ဂျပန်နိုင်ငံတွင် ပင်လယ်ရေအောက် မီးတောင်တစ်ခု ပေါက်ကွဲပြီးနောက် ကျွန်းငယ်တစ်ကျွန်းထွက်ပေါ်လာခဲ့

 5221

Pika (NP News) - နိုဝင်ဘာ ၁ဝ

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်(၃)ပတ်ခန့်က ပင်လယ်ရေအောက်မီးတောင်တစ်ခု ပေါက်ကွဲခဲ့ပြီး ကျွန်းငယ် တစ်ကျွန်းထွက်ပေါ်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါကျွန်းငယ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ တာရှည်ခံနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင် ပညာရှင်များ က ပြောကြားခဲ့သည်။ Iwo Jima ကျွန်း၏ တောင်ဖက်ကမ်းရိုးတန်းမှ (၁)ကီလိုမီတာအကွာ တွင်ရှိသော ပင်လယ်ရေအောက်မီးတောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ(၂၁)ရက်က ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆယ်ရက်အတွင်း မီးတောင်ပြာများနှင့် ကျောက်ဆောင်များသည် ပင်လယ်ကြမ်းပြင် တွင် စုပုံကာ ပင်လယ်ရေမျက်နှာပြင်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာလ အစောပိုင်းတွင် ၎င်းသည် အချင်း(၁ဝဝ) မီတာထိရှိလာပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၂ဝ) ခန့်မြင့်သော ကျွန်းသစ် တစ်ကျွန်းဖြစ်လာခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ၏ မီးတောင်နှင့်ပတ်သက်သည့်ဌာနခွဲမှ လေ့လာသုံးသပ်သူ Yuji Usui က ပြောကြားခဲ့သည်။

Iwo Jima ကျွန်းအနီးတွင် မီးတောင်လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာပြီး မကြာသေးမီနှစ်များအတွင်း ပင်လယ်ရေ အောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော်လည်း ကျွန်းသစ်တစ်ကျွန်းထွက်ပေါ်လာခြင်းမှာ သိသာထင်ရှားသောဖွံ့ဖြိုး တိုးတက်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျွမ်းကျင်ပညာရှင်များသည် အဆိုပါကျွန်းသစ်နှင့်ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာမှုများကို ဆက်လက်လုပ်ဆောင်နေ ကြောင်း ၎င်းက ပြောခဲ့သည်။ အဆိုပါကျွန်းသစ်သည် ချော်ရည် (သို့မဟုတ်) မီးတောင်ကျောက်ဆောင်များထက် ပိုမိုကြာရှည်ခံသော မီးခိုးရောင်ကျောက်ပွ(pumice) တို့ဖြင့် ဖွဲ့စည်းထားပါက သက်တမ်းပိုမိုကြာရှည်စွာ ရှိနိုင်ကြောင်း Yuji Usui က ပြောကြားခဲ့သည်။

Yuji Usui က "နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အဲဒီကျွန်းသစ်ဟာ အချိန်ကြာကြာမခံနိုင်ဖူးလို့တော့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံတြင္ ပင္လယ္ေရေအာက္ မီးေတာင္တစ္ခု ေပါက္ကြဲၿပီးေနာက္ ကြၽန္းငယ္တစ္ကြၽန္းထြက္ေပၚလာခဲ့
Pika (NP News) - ႏိုဝင္ဘာ ၁ဝ

ဂ်ပန္ႏိုင္ငံတြင္ ၿပီးခဲ့သည့္သီတင္းပတ္(၃)ပတ္ခန႔္က ပင္လယ္ေရေအာက္မီးေတာင္တစ္ခု ေပါက္ကြဲခဲ့ၿပီး ကြၽန္းငယ္ တစ္ကြၽန္းထြက္ေပၚလာခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း အဆိုပါကြၽန္းငယ္မွာ အခ်ိန္အတိုင္းအတာတစ္ခုအထိ တာရွည္ခံႏိုင္မည္မဟုတ္ေၾကာင္း ကြၽမ္းက်င္ ပညာရွင္မ်ား က ေျပာၾကားခဲ့သည္။ Iwo Jima ကြၽန္း၏ ေတာင္ဖက္ကမ္း႐ိုးတန္းမွ (၁)ကီလိုမီတာအကြာ တြင္ရွိေသာ ပင္လယ္ေရေအာက္မီးေတာင္သည္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၂၁)ရက္က ေပါက္ကြဲခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ဆယ္ရက္အတြင္း မီးေတာင္ျပာမ်ားႏွင့္ ေက်ာက္ေဆာင္မ်ားသည္ ပင္လယ္ၾကမ္းျပင္ တြင္ စုပုံကာ ပင္လယ္ေရမ်က္ႏွာျပင္အထိ ျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႏိုဝင္ဘာလ အေစာပိုင္းတြင္ ၎သည္ အခ်င္း(၁ဝဝ) မီတာထိရွိလာၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ(၂ဝ) ခန႔္ျမင့္ေသာ ကြၽန္းသစ္ တစ္ကြၽန္းျဖစ္လာခဲ့ေၾကာင္း ဂ်ပန္ႏိုင္ငံ မိုးေလဝသေအဂ်င္စီ၏ မီးေတာင္ႏွင့္ပတ္သက္သည့္ဌာနခြဲမွ ေလ့လာသုံးသပ္သူ Yuji Usui က ေျပာၾကားခဲ့သည္။

Iwo Jima ကြၽန္းအနီးတြင္ မီးေတာင္လႈပ္ရွားမႈမ်ား ပိုမိုျမင့္တက္လာၿပီး မၾကာေသးမီႏွစ္မ်ားအတြင္း ပင္လယ္ေရ ေအာက္ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့ေသာ္လည္း ကြၽန္းသစ္တစ္ကြၽန္းထြက္ေပၚလာျခင္းမွာ သိသာထင္ရွားေသာဖြံ႕ၿဖိဳး တိုးတက္မႈတစ္ခုျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ကြၽမ္းက်င္ပညာရွင္မ်ားသည္ အဆိုပါကြၽန္းသစ္ႏွင့္ပတ္သက္ၿပီး ခြဲျခမ္းစိတ္ျဖာမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေန ေၾကာင္း ၎က ေျပာခဲ့သည္။ အဆိုပါကြၽန္းသစ္သည္ ေခ်ာ္ရည္ (သို႔မဟုတ္) မီးေတာင္ေက်ာက္ေဆာင္မ်ားထက္ ပိုမိုၾကာရွည္ခံေသာ မီးခိုးေရာင္ေက်ာက္ပြ(pumice) တို႔ျဖင့္ ဖြဲ႕စည္းထားပါက သက္တမ္းပိုမိုၾကာရွည္စြာ ရွိႏိုင္ေၾကာင္း Yuji Usui က ေျပာၾကားခဲ့သည္။

Yuji Usui က "ေနာက္ထပ္ဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္ အဲဒီကြၽန္းသစ္ဟာ အခ်ိန္ၾကာၾကာမခံႏိုင္ဖူးလို႔ေတာ့ ကြၽန္ေတာ္ထင္ပါတယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.