အစိုးရဟာ ပိုးလမ္းမစီမံကိန္းမွာ ပါဝင္မယ့္ ဝင္ေငြနည္းႏိုင္ငံေတြ၊ အလယ္အလတ္ဝင္ေငြရရွိတဲ့ ႏိုင္ငံေတြမွာ တံတားေတြ၊ ဆိပ္ကမ္းေတြနဲ႔ အျမန္လမ္းေတြ တည္ေဆာက္ရာမွာ လိုအပ္တဲ့ေငြေၾကးကို အတိုးနဲ႔ေခ်းယူေပးတာ မ်ိဳးရွိေနေၾကာင္း ဆိုပါတယ္။

AidData အဖြဲ႕ရဲ႕အဆိုအရ ပိုးလမ္းမစိမံကိန္းမွာပါဝင္ၿပီး တ႐ုတ္ႏိုင္ငံထံကေန အတိုးနဲ႔ေငြေၾကးေခ်းယူထားတဲ့ ႏိုင္ငံအားလုံးရဲ႕တစ္ဝက္ေက်ာ္ဟာ သတ္မွတ္ကာလအတြင္း အေႂကြးမ်ားကို ျပန္လည္ေပးေခ်ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံက ဦးေဆာင္ျပဳလုပ္မယ့္ ပိုးလမ္းမစီမံကိန္းမွာ ႏိုင္ငံေပါင္း ၁၆၅ ႏိုင္ငံ ပါဝင္ေနၿပီး စီမံကိန္းေပါင္းအနည္းဆုံး ၂၁ဝဝဝ၊ လုပ္ေဆာင္သြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

"ဖြံ႕ၿဖိဳးဆဲ ကမာၻမွာ ေငြေၾကးေခ်းယူသူေတြဟာ တ႐ုတ္ႏိုင္ငံကို ေငြအရင္းအႏွီးသာမက အတိုး အပါအဝင္ စုစုေပါင္း ေပးဖို႔ က်န္ရွိေနတဲ့အေႂကြးဟာ အနည္းဆုံး အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ထရီလီယံ ရွိေနတယ္”လို႔ AidData က ဆိုပါတယ္။

တ႐ုတ္အစိုးရဟာ စီမံကိန္းထဲမွာပါဝင္တဲ့ ဝင္ေငြနည္းႏိုင္ငံေတြနဲ႔ အလယ္အလတ္ဝင္ငြရရွိတဲ့ႏိုင္ငံေတြကို တစ္ႏွစ္ အေမရိကန္ေဒၚလာ ၈ဝ ဘီလ်ံေက်ာ္ အတိုးနဲ႔ ေခ်းယူေပးတာ၊ ကူညီေပးတာေတြ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.