ပြည်မြို့ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံး

683
သန့်ဇင်(NP News) - နိုဝင်ဘာ ၈
ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ပရဟိတ ပါရမီလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ယနေ့(နိုဝင်ဘာလ ၈ ရက်)၊ နေ့လည် ၁နာရီခန့်က ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားပန်းခြံ ဘောတံတားအနီး ဧရာဝတီမြစ်ကမ်းစပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကြားတာတော့ သူငယ်ချင်း(၃)ယောက် အရက်သောက်နေရင်းနဲ့ တစ်ယောက်က ရေဆင်းကူးတာမှာ ရေနစ်တာလို့ပြောတယ်”ဟု ပြည်မြို့ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်ပျောက်ဆုံးသူအမျိုးသားသည် ပြည်မြို့တွင်နေထိုင်သည့် အသက်(၃၀)နှစ်ဝန်းကျင်အရွယ် ဖြစ်ပြီး အုပ်စုဖွဲ့အရက်သောက်နေစဉ် မြစ်အတွင်းသို့ ရေဆင်းကူရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
“ခုထိတော့ ရှာနေတုန်းပါ။ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ရယ်။ ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းရယ်နဲ့ ကျွန်တော်တို့ ပရဟိတပါရမီတို့ပူးပေါင်းပြီး ရှာနေတာပါ။ မြစ်ရေကျချိန်ဆိုပေမယ့် ရေကနက်တော့ ရှာနေရတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်
လက်ရှိတွင် အဆိုပါရေနစ်သူအမျိုးသားအား ပြည်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ပြည်မြို့လူမှုကူညီရေးအသင်းများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္ၿမိဳ႕ရွိ ဧရာဝတီျမစ္ကမ္းစပ္၌ အမ်ိဳးသားတစ္ဦးေရဆင္းကူးရာမွ ေရနစ္ေပ်ာက္ဆုံး
သန႔္ဇင္(NP News) - ႏိုဝင္ဘာ ၈
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕ရွိ ဧရာဝတီျမစ္ကမ္းစပ္၌ အမ်ိဳးသားတစ္ဦးေရဆင္းကူးရာမွ ေရနစ္ေပ်ာက္ဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျပည္ၿမိဳ႕ပရဟိတ ပါရမီလူမႈကယ္ဆယ္ေရးအသင္းမွ သိရသည္။
ယေန႔(ႏိုဝင္ဘာလ ၈ ရက္)၊ ေန႔လည္ ၁နာရီခန႔္က ျပည္ၿမိဳ႕၊ ေက်ာင္းႀကီးအိုးတန္းရပ္ကြက္၊ ကမ္းနားပန္းၿခံ ေဘာတံတားအနီး ဧရာဝတီျမစ္ကမ္းစပ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ၾကားတာေတာ့ သူငယ္ခ်င္း(၃)ေယာက္ အရက္ေသာက္ေနရင္းနဲ႔ တစ္ေယာက္က ေရဆင္းကူးတာမွာ ေရနစ္တာလို႔ေျပာတယ္”ဟု ျပည္ၿမိဳ႕ပရဟိတပါရမီလူမႈကယ္ဆယ္ေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေပ်ာက္ဆုံးသူအမ်ိဳးသားသည္ ျပည္ၿမိဳ႕တြင္ေနထိုင္သည့္ အသက္(၃၀)ႏွစ္ဝန္းက်င္အ႐ြယ္ ျဖစ္ၿပီး အုပ္စုဖြဲ႕အရက္ေသာက္ေနစဥ္ ျမစ္အတြင္းသို႔ ေရဆင္းကူရာမွ ေရနစ္ေပ်ာက္ဆုံးသြားခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။
“ခုထိေတာ့ ရွာေနတုန္းပါ။ ျပည္ခ႐ိုင္မီးသတ္တပ္ဖြဲ႕ရယ္။ ေဒသတြင္းေရနစ္သူကူညီကယ္ဆယ္ေရးအသင္းရယ္နဲ႔ ကြၽန္ေတာ္တို႔ ပရဟိတပါရမီတို႔ပူးေပါင္းၿပီး ရွာေနတာပါ။ ျမစ္ေရက်ခ်ိန္ဆိုေပမယ့္ ေရကနက္ေတာ့ ရွာေနရတုန္းပါ”ဟု ၎ကဆက္လက္ေျပာသည္
လက္ရွိတြင္ အဆိုပါေရနစ္သူအမ်ိဳးသားအား ျပည္ခ႐ိုင္မီးသတ္တပ္ဖြဲ႕ႏွင့္ ျပည္ၿမိဳ႕လူမႈကူညီေရးအသင္းမ်ားက ဆက္လက္ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။