လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လူ(၄၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး စောင်နှင့် အနွေးထည်များ လိုအပ်နေ

 1541

စော (NP News) - နိုဝင်ဘာ ၈

လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် လူ(၄၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး စောင်နှင့် အနွေး ထည်အထူများလိုအပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်မှုကြောင့် ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်)မှစ၍ ပြည်သူများအနေဖြင့် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းများတွင် စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဆောင်းတွင်းဆိုတော့ စောင်တွေဘာတွေလိုတယ်။ ကြက်ခြေနီကလာလှူထားပေမယ့် ပါးပါးလေးတွေပဲရှိမှာပေါ့။ စစ်ရှောင်က ကြာမယ့်သဘောရှိတယ်။ အခုက အေးလာပြီဆိုတော့ ရာသီဒဏ်ခံနိုင်အောင် စောင်ထူထူလိုတယ်။ အဝတ်အစားကတော့လိုတယ်။ ဒါပေမယ် နွေးထွေးတဲ့အဝတ်အစားလိုတာပေါ့”ဟု ရင်ငြိမ်းအေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် ရာသီဥတုအခြေအနေကြောင့် စောင်များလိုအပ်နေသည့်အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

“သူတို့တွေက အသိဘုန်းကြီးကျောင်းတွေမှာ နေကြတာရှိတယ်။ main ကျောင်းကတော့ နှစ်ကျောင်းရှိတယ်။ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းမှာဆို အင်အားအများဆုံးပဲ လတ်တလောဆို လူ (၃)ထောင်လောက်ရှိတယ်။ နောက်ထပ်တစ်ကျောင်းက အထက်မန်အိုင်ဘုန်းကြီးကျောင်းမှာလည်း ရှိတယ်။ ကျန်တာကတော့ ဟိုနည်းနည်း ဒီနည်းနည်း လူ(၃၀၀)လောက်ရှိမယ်”ဟု ကမ်းလင့်လက်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောကြားထားသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများကို လားရှိုးမြို့ပေါ်ရှိ မန်ဆူရှမ်းဘုန်းကြီးကျောင်း၊ အထက်မန်အိုင်ဘုန်းကြီးကျောင်း၊ ဟိုပိတ်ဘုန်ကြီးကျောင်း၊ တာပုံဘုန်းကြီးကျောင်းစသည့် ဘုန်းကြီးကျောင်းများတွင် နေထိုင်ခိုလှုံနေခွင့်ပြုထားပြီး စစ်ဘေးရှောင်ဦးရေ (၄၀၀၀)ကျော်ထက် မနည်းရှိနေကြောင်း သိရသည်။

zawgyi version
လားရႈိးၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္းမ်ားတြင္ လူ(၄၀၀၀)ေက်ာ္ စစ္ေဘးေရွာင္ေနရၿပီး ေစာင္ႏွင့္ အေႏြးထည္မ်ား လိုအပ္ေန
ေစာ (NP News) - ႏိုဝင္ဘာ ၈

လားရႈိးၿမိဳ႕ေပၚရွိ ဘုန္းႀကီးေက်ာင္းမ်ားတြင္ လူ(၄၀၀၀)ေက်ာ္ စစ္ေဘးေရွာင္ေနရၿပီး ေစာင္ႏွင့္ အေႏြး ထည္အထူမ်ားလိုအပ္ေနေၾကာင္း ၿမိဳ႕ခံမ်ားထံမွ သိရသည္။

MNDAA ဦးေဆာင္ေသာ မဟာမိတ္(၃)ဖြဲ႕၏ (၁၀၂၇ စစ္ဆင္ေရး) အမည္ျဖင့္ တိုက္ပြဲမ်ားေဖာ္ေဆာင္မႈေၾကာင့္ ၿပီးခဲ့သည့္ (ေအာက္တိုဘာလ ၂၈ ရက္)မွစ၍ ျပည္သူမ်ားအေနျဖင့္ လားရႈိးၿမိဳ႕ေပၚရွိ ဘုန္းႀကီး ေက်ာင္းမ်ားတြင္ စစ္ေဘးေရွာင္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။

“ေဆာင္းတြင္းဆိုေတာ့ ေစာင္ေတြဘာေတြလိုတယ္။ ၾကက္ေျခနီကလာလႉထားေပမယ့္ ပါးပါးေလးေတြပဲရွိမွာေပါ့။ စစ္ေရွာင္က ၾကာမယ့္သေဘာရွိတယ္။ အခုက ေအးလာၿပီဆိုေတာ့ ရာသီဒဏ္ခံႏိုင္ေအာင္ ေစာင္ထူထူလိုတယ္။ အဝတ္အစားကေတာ့လိုတယ္။ ဒါေပမယ္ ေႏြးေထြးတဲ့အဝတ္အစားလိုတာေပါ့”ဟု ရင္ၿငိမ္းေအးပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအေနျဖင့္ လက္ရွိတြင္ ရာသီဥတုအေျခအေနေၾကာင့္ ေစာင္မ်ားလိုအပ္ေနသည့္အျပင္ တစ္ကိုယ္ေရသန႔္ရွင္းေရးအတြက္ ပစၥည္းမ်ားလည္း လိုအပ္ေနေၾကာင္း သိရသည္။

“သူတို႔ေတြက အသိဘုန္းႀကီးေက်ာင္းေတြမွာ ေနၾကတာရွိတယ္။ main ေက်ာင္းကေတာ့ ႏွစ္ေက်ာင္းရွိတယ္။ သီရိမဂၤလာမန္ဆူ ရွမ္းေက်ာင္းမွာဆို အင္အားအမ်ားဆုံးပဲ လတ္တေလာဆို လူ (၃)ေထာင္ေလာက္ရွိတယ္။ ေနာက္ထပ္တစ္ေက်ာင္းက အထက္မန္အိုင္ဘုန္းႀကီးေက်ာင္းမွာလည္း ရွိတယ္။ က်န္တာကေတာ့ ဟိုနည္းနည္း ဒီနည္းနည္း လူ(၃၀၀)ေလာက္ရွိမယ္”ဟု ကမ္းလင့္လက္မ်ား ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာၾကားထားသည္။

လက္ရွိတြင္ စစ္ေဘးေရွာင္ျပည္သူမ်ားကို လားရႈိးၿမိဳ႕ေပၚရွိ မန္ဆူရွမ္းဘုန္းႀကီးေက်ာင္း၊ အထက္မန္အိုင္ဘုန္းႀကီးေက်ာင္း၊ ဟိုပိတ္ဘုန္ႀကီးေက်ာင္း၊ တာပုံဘုန္းႀကီးေက်ာင္းစသည့္ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ေနထိုင္ခိုလႈံေနခြင့္ျပဳထားၿပီး စစ္ေဘးေရွာင္ဦးေရ (၄၀၀၀)ေက်ာ္ထက္ မနည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.