MNDAA ကို အရောင်တင်ပေးနေသည့် ကျောက်တာ ရွှီ ဘယ်သူလဲ (ဘာသာပြန်ဆောင်းပါး)

 11215

Htay Oung (NP News) - နိုဝင်ဘာ ၉

မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်း ညီနောင် မြောက် ၃ ဖွဲ့တို့ရဲ့ 1027 စစ်ရေးလှုပ်ရှားမှုများမှာ MNDAA ခေါ် ကိုးကန့် လက်နက်ကိုင်များ ပါဝင်လျက်ရှိကြောင်း ၎င်းတို့ကိုယ်တိုင်သတင်းထုတ်ပြန်ချက်အရ ကျွန်တော်တို့အပါအဝင် နိုင်ငံတကာလည်း သိရှိပြီး ဖြစ်ပါတယ်။

အဲဒီ လှုပ်ရှားမှုများရဲ့ စောစောပိုင်း စစ်ရေးတိုက်ပွဲများအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် ခေါ် MNDAA တို့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့များကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း တွေ့ရှိရပါတယ်။

အဲဒီမြို့များအားလုံးဟာ တရုတ်နိုင်ငံနယ်ခြားနဲ့ ဘာမှမဝေးတဲ့ ခရီးတာအတွင်းမှာ တည်ရှိပြီး ချင်းရွှေဟော်ဆိုလျှင် တရုတ်-မြန်မာကုန်သွယ်ရေး တရားဝင်နယ်စပ်ဂိတ် ၂ ခုအနက် တစ်ခုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲစဉ် ခွဲထွက်လာတဲ့ MNDAA တို့ဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ကိုးကန့် ဒေသအခြေစိုက်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ပထမဆုံး လက်မှတ်ရေးထိုးသူများလည်းဖြစ်ကြပါတယ်။ ကိုးကန့်လက်နက်ကိုင်လို့ အများသိရှိကြရာမှာ MNDAA အပြင် မိုင်းလားအဖွဲ့လည်း ရှိနေပါတယ်။

ညီနောင် မြောက် ၃ ဖွဲ့အပြင် ကချင် KIA တို့နဲ့ မဟာမိတ်ဖြစ်တဲ့ MNDAA တို့ဟာ စိတ်ကြွဆေးဝါးများနဲ့ ဘိန်း-ဘိန်းဖြူထုတ်လုပ်ကုန်ကူးရာမှာ ပါဝင်ပတ်နေတဲ့အတွက် မြန်မာအစိုးရအဆက်ဆက်တို့နဲ့ ဆက်ဆံရေးအဖုအထစ် ရှိနေပါတယ်။ ယခု ကျဆုံးသွားတယ်ဆိုတဲ့ မုံးကိုး ၊ ဖောင်းဆိုင်မြို့တဝိုက်ဟာ တစ်ချိန်က ဘိန်းစိုက်ပျိုးမှု အကြီးအကျယ်ဖြစ်ထွန်းရာ နယ်မြေများဖြစ်ပြီး MNDAA တို့က စိုးမိုးရန် အစဉ်တစိုက် အားထုတ်ခဲ့ဖူးတဲ့ ဧရိယာများဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လ တိုင်ရင်းသား လက်နက်ကိုင်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကာလ MNDAA ခေါင်းဆောင် ဖုန်ကြားရှင်ကို မြန်မာအစိုးရက ဖမ်းဝရမ်းထုတ်ရာမှ ဖြစ်ပွားတဲ့ ပဋိပက္ခမှာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၆ ဦး သေဆုံးခဲ့ပြီး ၄၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ MNDAA နဲ့ မဟာမိတ်တို့ဘက်က ၃၀ ကျော်သေဆုံးပြီး တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား သုံးသောင်းခန့် တစ်ဖက်တရုတ် ယူနန်ပြည်နယ်အတွင်း ထွက်ပြေးကြရပါတယ်။ ၄ ရက်ကြာ တိုက်ပွဲများမှာ တပ်မတော်က အောင်ပွဲရရှိခဲ့ပြီး MNDAA တို့က နယ်မြေများလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

၆ နှစ်ကြာ ငြိမ်သက်ခဲ့တဲ့ လောက်ကိုင်ဒေသကို ပြန်လည်သိမ်းယူရေး MNDAA တို့ရဲ့ တစ်ကျော့ပြန်ထိုးစစ်ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ပြန်ပါတယ်။ ၄ လကျော်ကြာမြင့်တဲ့ တိုက်ပွဲများမှာ မြန်မာဘက်က ၁၂၆ ဦး သေဆုံးပေမယ့် အနိုင်ရရှိတယ်လို့ သတ်မှတ်ကြပါတယ်။ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ MNDAA ခေါင်းဆောင်ဖြစ်သူ ဖုန်ကြားရှင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီး သားဖြစ်သူ ဖုန်တာရွှင်က အရိုက်အရာ ဆက်ခံပါတယ်။

အဲဒီ စစ်ရေး ထိပ်တိုက်တွေ့မှုများမှာ မိုင်းလား၊ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ် နဲ့ KIA ခေါ် ကချင်လွတ်မြောက်ရေးတပ်တို့က သူတို့ပါဝင်ခြင်း မရှိကြောင်း ပြောဆိုကြပေမယ့် KIA တို့ ဖွဲ့စည်းပေးခဲ့တဲ့ ရက္ခိုင့်တပ် AA နဲ့ တအောင်းန်အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်များအားလုံးဟာ လူမျိုးတူရာကို အခြေခံတဲ့အတွက် လူသစ်ရရှိဖို့ ခက်ခဲပြီး တိုက်ကွက်ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နစကရဲ့အာဏာထိန်းကျောင်းမှုကို မကျေနပ်တဲ့ ဗမာလူငယ်အများစုတို့ဟာ အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးထံ လိုလားစွာ ခိုဝင်သွားကြပါတယ်။

တကယ်တော့ 1027 စစ်ရေးလှုပ်ရှားမှုဆိုတာ အဲဒီ PDFs ခေါ် ဗမာလူမျိုးအများစု လူငယ်များကို အသုံးချတဲ့ လူမျိုးရေးမုန်းတီးမှု အစွဲကြီး ဘိန်းသူပုန် EAOs တို့ရဲ့ တစ်ကျော့ပြန်အားစမ်းပွဲဖြစ်ပါတယ်။ သူတို့ရည်မှန်းချက်ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းကို ဝင်ရိုးတန်းထားပြီး မြန်မာပြည်မြေပုံကို ဦးခေါင်းပိုင်းနေရာ အပိုင်သိမ်းယူရေးဖြစ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ဆီမှာ တိုင်းရင်းသားလက်နက်ကိုင်လို့ ယဉ်ကျေးစွာ သုံးနှုန်းနေကြမယ့် နိုင်ငံတကာအမြင်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လူမျိုးရေးအကြောင်းပြ မူးယစ်ရာဇာများ ဖြစ်နေကြပါတယ်။ ကိုလံဘီယာက ပတ်ဘလိုအက်စ်ကိုဘာနဲ့ Drug Cartle မူးယစ်ဆေးစီးပွားရှာသူ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းသမားများထက် အပုံကြီးဆိုးရွားပါတယ်။ မူးယစ်ဆေး ထုတ်လုပ်ကုန်ကူးဖို့ ကိုယ်ပိုင်လက်နက်ကိုင်တပ်ထူထောင်ပြီး ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ ငွေညှစ်နေကြပါတယ်။ ရရှိငွေများနဲ့ လက်နက်မှောင်ခိုဈေးမှ ခေတ်မီလက်နက်ဝယ်ယူခြင်း၊ စက်ရုံထူထောင်ပြီး လက်နက်ခဲယမ်းထုတ်လုပ်ရောင်းဝယ်နေတဲ့ အကြီးစား ဒုစရိုက်ဂိုဏ်းကြီးများသာဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားပြီး လူ့အခွင့်ရေးမှတစ်ပါး ကမ္ဘာ့ဘယ်နိုင်ငံအစိုးရမှ တရားဝင် မဆက်ဆံလိုကြပါဘူး။

မြောက်သုံးဖွဲ့ရဲ့ 1027 စစ်ရေးလှုပ်ရှားမှုဟာ မြန်မာနိုင်ငံနေသူအားလုံး စိုးရိမ်တုန်လှုပ်ရတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပါတယ်။ မြန်မာနယ်ခြားစောင့်တပ်များနဲ့နယ်စပ်မြို့များကို တိုက်ခိုက်သိမ်းယူရာမှာအပါအဝင်ဖြစ်တဲ့ MNDAA တို့ဟာ တရုတ်မျိုးနွယ်စုဟန်လူမျိုးပြည်သူ့စစ်များဖြစ်ကြောင်း၊ ဗြိတိသျှကိုလိုနီခေတ် နယ်ခြားသတ်မှတ်စဉ် ကံမကောင်းစွာနဲ့ မြန်မာနိုင်ငံပိုင်နက်အတွင်းသွတ်သွင်းခံရသူများဖြစ်ကြောင်း မဟာချီးမွန်းခန်းဖွင့်သူက Zhao DaShuai 无条件爱国 ကျောက်တာရွှီ အမည်ရှိ တရုတ်အမျိုးသမီးငယ်တစ်ဦး ဖြစ်နေပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစဉ်တလျောက် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများဟာ အုပ်ချုပ်ရေး၊ စစ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဘာသာရေးမကျန် ကဏ္ဍအသီးသီးမှာ သစ္စာရှိ တာဝန်ကျေပွန်သူများ ဖြစ်ခဲ့ကြပါတယ်။ ဖဆပလ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်ရာမှ တပ်မတော်နဲ့ ရန်သူဖြစ်သွားရတဲ့ ဗကပတို့ကို ညီနောင်ပါတီချင်းအဖြစ် တရုတ်အစိုးရရဲ့ ကူညီမှုတွေဟာ တိန့်ရှောင်ဖိန် မကွယ်လွန်မီ ၁၉၉၂ ခုနှစ်တည်းက နိဂုံးချုပ်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ်တို့ဟာ အကြီးဆုံး နယ်စပ်ကုန်သွယ်ဖက်၊ ယဉ်ကျေးမှုချင်းနဲ့ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး ရှိခဲ့/ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေဟာ တရုတ်ရဲ့ ခပ်သေးသေးပြည်နယ်တစ်ခုစာလောက်သာရှိပြီး မြန်မာနိုင်ငံရဲ့ တစ်နှစ်ပတ်လုံး ဂျီဒီပီဟာ တရုတ်အရှေ့ပိုင်း ဆိပ်ကမ်းမြို့ကြီးတစ်မြို့စာလောက်သာ ရှိပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေးသက်သက်အတွက် မြန်မာအပေါ် မှီခိုရန် အကြောင်းမရှိပါ။ သို့သော် မြန်မာဟာ တရုတ်ရဲ့ အိန္ဒိယ သမုဒ္ဒရာဘက် နောက်ဖေးပေါက်ဖြစ်နေပါတယ်။ ရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်းရဲ့ တောင်ဘက်စင်္ကြန်လမ်း ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ-ထိုင်း-ကမ္ဘောဒီးယားအထိ ဒေသတွင်းနိုင်ငံသားများအချင်းချင်းကူးလူးဆက်ဆံရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာ မြန်မာဟာ အဓိက အသည်းနှလုံးဖြစ်နေပါတယ်။

NLD အစိုးရအပါအဝင် ယခင်အစိုးရအဆက်ဆက် တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ သဘောတူ စာချုပ်တွေ အားလုံးဟာ ယနေ့တိုင်အတည်ဖြစ်နေပြီး အကောင်အထည်ပေါ်လာဖို့ နှစ်နိုင်ငံ လက်တွဲဆောင်ရွက်နေပါတယ်။ တရုတ်အစိုးရက အပြင်းအထန် နှိမ်နင်းနေနဲ့ ကျားဖျန့် အွန်လိုင်းဂိမ်းလိမ်လည်သူများအနက် မြန်မာနိုင်ငံအတွင်းရှိ ဒုစရိုက်သမားများကို မကြာသေးမီ နစကအနေနဲ့ ဖမ်းဆီးပြန်ပို့ခဲ့တာ လူပေါင်း ၆၀၀၀ ခန့်ရှိပါတယ်။ အများဆုံးဟာ ကိုးကန့်နဲ့ ဝနယ်မြေများမှဖြစ်တာကတော့မှတ်သားစရာပါ။

အဲဒီလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံအတွင်း လုံခြုံရေးပျက်ပြားရမယ်ဆိုရင် စိတ်မသက်မသာ ဖြစ်ရတဲ့အထဲ သမ္မတရှီကျင့်ဖျင်လည်း ပါဝင်မှာ သေချာပါတယ်။

X လို့ခေါ်တဲ့ ယခင် တွစ်တာ လူမှုကွန်ရက်ပလက်ဖောင်းမှာ တစ်နေ့ထက် တစ်နေ့ ပိုမိုဗြောင်ကျကျ စွက်ဖက်ရေးသားလာတဲ့ ကျောက်တာရွှီဟာ တရုတ်ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ ဝါဒဖြန့်ချိရေးဗျူရိုမှ ဖြစ်ကြောင်း Profile ဖော်ပြချက်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် ထိတ်လန့်တုန်လှုပ်စရာ ဝမ်းနည်းစရာ ဖြစ်ရပါတယ်။

အင်္ဂလိပ်စာအရေးအသားနဲ့ ဝါဒဖြန့်ချီရေးစွမ်းရည်တိုးတက်စေဖို့ ရည်ရွယ်တယ်ဆိုတဲ့ ကျောက်တာရွှီဟာ တရုတ်နိုင်ငံပိုင်သတင်းဌာနရဲ့လက်အောက်ခံမီဒီယာမှ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်း တရုတ်နိုင်ငံ ဗဟိုအစိုးရ၊ ကွန်မြူနစ်ပါတီ စစ်ရေးကော်မတီမှ အမြင့်ဆုံးတာဝန်ရှိသူများ၊ နိုင်ငံတော်ကောင်စီအဆင့်ရှိ အရာရှိကြီးများဟာ နေပြည်တော်နဲ့ ဖက်လဲတကင်းရှိနေကြောင်း သတင်းများအရ ကျွန်တော်သိပါတယ်။

မိုင်းလား ဝတို့နဲ့ မတူပဲ ဘိန်းသူပုန် MNDAA ကို X ပလက်ဖောင်းမှာ ကမ္ဘာသိရေးသားပြီး အရောင်တင်ပေးနေသူ ကျောက်တာရွှီရဲ့ အရေးအသားတွေကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးအပေါ် အထင်အမြင်လွဲမှားလာမှာကို စိုးရိမ်မိပါတယ်

အစဉ်လေးစားစွာဖြင့်
#HtayOung #OungMarine

https://twitter.com/zhao_dashuai
https://twitter.com/zhao_dashuai/status/1721828519314112887?s=20&fbclid=IwAR2kzSerf1PPjDsuSWvvbBHxEt3sdvDHWbu1Q32w6QYvhCxu0nFXp1wlUFs
https://twitter.com/zhao_dashuai/status/1722060630419750962

zawgyi version
MNDAA ကို အေရာင္တင္ေပးေနသည့္ ေက်ာက္တာ ႐ႊီ ဘယ္သူလဲ (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၉

ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ညီေနာင္ ေျမာက္ ၃ ဖြဲ႕တို႔ရဲ႕ 1027 စစ္ေရးလႈပ္ရွားမႈမ်ားမွာ MNDAA ေခၚ ကိုးကန႔္ လက္နက္ကိုင္မ်ား ပါဝင္လ်က္ရွိေၾကာင္း ၎တို႔ကိုယ္တိုင္သတင္းထုတ္ျပန္ခ်က္အရ ကြၽန္ေတာ္တို႔အပါအဝင္ ႏိုင္ငံတကာလည္း သိရွိၿပီး ျဖစ္ပါတယ္။

အဲဒီ လႈပ္ရွားမႈမ်ားရဲ႕ ေစာေစာပိုင္း စစ္ေရးတိုက္ပြဲမ်ားအတြင္း ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္တပ္ ေခၚ MNDAA တို႔က ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ မုံးကိုးၿမိဳ႕မ်ားကို တိုက္ခိုက္သိမ္းယူခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

အဲဒီၿမိဳ႕မ်ားအားလုံးဟာ တ႐ုတ္ႏိုင္ငံနယ္ျခားနဲ႔ ဘာမွမေဝးတဲ့ ခရီးတာအတြင္းမွာ တည္ရွိၿပီး ခ်င္းေ႐ႊေဟာ္ဆိုလွ်င္ တ႐ုတ္-ျမန္မာကုန္သြယ္ေရး တရားဝင္နယ္စပ္ဂိတ္ ၂ ခုအနက္ တစ္ခုျဖစ္ပါတယ္။ ၁၉၈၉ ခုႏွစ္ ဗမာျပည္ကြန္ျမဴနစ္ပါတီ ၿပိဳကြဲစဥ္ ခြဲထြက္လာတဲ့ MNDAA တို႔ဟာ ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ကိုးကန႔္ ေဒသအေျခစိုက္လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္ၿပီး ျမန္မာအစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရးမွာ ပထမဆုံး လက္မွတ္ေရးထိုးသူမ်ားလည္းျဖစ္ၾကပါတယ္။ ကိုးကန႔္လက္နက္ကိုင္လို႔ အမ်ားသိရွိၾကရာမွာ MNDAA အျပင္ မိုင္းလားအဖြဲ႕လည္း ရွိေနပါတယ္။

ညီေနာင္ ေျမာက္ ၃ ဖြဲ႕အျပင္ ကခ်င္ KIA တို႔နဲ႔ မဟာမိတ္ျဖစ္တဲ့ MNDAA တို႔ဟာ စိတ္ႂကြေဆးဝါးမ်ားနဲ႔ ဘိန္း-ဘိန္းျဖဴထုတ္လုပ္ကုန္ကူးရာမွာ ပါဝင္ပတ္ေနတဲ့အတြက္ ျမန္မာအစိုးရအဆက္ဆက္တို႔နဲ႔ ဆက္ဆံေရးအဖုအထစ္ ရွိေနပါတယ္။ ယခု က်ဆုံးသြားတယ္ဆိုတဲ့ မုံးကိုး ၊ ေဖာင္းဆိုင္ၿမိဳ႕တဝိုက္ဟာ တစ္ခ်ိန္က ဘိန္းစိုက္ပ်ိဳးမႈ အႀကီးအက်ယ္ျဖစ္ထြန္းရာ နယ္ေျမမ်ားျဖစ္ၿပီး MNDAA တို႔က စိုးမိုးရန္ အစဥ္တစိုက္ အားထုတ္ခဲ့ဖူးတဲ့ ဧရိယာမ်ားျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္ ၾသဂုတ္လ တိုင္ရင္းသား လက္နက္ကိုင္မ်ား နယ္ျခားေစာင့္တပ္အသြင္ေျပာင္းလဲေရးကာလ MNDAA ေခါင္းေဆာင္ ဖုန္ၾကားရွင္ကို ျမန္မာအစိုးရက ဖမ္းဝရမ္းထုတ္ရာမွ ျဖစ္ပြားတဲ့ ပဋိပကၡမွာ တ႐ုတ္ႏိုင္ငံသားတစ္ဦး အပါအဝင္ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၂၆ ဦး ေသဆုံးခဲ့ၿပီး ၄၇ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ MNDAA နဲ႔ မဟာမိတ္တို႔ဘက္က ၃၀ ေက်ာ္ေသဆုံးၿပီး တိုက္ပြဲမ်ား ျဖစ္ပြားမႈေၾကာင့္ ျမန္မာႏိုင္ငံသား သုံးေသာင္းခန႔္ တစ္ဖက္တ႐ုတ္ ယူနန္ျပည္နယ္အတြင္း ထြက္ေျပးၾကရပါတယ္။ ၄ ရက္ၾကာ တိုက္ပြဲမ်ားမွာ တပ္မေတာ္က ေအာင္ပြဲရရွိခဲ့ၿပီး MNDAA တို႔က နယ္ေျမမ်ားလက္လြတ္ဆုံးရႈံးခဲ့ရပါတယ္။

၆ ႏွစ္ၾကာ ၿငိမ္သက္ခဲ့တဲ့ ေလာက္ကိုင္ေဒသကို ျပန္လည္သိမ္းယူေရး MNDAA တို႔ရဲ႕ တစ္ေက်ာ့ျပန္ထိုးစစ္ဟာ ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္ျပန္ပါတယ္။ ၄ လေက်ာ္ၾကာျမင့္တဲ့ တိုက္ပြဲမ်ားမွာ ျမန္မာဘက္က ၁၂၆ ဦး ေသဆုံးေပမယ့္ အႏိုင္ရရွိတယ္လို႔ သတ္မွတ္ၾကပါတယ္။ တ႐ုတ္ႏိုင္ငံဘက္ကို ထြက္ေျပးသြားတဲ့ MNDAA ေခါင္းေဆာင္ျဖစ္သူ ဖုန္ၾကားရွင္ဟာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွ လူႀကီးေရာဂါျဖင့္ ကြယ္လြန္သြားၿပီး သားျဖစ္သူ ဖုန္တာ႐ႊင္က အ႐ိုက္အရာ ဆက္ခံပါတယ္။

အဲဒီ စစ္ေရး ထိပ္တိုက္ေတြ႕မႈမ်ားမွာ မိုင္းလား၊ UWSA ေခၚ ဝျပည္ေသြးစည္းညီၫြတ္ေရးတပ္ နဲ႔ KIA ေခၚ ကခ်င္လြတ္ေျမာက္ေရးတပ္တို႔က သူတို႔ပါဝင္ျခင္း မရွိေၾကာင္း ေျပာဆိုၾကေပမယ့္ KIA တို႔ ဖြဲ႕စည္းေပးခဲ့တဲ့ ရကၡိဳင့္တပ္ AA နဲ႔ တေအာင္းန္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ TNLA တို႔ ပါဝင္ေၾကာင္း ေတြ႕ရွိရပါတယ္။

ျမန္မာႏိုင္ငံအတြင္း တိုင္းရင္းသားလက္နက္ကိုင္မ်ားအားလုံးဟာ လူမ်ိဳးတူရာကို အေျခခံတဲ့အတြက္ လူသစ္ရရွိဖို႔ ခက္ခဲၿပီး တိုက္ကြက္ေဖာ္ေဆာင္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္း နစကရဲ႕အာဏာထိန္းေက်ာင္းမႈကို မေက်နပ္တဲ့ ဗမာလူငယ္အမ်ားစုတို႔ဟာ အဲဒီတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အသီးသီးထံ လိုလားစြာ ခိုဝင္သြားၾကပါတယ္။

တကယ္ေတာ့ 1027 စစ္ေရးလႈပ္ရွားမႈဆိုတာ အဲဒီ PDFs ေခၚ ဗမာလူမ်ိဳးအမ်ားစု လူငယ္မ်ားကို အသုံးခ်တဲ့ လူမ်ိဳးေရးမုန္းတီးမႈ အစြဲႀကီး ဘိန္းသူပုန္ EAOs တို႔ရဲ႕ တစ္ေက်ာ့ျပန္အားစမ္းပြဲျဖစ္ပါတယ္။ သူတို႔ရည္မွန္းခ်က္ဟာ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္မွ စစ္ကိုင္းတိုင္းေဒသႀကီး အပါအဝင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းကို ဝင္႐ိုးတန္းထားၿပီး ျမန္မာျပည္ေျမပုံကို ဦးေခါင္းပိုင္းေနရာ အပိုင္သိမ္းယူေရးျဖစ္ပါတယ္။

တကယ္ေတာ့ ကြၽန္ေတာ္တို႔ဆီမွာ တိုင္းရင္းသားလက္နက္ကိုင္လို႔ ယဥ္ေက်းစြာ သုံးႏႈန္းေနၾကမယ့္ ႏိုင္ငံတကာအျမင္မွာေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ လူမ်ိဳးေရးအေၾကာင္းျပ မူးယစ္ရာဇာမ်ား ျဖစ္ေနၾကပါတယ္။ ကိုလံဘီယာက ပတ္ဘလိုအက္စ္ကိုဘာနဲ႔ Drug Cartle မူးယစ္ေဆးစီးပြားရွာသူ တစ္က်ိတ္တည္း တစ္ဉာဏ္တည္းသမားမ်ားထက္ အပုံႀကီးဆိုး႐ြားပါတယ္။ မူးယစ္ေဆး ထုတ္လုပ္ကုန္ကူးဖို႔ ကိုယ္ပိုင္လက္နက္ကိုင္တပ္ထူေထာင္ၿပီး ဆက္ေၾကးေကာက္၊ ျပန္ေပးဆြဲ၊ ေငြညႇစ္ေနၾကပါတယ္။ ရရွိေငြမ်ားနဲ႔ လက္နက္ေမွာင္ခိုေဈးမွ ေခတ္မီလက္နက္ဝယ္ယူျခင္း၊ စက္႐ုံထူေထာင္ၿပီး လက္နက္ခဲယမ္းထုတ္လုပ္ေရာင္းဝယ္ေနတဲ့ အႀကီးစား ဒုစ႐ိုက္ဂိုဏ္းႀကီးမ်ားသာျဖစ္ပါတယ္။ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားၿပီး လူ႔အခြင့္ေရးမွတစ္ပါး ကမာၻ႔ဘယ္ႏိုင္ငံအစိုးရမွ တရားဝင္ မဆက္ဆံလိုၾကပါဘူး။

ေျမာက္သုံးဖြဲ႕ရဲ႕ 1027 စစ္ေရးလႈပ္ရွားမႈဟာ ျမန္မာႏိုင္ငံေနသူအားလုံး စိုးရိမ္တုန္လႈပ္ရတဲ့ လက္နက္ကိုင္ပဋိပကၡျဖစ္ပါတယ္။ ျမန္မာနယ္ျခားေစာင့္တပ္မ်ားနဲ႔နယ္စပ္ၿမိဳ႕မ်ားကို တိုက္ခိုက္သိမ္းယူရာမွာအပါအဝင္ျဖစ္တဲ့ MNDAA တို႔ဟာ တ႐ုတ္မ်ိဳးႏြယ္စုဟန္လူမ်ိဳးျပည္သူ႔စစ္မ်ားျဖစ္ေၾကာင္း၊ ၿဗိတိသွ်ကိုလိုနီေခတ္ နယ္ျခားသတ္မွတ္စဥ္ ကံမေကာင္းစြာနဲ႔ ျမန္မာႏိုင္ငံပိုင္နက္အတြင္းသြတ္သြင္းခံရသူမ်ားျဖစ္ေၾကာင္း မဟာခ်ီးမြန္းခန္းဖြင့္သူက Zhao DaShuai 无条件爱国 ေက်ာက္တာ႐ႊီ အမည္ရွိ တ႐ုတ္အမ်ိဳးသမီးငယ္တစ္ဦး ျဖစ္ေနပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ သမိုင္းစဥ္တေလ်ာက္ တ႐ုတ္ႏြယ္ဖြား ျမန္မာႏိုင္ငံသားမ်ားဟာ အုပ္ခ်ဳပ္ေရး၊ စစ္ေရး၊ ပညာေရး၊ က်န္းမာေရးနဲ႔ ဘာသာေရးမက်န္ က႑အသီးသီးမွာ သစၥာရွိ တာဝန္ေက်ပြန္သူမ်ား ျဖစ္ခဲ့ၾကပါတယ္။ ဖဆပလ အစိုးရကို လက္နက္ကိုင္ ဆန႔္က်င္ရာမွ တပ္မေတာ္နဲ႔ ရန္သူျဖစ္သြားရတဲ့ ဗကပတို႔ကို ညီေနာင္ပါတီခ်င္းအျဖစ္ တ႐ုတ္အစိုးရရဲ႕ ကူညီမႈေတြဟာ တိန႔္ေရွာင္ဖိန္ မကြယ္လြန္မီ ၁၉၉၂ ခုႏွစ္တည္းက နိဂုံးခ်ဳပ္ခဲ့ၿပီးျဖစ္ပါတယ္။ ျမန္မာနဲ႔ တ႐ုတ္တို႔ဟာ အႀကီးဆုံး နယ္စပ္ကုန္သြယ္ဖက္၊ ယဥ္ေက်းမႈခ်င္းနဲ႔ ေဆြမ်ိဳး ေပါက္ေဖာ္ဆက္ဆံေရး ရွိခဲ့/ရွိေနပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လူဦးေရဟာ တ႐ုတ္ရဲ႕ ခပ္ေသးေသးျပည္နယ္တစ္ခုစာေလာက္သာရွိၿပီး ျမန္မာႏိုင္ငံရဲ႕ တစ္ႏွစ္ပတ္လုံး ဂ်ီဒီပီဟာ တ႐ုတ္အေရွ႕ပိုင္း ဆိပ္ကမ္းၿမိဳ႕ႀကီးတစ္ၿမိဳ႕စာေလာက္သာ ရွိပါတယ္။ တ႐ုတ္ႏိုင္ငံဟာ စီးပြားေရးသက္သက္အတြက္ ျမန္မာအေပၚ မွီခိုရန္ အေၾကာင္းမရွိပါ။ သို႔ေသာ္ ျမန္မာဟာ တ႐ုတ္ရဲ႕ အိႏၵိယ သမုဒၵရာဘက္ ေနာက္ေဖးေပါက္ျဖစ္ေနပါတယ္။ ရွီက်င့္ဖ်င္ရဲ႕ BRI စီမံကိန္းရဲ႕ ေတာင္ဘက္စၾကၤန္လမ္း ဘဂၤလားေဒ့ရွ္-အိႏၵိယ-ထိုင္း-ကေမာၻဒီးယားအထိ ေဒသတြင္းႏိုင္ငံသားမ်ားအခ်င္းခ်င္းကူးလူးဆက္ဆံေရးနဲ႔ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးမွာ ျမန္မာဟာ အဓိက အသည္းႏွလုံးျဖစ္ေနပါတယ္။

NLD အစိုးရအပါအဝင္ ယခင္အစိုးရအဆက္ဆက္ တ႐ုတ္ႏိုင္ငံနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ သေဘာတူ စာခ်ဳပ္ေတြ အားလုံးဟာ ယေန႔တိုင္အတည္ျဖစ္ေနၿပီး အေကာင္အထည္ေပၚလာဖို႔ ႏွစ္ႏိုင္ငံ လက္တြဲေဆာင္႐ြက္ေနပါတယ္။ တ႐ုတ္အစိုးရက အျပင္းအထန္ ႏွိမ္နင္းေနနဲ႔ က်ားဖ်န႔္ အြန္လိုင္းဂိမ္းလိမ္လည္သူမ်ားအနက္ ျမန္မာႏိုင္ငံအတြင္းရွိ ဒုစ႐ိုက္သမားမ်ားကို မၾကာေသးမီ နစကအေနနဲ႔ ဖမ္းဆီးျပန္ပို႔ခဲ့တာ လူေပါင္း ၆၀၀၀ ခန႔္ရွိပါတယ္။ အမ်ားဆုံးဟာ ကိုးကန႔္နဲ႔ ဝနယ္ေျမမ်ားမွျဖစ္တာကေတာ့မွတ္သားစရာပါ။

အဲဒီလို အေျခအေနမ်ိဳးမွာ ျမန္မာႏိုင္ငံအတြင္း လုံၿခဳံေရးပ်က္ျပားရမယ္ဆိုရင္ စိတ္မသက္မသာ ျဖစ္ရတဲ့အထဲ သမၼတရွီက်င့္ဖ်င္လည္း ပါဝင္မွာ ေသခ်ာပါတယ္။

X လို႔ေခၚတဲ့ ယခင္ တြစ္တာ လူမႈကြန္ရက္ပလက္ေဖာင္းမွာ တစ္ေန႔ထက္ တစ္ေန႔ ပိုမိုေျဗာင္က်က် စြက္ဖက္ေရးသားလာတဲ့ ေက်ာက္တာ႐ႊီဟာ တ႐ုတ္ျပည္သူ႔လက္နက္ကိုင္ရဲတပ္ဖြဲ႕ ဝါဒျဖန႔္ခ်ိေရးဗ်ဴ႐ိုမွ ျဖစ္ေၾကာင္း Profile ေဖာ္ျပခ်က္ဟာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသားမ်ားအတြက္ ထိတ္လန႔္တုန္လႈပ္စရာ ဝမ္းနည္းစရာ ျဖစ္ရပါတယ္။

အဂၤလိပ္စာအေရးအသားနဲ႔ ဝါဒျဖန႔္ခ်ီေရးစြမ္းရည္တိုးတက္ေစဖို႔ ရည္႐ြယ္တယ္ဆိုတဲ့ ေက်ာက္တာ႐ႊီဟာ တ႐ုတ္ႏိုင္ငံပိုင္သတင္းဌာနရဲ႕လက္ေအာက္ခံမီဒီယာမွ ျဖစ္တယ္လို႔ ဆိုပါတယ္။

ယခုရက္ပိုင္း တ႐ုတ္ႏိုင္ငံ ဗဟိုအစိုးရ၊ ကြန္ျမဴနစ္ပါတီ စစ္ေရးေကာ္မတီမွ အျမင့္ဆုံးတာဝန္ရွိသူမ်ား၊ ႏိုင္ငံေတာ္ေကာင္စီအဆင့္ရွိ အရာရွိႀကီးမ်ားဟာ ေနျပည္ေတာ္နဲ႔ ဖက္လဲတကင္းရွိေနေၾကာင္း သတင္းမ်ားအရ ကြၽန္ေတာ္သိပါတယ္။

မိုင္းလား ဝတို႔နဲ႔ မတူပဲ ဘိန္းသူပုန္ MNDAA ကို X ပလက္ေဖာင္းမွာ ကမာၻသိေရးသားၿပီး အေရာင္တင္ေပးေနသူ ေက်ာက္တာ႐ႊီရဲ႕ အေရးအသားေတြေၾကာင့္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအေပၚ အထင္အျမင္လြဲမွားလာမွာကို စိုးရိမ္မိပါတယ္

အစဥ္ေလးစားစြာျဖင့္
#HtayOung #OungMarine

https://twitter.com/zhao_dashuai
https://twitter.com/zhao_dashuai/status/1721828519314112887?s=20&fbclid=IwAR2kzSerf1PPjDsuSWvvbBHxEt3sdvDHWbu1Q32w6QYvhCxu0nFXp1wlUFs
https://twitter.com/zhao_dashuai/status/1722060630419750962

Related news

© 2021. All rights reserved.